ရှမ်းပြည်နယ်၊ နမ့်ခမ်း ဟိုနောင်ရပ်ကွက်တွင် စစ်ဆရာဝန် ၂ ဦးနှင့်အရာရှိများ လိုက်ပါသော ကားထဲကို ဗုံးပစ်ထည့်ပြီး တိုက်ခိုက်၊ စစ်ဆ ရာဝန် ၂ ဦးသေဆုံးပြီး အခြားစစ်အရာရှိ ၂ ဦး သေဆုံး

ရှမ်းပြည်နယ်၊ နမ့်ခမ်း ဟိုနောင်ရပ်ကွက်တွင် စစ်ဆရာဝန် ၂ ဦးနှင့်အရာရှိများ လိုက်ပါသော ကားထဲကို ဗုံးပစ်ထည့်ပြီး တိုက်ခိုက်လိုက်ရာ စစ်ဆရာဝန် ၂ ဦးနှင့် အရာရှိ ၂ ဦး စုစုပေါင်း ၄ ဦးသေဆုံးကြောင်း သိရှိရသည်။

စက်တင်ဘာ ၂၉ ရက်နေ့ ည ၇ နာရီအချိန်တွင် စစ်တပ်ဝင်းထဲမှ အိမ်စီးကား ဗုံးပေါက်ကွဲခြင်းဖြစ်ပြီး စစ်ဆရာဝန် ၂ ဦး နှင့် အခြားအရာရှိ ၁ ဦး သေဆုံးကြောင်း၊ အခြားစစ်အရာရှိ ၁ ဦးလည်း ဆေးရုံတွင် သေဆုံးကြောင်း သိရှိရသည်။

အဆိုပါကားမှာ တော်လှန်ရေးတပ်ဖွဲ့တစ်ခုက ကားထဲသို့ ဗုံးပစ်ခတ်တိုက်ခိုက်ခြင်းဖြစ်ကြောင်း၊ တိုက်ခိုက်မှုနှင့်ပတ်သက်၍ အမည်မထုတ် ဖော် လိုကြောင်း တော်လှန်ရေးတပ်ဖွဲ့က ပြောဆိုသည်။

“စစ်ဆရာဝန် ၂ ဦးနဲ့ အရာရှိ ၂ ဦး သေဆုံးပါတယ်။ ၄ ဦး သေဆုံးပါတယ်” ဟု တော်လှန်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူက ပြောသည်။khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s