Monthly Archives: Sep 2022

ဒုတိယ ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ် ချုပ်မှူးကြီးစိုးဝင်း၏ ဆရာရင်း ဗိုလ်ချုပ် အုန်းသွင် (ငြိမ်း)ကို ပြောက်ကျားတပ်ဖွဲ့က သေနတ်ဖြင့်ပစ်ခတ်ဟုဆို

စစ်ကောင်စီတပ် ဒုတိယကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၏ ဆရာရင်းဖြစ်သူ ဗိုလ်ချုပ်အုန်းသွင်ကို ၎င်း၏နေအိမ်အတွင်းဝင်ရောက်ကာ ယနေ့ (စက်တင်ဘာ ၂၄ ရက်) နေ့လယ်က သေနတ်ဖြင့်ပစ်ခတ်ခဲ့ကြောင်း ရန်ကုန်မြို့ရှိ ပြောက်ကျားတပ်ဖွဲ့တစ်ခုက မဇ္ဈိမသို့ ဆက်သွယ်ပြောကြားသည်။

လှိုင်မြို့နယ်ရှိ ဗိုလ်ချုပ်အုန်းသွင်နေအိမ်တွင် နေ့လယ် ၃ နာရီဝန်းကျင်တွင် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု Inya Urban Force (IUF) အဖွဲ့က ပြောကြားသည်။

လှိုင် ၁၂ ရပ်ကွက် အောင်ဓမ္မရိပ်သာရှိနေအိမ်တွင် “ခေါင်းကိုပစ်ခဲ့တယ်” ဟု သတင်းရင်းမြစ်ကပြောသည်။

ဗိုလ်ချုပ်အုန်းသွင်သည် DSA (၁၅) အပတ်စဉ်ဆင်းဖြစ်ပြီး စစ်တပ်မှအငြိမ်းစားယူကာ မြန်မာနိုင်ငံဆိုင်ရာ သီရိလကာ သံအမတ် ၊ ဘဂ်လားဒေ့ရှ် သံအမတ်၊ မော်လ်ဒိုက်သံအမတ်နှင့် တောင်အာဖရိကသံအမတ် အဖြစ် တာဝန်ယူခဲ့သူဖြစ်သည်ဟုလည်း သိရသည်။

သူသည် စစ်အာဏာသိမ်းမှုမဖြစ်ပွားမီ တစ်နှစ်ခန့်အလိုက ၂၀၀၈ အခြေခံဥပဒေအတွင်းမှပင် “အာဏာထိန်း” ၍ရသည်ဟု ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းထံပေးပို့ခဲ့ကြောင်း သတင်းထွက်သည်။ ထို့အပြင်မြ န်မာနိုင်ငံ စစ်မှုထမ်းဟောင်းအဖွဲ့တွင်လည်း နာယက အဖွဲ့ဝင်ဖြစ်ကာ အမျိုး သားကာကွယ်ရေးတက္ကသိုလ်တွင်လည်း သင်တန်းပို့ချနေသူဖြစ်သည်။ mizzima

စစ်ကောင်စီ၏ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ဒဏ်ရာရရှိခဲ့သည့် ၇ နှစ်အရွယ် မွတ်စလင်ကလေးငယ်သေဆုံး၊ မွတ်ဆလင် ၃၀၀ ခန့်တိမ်းရှောင်နေရ

ရခိုင်ပြည်၊ ဘူးသီးတောင်မြို့နယ်ရှိ အလယ်ချောင်းကျေးရွာအနီး နခခ(၈) နယ်ခြားစောင်းရဲတပ်နှင် ပူးပေါင်းနေထိုင်သည့် စစ်ကောင်စီတပ်ရင်းမှ ယမန်နေ့ စက်တင်လာ ၂၃ ရက်နေ့တွင် ၎င်းအနီးနားရှိ သပိတ်တောင်အုပ်စုဖက်သို့ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုပြုလုပ်ခဲ့သည်။

စစ်ကောင်စီတပ်မှ ထိုကဲ့သို့ လက်နက်ကြီး အကြောင်းမဲ့ပစ်ခတ်မှုကြောင့် ဘူးသီးတောင်မြို့နယ် အတွင်းငှက်သေ ကျေးရွာမှ ၇ နှစ်အရွယ် မွတ်ဆလင်ကလေးငယ်တစ်ဦးအပါအဝင် သပိတ်တောင် မြောက်ရွာမှ မွတ်ဆလင် ၂ ဦး ဒဏ်ရာရှိခဲ့သည်။

လက်ရှိတွင် ထိုအထဲမှ ပေါင်ရင်းတွင် လက်နက်ကြီးအပိုင်းစထိမှန်ခဲ့သည့် ၇ နှစ်အရွယ်မွတ်ဆလင်ကလေးငယ်မှာ သေဆုံးသွားပြီဖြစ်သည်ဟု အတွင်းငှက်သေကျေးရွာအနီးမှ မွတ်ဆလင်တစ်ဦးက Western News ကိုပြောသည်။

“ဒဏ်ရာရတော့ ဆေးရုံပို့လိုက်တယ်။ အခုတော့အလောင်းပြန်ရောက်နေပြီ။ ညနေ ၅ နာရီဝန်းကျင်ကရောက်တာပါ။ ရွာပြင်ဖက်မှာ ထားထားတယ်။ မသင်္ဂြိုဟ်ရသေးဘူး” ဟုပြောသည်။

လက်နက်ကြီးပစ်ခတ်မှုအပါအဝင် ကျေးရွာတွင်း စစ်ကောင်စီတပ်သားများဝင်ရောက်လာပြီး ဓားဖြင့်ထိုးမှုတို့ရှိရာ သပိတ်တောင် မြောက်ရွာမှ မွတ်ဆလင်တစ်ဦးတွင် ခေါင်းနှင့် လက်မောင်းနေရာများ၌ ဓားဒဏ်ရာများရရှိခဲ့သည်ဟု သပိတ်တောင် မြောက်ရွာမှ မွတ်ဆလင်တစ်ဦးကပြောသည်။


ကင်းချောင်းရဲကင်းကနေ လက်နက်ကြီးများ တရစပ်ပစ်ခတ်နေမှုကြောင့် သပိတ်တောင်မြောက်ရွာနှင့် တောင်ချေကျေးရွာတို့မှ လူဦးရေ ခန့်မှန်းခြေ ၃၀၀ ခန့်ထွက်ခွာလာကြပြီး နီးစပ်ရာကျေးရွာများတွင် ခိုလှုံလျှက်ရှိကြသည်ဟု ကျေးရွာသားများကဆိုသည်။

နခခ(၈) နယ်ခြားစောင်းရဲတပ်နှင် ပူးပေါင်းနေထိုင်သည့် သပိတ်တောင်ရွာဝင်ဖက်တွင် တပ်စွဲထားသည့် အဆိုပါစစ်ကောင်စီတပ်မှ သပိတ်တောင် (ရခိုင်ရွာ) ရှိ နေအိမ်အချို့ကိုလည်း ယမန်နေ့ ညပိုင်း ၉ နာရီဝန်းကျင်က ဖမ်းဆီးမှုရှိခဲ့ပြီး ယနေ့ စက်တင်ဘာ ၂၄ ရက် နံနက်ပိုင်းတွင်လည်း ကျေးရွာသား ၅ ဦးအား ၎င်းစစ်ကောင်စီတပ်ရင်းမှ ဖမ်းဆီးထားမှုရှိသည်။

ရက္ခိုင့်တပ်တော်နှင့် စစ်ကောင်စီတပ်တို့ တကျော့ပြန်တိုက်ပွဲဖြစ်ပွားလျက်ရှိသည့် ရခိုင်တွင် စစ်ကောင်စီဖက်မှ အရပ်သားများအား ဦးတည်တိုက်ခိုက်မှု၊ ဖမ်းဆီးမှုတို့ကို မြို့နယ်အနှံ့ဆက်တိုက်လုပ်ဆောင်လာလျက်ရှိသည်။ khit lthit

မတူပီမြို့နယ်တိုက်ပွဲ စစ်ကောင်စီဘက်က ၃ ဦး သေဆုံးပြီး အများအပြား ဒဏ်ရာရ

မတူပီမြို့နယ်မှာ စက်တင်ဘာလ ၂၄ ရက် မနက်ပိုင်းက စစ်ကောင်စီ စစ်ကြောင်းနဲ့ CDF-မတူပီတို့ တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီဘက်က ၃ ယောက် သေဆုံးကာ အများအပြား ဒဏ်ရာရခဲ့တယ်လို့ CDF-မတူပီကက ပြောပါတယ်။

မတူပီ-ဟားခါးလမ်းဘက်ကို နယ်မြေချင်းလင်းဖို့ လာတဲ့ အင်အား ၅၀ လောက်ပါတဲ့ စစ်ကြောင်း ကို တိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီဘက်က ၃ ယောက်သေဆုံးပြီး အများအပြား ဒဏ်ရာရခဲ့တယ်လို့ CDF-မတူပီရဲ့ ပြန်ကြားရေးတာဝန်ခံ ဆလိုင်းချင်းက ပြောပါတယ်။

“နှစ်ဘက်အပြန်အလှန် တိုက်ပွဲ ဖြစ်ပွားချိန်ကတော့ နာရီဝက်လောက်ရှိမယ်။ သူတို့ ဘက်က ပြန်ဆုတ်သွားသလို ရဲဘော်တွေလည်း အထိခိုက်အကျဆုံးမရှိဘဲ ဆုတ်ခွာခဲ့တယ်။”

နှစ်ဖက်တပ်တွေကတော့ ခဏပဲ ဆုတ်ခွာထားကြပြီး မတူပီ-ဟာခါးလမ်း စစ်မြေပြင်မှာဘဲ ရှိနေကြကာ အချိန်မရွေးတိုက်ပွဲတွေ ဖြစ်လာနိုင်လို့ မိဘ ပြည်သူတွေအနေနဲ့ မတူပီ-ဟားခါး လမ်းပိုင်းကို ဖြတ်သန်းသွားလာတာတွေ မပြုလုပ်ကြဖို့ သတိပေးထားပါတယ်။

မတူပီမြို့နယ်မှာ စက်တင်ဘာ ၁၉ ရက်ညနေပိုင်းကလည်း စစ်ကောင်စီရဲ့ ရှေ့တန်းစခန်းတခုကို CDF-မတူပီက စီးနင်းတိုက်ခိုက်ခဲ့ရာမှာ စစ်ကောင်စီဘက်က ၆ ယောက် သေဆုံးကာ ၈ ယောက်က ဒဏ်ရာ ရခဲ့တယ်လို့  သိရပါတယ်။

နှစ်ဘက်တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတဲ့အခြေနေကို  သီးခြားအတည် မပြုနိုင်သေးသလို စစ်ကောင်စီကလည်း သ တင်း ထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။ DVB

ရန်ကုန်တိုင်း မြို့နယ်သုံးမြို့နယ်တွင် စွန့်ပစ်အမှိုက် တစ်ပိဿာ ကျပ်တစ်ရာဖြင့် ဝယ်ယူ

ရန်ကုန်တိုင်းအတွင်းရှိ အင်းစိန်၊ ရွှေပြည်သာနှင့် ဒလမြို့နယ် သုံးမြို့နယ်တွင် စွန့်ပစ်အမှိုက်များကို တစ်ပိဿာ ကျပ်တစ်ရာနှုန်းပေး၍ ဝယ်ယူခဲ့ကြောင်း သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ်အဖွဲ့ Thant Myanmar က ထုတ်ပြန်ထားသည်။

ယင်း မြို့နယ်သုံးမြို့နယ်ရှိ အမှိုက်များကို ယခု စက်တင်ဘာ ဒုတိယအပတ်အတွင်းက ” အမှိုက်ဝယ်တယ်ဗျို့”ခေါင်းစဥ်ဖြင့်သွားရောက်ဝယ်ယူခဲ့ခြင်းဖြစ်ကာ၊ သုံးမြို့နယ်အတွင်း အမှိုက်ပိဿာအရေအတွက် တစ်သောင်းခွဲကျော်ဝယ်ယူရရှိခဲ့ကြောင်း ဆိုသည်။

အင်းစိန်မြို့နယ်အတွင်း အမှိုက် ပိဿာချိန် ၃,၀၀၀၊ ရွှေပြည်သာမြို့နယ်တွင် ၁၁,၅၇၈ ပိဿာနှင့် ဒလမြို့နယ်တွင် ၁၂,၈၀၀ ပိဿာ ကို ဝယ်ယူနိုင်ခဲ့သည်ဟုဆိုသည်။

” ဘာလို့ ဒီလိုလုပ်ရသလဲဆိုတော့ အမှိုက်ရှင်းသွားအောင်လို့ပါ၊ အမှိုက်ဝယ်တဲ့အခါ ရပ်ကွက်နေပြည်သူများက မိမိရပ်ကွက်၊ လမ်း၊ အိမ်အနီး အနားမှာရှိတဲ့ အမှိုက်တွေကို ကုန်စင်အောင်ကောက်ယူပြီး လာရောင်းကြပါတယ်။ ဒါ့အပြင် သမာရိုးကျအမှိုက်ကောက် ထွက်ကြတာနဲ့စာရင် ဒီလိုအမှိုက်ဝယ်လိုက်တဲ့အခါ ဒေသခံတွေရဲ့ ပါဝင်မှု အလွန်မြင့်မားလာတာကိုလည်း တွေ့ရပြီး အမှိုက်တွေလည်း အမှန်တကယ်ရှင်းလင်းသွားပါတယ်။”ဟု Thant Myanmay Pageတွင် ရေးသားဖော်ပြထားသည်။

ထို့အပြင် ဝယ်ယူရရှိသည့် အမှိုက်များကို သတ်မှတ်အမှိုက်စွန့်ပစ်နေရာများသို့သွားရောက် စွန့်ပစ်ခဲ့ပြီး၊ ပြန်လည်ရောင်းချ၍ရမည့် အမှိုက်အမျိုးအစားများကို ဒေသခံများ ပြန်လည်ရောင်းချ၍ ဝင်ငွေရရှိရန် လုပ်ဆောင်ပေးခဲ့သေးသည်ဟု ဆိုသည်။

အဆိုပါ Thant Myanmar အဖွဲ့က သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ်ရေးဆိုင်ရာ သင်တန်းများကိုလည်း အခမဲ့ပို့ချပေးနေသည့်အဖွဲ့တစ်ခု ဖြစ်သည်။ mizzima

တန့်ဆည်တွင် စစ်တပ်က သဲစား၊ အင်းနား၊ ငှက်ပျောတောကျေးရွာများကို အကြောင်းမဲ့ မီးရှို့ဖျက်ဆီး

စစ်ကိုင်းတိုင်း၊တန့်ဆည်တွင် စစ်ကောင်စီတပ်များက ယနေ့ သဲစား၊ အင်းနား၊ ငှက်ပျောတောကျေးရွာများကို အကြောင်းမဲ့ မီးရှို့ဖျက်ဆီးလျက်ရှိကြောင်း ဒေသခံများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ နံနက်ပိုင်းတွင် တန့်ဆည်မြို့နယ် သဲစားကျေးရွာကို အကြမ်းဖက်စစ်တပ်က မီးရှို့လိုက်သဖြင့် ရွာအရှေ့အနောက် အိမ်ခြေအားလုံးနီးပါး လောင်ကျွမ်းနေကြောင်း၊ ယင်းနောက် အင်းနားနှင့်ငှက်ပျောတောကျေးရွာများကိုလည်း မွန်းလွဲပိုင်းတွင် မီးရှို့လျက်ရှိကြောင်း ဒေသခံများက ဆိုကြသည်။

“ဒီနေ့ မနက်ပိုင်းမှာ သဲစားကို မီးရှို့တယ်။။ မွန်းလွဲ ၂ နာရီလောက်ကနေစပြီး အင်းနားနဲ့ ငှက်ပျောတောကျေးရွာမှရြှိတဲ့ အရပ်သားပြည်သူနေ အိမ်တွေကို အကြောင်းမဲ့ စစ်တပ်က မီးရှို့ ဖျက်ဆီးနေတာပါ။ အခု လက်ရှိအချိန်ထိ ရှို့နေတယ်။ အင်းနား ကျေးရွာမှာ။ အဝေးကနေ သစ်ပင်ပေါ်က လှမ်းကြည့်ရတာမို့ မီးရှို့ခံရတဲ့ အိမ်ခြေအရေအတွက်ကို အတိအကျ မသိရသေးပါဘူ။ အင်းနားကျေးရွာမှာအိမ်ခြေ ၁၄၀ ကျော်ပဲ ရှိတာပါ” ဟု ဒေသခံတစ်ဦးက ပြောသည်။

တန့်ဆည်မြို့နယ် ငှက်ပျောတောရွာကို မီးရှို့ရန် ဝင်လာသော စစ်တပ်နှင့် ပျူစောထီးများကို ယနေ့ စက်တင်ဘာ၂၄ ရက်နေ့ မွန်းလွဲ ၁နာရီတွင် မိုင်း ၃ ကြိမ်၊ မွန်းလွဲ ၂နာရီခွဲခန့်တွင် တစ်ကြိမ်၊ ၃နာရီခန့်တွင် တစ်ကြိမ် စုစုပေါင်း မိုင်း၅ ကြိမ်ဖြင့် မိုင်းဆွဲတိုက်ခိုက်သဖြင့် အများအပြား ထိ ခိုက်သေဆုံးနိုင်ကြောင်း ဒေသသတင်းရင်းမြစ်များက ဆိုသည်။

သဲစားကျေးရွာကို မီးရှို့ပြီး ထွက်လာသော စစ်ကြောင်းက ငှက်ပျောတောရွာသို့ ဝင်ရောက်လာချိန်တွင် တန့်ဆည်မြို့နယ် မြောက်ပိုင်းပကဖ ထောင်ထားသော မိုင်းပွိုင့်၅ပွိုင့်မိခဲ့ခြင်းဖြစ်ပြီး ထိခိုက်သေဆုံးမှုကို အတည်မပြုနိုင်သေးကြောင်း၊ ယခုအချိန်တွင် အကြမ်းဖက် စစ်တပ်က အင်းနားရွာနှင့် ငှက်ပျောတောရွာတို့ကို မီးရှို့ဖျက်ဆီးနေကြောင်း သိရသည်။ khit thit

ထီးလင်းမြို့နယ် ကန်သာရွာကို စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီး၊ နေအိမ် ၁၁ လုံးဆုံးရှုံး

မကွေးတိုင်း ထီးလင်းမြို့နယ်၊ ကံသာကျေးရွာကို စက်တင်ဘာ ၂၂ ရက်နဲ့ ၂၃ ရက်တွေမှာ စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့လို့ နေအိမ် ၁၁ လုံးမီးလောင်ကျွမ်းခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကံသာကျေးရွာကို အင်အား ၁၀၀ ကျော်လောက်ပါတဲ့ စစ်ကြောင်းက စက်တင်ဘာ ၂၂ ရက်နေ့ စတင်ဝင်ရောက်ကာ နေအိမ် ၁ လုံးကို မီးရှို့ဖျက်ဆီးခဲ့ပြီး စက်တင်ဘာ ၂၃ ရက် မနက်ပိုင်း နေအိမ် ၁၀ လုံးကို ထပ်မံမီးရှို့ သွားကြတာလို့ ကံသာကျေးရွာ ဒေသခံတယောက်က ပြောပါတယ်။

“စစ်ကောင်စီတပ်က စစ်ကြောင်းထိုးလာတော့ တရွာလုံး ဘေးလွတ်ရာ တောတောင်ထဲတွေနဲ့ နီးစပ်ရာ ကျေးရွာတွေက ဆွေမျိုးတွေဆီ ထွက် ပြေးတိမ်းရှောင်နေကြရတယ်။ တအိမ်ဆင်း တအိမ်တက် မွှေနှောက်ပြီး အဖိုးတန်ပစ္စည်းတွေနဲ့ ငွေကြေးတွေကို ခိုးယူသွားသလို အိမ်မွေး တိ ရစ္ဆာန်တွေကိုလည်း သတ်ဖြတ်စားသောက်သွားကြတယ်။ “စစ်ကြောင်း ပြန်ထွက်သွားတော့ ရွာက ပြည်သူတွေနဲ့ YDF-ထီးလင်းက ရဲဘော်တွေ ပူးပေါင်းပြီး ဝင်ရောက် မီးငြိမ်းသတ်ခဲ့လို့ နေလယ် ၁၂ နာရီလောက်မှာ မီးငြိမ်း သွားခဲ့တယ်။ တကယ်လို့သာ အချိန်မီ မီးမငြိမ်းသတ်နိုင်ရင်တော့ တရွာလုံးပြာကျမယ့် သဘောရှိတယ်။” 

အဲဒီစစ်ကြောင်းဟာ ကျိုင်း၊ ဒေါသာ၊ လုံးပေါင်ရွာတွေကို မွှေနှောက်ပြီး လက်ပံရွာမှာ ညအိပ် စခန်းချကာ အဲဒီကျေးရွာတွေက အဖိုးတန်ပစ္စည်းတွေနဲ့ ငွေကြေးတွေကိုလည်း သူတို့ စိတ်ကြိုက် ခိုးယူသွားကြတယ်လို့ ဆိုပါတယ်။

စစ်တပ်အာဏာသိမ်းတဲ့ ဖေဖော်ဝါရီ ၁ ရက်ကနေ သြဂုတ် ၂၅ ရက်အထိ မကွေးတိုင်းအတွင်း အိမ်ခြေ ၅၄၁၈ လုံးကို စစ်ကောင်စီတပ်တွေက မီးရှို့ဖျက်ဆီးခဲ့တယ်လို့ Data For Myanmar က သြဂုတ် ၂၆ ရက်မှာ ထုတ်ပြန်ပါတယ်။ DVB

လွှတ်တော်ကိုယ်စားလှယ် တင်သည့်ပို့စ်ကို Like & Share ပြုလုပ်သည့်ဒေသခံ ၂၀ ကျော် ဖမ်းဆီးခံရ

ဧရာဝတီတိုင်း၊ ကန်ကြီးထောင့်မြို့တွင် NLD လွှတ်တော်ကိုယ်စားလှယ်တစ်ဦး လူမှုကွန်ရက်ပေါ်၌တင်သည့် ပို့စ် (Post) ကို Like ၊ Share၊ Comment ပြုလုပ်သည့် ဒေသခံ ၂၀ ကျော် ဖမ်းဆီးခံရကြောင်းသိရသည်။

ကန်ကြီးထောင်မြို့ပေါ် ရပ်ကွက်များ၊ ဘဲဂရက်နှင့် ဒါးကတိုက်နယ်နေဒေသခံများကို စစ်ကောင်စီတပ်နှင့် ရဲများက စက်တင်ဘာလ ၂၃ ရက်ညပိုင်း၌ ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

” ကိုယ်စားလှယ်တင်တဲ့ ပို့စ်တွေနဲ့ တော်လှန်ရေးနဲ့ ပတ်သက်တဲ့ဟာတွေကို Like ပေးတဲ့သူတွေ၊ Comment ရေးတဲ့သူတွေနဲ့ Share တဲ့သူတွေကို ဖမ်းတာလို့သိရတယ်၊ အဖမ်းခံရတဲ့အထဲမှာ အသက်ကြီးပိုင်းလူကြီးတွေလည်း အများကြီးပါတယ် ” ဟု ဒေသခံတစ်ဦးက ပြောသည်။

၎င်းအပြင် ဖမ်းဆီးခံရသူ ၂၀ ကျော်သည် နိုင်ငံရေးနှင့် တော်လှန်ရေးတွင် ပါဝင်ပတ်သက်မှု မရှိသူများဖြစ်ပြီး စစ်ကောင်စီဒလန်များ၏ သ တင်းပေးမှုကြောင့် ဖမ်းဆီးခံရခြင်းဖြစ်နိုင်ကြောင်း ၎င်းကဆိုသည်။

လက်ရှိတွင် မတရားဖမ်းဆီးခံခဲ့ရသည့် ဒေသခံ ၂၀ ကျော်ကို ကန်ကြီးထောင့်မြို့နယ် ရဲစခန်းတွင် ဖမ်းဆီးထားသည်ဟုသိရပြီး ဖမ်းဆီးခံထားရသူများ၏ မိသားစုဝင်များစိုးရိမ်နေကြသည်ဟု ဒေသခံများ၏ ပြောပြချက်အရသိရသည်။ mizzima

လူပေါင်း ၁၀၀ ကျော်ကို ကိုရီးယားနိုင်ငံသို့ ပို့ဆောင်ပေးမည်ဟုဆိုပြီး UAE သို့ပို့ဆောင် ငွေ လိမ်လည်၊ အမေရိကန်ဒေါ်လာ ၃၅၀,၀၀၀ ကျော် လိမ်လည်သွား

ပြည်တွင်းမှ လူ ၁၀၀ ကျော်ကို ကိုရီးယားနိုင်ငံသို့ ပို့ဆောင်ပေးမည်ဟုဆိုပြီး UAE သို့ပို့ဆောင်ငွေ လိမ်လည်မှုဖြစ်ပွားပြီး အမေရိကန်ဒေါ်လာ ၃၅၀,၀၀၀ ကျော် လိမ်လည်သွားကြောင်း လိမ်လည်ခံလိုက်ရသူများက ပြောသည်။

ကိုရီးယားနိုင်ငံသို့ ပို့ဆောင်ပေးမည်၊ လက်မှတ်ဖြတ်ပေးမည်ဟုဆိုကာ တစ်ဦးလျှင် အမေရိကန်ဒေါ်လာ ၃၅၀၀ စီ တောင်းခံပြီး ကိုရီးယားသို့ မပို့ဆောင်ဘဲ Dubai နှင့် Sharjah ကိုသာ ပို့ဆောင်ခံရသူ မြန်မာနိုင်ငံသား အယောက် ၁၀၀ ကျော်ရှိနေကြောင်း၊ UAE တွင် အဆောင်ငှားပေးကာ ပိုက်ဆံပြန်မပေးသဖြင့် လူပေါင်း ၁၀၀ ကျော် ဒုက္ခကြုံတွေ့နေရကြောင်း ကိုယ်တိုင် ကြုံတွေ့ခံစားရသူများထံမှ စုံစမ်းသိရှိရသည်။

ငွေလိမ်လည်သူမှာ ကုမ္ပဏီအမည် KO GYI (ကိုကြီး) ပိုင်ရှင်ဖြစ်သူ အောင်ဇင် (ခေါ်) ကိုကြီး (ခေါ်) Alex Xavier ဆိုသူဖြစ်ပြီး တစ်ဦးလျှင် အမေရိကန်ဒေါ်လာ ၃၅၀၀ နှင့် လူပေါင်း ၁၀၀ ကျော်စီမှ ဒေါ်လာ ၃၅၀,၀၀၀ ကျော် လိမ်ယူထားခြင်းဖြစ်ကြောင်း၊ ပိုက်ဆံများကို ပြန်လည်ပေး အပ်ခြင်း မရှိဘဲ စက်တင်ဘာလအတွင်း ထွက်ပြေးတိန်းရှောင်သွားကြောင်း ရန်ကုန်ခေတ်သစ်သို့ ကိုယ်တွေ့ကြုံတွေ့ ခံစားရသူများက ပြောကြားသည်။

“၅ လပိုင်းထဲကပါဗျ။ ကိုရီးယားကို ပို့မယ်ဆိုပြီး ဒီမှာ သောင်တင်နေတော့ သူ့အမေက အဆောင်ငှားပြီး ပိုက်ဆံပြန်မပေးဘဲ သူတို့ကျွေးတဲ့ အ တိုင်းနေရပါတယ်။ နောက်ပြီး မြန်မာပြည်က သူ့ရုံးကို ရဲတိုင်တော့ သူက ရှေ့နေဆိုတော့ ရှေ့နေသက်တမ်းတိုးပြီး တိုင်တဲ့ လူကို တရားပြန်ဆွဲပြီးတော့ ခံဝန်ကတိနဲ့ တောင်းပန်စာပြန်ရေးခိုင်းခဲ့ရပါတယ်။ ရဲတွေကို လာဘ်ထိုးပြီးတော့ လုပ်နေတာပါဗျ” ဟု UAE နိုင်ငံတွင် သောင်တင်နေရသူတစ်ဦးက ရန်ကုန်ခေတ်သစ်သို့ ပြောကြားသည်။

ထို့ပြင် ကိုကြီး (ခေါ်) အောင်ဇင်မှာ Sharjah တွင် စားသောက်ဆိုင်ဖွင့်မည်ဟု ဆိုကာ ရှယ်ယာရှင်အနေနှင့် ခေါ်ယူပြီး တစ်ဦးလျှင် သိန်း ၁၀၀ စီဖြင့် ၂၁ ဦးခေါ်ယူခဲ့ကြောင်း၊ ဆိုင်ကို ဟန်ပြသာ ဖွင့်၍ လက်ရှိအချိန်တွင် အကုန်ပိတ်သွားသဖြင့် ရှယ်ယာရှင် ၂၁ ဦးမှာလည်း Sharjah တွင် အ ခက်တွေ့နေရကြောင်း၊ ကိုရီးယားပို့မည်ဟုဆိုကာ မပို့ဘဲ ၎င်းတို့ ငှားပေးထားသည့် အဆောင်တွင် နေထိုင်နေရသည့် လူများကိုလည်း Visa သက်တမ်းတိုးပေးခြင်းမရှိ၍ UAE တွင် ဒုက္ခတွေ့နေရကြောင်းလည်း လိမ်လည်ခံရသူများထံမှ သိရှိရသည်။ khit thit

ပုလော၌ မူးယစ်ဆေးနှင့် စစ်ကောင်စီထုတ် ကုန်မဝင်ရောက်နိုင်ရေး KPDF စစ်ဆေးမည်

တနင်္သာရီတိုင်း မြိတ်ခရိုင်၊ ပုလောမြို့နယ်မှာ မူးယစ်ဆေးဝါးနဲ့ စစ်ကောင်စီထုတ် ကုန်ပစ္စည်းတွေ KNU ထိန်းချုပ်နယ်မြေအတွင်း မဝင်ရောက် လာနိုင်စေဖို့ ဂိတ်ချ တားဆီးစစ်ဆေးမယ်လို့ Palaw KPDF အဖွဲ့က ထုတ်ပြန်ပါတယ်။

Palaw KPDF တာဝန်ရှိသူက “အဓိကက လူငယ်တွေကြား မူးရစ်ဆေးဝါး ပျံ့နှံ့လာလို့။ Palaw KPDF က KNU ထိန်းချူပ်နယ်​ မြေအတွင်းက ကျေးရွာတွေမှာ မူးရစ်ဆေးဝါးတွေကို အဓိကထားပြီး တိုက်ဖျက်လုပ်ဆောင်းတာ” လို့ ပြောပါတယ်။

စစ်အာဏာသိမ်းပြီးကတည်းက KNU ထိန်းချုပ်နယ်မြေမှာ မူးယစ်ဆေးဝါးများ ပျံ့နှံ့လာတာ စစ်ကောင်စီက ရောင်းဝယ်သူတွေကို မဖမ်းဆီးဘဲ တိုင်းရင်းသားလူငယ်တွေ၊ တော်လှန်ရေး အင်အားစုတွေကြားကို ပျံ့နှံ့အောင် ရည်ရွယ်ချက်ရှိရှိနဲ့ လုပ်ဆောင်နေတာလို့ တာဝန်ရှိသူက ရှင်းပြပါတယ်။

ပြည်သူတွေအနေနဲ့ KNU ထိန်းချုပ်နယ်မြေထဲ ဂိတ်တွေကို ဖြတ်သန်းသွားလာရာမှာ ကားတံခါး မှန်ချ၊ ယာဉ်ကို အရှိန်လျှော့မောင်းနှင်ကာ တင်ဆောင်လာတဲ့ ပစ္စည်းနဲ့ ခရီးသည်တွေကို အဝေးက မြင်သာအောင် စီမံထားဖို့နဲ့ ဘယ်အဖွဲ့အစည်းမဆို စစ်ဆေးမှုကို ပူးပေါင်းပါဝင်ဖို့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

အဲဒီစည်းကမ်းချက်တွေဟာ‌ စစ်ကောင်စီကို အမြစ်ပြတ်ချေမှုန်းဖို့နဲ့ ကရင်ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ (ပုလော) လုပ်ငန်းစဉ်တွေအတွက် အလွန်အရေးပါလို့ ပြည်သူတွေအနေနဲ့ ကြည်ဖြူစွာ လိုက်နာ ဆောင်ရွက်ပေးဖို့နဲ့ ပျက်ကွက်ပါက ပျက်ကွက်သူရဲ့ တာဝန်သာဖြစ်တယ်လို့ ထုတ်ပြန် ကြေညာထားပါတယ်။ DVB

« Older Entries