Cobra စစ်ကြောင်း၏ စနိုက်ပါပစ်ခတ်မှုကြောင့် ၃ ရက်အတွင်း စစ်ကောင်စီတပ်သား ၉ ဦးသေဆုံး

ကရင်ပြည်နယ်၊ KNU တပ်မဟာ (၆) နယ်မြေ၊ မြဝတီခရိုင် မြဝတီ-ဝေါလေကားလမ်းမတွင် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီစစ်ကြောင်း Cobra တပ်ဖွဲ့၏ စနိုက်ပါပစ်ခတ်မှုကြောင့် သုံးရက်အတွင်း စစ်ကောင်စီတပ်သား ကိုးဦးသေဆုံးကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

တောင်နီကျေးရွာနှင့် သေ့ဘောဘိုးကျေးရွာအနီး စစ်ကြောင်းထိုးဝင်ရောက်လာသည့် စစ်ကောင်စီတပ်ဖွဲ့ကို Cobra စစ်ကြောင်း စနိုက်ပါအဖွဲ့မှ ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်။

“ လေးကေ့ကော်ဘက်ခြမ်းက နှစ်ဘက်တပ်တွေ ဆိုင်ထားတဲ့ အခြေနေမျိုးပါ၊ မြဝတီ-ဝေါလေကားလမ်းမမှာရှိတဲ့ သဲဖြူချောင်းဘက်အခြမ်းကတော့ စစ်ဗျူဟာခင်းထားတဲ့ အခြေနေမျိုးဖြစ်တယ်။ ဒီဟာနဲ့ပတ်သက်ပြီး အသေးစိတ်ပြောလို့မရသေးဘူး။ ထုတ်ပြန်လို့ရတဲ့အချိန်ကျမှ ကျနော်တို့ ထုတ်ပြန်မယ်။ နောက်တစ်ခုက သေ့ဘောဘိုးဘက်အခြမ်း စနိုက်ပါနဲ့ ဒရုန်းတွေ တိုက်ခိုက်မှုကို ဒီတစ်ခေါက် ကျနော်တို့ ထုတ်ပြန်တယ်ပေါ့နော်၊ ဒီဟာက Cobra စစ်ကြောင်း စတင်မဖြစ်ခင်ကတည်းက စနိုက်ပါနဲ့ နေ့စဉ်သုတ်သင်ရှင်းလင်းတာတွေရှိတယ်။ ဒရုန်းနဲ့ တိုက် ခိုက်မှုတွေရှိတယ်။ ဒါကတော့ ကျနော်တို့ ပြောသင့်ပြောထိုက်တဲ့ အခြေနေရောက်လာပြီလို့ ယူဆရတဲ့အတွက် စနိုက်ပါတွေရဲ့စွမ်းရည် ဒရုန်းတွေရဲ့စွမ်းရည်တွေကို ထုတ်ပြန်တာဖြစ်တယ်” ဟု Cobraစစ်ကြောင်းမှ ပြန်ကြားရေးတာဝန်ခံ ကိုမျိုးသူရကိုကိုက ပြောသည်။

အဆိုပါတိုက်ခိုက်မှုတွင် Cobra စစ်ကြောင်းမှ စနိုက်ပါတပ်ဖွဲ့ဝင်အများစုပါဝင်ခဲ့ပြီး လေ့ကျင့်သင်ကြားပေးခဲ့သည့် စနိုက်ပါအဖွဲ့များ ဖြစ် ကြောင်းသိရသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များကို တောင်နီကျေးရွာအနီး စက်တင်ဘာ ၂၀ ရက်နေ့တွင် နှစ်ဦး၊ စက်တင်ဘာ ၂၁ ရက်နေ့တွင် ငါးဦး၊ သေ့ဘောဘိုးကျေးရွာအနီး စက်တင်ဘာ ၂၂ ရက်နေ့တွင် နှစ်ဦး ပစ်ခတ် သေဆုံးခဲ့ကြောင်းသိရသည်။

ထို့အပြင် စက်တင်ဘာ ၂၂ ရက်နေ့တွင်လည်း Dawn Company (ရောင်နီတပ်ခွဲ) ဒရုန်းတပ်ဖွဲ့၊ Federal Wings ဒရုန်းတပ်ဖွဲ့၏ ဗုံးကြဲတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ငါးဦးသေဆုံးကာ နှစ်ဦးဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။

လေးကေ့ကော်ဒေသ၊ ဖလူးဒေသနှင့် မြဝတီ-ဝေါလေလမ်းမကို တပ်မ (၄၄) လက်အောက်ခံတပ်ရင်းများနှင့် နည်းဗျူးဟာတပ်ရင်း (၃) တို့မှ အင်အားအလုံးအရင်းနှင့် စစ်ကြောင်းထိုးနေကြောင်းသိရသည်။ mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s