မဟာမုနိဘုရားကြီး ဆိုင်ခန်းငှားရမ်းခ ၃ ဆနီးပါးတက်၊ စျေးသည်များအဆင်မပြေဖြစ်

မန္တလေးမဟာမုနိဘုရားကြီး စျေးဆိုင်ခန်းငှားခများအား၊ ​လာမည့်အောက်တိုဘာလကစ၍၊ သုံးဆနီးပါး တိုးမြှင့်ကောက်ခံသွားရန် စစ်ကောင်စီလက်အောက်ခံ ဂေါပကအဖွဲ့က ဆိုင်ခန်းရှင်များအား အကြောင်းကြားထားကြောင်း သိရသည်။

မူလက ကျပ်တစ်သောင်းရှစ်ထောင်ကောက်ခံသည့်နေရာတွင် လေးသောင်းကျပ်အထိ တိုးမြှင့်ကောက်ခံရန် ဂေါပကအဖွဲ့က စာထုတ်အကြောင်းကြားခြင်းဖြစ်ပြီး၊ ထိုသို့တိုးမြှင့်ကောက်ခံခြင်းအတွက် အခက်အခဲဖြစ်နေကြရကြောင်း ဆိုင်ခန်းရှင်များက ဆိုသည်။

“အခုလိုကာလကြီးမှာ တိုးကောက်တာအတွက်တော့ လုံးဝကိုအဆင်မပြေတာပါ၊ မတိုးပေးဘူးမပြောဘူး၊ ခုကာလကြီးမှာ ညှာတာဖို့ပဲပြောချင်တာပါ၊ လုပ်နေတာက ဘုရားအလုပ်တရားအလုပ်လုပ်နေပြီး ငွေလိုတိုင်း စျေးသည်တွေဆီကပဲ နှိုက်ချင်နေတာမတရားဘူးလို့ပဲပြောချင်တယ်” ဟု ဆိုင်ခန်းရှင်တစ်ဦးက ပြောသည်။

မဟာမုနိဘုရားကြီး၏ ဘဏ္ဍာတော်ပိုင် ဈေးဆိုင်ခန်းတွေမှာ စောင်းတန်းနဲ့တိုက်တန်းဆိုပြီး ဆိုင်ခန်းပေါင်း ၃၆၀ ကျော်ရှိတာကို ယခုလကုန်ကစ၍ သုံးဆနီးပါးတိုးမြှင့်ကောက်ခံရန် ဂေါပကအဖွဲ့က စီစဥ်ခဲ့ခြင်းဖြစ်သည်။

“ကိုဗစ်ကြောင့် အလုပ်မဖြစ်တော့တဲ့ စျေးအရောင်းအဝယ်မှာ စစ်အာဏာသိမ်းခံလိုက်ရပြန်တော့လည်း ဆိုင်ကသာဖွင့်ထားရတာ၊ စျေးဝယ်ပါးတယ်၊ တော်တော်များများက အဆင်မပြေကြဘူး” ဟု ဆိုင်ခန်းရှင်နောက်ထပ်တစ်ဦးက ဆိုသည်။

ဂေါပကအဖွဲ့ကတော့ ဆိုင်ခန်းငှားရမ်းသူများအနေနှင့် လာမည့်အောက်တိုဘာလကစ၍ လစဉ် လဆန်း ၁၀ ရက်မှ ၁၇ ရက်အတွင်းလည်း ကောင်း၊ လဆန်း ၁၈ ရက်မှ ၂၅ ရက်အတွင်း ပေးသွင်းခိုင်းထားပြီး၊ ပျက်ကွက်လျှင် ဒဏ်ကြေးအဖြစ် တစ်ရက် ၁၀ရာခိုင်နှုန်းပေးဆောင်ရမည်ဟု ကြေညာချက်ထုတ်ပြန်ထားသည်။

မန္တလေးမဟာမုနိဘုရားကြီးဂေါပကအဖွဲ့က စျေးဆိုင်ခန်းများအား မီးကြိုးသွယ်တန်းခဟုဆိုကာ ငွေကျပ်သုံးသိန်းစီ တောင်းခံထားကြောင်းလည်း သိရသည်။ mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s