ညောင်ဦးတွင် NLD ပါတီဝင် အမျိုးသား ၃ ဦးကို စစ်တပ်က ဖမ်းဆီးသတ်ဖြတ်ပြီး မသော်မီမီဝင်း ကိုမူ မုဒိမ်းကျင့် သတ်ဖြတ်၊ တောင်ဒဂုံတွင် ပြည်သူ ၂ ဦးကို မိုက်ကယ် ကျော်မြင့်၊ သီဟမျိုးနိုင်တို့ ဦးဆောင်သော ပျူစောထီးအဖွဲ့က သတ်ဖြတ်

မန္တလေးတိုင်း ညောင်ဦးခရိုင်တွင် NLD အမာခံပါတီဝင် အမျိုးသား ၃ ဦး ကို စစ်တပ်က ဖမ်းဆီးသတ် ဖြတ်ပြီး အမျိုး သမီး ၁ ဦးကိုမူ မုဒိမ်းကျင့် သတ်ဖြတ်သွားကြောင်း ဒေသခံများနှင့်ဆွေမျိုးများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုကြသည်။

အောက်တိုဘာလ ၂ ရက်နေ့ ညသန်းခေါင်အချိန် မန္တလေးတိုင်း၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ်၊ စဉ့်ကူကျေးရွာမှ ဦးဝင်းအောင်မိုး အသက် ၅၅ နှစ်၊ ဦးငြိမ်း ချမ်းမင်း အသက် ၄၅ နှစ်၊ မသော်မီမီဝင်း အသက် ၃၂ နှစ်တို့ကို အကြမ်းဖက်စစ်ကောင် စီနှင့် ပျူစောထီးများက ဧည့်စာရင်းစစ်မည်ဟုဆိုကာ ဖမ်းဆီးသွားကြောင်း၊ ယင်းနောက် ခေါင်းဖြတ်သတ်ထားပြီး မသော်မီကိုမူ မုဒိမ်းကျင့်သတ် ဖြတ်ထားကြောင်း၊ ယင်းနောက် အလောင်းများကို စဉ့်ကူ တိုက်နယ်ဆေး ရုံရှေ့တွင် စွန့်ပစ်သွား ကြောင်း သိရှိရသည်။

“ညောင်ဦးခရိုင် စဥ်ကူတောင်လက်ရွာထဲကို မနေ့ည က ဧည့်စာရင်းစစ်မယ်ဆိုပြီး တပ်နဲ့ ပျူတွေ ဝင်စစ်တယ်။ အဲဒီမှာ ၅ ဦးကို ဖမ်းတယ်။ အ မျိုးသမီးတစ်ဦးပါတယ်။ မနက်ကျတော့ အမျိုးသား ၃ ဦးအလောင်းနဲ့ အမျိုးသမီး ၁ ဦးကို အလောင်း ကို တွေ့ရတယ်။ အမျိုးသမီးက မုဒိမ်းကျင့်ခံထားရတယ်။ တစ်ဦးကတော့ ပျောက်နေတယ်။ အခုထိလည်း အလောင်းပြန်မရသေးဘူး” ဟု ဒေသခံတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ထို့ပြင် မန္တလေးတိုင်း၊ ညောင်ဦးခရိုင်၊ ငါ့သရောက်မြို့နယ်ခွဲ၊ ဆည်ရွာမှ NLD ပါတီဝင် ဦးကျော်ဝင်း အသက်(၆၈)နှစ်ကို ယနေ့ အောက်တို ဘာ လ ၃ ရက်နေ့ နံနက် ၂ နာရီအချိန်တွင် စစ်ကား ၂ စီးဖြင့် လာရောက်ဖမ်းဆီးကြောင်း၊ ယင်းနောက် ဦးကျော်ဝင်းနှင့်သမီးကို ဖမ်းဆီးသွားပြီး ဦးကျော်ဝင်းကို လည်ပင်းကို ဓားဖြင့်လှီး၍ စစ်တပ်က သတ်ဖြတ်သွားကြောင်း၊ သမီးဖြစ်သူမှာ ပြန်လည် လွတ်မြောက်လာကြောင်း သိရှိရသည်။

“ဒီနေ့ နံနက် ၂ နာရီလောက်မှာ စစ်ခွေး ကားနှစ်စီးရောက်လာပြီး ဦးကျော်ဝင်း အိမ်ထဲ အတင်းဖျက်ဝင်ပြီး သမီးနဲ့ အဖေကို သေနတ်ထောက်ဖမ်းတယ်။ ရွာ့အနောက်ဘက် ချောင်းထဲခေါ်ပြီး ဓါးနဲ့ အချက်ပေါင်းများစွာထိုးပြီး ဦးကျော်ဝင်းကို သတ်ခဲ့တာ။ မနက်သွားကြည့်တော့ အ လောင်းက ရစရာမရှိဘူး ကြည့်လို့လည်း မရတော့ဘူး။ အဲဒိဦးလေးက နေမကောင်းဖြစ်နေတာကြာပြီ။ နေမကောင်းလို့လည်း ပါတီဝင်ကနေလည်း နုတ်ထွက်ထားတာကြာပြီ။ အဲ့ဒါကို ဘာအငြိုးနဲ့သတ်လိုက်တာလဲ ကျနော်လည်းနားမလည်ဘူး။ မိသားစုတွေလည်း အခု ကြောက်လန့်နေကြတယ်။ သမီးကိုတော့ သတ်မသွားဘူး ဒီအတိုင်းထားခဲ့တယ်” ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။

အလားတူ ရန်ကုန်တိုင်း၊ တောင်ဒဂုံ ၅၃ ရပ်ကွက်တွင် စက်တင်ဘာလ၂၉ ရက်နေ့ ညနေ ၆ နာရီခွဲအချိန် ကျောင်းသားခေါင်းဆောင်တစ်ဦး၏ မိဘမျာဖြစ်ကြသည့် ဦးစန်းမင်းနှင့် ဒေါ်သီသီစိုးတို့ကို မိုက်ကယ်ကျော်မြင့်၊ သီဟမျိုးနိုင်တို့ ဦးဆောင်သော မဘသ ၊ သွေးသောက်အဖွဲ့က သတ် ဖြတ်လိုက်ကြောင်း ဒေသခံများထံမှ သိရှိရသည်။

“ကျောင်းသားတစ်ဦးရဲ့ မိဘ ၂ ဦးကို သီဟမျိုးနိုင်(ခေါ်) နိုင်ဒဂုံတို့အဖွဲ့က သတ်လိုက်တယ်။ အဲဒါကို မိုက်ကယ်ကျော်မြင့်က ဖေ့ဘုတ်စ်မှာ ဆုချီးမြှင့်တယ်ဆိုပြီးရေးထားတယ်။ သီဟမျိုးနိုင် ခေါ် နိုင်ဒဂုံဟာ အမျိုးသားရေးအစွန်း ရောက် လောကမှာ သာမာန် အခြေနေနဲ သာမာန်အဆင့်သာရှိခဲ့သူပါ။ မင်းအောင်လှိုင် အာဏာသိမ်းပြီးနောက် မိုက်ကယ်ကျော်မြင့် ရဲ့ အကပ်နဲ့ တောင်ဒဂုံ ၅၃ ရပ် ကွက်မှာ အုပ်ချုပ်ရေးမှူး ဖြစ်ခဲ့ပါတယ် ။ အုပ်ချုပ်ရေးမှူးဖြစ်လာတာနဲ့ သီဟမျိုးနိုင်ခေါ် နိုင်ဒဂုံဟာ တောင်ဒဂုံအပိုင်မှာ ခိုးဆိုးလုနှိုက်များကို လက်သက်မွေး သူ့အနား၌ခေါ်ထားပြီး အကာကွယ်ယူသလို မဘသ ဘုန်းကြီးတု သုစိတ္တ ရဲ့ အကပ်နှင့် စရဖ သန့်ဇင်ကျော် ထံမှတဆင့် သေနတ်ကိုင် ခွင့်ရခဲ့တဲ့အထိ ဖြစ် လာခဲ့ပါတယ် ။ သီဟမျိုးနိုင် ခေါ် နိုင်ဒဂုံဟာ အခုနောက်ပိုင်းမှာ တောင်ဒဂုံ ၅၃ ရပ်ကွက်အတွင်း ဧည့်စာရင်း စစ်ဆေးခြင်း ရပ်ကွက်တွင်း သူနဲ့ မတည့်သူများ ကို NUG CRPH နှင့် PDF တွေကိုထောက်ခံတယ်ဆိုပြီး စစ်တပ် ထံ လက် ထောက်ချခြင်း ဖမ်းဆီး ငွေညှစ် ပြန်လွှတ်ပေးခြင်းများပြု လုပ်ခဲ့ပါတယ် ။ လွန်ခဲ့တဲ့ရက် ကျောင်း သားသမဂ္ဂ မှ လူငယ်လေး ရဲ့မိဘနှစ်ပါးကို သက်ဖြတ်မှုမှာလည်း မိုက်ကယ်ကျော်မြင့်ရဲ့ ခိုင်းစေချက်နဲ့ သီဟမျိုးနိုင် ခေါ် နိုင်ဒဂုံ က သူ့လက်ပါးစေ ခိုးဆိုးလုနှိုက် ပျူစောထီးတွေနဲ့ ပူးပေါင်းသတ်ဖြတ်ခြင်းဖြစ်တယ်လို့ သူတို့ ကိုယ်တိုင်လည်း အားရ ဝမ်းသာစွာ မဘသ အသိုင်းဝိုင်းကြား ဝံ့ကြွားပြောဆိုနေတယ်” ဟု အမျိုးသားရေးနှင့်မဘသ အစွန်း ရောက်သမားများအကြောင်း သေချာစွာ သိရှိရသူ ဟိဏ်းဝေယံက ပြောဆိုသည်။ khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s