မုံရွာစီးပွားရေးဘဏ်ရှေ့ရှိ စစ်ကောင်စီတပ် သားများ တိုက်ခိုက်ခံရပြီး ၆ ဦး သေဆုံး

မုံရွာစီးပွားရေးဘဏ်ရှေ့ စခန်းချနေထိုင်နေသော စစ်ကောင်စီတပ်သားများကို၊ ယနေ့ စက်တင်ဘာ ၃၀ ရက် ညနေပိုင်းတွင်၊ ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့များ ပူးပေါင်းတိုက်ခိုက်ရာ ခြောက်ဦးသေဆုံးကြောင်း သတင်းရရှိသည်။

“ညနေ ၆ နာရီကျော်လောက်က ဘဏ်ရှေ့ဂိတ်ထိုးထားတဲ့စစ်သားတွေကို pdf တွေက၀င်တိုက်တာပါ၊ သေတာများတယ်၊ ဆေးရုံကား လေးငါးစီးနဲ့ကိုသယ်ထုတ်တာတွေ့တယ်” ဟု မြို့ခံတစ်ဦးက ပြောသည်။

၎င်းတိုက်ခိုက်မှုကို မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (Chindwin Attack Force) တပ်ရင်း(၂)တပ်ရင်း(၃)၊ တပ်ရင်း(၄)တို့မှ အထူးကွန်မန်ဒိုတပ်ဖွဲ့(Monywa The Boys)နှင့် အထူးစုံစမ်းစစ်ဆင်ရေးတပ်ဖွဲ့(Chindwin Attack Force IO) တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ် ကြောင်း Chindwin Attack Force က သတင်းထုတ်ပြန်သည်။

“မုံရွာစီးပွားရေးဘဏ်တွင် ခြင်းခတ်နေသော စကစလေးယောက်၊ သဲအိတ်အကာဖြင့်ကင်းစောင့်နေသော စကစတစ်ကောင်၊ မော်တော်ပီကယ်ဂိတ်တဲရှေ့က လက်နက်ကိုင်ထားသည့် စကစတစ်ကောင် စုစုပေါင်းခြောက်ကောင်အား ပြောက်ကျားစစ်ဖြင့် စစ်ဆင်ရေးတစ်ရပ်ပြုလုပ်ခဲ့သည်။

ထိုစစ်ဆင်ရေးတွင် စကစခြောက်ကောင် အတိအကျသေဆုံးသွားကြောင်း သတင်းကောင်းပေးလိုက်သည်” ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားပြီး၊ မဇ္စျိမအနေနှင့် တော့သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။ mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s