ရန်ကုန်မြို့လယ်တွင် ယမန်နေ့ ပစ်ခတ်ခံရပြီး သေဆုံးသူ စစ်သားမှာ လေ ကြောင်းရန် ကာ ကွယ် ရေးတပ်မှ ဒုတပ်ကြပ် မင်းထွန်းဖြစ်ပြီး ပစ်ခတ်သူ လွတ် မြောက်၊ သန်လျင် စစ်အင်ဂျင်နီယာတပ်ကို ဝင်ရောက် ပစ်ခတ်မှုဖြစ်

ရန်ကုန်တိုင်း၊ ပန်းဘဲတန်းမြို့နယ်တွင် ယမန်နေ့ ပစ်ခတ်ခံရပြီး သေဆုံးသွားသော စစ်သားမှာ လေကြောင်းရန် ကာကွယ်ရေးတပ်မှ မင်းထွန်းဖြစ်ပြီး ပစ် ခတ်သူကို ဖမ်းဆီးရမိခြင်းမရှိဘဲ လွတ်မြောက်သွားကြောင်း အုပ်ချုပ်ရေး သတင်းရင်းမြစ်များထံမှ သိရှိရသည်။

စက်တင်ဘာလ ၂၉ ရက်နေ့ ပန်းဘဲတန်းမြို့နယ် အမှတ် (၁) ရပ်ကွက် မဟာဗန္ဓုလလမ်းနှင့် ၂၆ လမ်းထောင့်တွင် အမှတ် ၁၀၀၀၉ လေကြောင်းရန် ကာ ကွယ်ရေးတပ်မှ ဒုတပ်ကြပ် မင်းထွန်းသည် အရပ်ဝတ်ဖြင့် ကွမ်းယာဝယ်ပြီး ဆိုက် ကားပေါ်တွင် ထိုင်နေစဉ် ပစ်ခတ်ခံရပြီး သေဆုံးသွားခဲ့ပါကြောင်း ၊ စစ်တပ်၏ မှားယွင်း ပစ်ခတ်မှုကြောင့် အမျိုးသမီး ၁ ဦးနှင့် ရန်နိုင်အောင်ဆိုသူ တို့ကျည်ထိမှန်ခဲ့ပြီး ဆေးကုသမှု ခံယူနေရကြောင်း၊ သေဆုံးမှု မရှိဘဲ ယမန်နေ့ ပြည်သူ ၂ ဦး သေဆုံးသည်ဟု သတင်းထွက်ပေါ်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

“ဒုတပ်ကြပ် မင်းထွန်းက ဆိုက်ကားပေါ်မှာ ထိုင်နေတဲ့အချိန် ပစ်ခတ်ခံရတယ်။ ဝဲနားထင် ၁ ချက် ၊ ဝဲရင်အုံ ၁ ချက် အပစ်ခတ်ခံရပြီး ဆိုက်ကားပေါ် နေရာမှာ ပွဲချင်းပြီး သေဆုံးပါတယ်။ ပစ်ခတ်တဲ့ CCTV ကိုတော့ စစ်တပ်ဘက်က ရသွားတယ်။ ပစ်တဲ့သူကို မမိဘူး။ ပစ်ပြီး အေးအေးဆေးဆေးထွက်သွားတာ။ စစ်တပ်ဘက်က မှားယွင်းပစ်တာ ပြည်သူ ၂ ဦး ကျည်ထိပါတယ်။ တစ်ဦးက ရန်နိုင်အောင်နဲ့ နောက်တစ်ဦးက အမျိုးသမီး ၁ ဦးပါ။ ဆေးရုံကားပေါ်တင်သွားတော့ လူတွေက သေတယ်လို့ ထင်ကြတာ။ မသေပါဘူး” ဟု အုပ်ချုပ်ရေး သတင်းရင်းမြစ်က ဆိုသည်။

အလားတူ ရန်ကုန်တိုင်း၊ သန်လျင်မြို့နယ်ရှိ စစ်ကောင်စီ၏ အင်ဂျင်နီယာတပ်ဝင်းလုံခြုံရေးဂိတ်ကို ယမန်နေ့ ညပိုင်းတွင် သန်လျင်ပြည်သူ့ကာကွယ်ရေးတပ် ဖွဲ့က ဝင်ရောက်တိုက်ခိုက်ကြောင်း သန်လျင်ပကဖက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

စက်တင်ဘာလ ၂၉ ရက်နေ့ ည ၇ နာရီ ၃၀ မိနစ်အချိန် သန်လျင်မြို့နယ် ရှိ စစ်ကောင်စီ၏ GE တပ်ဝင်းကို လုံခြုံရေး ယူထားသော စစ်သား များကို သန်လျင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပကဖ) မှ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ ပျောက်ကျားနည်းဗျူဟာဖြင့် တိုက်ခိုက်ခြင်းဖြစ်ပြီး စစ်သား ၂ ဦး လဲကျသွားသည်ကို မြင်တွေ့ရသော်လည်း သေဆုံးမှု ရှိ၊ မရှိ အတည်မပြုနိုင်ကြောင်း သန်လျင်ပကဖက ဆိုသည်။

“သေဆုံးသူက စစ်သား နှစ်ဦးလို့ ယေဘုယျခန့်မှန်းပါတယ်။ သေ၊ မသေဆိုတာ ကျနော်တို့ အတိအကျအတည်မပြုပေးနိုင်သေးပါဘူး။ ညဘက်လည်းဖြစ် မိုးလည်းရွာနေ တာရယ်ကြောင့် ဖိပစ်တဲ့သေနတ်သံကြောင့် ခွေးတွေပြန်မပစ်နိုင်ဘဲ ထွက်ပြေးသူတွေထွက်ပြေးကြပါတယ်” သန်လျင်ပကဖက ပြောသည်။

ယင်းနောက် ယမန်နေ့ညပိုင်းနှင့်ယနေ့နံနက်ပိုင်း စစ်ကောင်စီတပ်များက ပစ် ခတ် မှုဖြစ်ပွားသော အနီးအနား ဝန်း ကျင်တွင် လုံခြုံရေးများ ထူထူထပ်ထပ်ချထားကြောင်း ပြောဆိုသည်။ khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s