လုံခြုံရေးဆိုင်ရာပြင်ဆင်မှုများပြုလုပ်ပြီးမှ မြေပြင်တွင်ကျောင်းများဖွင့်လှစ်ခြင်းဖြစ် ကြောင်း NUGပညာရေးဒုတိယဝန်ကြီးဆို

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)မှ ဖွင့်လှစ်ထားသည့် ကျောင်းများကို စစ်ကောင်စီ၏တိုက်ခိုက်မှုများအတွက် ပြင်ဆင်မှုများပြုလုပ်ထားပြီးမှ ကျောင်းဖွင့်လှစ်ထားခြင်းဖြစ်ကြောင်း NUG၏ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ကဆိုသည်။

“ကျောင်းတွေစဖွင့်တည်းက လုံခြုံရေးကို အထူးအလေးထားဖို့နဲ့ အရေးပေါ်အခြေအနေများအတွက် ကြိုတင်ပြင်ဆင်ထားဖို့ပြောခဲ့ပါတယ်၊ မြေပြင်မှာအစီစဉ်တွေလည်းလုပ်ထားကြပါတယ်” ဟု အမျိုးသားညီညွတ်ရေးအစိုးရ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး( ဒေါ်)ဂျာနွယ်ပန်က မဇ္ဈိမသို့ပြောသည်။

လက်နက်ကိုင်တော်လှန်ရေးကာလ တစ်နှစ်ကျော်လာချိန်တွင် NUGသည် နယ်မြေအချို့တွင် စိုးမိုးမှုများရှိသည်ဟု သိရပြီး အချို့နေရာများတွင် ဒေသခံအဖွဲ့များနှင့် ချိတ်ဆက်၍ ကျောင်းများပင် ဖွင့်လှစ်သင်ကြားလျက်ရှိနေကြပြီဖြစ်သည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၆ရက်နေ့က NUGနှင့် ချိတ်ဆက်သင်ကြားနေသည့် နေရာတစ်ခုဖြစ်သည့် စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ လက်ယက်ကုန်းရွာရှိ ဘုန်းကြီးကျောင်းအတွင်းသို့ စစ်ကောင်စီတပ်များက Mi- 35 ရဟတ်ယာဉ်များဖြင့် ပစ်ခတ်ခဲ့ပြီး ဝင်ရောက်စီးနင်းမှုကြောင့် စာသင်ကြားနေသည့် ကလေးငယ် ကိုးဦးထက်မနည်းသေဆုံးခဲ့ရပြီး ဆရာ ဆရာမ ၂၀ဦးခန့် ဖမ်းဆီးခံခဲ့ရသည်။

“အခုကိစ္စက လေယာဉ်နဲ့ရော မြေပြင်လက်နက်ကြီးတွေနဲ့ပါ တရစပ်ပစ်ခတ်လို့ ကျောင်းထဲမှာရှိနေတဲ့ သူတွေအနေနဲ့ ဗုံးခိုကျင်းတွေထဲ ဝင်ဖို့ အချိန်တောင်မရလိုက်ပါဘူး၊ ကျောင်းကို ပစ်မှတ်ထားပြီး အစီးခံရတာဖြစ်တဲ့ အတွက် ရှောင်ဖို့အချိန်မရဘဲ ထိခိုက်သွားရတာဖြစ်ပါတယ်” ဟု ဒုတိယဝန်ကြီးကဆိုသည်။

ပြီးခဲ့သည့်ရက်ပိုင်းအတွင်း ဖြစ်ပေါ်ခဲ့သည့် အထက်ပါ လေကြောင်းတိုက်ခိုက်မှုများကြောင့် လက်ရှိအချိန်တွင် ကျောင်းများဖွင့်လှစ်ထားမှုကို ရပ်နားထားရကြောင်း ဒီပဲယင်းဒေသတွင် ပညာသင်ကြားပေးနေသူ CDMဆရာတစ်ဦး၏ ပြောပြချက်အရ သိရသည်။

“ပစ်ခတ်မှု ပြီးတော့ အများစုပိတ်ထားကြတယ်၊ စစ်ကောင်စီက အကြမ်းဖက်လုပ်ရပ်တွေ လုပ်နေကြတော့ အများစုကရပ်နားထားကြတယ်၊ လာမယ်ဆိုရင် ဘယ်နားဝပ်ရမယ်ဆိုတာမျိုး ရှိတယ်၊ အရင်က တော့ တကယ်အဲ့လိုလုပ်မယ်မထင်ခဲ့ဘူး။” ဟု ၎င်းက မဇ္ဈိမသို့ပြောသည်။

မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီးနောက် ပညာရေးဝန်ထမ်းနှင့် ကျောင်းသားကျောင်းသူများသည် အကြမ်းမဖက်လူထုလှုပ်ရှားမှု (CDM) ပြုလုပ်ပြီး စစ်တပ်အာဏာသိမ်းမှုကို သပိတ်မှောက်ခဲ့ကြသည်။

မည်သို့ပင်ဖြစ်စေ မြန်မာနိုင်ငံတွင် ကိုဗစ်ကပ်ရောဂါနှင့် စစ်အာဏာသိမ်းမှုကြောင့် ကလေးငယ်များအပါအဝင် လူငယ် ၁၂သန်းကျော်သည် လေ့လာသင်ယူခွင့် နှောင့်နှေးနေကြောင်း UNICEF ၏ ထုတ်ပြန်ချက်များအရ သိရသည်။

အာဏာသိမ်းကာလ ကြာမြင့်လာသည့်အချိန်တွင် ကလေးငယ်များပညာသင်ကြားရေးအတွက် အမျိုးသားညီညွတ်ရေးအစိုးရအပါအဝင် တော် လှန်ရေးအဖွဲ့များသည် ကလေးငယ်များ ပညာသင်ကြားခွင့် မဆုံးရှုံးရန်အတွက် ကျောင်းများကို အွန်လိုင်းနှင့်မြေပြင်တို့တွင် ကျောင်းများဖွင့်လှစ် သင်ကြားလျက်ရှိနေကြသည်။

သို့သော် စစ်ကောင်စီသည် အွန်လိုင်းဖြင့် ပညာသင်ကြားသူများကို ဖမ်းဆီးခြင်းနှင့် မြေပြင်တွင် ပညာသင်ကြားနေသည့် ကျောင်းများကို လေ ကြောင်းဖြင့်တိုက်ခိုက်မှုများပြုလုပ်ပြီး ကလေးငယ်များ ပညာသင်၍မရရန်အတွက် ပြုလုပ်နေသည်ကို တွေ့ရသည်။mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s