မန်တုံမြို့ရှိ ခလရ ၁၃၀ တပ်ရင်းနှင့် ရဲစခန်းကို KIA ပူးပေါင်းအဖွဲ့က တိုက်ခိုက်ပြီး ရဲစခန်းကို မီးရှို့

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မန်တုံမြို့ရှိ အကြမ်းဖက်စစ်ကောင်စီ၏ ခလရ ၁၃၀ တပ်ရင်းနှင့် ရဲစခန်းကို ကချင်လွတ်လပ်ရေးတပ်မတော် KIA၊ PDF ပူးပေါင်းအဖွဲ့က စက်တင်ဘာလ ၂၉ ရက် ယနေ့တွင် တိုက်ခိုက်ခဲ့ပြီး ရဲစခန်းကို မီးရှို့လိုက်ကြောင်း သတင်းရရှိသည်။

KIA၊ PDF ပူးပေါင်းအဖွဲ့က ခလရ ၁၃၀ တပ်ရင်းကို ယနေ့နံနက်တွင် နှစ်ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး မွန်းလွဲပိုင်းတွင် မန်တုံရဲစခန်းကို ဝင်ရောက်တိုက်ခိုက်ကာ မီးရှို့လိုက်ကြောင်း ဒေသသတင်းရင်းမြစ်များထံမှ သိရှိရသည်။

မန်တုံမြို့နယ်သည် တအာင်း (ပလောင်) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရနယ်မြေအတွင်း၌ တည်ရှိပြီး လက်ရှိတွင် အဆိုပါဒေသ၌ ဖုန်းလိုင်း၊ အင်တာနက်လိုင်းများ ပြတ်တောက်နေခြင်းကြောင့် တိုက်ပွဲအသေးစိတ်နှင့် နှစ်ဖက်ကျဆုံးမှုစာရင်းကို ကနဦး မသိရှိရသေးပေ။

ရှမ်းပြည်နယ်မြောက်ပိုင်းရှိ နမ္မတူမြို့နယ်၊ ဘော်တွင်းနှင့် မန်တုံမြို့နယ်အတွင်းရှိ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့နှင့် KIA ပူးပေါင်းတပ်ကြား ယခုရက်ပိုင်း တိုက်ပွဲများ ဖြစ်ပွားလျှက်ရှိသည်။ khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s