ပြည်သူ့ကာကွယ်ရေးတပ်များ၏ တိုက်ပွဲဗီဒီယိုဟောင်းများကို အသုံးပြုကာ Live အတု လွှင့်နေသည့် ဖေ့စ်ဘုတ်ပေ့ချ်

ပြည်သူ့ကာကွယ်ရေးတပ် (PDF) များက တိုက်ပွဲဗီဒီယိုဖိုင်များကို ၎င်းတို့၏ ဖေ့ဘုတ်စာမျက်နှာများတွင် တင်ပြမှုများပြုလုပ်တတ်ကြသည်။ ယခုအခါ ဖေ့စ်ဘုတ်စာမျက်နှာတစ်ခုက ကာကွယ်ရေးတပ်များတင်ထားသော ဗီဒီယိုများကို ပြန်လည်အသုံးပြု၍ တိုက်ရိုက်ထုတ်လွှင့်မှု Live အတုများ ပြုလုပ်နေသည်။

“ပြည်သူ့တိုက်ပွဲ” အမည်ရှိ ဖေ့ဘုတ်ပေ့ချ်သည် စက်တင်ဘာ ၁၇ ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့ပြီး ပရိုဖိုင်ပုံကို ဒေါ်အောင်ဆန်းစုကြည်ပုံဖြင့် အသုံးပြုထားသည်။ စတင်အသုံးပြုသည့် ရက်မှာ မကြာသေးသော်လည်း Follower အရေအတွက်မှာ ၁၇,၀၀၀ ရှိနေပြီ ဖြစ်သည်။

ပေ့ချ်၏ မိတ်ဆက်နိဒါန်းတွင် “ပြည်သူတွေနဲ့တစ်သွေးထဲတစ်သားထဲရပ်တည်မယ့်ပြည်သူ့တိုက်ပွဲ” ဟုရေးသားထားသော်လည်း ထိုပေ့ချ်၏ မည်သည့် ကိုယ်ပိုင် လှုပ်ရှားမှုများကိုမျှ မတွေ့ရဘဲ အခြားတော်လှန်ရေးပေ့ချ်များမှ ၎င်းတို့၏ တိုက်ပွဲတွင်းဗီဒီယို တင်ဆက်မှုများကို ပြန်လည်ကူးယူပြီး ထပ်ခါထပ်ခါ Live အတုများ လွှင့်နေခြင်းဖြစ်သည်။

စက်တင်ဘာ ၂၀ ရက်နေ့တွင် Yesagyo Revolution Group မှ တိုက်ပွဲသတင်းထုတ်ပြန်ချက်နှင့်အတူ ထုတ်ပြန်ထားသော ၂ မိနစ် နှင့် ၅၂ စက္ကန့်ကြာ ဗီဒီယိုဖိုင်ကို ပြည်သူ့တိုက်ပွဲ ပေ့ချ်မှ စက်တင်ဘာ ၂၂ ရက်နေ့တွင် ထိုဖိုင်တစ်ခုတည်းကို အသုံးပြုပြီး ထပ်ခါထပ်ခါ ပြသကာ မိနစ် ၄၀ ကြာ Live လွှင့်ခဲ့သည်။ “ရွာထဲဝင်လာတဲ့ စခတွေကို ရှယ်ဆော်” ဟုရေးသားကာ မည်သည့်အချိန် နေရာ မည်သည့်တပ်ဖွဲ့ဖြစ်သည်ကို တစွန်းတစမျှ မဖော်ပြချေ။ ထိုဖိုင်ကို ကြည့်ရှုသူ ရှစ်ထောင်ကျော်ရှိနေပြီ ဖြစ်သည်။

တဖန် စစ်ကောင်စီတပ်၏ ခြေကုတ်စခန်းဖြစ်သည့် ကြိတ်စခန်းကို စက်တင်ဘာ ၂၀ ရက်နေ့က KNLA တပ်ရင်း(၁၈) နှင့် SOG-ဒေါန စစ် ကြောင်းပူးပေါင်းတပ်ဖွဲ့တို့ သိမ်းပိုက်နိုင်ခဲ့သည့် ထုတ်ပြန်ချက်မှ ဗီဒီယိုဖိုင်ကို အသုံးပြုကာ “စခစန်းကို မိနစ် ၂၀ နဲ့ PDF များ တတ်သိမ်း” ဟုဆိုကာ ကတုတ်ကျင်းထဲများပါဝင်သည့် ဗီဒီယိုဖိုင်ကို ထပ်ခါထပ်ခါအသုံးပြုကာ ၂၅ မိနစ်ကြာ Live အတု လွင့်ထားပြန်သည်။

အလားတူ တိုက်ပွဲ သတင်းထုတ်ပြန်ချက်မှ ဗီဒီယိုဖိုင်များ၊ လူသိများသူများက ထုတ်လွင့်ထားသည့် Live ဗီဒီယိုဖိုင်များဟောင်းကို ပြန် လည် Live လွှင့်ခြင်းများ ထပ်ကာထပ်ကာ ပြုလုပ်နေသည်။

အဆိုပါစာမျက်နှာတွင် Live အတုများသာ ထုတ်လွှင့်နေပြီး အခြားမည်သည့်တစ်စုံတစ်ရာမှတင်ဆက်မှုမတွေ့ရပေ။ သို့သော်ပေ့ချ်စတင်အသုံးပြုသည့်နေ့မှ ယနေ့အထိ ခြောက်ရက်အတွင်း Live လွင့်မှုပေါင်း ၂၈ ခုရှိနေပြီး ကြည့်ရှုသူ ပျှမ်းမျှအားဖြင့် live တစ်ခုလျှင် ကြည့်ရှုသူ တစ်သိန်းကျော် ရှိသည်။

ထိုပေ့ခ်ျတွင် ဖော်ပြထားသည့် ဖုန်းနံပါတ်ကို ဆက်သွယ်ခဲ့ရာတွင်လည်း အမျိုးသမီး တစ်ဦး၏ ဖုန်းနံပါတ်ဖြစ်နေပြီး သူမ မှ ထိုပေ့ခ်ျအ ကြောင်းကို မသိရှိဟု ဆိုသည်။ တဖန် ပေ့ခ်ျ၏ မက်စင်ဂျာသို့ သွားရောက်မေးမြန်းခဲ့ရာတွင်လည်း ပြန်လည်ဖြေကြားခြင်းလည်းမရှိပါ။

ထိုသို့ “ပြည်သူ့တိုက်ပွဲ” အမည်ခံစာမျက်နှာသည် အမှန်တကယ် ဖြစ်ပျက်ခဲ့သည့် ဖြစ်စဉ်မှ ဗီဒီယိုဖိုင်များကို ပြန်လည်အသုံးပြုကာ အချက် အလက် အပြည့်အစုံ မဖော်ပြဘဲ ယခုလက်ရှိ ဖြစ်နေသယောင် တိုက်ရိုက် Live လွှင့်ခြင်းသည် ဖေ့ဘုတ်အသုံးပြုသူများအတွက် အထင် အမြင်လွဲမှားစေသည်။

တဖန် မြေပြင်တိုက်ပွဲတွင် ရန်သူနှင့် နဖူးတွေ့ ဒူးတွေ့ ရင်ဆိုင်နေရသည့် တော်လှန်ရေး ရဲဘော်များ၏ တိုက်ပွဲဗီဒီယိုဖိုင် အဟောင်းများကို အ သုံးပြု Live လွှင့်ကာ Follower ရှာပြီးနောက် မည်သို့မည်ပုံ ပြောင်းလဲကာ ကိုယ်ကျိုးအတွက် အသုံးပြုမည်ကိုလည်း စောင့်ကြည့်သွားရန် လိုအပ်ပေသည်။

မဇ္ဈိမ၏သတင်းဖတ်ရှုသူများအနေဖြင့် သတင်းတုဟုသံသယရှိသည့်အချက်အလက်များ၊ သတင်းဆောင်း ပါးများ၊ သတင်းမှားများကို ယခုလင့်သို့ – https://bit.ly/3x5qnf5 ဝင်ရောက်ဖြည့်စွက် ရေးသားပေးပို့ မေးမြန်းနိုင်ပါသည်။ mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s