ကရင်ပြည်ရှိ စစ်ကောင်စီတပ်၏ ဘုရားတောင်စခန်း နာရီဝက်အတွင်း တိုက် ခိုက်သိမ်းပိုက် ၊ ဒုတပ်ရင်းမှူးအပါအဝင် ၁၁ ဦးသေဆုံးပြီး လက်နက် ၁၃ လက်ရရှိ၊ စစ်လေ ယာဉ်များပျံဝဲနေ

ကရင်ပြည်နယ်ရှိ ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ စစ်ကောင်စီတပ် ခလရ ၂၈၃ တပ်ရင်း ဘုရားတောင်စခန်းကို KNLA ပူးပေါင်းတပ်များက ယနေ့တွင် သိမ်းပိုက်လိုက်ပြီး ဒုတပ်ရင်းမှူးအပါအဝင် ၁၁ ဦးသေဆုံးကြောင်း၊ လက်နက် ၁၃ လက်ရရှိကြောင်း KNU သတင်းရင်းမြစ်က ပြော သည်။

“ဘုရားတောင်ကျေးရွာစခန်းကို ကျနော်တို့ သိမ်းတာမှာ လက်နက် ၁၃ လက်ရရှိပါတယ်။ သူတို့ဘက်က ဒုတပ် ရင်းမှူး ၊ တပ်ကြပ်ကြီး အပါအ ဝင် ၁၁ ဦးသေဆုံးပါတယ်။ အခု လေယာဉ်တွေလာနေပါတယ်။ ဝဲနေတယ်” ဟု KNLA သတင်းရင်းမြစ်က ပြောသည်။

သိမ်းဆည်းရမိသည့် လက်နက်များတွင် စက်လက်နက်များ၊ MA သေနတ်များပါဝင်ကြောင်း၊ တိုက်ပွဲသည် နာရီဝက်သာ ကြာမြင့်ကြောင်း ၊ နံ နက် ၅ နာရီခွဲတွင် ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး နံနက် ၆ နာရီတွင် စခန်းတစ်ခုလုံးကို သိမ်း ဆည်းလိုက်ကြောင်း၊ နယ်မြေရှင်းလင်းရေးလုပ် ဆောင်ရာတွင် နံနက် ၁၀ နာရီခွဲမှပြီးဆုံးကြောင်း သိရှိရသည်။

အဆိုပါစခန်းသည် ပြည်သူများကို ခြိမ်းခြောက် ငွေညှစ်ခြင်း၊ လမ်းသွားလမ်းလာများကို ဖမ်းဆီးရိုက်နှက်ခြင်း၊ ဘုရားတောင်စခန်းကုန်းပေါ်မှ မျိုးစုံ ပြည်သူများကို ခြိမ်းခြောက်နေသည့်အတွက် အပြီးအပိုင် ရှင်းလင်းခြင်းဖြစ်ကြောင်း သတင်းရင်းမြစ်က ဆိုသည်။

အလားတူ KNU တပ်မဟာ ၆၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ အဇင်းကျေးရွာရှိ စစ်ကောင်စီစခန်းကို ယမန်နေ့ ညနေပိုင်းတွင် KNLA က တိုက်ခိုက်သိမ်းပိုက်လိုက်ကြောင်း ဒေသသတင်းရင်းမြစ်များထံမှ သိရှိရသည်။ khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s