ရွှေဈေးနှင့် ငွေလဲလှယ်နှုန်းများအပြိုင် ကျဆင်းနေ၊ ဆက်လက်ကျဆင်းနိုင်ဟုဆို

ပြည်တွင်းတွင် ရွှေဈေးနှုန်းနှင့် ငွေလဲလှယ်နှုန်းများ အပြိုင်ကျဆင်းနေပြီး ဆက်လက်ကျဆင်းနိုင်ကြောင်း ရွှေအရောင်းအဝယ်ပြုလုပ်သူများနှင့် ငွေလဲလှယ်လုပ်ငန်းလုပ်ကိုင်သူများက သုံးသပ်နေကြသည်။

ယနေ့ အောက်တိုဘာလ ၁ ရက်နေ့ နံနက်ပိုင်းတွင် အခေါက်ရွှေတစ်ကျပ်သားလျှင် ကျပ်၂,၃၇၀,၀၀၀ (၂၃ သိန်း ၇ သောင်း) ဝန်းကျင်၊ အမေရိကန် တစ်ဒေါ်လာလျှင် ၂,၇၀၀ ကျပ် ဝန်းကျင်နှင့် ထိုင်းဘတ်ငွေ တစ်ဘတ်လျှင် ၇၀ ဝန်းကျင်ဖြင့် အသီးသီး ဈေးကွက်စဖွင့်ခဲ့ကြောင်း စုံစမ်းသိရှိရသည်။

” ဒီနေ့က ပိတ်ရက်ဖြစ်ပေမယ့် ဈေးကွက်စဖွင့်တာတောင် ကျဈေးနဲ့စဖွင့်တယ်။ ဒီပုံစံအတိုင်းသာဆိုရင် လာမည့် တစ်ပတ်အတွင်းမှာပဲ ရွှေဈေးက ၂၁ သိန်းဝန်းကျင်အထိ ရောက်နိုင်တယ်” ဟု ရွှေလုပ်ငန်းရှင်တစ်ဦးက မဇ္ဈိမကို ပြောသည်။

ပြီးခဲ့သည့်ရက်ပိုင်းအတွင်း ဒေါ်လာဈေးနှုန်းနှင့်အပြိုင်တက်ခဲ့သည့် ထိုင်းဘတ်ငွေဈေးနှုန်းမှာလည်း ယနေ့ အောက်တိုဘာ ၁ ရက်နေ့ မြဝတီငွေလဲဈေးကွက်အတွင်း၌ ၇၀ ကျပ် ဝန်းကျင်ဖြင့် အရောင်းအဝယ် ပြုလုပ်နေကြ ကြောင်း သိရသည်။

” ဒေါ်လာဈေးကျသလို ဘတ်ဈေးလည်းကျတယ်။ မကြာခင်မှာ သီတင်းကျွတ်ပိတ်ရက် ရောက်တော့မှာဖြစ်တဲ့အတွက် နိုင်ငံခြားသွားမယ့်သူတွေရှိရင် သူတို့ကတဆင့် ဝယ်လိုအားများရင် ဈေးအနည်းငယ် ပြန်တက်နိုင်ချေတော့ရှိတယ်” ဟု ကျိုင်းတုံမြို့မှ ငွေလဲလှယ်လုပ်ငန်းလုပ်ကိုင်သူ တစ်ဦးကလည်း သုံးသပ်သည်။

လက်ရှိပြည်တွင်း၌ ရွှေဈေး၊ ငွေလဲလှယ်ဈေးနှုန်းများ၊ စက်သုံးဆီဈေးနှုန်းများ အပြိုင်ကျဆင်းနေသော်လည်း ၎င်းတို့အအပေါ် အမှီပြုပြီးဈေးတက်ခဲ့သည့် အခြေခံစားသောက်ကုန်အပါအဝင်၊ ဆေးဝါးများ၊ လူသုံးကုန်ပစ္စည်းများ၏ ဈေးနှုန်းများမှာ ကျဆင်းခြင်းမရှိသေးသည်ကိုတွေ့ရသည်။mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s