ပုလောတွင် စစ်တပ်စစ်ကြောင်းကို PDF ၊ KNDO နှင့် KPDF တပ်ဖွဲ့များက ပူးပေါင်းတိုက်ခိုက်မှု စစ်သား ၂၀ ကျော် သေဆုံ

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်တွင် စစ်ကောင်စီယာဉ်တန်းကို PDF ၊ KNDO နှင့် KPDF တပ်ဖွဲ့များက ပူးပေါင်းတိုက်ခိုက်ရာ စစ်သား ၂၀ ကျော် သေဆုံးကြောင်း မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များက သတင်းထုတ်ပြန်သည်။

အောက်တိုဘာ ၃ ရက်၊မွန်းလွဲ(၂)နာရီခွဲခန့်အချိန် မြိတ်ဘက်မှ ပုလောသို့ဦးတည်တက်လာသော စစ်ကား ၂ စီးနှင့် လမ်းကင်းယူပေးနေသောစစ်ကား တို့ကို KNDO/PDF ပူး ပေါင်းတပ်ဖွဲ့များက ပူးတွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ၊ ထိုပစ်ခတ်မှုတွင် စစ်ကား ၂ စီး ပျက်စီး၍ စစ်သားများ ၂၀ ကျော်သေဆုံးခြင်းဖြစ်ကြောင်း၊ မဟာမိတ်ပူးပေါင်းတပ်တွင် KNDO၊KPDF၊PDF၊ ပုလော(ပကဖ)နှင့် မဟာမိတ်ပူးပေါင်းတပ်အဖွဲ့တို့ တူတကွပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

ယင်းနောက် မြိတ်ဘက်က ဦးတည်တက်လာခဲ့သော စစ်ကား ၂ စီးကို ပုလော(ပကဖ)၏ အဖွဲ့ဝင်ဖြစ်သည့်အရိပ်ပြောက်ကြားတပ်ဖွဲ့ (PSGF) ရဲ ဘော်များ ထပ်မံမိုင်းခွဲတိုက်ခိုက်ရာ၌ထိခိုက်သေဆုံးမှုရှိခဲ့ကြောင်း ၊ အဆိုပါ တိုက်ခိုက်မှုနှစ်ကြိမ်တွင် စကစတပ်သား(၂၀)ဦးကျော်သေဆုံးပြီး ၁၀ ဦးဒဏ်ရာရရှိကြောင်း၊ စစ်သား အလောင်းများကို အောက်တိုဘာလ ၃ ရက်နေ့ ည ၈ နာရီခွဲခန့်အချိန် တွင်စစ်ကား ၂ စီးဖြင့် ပြန်လည် သယ် ဆောင်သွားကြောင်း တရားဝင် သတင်းထုတ်ပြန်ထားသည်။ khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s