စစ်တပ်လက်ပါးစေ PNO အဖွဲ့က PNLO ရဲ ဘော်ငါးဦးကို သတ်ဖြတ်ပြီး အလောင်း ပြန်မပေးသဖြင့် ရက်လည်နာရေးကို ဓါတ်ပုံများဖြင့်သာ ပြုလုပ်ရ

အကြမ်းဖက်စစ်ကောင်စီ လက်အောက်ခံ PNO ပြည်သူ့စစ်အဖွဲ့က ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် PNLO/PNLA ရဲဘော်ငါးဦးကို သတ်ဖြတ်ခဲ့ပြီး အလောင်းပြန်မပေးသဖြင့် ရက်လည်ဈာပနအခမ်းအနားကို ဓါတ်ပုံများဖြင့်သာ ပြုလုပ်ခဲ့ရကြောင်း သတင်းရရှိသည်။

PNLO တပ်ဖွဲ့ဝင်ငါးဦး၏ ရက်လည်ဈာပနကို စက်တင်ဘာလ ၂၃ ရက် ယနေ့တွင် PNLO ဌာနချုပ်၌ ကျင်းပခဲ့ပြီး မိသားစုဝင်များနှင့် PNLO တပ်ဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။

စက်တင်ဘာလ ၁၄ ရက် မွန်းလွဲပိုင်းတွင် ပင်လောင်းမြို့နယ်၊ ဝါးပြုံးကျေးရွာ၌ PNLO ၏ ဒုတပ်စုမှူး ခွန်ထွန်းဦး၊ ဒုတပ်စိပ်မှူး ခွန်ရှိန်၊ တပ်သား ခွန်သန်းဖေ၊ တပ်သား ခွန်ကြယ်စင်နှင့် တပ်သား ခွန်ရဲနောင်တို့ကို PDF များဟု စွပ်စွဲပြီး PNO အဖွဲ့က ဖမ်းဆီးသတ်ဖြတ်ခဲ့ကြောင်း ပအိုဝ်းသတင်းရင်းမြစ်များကပြော ဆိုသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်ပြီး စက်တင်ဘာလ ၁၉ ရက်နေ့တွင် တောင်ကြီးမြို့၌ နှစ်ဖက်အဖွဲ့မှ တာဝန်ရှိသူများ တွေ့ဆုံဆွေးနွေးကြကြောင်း သတင်းရရှိသည်။ khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s