ပေါက်ကြားလာသည့် အစီရင်ခံစာအရ အမာခံသတင်းပေးများအဖြစ် ကုန်ကားမောင်းသမားများနှင့် အငြိမ်းစားဝန်ထမ်းဟောင်းများကို အ သုံးပြုနေဟုဆို

ချင်းပြည်နယ်၊ ဝန်ကြီးချုပ်အသစ်၏လက်မှတ်ဖြင့် နေပြည်တော်သို့ပေးပို့ထားသည့် ချင်းပြည်နယ် နယ်မြေစိုးမိုးရေးဆောင်ရွက်ပေးနိုင်မှုအ ခြေ အနေ တင်ပြအစီရင်ခံစာတစ်စောင်တွင် အမာခံသတင်းပေးများအဖြစ် ကုန်ကားမောင်းသမားများနှင့် အငြိမ်းစားယူထားသည့် ဝန်ထမ်းဟောင်းများကို အသုံးပြုနေသည်ဟု ရေးသားထားသည်။

စာမျက်နှာ ၆၅ မျက်နှာပါဝင်သည့်အဆိုပါ အစီရင်ခံစာတွင် ”မြို့နယ်အလိုက် ဒေသခံပြည်သူများအား အမာခံသတင်းပေးများအဖြစ် မွေးမြူခြင်း၊ အငြိမ်းစားယူသွားသည့် ဝန်ထမ်းများ၊ စစ်ဘက်/နယ်ဘက်ဝန်ထမ်းဟောင်းများထံမှ သတင်းရယူခြင်းများ ဆောင်ရွက်လျက်ရှိပြီး၊ ပြည်နယ်အတွင်း ကုန်ပစ္စည်းများပို့ဆောင်လျက်ရှိသည့် ယာဉ်မောင်းများထံမှမြို့နယ်ချင်းဆက်လမ်းများ၊ ခရိုင်ချင်းဆက်လမ်းများတွင် လှုပ် ရှားနေကြသည့်အကြမ်းဖက်အဖွဲ့များ၏ လုပ်ရှားမှုသတင်းများကို ရယူဆောင်ရွက်လျှက်ရှိသည်”ဟု ရေးသားထားရှိသည်။

အဆိုပါအစီရင်ခံစာတွင် ချင်းပြည်နယ်အတွင်းရှိ ဒေသခံကာကွယ်ရေးတပ်(CDF)များ၏ နယ်မြေစိုးမိုးမှု၊ စခန်းတည်နေရာ၊ လူအင်အား စသည့်အသေးစိတ်အချက်အလက်များ ပါဝင်ပြီး၊ စစ်ကောင်စီတပ်မှ လုံခြုံရေးယူထားသည့် အခြေနေများလည်း ပါဝင်ကြောင်းတွေ့ရှိရသည်။mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s