Monthly Archives: Oct 2022

တရက်တည်း စစ်ကောင်စီအကြမ်းဖက်တပ်ဖွဲ့ဝင်အယောက် ၈၀ သေဆုံးဟု NUG ထုတ်ပြန်

အောက်တိုဘာ ၁၀ ရက် မနေ့ကတရက်တည်းဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေမှာ စစ်ကောင်စီ အကြမ်းဖက်တပ်ဖွဲ့ဝင်အယောက် ၈၀ သေဆုံးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ထုတ်ပြန်ပါတယ်။

အခုထုတ်ပြန်ထားတဲ့ အချက်အလက်ဟာ မြေပြင်အခြေအနေမှာပိုများနိုင်ပြီး တရက်တည်း ထိခိုက်ဒဏ်ရာရရှိတဲ့သူ အရေအတွက်ကတော့ အယောက် ၂၀ ထိ ရှိခဲ့တယ်လို့ ဆိုပါတယ်။

လတ်တလောမှာတော့ အာဏာသိမ်းစစ်အုပ်စုရဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက် ဖိနှိပ်ဖမ်းဆီး တိုက်ခိုက်သတ်ဖြတ်နေမှုတွေကို ပြည်သူတရပ်လုံးက အသက်ရှင်သန်ရေးအတွက် ခုခံကာကွယ်ပိုင်ခွင့်အရ ပြည်သူ့ခုခံစစ်ကိုဆင်နွှဲနေကြပြီး နိုင်ငံတဝန်းမှာတော့ မြန်မာပြည်သူတွေဟာ စစ်အာဏာရှင်စနစ် မြန်မာ့မြေပေါ်မှ အပြီးတိုင်ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးအတွက် ငြိမ်းချမ်းစွာဆန္ဒပြတဲ့ လူထုသပိတ်တိုက်ပွဲတွေ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေအနှံ့အပြားပြုလုပ်နေကြသလို ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တွေ၊ တိုင်းရင်းသား လက် နက်ကိုင်တပ်တွေနဲ့ စစ်ကောင်စီတပ်တွေကြား တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။

NUG အစိုးရကတော့ ပြည်သူ့ခုခံတွန်းလှန်စစ်ပွဲ စတင်ခဲ့တဲ့ ၁ နှစ်အတွင်း အကြမ်းဖက် စစ်ကောင်စီဘက်က တပ်ဖွဲ့ဝင်ပေါင်း ၂၀,၁၅၀ ကျော်သေဆုံးကာ ဒဏ်ရာရသူ ၇,၀၀၀ ကျော်လောက်ရှိလာပြီး စစ်ကောင်စီ စိုးမိုးအုပ်ချုပ်နိုင်တဲ့နေရာဟာ တိုင်းပြည် နယ်မြေအကျယ်အဝန်းရဲ့ ထက်ဝက်တောင် မရှိတော့ဘူးလို့ NUG ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားထားပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၇ ရက်နေ့ ပြည်သူ့ခုခံတော်လှန်စစ် ကြေညာခြင်း တနှစ်ပြည့် အထိမ်းအမှတ်အဖြစ် အမျိုးသားညီညွတ်ရေးအစိုးရ ယာ ယီသမ္မတ ဒူဝါလရှီးလက  နိုင်ငံတော်အခြေပြမိန့်ခွန်း ပြောကြားရာမှာ ထည့်သွင်းပြောဆိုခဲ့တာဖြစ်ပြီး ၁ နှစ်တာကာလအတွင်း ခန့်မှန်းခြေစာရင်းအရ PDF တွေနဲ့ မဟာမိတ် တိုင်းရင်းသား လက်နက်ကိုင် သူရဲကောင်းရဲဘော်တွေ စုစုပေါင်း ၁,၅၀၀ ကျော် ကျဆုံးခဲ့တယ်လို့လည်း သူက ပြောပါတယ်။

လူထုသပိတ်တိုက်ပွဲတွေအနေနဲ့ စစ်ကိုင်းတိုင်းဒေသကြီးမှာ ၅ ကြိမ်နဲ့ အများဆုံးဖြစ်ပွားခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီးနဲ့ တနင်္သာရီတိုင်းဒေသကြီးတို့မှာ ၁ ကြိမ်စီ ဖြစ်ပွားခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

မြန်မာပြည်အနှံ့ တိုက်ပွဲတွေမှာ တပ်ဖွဲ့ဝင်တွေ သေဆုံးဒဏ်ရာရမှု အခြေအနေနဲ့ ပတ်သက်လို့ အကြမ်းဖက်စစ်ကောင်စီဘက်ကတော့ သတင်းထုတ်ပြန်တာ မရှိပါဘူး။

ဒါ့အပြင် စစ်ကောင်စီရဲ့ အဆိုးဆုံးအကြမ်းဖက်တာခံခဲ့ရတဲ့ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းထဲက မြန်မာပြည်အထက်ပိုင်း လမ်းပိုင်းတွေရဲ့ ၉၀ ရာ ခိုင်နှုန်းကို PDF တွေက ထိန်းချုပ်ထားနိုင်ပြီလို့ NUG အစိုးရက ပြီးခဲ့တဲ့ ဇွန် ၂၁ ရက်နေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောထားပြီး လက်ရှိ မြေပြင်မှာ အကြမ်းဖက်ခံနေရတဲ့ ကျေးရွာတွေဟာ စစ်ကောင်စီနဲ့ PDF တွေ နှစ်ဖက်စလုံး မထိန်းချုပ်နိုင်သေးတဲ့ ကြားနယ်မြေတွေ ဖြစ်တယ်လို့ ဆိုပါတယ်။ DVB

မင်းကင်း၊ ဖရုံကာရွာရှိ ပြည်သူပိုင်နေအိမ် ၂၄ လုံးကို စစ်တပ်က မီးရှို့ဖျက်ဆီးပြီး အနီးအနား ရွာများကို ဝင်ရောက် စီးနင်းနေ

စစ်ကိုင်းတိုင်း မင်းကင်းမြို့နယ် ဖရုံကာရွာကို အကြမ်းဖက် စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့ပြီး နေအိမ်၂၄ လုံး ပြာကျခဲ့ကြောင်း ဒေသခံ ပြည်သူများထံမှ သိရသည်။

အကြမ်းဖက် စစ်တပ်သည် ဖရုံကာရွာကို အောက်တိုဘာလ ၈ ရက်နေ့တွင် ဝင်ရောက် စီးနင်းခဲ့ပြီး နေအိမ် ၂၄ လုံးနှင့် စပါးကျီ ၁ လုံးကို မီးရှို့ ဖျက်ဆီးခဲ့ကာ အနီးအနားရှိ ခုံသာရွာနှင့် အူရွာကိုလည်း သေနတ်များ ပစ်ဖောက်ကာ ဝင်ရောက် စီးနင်းခဲ့ပြီး ပြည်သူပိုင် နေအိမ်များကို မွှေ​ေနှောက်ကာ ပြည်သူပိုင် နွားများကို သတ်ဖြတ် စားသောက်ခဲ့ကြောင်း သိရသည်။

” မင်းကင်းမြို့နယ် ဖူရုံကာရွာကို အောက်တိုဘာ ၈ ရက်နေ့က စစ်ခွေးတွေ ဝင်ရောက်မွှေနှောက်ပြီး ပြည်သူပိုင် နေအိမ် ၂၄ လုံးကို မီးရှို့ဖျက်ဆီးသွားတယ်။ ခုံသာရွာက နွားတွေကိုလည်း သတ်ဖြတ်စားသောက်တယ်။ ဒီနေ့ ၁၁ ရက်နေ့ ညနေပိုင်းမှာ ခုံသာရွာနဲ့ အူရွာကို ဝင်စီးတယ်။ ​ေသနတ်သံတွေလည်း ကြားနေရပါတယ်။ ချင်းတွင်းမြစ်ဘေးက ရွာတွေ တောထဲကိုပြောင်းနေရပါပြီ ပြည်သူတွေ ထိခိုက်မှု ရှိမရှိတော့ အတည်မပြုနိုင်သေးဘူး” ဟု ဒေသခံ ပြည်သူ တစ်ဦးက ပြောဆိုသည်။ khit thit

ယင်းမာပင်အခြေစိုက် ဒေါင်းလုလင် – LPDF က စိန်ပြောင်းနှင့် ကျည်ဖူးများ ထပ်မံ ထုတ် လုပ်

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်အခြေစိုက် ဒေါင်းလုလင်- LPDF က ၆၀-မမ စိန်ပြောင်း နှစ်ခု နှင့် ကျည်ဖူးများ ထပ်မံထုတ်လုပ်နိုင်ခဲ့ကြောင်း ပြီးခဲ့သည့် အောက်တိုဘာလ ၉ ရက်နေ့က ထုတ်ပြန်ခဲ့သည်။

လက်နက်ထုတ်လုပ်ရာတွင် ၆၀-မမ ကျည်ဖူး တစ်ဖူးလျင် ၅၀,၀၀၀ ကျပ်ခန့် ကုန်ကျပြီး ဆက်လက်ထုတ်လုပ်နိုင်ရန်အတွက် ပြည်တွင်းပြည်ပမှ မိဘပြည်သူများအနေဖြင့် တတ်နိုင်သည့်ဘက်မှ ထောက်ပံ့ပေးကြရန် ဒေါင်းလုလင်-LPDFက မေတ္တာရပ်ခံ ထားသည်။

ဒေါင်းလုလင်-LPDFအနေဖြင့် ထုတ်လုပ်ရန် နည်းပညာများကို YouTube ၊ google နှင့် MOD ဘက်မှလည်း နည်းပညာများ အထောက်အပံ့ရပြီး People Soldier’s Production Team-PSPT မှ ကိုဗစ်တာထံကလည်း နည်းပညာများရယူခဲ့သည်ဟု ဒေါင်းလုလင်-LPDF မှ တာဝန်ရှိသူ ဗိုလ်ကျားကြီးက ဆိုသည်။

ဒေါင်းလုလင် – LPDF သည် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန် ကြီးဌာနတို့၏ လမ်းညွှန်မှုကိုခံယူ၍ စစ်အာဏာရှင်အား တိုက်ထုတ်တော်လှန်နေသည့် ကာကွယ်ရေးတပ်ဖွဲ့တစ်ခုဖြစ်သည်။

ပြီးခဲ့သည့် စက်တင်ဘာလကုန်ပိုင်းတွင်လည်း ဒေါင်းလုလင် – LPDF က တာဝေးပစ် ရှော့တိုက်ဒုံးများ၊ ၆၀ မမစိန်ပြောင်းများ၊ ၇ ဒသမ ၆၂ ကျည် ဖြင့် ပစ်ခတ်နိုင်သည့်သေနတ်များ၊ အိန္ဒိယကျည်ဖြင့်ပစ်ခတ်နိုင်သည့် သေနတ်များကို ထုတ်လုပ် အောင်မြင်ခဲ့သည်။mizzima

နိုင်ငံတော်အတိုင်ပင်ခံကို စွဲဆိုထားသည့် အဂ တိမှု ၂ ခု မနက်ဖြန် အမိန့်ချမည်

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဦးမောင်ဝိတ်ဆီက အမေရိကန်ဒေါ်လာငါးသိန်းခွဲ လာဘ်ယူတယ်လို့စွပ်စွဲ တရားစွဲဆိုထားတဲ့ အဂတိနှစ်မှုကို မနက်ဖြန် အမိန့်ချမယ်လို့ တရားရုံးနဲ့နီးစပ်တဲ့အသိုင်းအဝိုင်းဆီကနေ သိရပါတယ်။ 

ဒီနေ့ နေပြည်တော်အချုပ်ထဲက အထူးသီးသန့်တရားရုံးမှာ ရုံးထုတ်စစ်ဆေးခဲ့ပြီး ဒီနေ့ရုံးချိန်းမှာတော့ ရဟတ်ယာဉ်နဲ့ပတ်သက်တဲ့ အဂတိမှုအတွက် ဝယ်ယူတာ၊ ငှားရမ်းတာ၊ ဝန်ဆောင်မှုတွေကို စစ်ဆေးခဲ့တဲ့ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးက ညွန်ကြားရေးမှူး ဒေါ်သန္တာဖြူအေးကို စစ်ဆေးခဲ့တယ်လို့ ဆိုပါတယ်။ 

ဒီအမှုနဲ့ပတ်သက်ပြီး စစ်ဆေးဖို့ သက်သေတွေ ကျန်သေးပေမယ့် နောက်လာမယ့်ရုံးချိန်းမှာ စွဲချက်တင်သင့် မတင်သင့် လျှောက်လဲရမယ် လို့လည်း သိရပါတယ်။ 

“တရားရုံးကဘာပြောလဲဆိုတော့ သက်သေတွေတော့ ကျန်သေးတယ်။ ကျန်သေးတော့ ဥပဒေရုံးဘက်ရော၊ တရားရုံးဘက်ကရော ပယ်မယ်တော့ မပြောသေးဘူး။ သို့သော် စွဲချက်တင်သင့် မတင်သင့် လျှောက်လဲချက်ကိုတော့ လာမယ့် ၁၇ ရက်နေ့ ရုံးချိန်းကို ချိန်းလိုက်တယ်။ အဲနေ့မှာ စွဲချက်တင်သင့် မတင်သင့် နှစ်ဖက်လျှောက်လဲချက်ပေးရမှာပေါ့” လို့ အဲဒီနီးစပ်သူက ပြောပါတယ်။

၂၀၂၁ ခုနှစ်အတွင်းမှာ သဘာဝဘေးအန္တရာယ်ကာကွယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်ရာမှာ အသုံးပြုဖို့ ရဟတ်ယာဉ်တစီး ဝယ်ယူအသုံးပြုတာ၊ ငှားရမ်းတာ၊ သက်တမ်းတိုးတာ၊ ပြုပြင်ထိန်းသိမ်းတာတွေနဲ့ပတ်သက်ပြီး စစ်ကောင်စီက နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒေါက်တာဝင်းမြတ်အေးတို့ကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅ နဲ့ တရားစွဲဆိုထားတာ ဖြစ်ပါတယ်။ 

ပြီးခဲ့တဲ့ စက်တင်ဘာ ၂၀ရက်နေ့ ရုံးချိန်းတုန်းက ဒီအမှုတွေအတွက် သူ့မှာအပြစ်မရှိကြောင်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ထွက်ဆိုခဲ့ပါတယ်။ 

၂၀၂၂ ဇွန်လအထိ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက စွဲဆိုခဲ့တဲ့ အမှုစုစုပေါင်း ၁၉ မှုရှိခဲ့ပြီ အဲဒီအထဲက ၁၂ မှုအတွက် စစ်ကောင်စီတရားရုံးက ကနဦး ထောင်ဒဏ် ၂၃ နှစ် ချမှတ်ထားပါတယ်။ 

အတိုင်ပင်ခံပုဂ္ဂိုလ်ဟာ ရဟတ်ယာဉ်ဝယ်ယူမှုနဲ့ပတ်သက်တဲ့အဂတိအမှု ၅ မှု၊ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းနဲ့ ပတ်သက်တဲ့အဂတိအမှု ၂ မှု၊ စုစု ပေါင်း ၇ မှုကို ရင်ဆိုင်ဖို့ကျန်နေပါသေးတယ်။ DVB

မြိုင်၊ ဝက်သိုးအိုင်ရွာကို အကြမ်းဖက် စစ်တပ် မီးရှို့ဖျက်ဆီးမှု နေအိမ် ၂၂ လုံးပြာကျ

မကွေးတိုင်း မြိုင်မြို့နယ် ဝက်သိုးအိုင်ရွာကို အကြမ်းဖက် စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့ပြီး ပြည်သူပိုင် နေအိမ် ၂၂ လုံး ပြာကျခဲ့ကြောင်း နွေဦးတော် လှန်ရေး-မြိုင်မြို့ အဖွဲ့ထံမှ သိရသည်။

အကြမ်းဖက် စစ်တပ်သည် မြိုင်မြို့နယ် အရှေ့ပိုင်းရှိ ဝက်သိုးအိုင်ရွာကို စစ်ကြောင်းထိုး ဝင်ရောက်ခဲ့ပြီးနောက် ယနေ့ အောက်တိုဘာ ၁၁ ရက်နေ့ နံနက်ပိုင်းတွင် ဝက်သိုးအိုင်ရွာကို မီးရှို့​ဖျက်ဆီးခဲ့ကာ ပြည်သူပိုင် နေအိမ် ၂၂ လုံးနှင့် နွားစာခြံ ၂ လုံး မီးလောင်ပြာကျခဲ့ကြောင်း သိရသည်။

ဝက်သိုးအိုင်ရွာကို မီးရှို့ဖျက်ဆီးပြီးနောက် အကြမ်းဖက် စစ်တပ် စစ်​ကြောင်းသည် ရှင်မတောင်၊ ကြံစိမ့်ကြီး ဘက်သို့ အထွက်ခွာရန် ပြုလုပ်နေစဥ် ဒေသခံ ကာကွယ်ရေးအဖွဲ့များနှင့် ထိတွေ့ တိုက်ပွဲ ဖြစ်ပွားခဲ့​ပြီး လက်ရှိချိန်တွင် ရေစကြိုမြို့နယ် သရက်ပင်ကန်ကျေးရွာသို့ ရောက်ရှိနေကြောင်း သိရသည်။khit thit

မြောင်မြို့နယ်အတွင်းရှိ ရွာများကို မီးရှို့ပြီးပြန်လာသည့် စစ်ကောင်စီတပ်ကား မိုင်းဆွဲခံရပြီး ၆ ဦးသေ ၂၀ ခန့်ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်ရှိ ညောင်ကားယားရွာနှင့် ပန်းညိုရွာတို့ကို မီးရှို့ပြီး ပြန်လာသည့် စစ်ကောင်စီတပ်ကား မိုင်းဆွဲခံရပြီး စစ်ကောင်စီတပ်သား ခြောက်ဦးသေဆုံးကာ အယောက် ၂၀ ခန့် ထိခိုက်ဒဏ်ရာရရှိကြောင်း မြင်းခြံခရိုင် အမှတ် (၅) တပ်ရင်း၊ တပ်ခွဲ (၂) MGN 35 ၏ သ တင်းနှင့် ပြန်ကြားရေးတာဝန်ရှိသူထံက သိရသည်။

ပြီးခဲ့သည့် အောက်တိုဘာလ ၉ ရက်နေ့ မွန်းတည့် ၁၂ နာရီ ၂၅ မိနစ်ခန့်က ညောင်ကားယားရွာနှင့် ပန်းညိုရွာတို့ကို မွှေနှောက်မီးရှို့ပြီးပြန်လာသည့် စစ်ကောင်စီတပ်ကား ခုနစ်စီးအား တလုပ်မြို့ – မြင်းခြံ – နဘူးအိုင်အသွား လမ်းပိုင်း တစ်နေရာတွင် ပဒေသာမိုင်း လေးလုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

“ သီတင်းကျွတ်ပရိုမိုးရှင်းအဖြစ် မိုင်းခွဲကျွေးခဲ့တာပါ။ ကားသေး နှစ် စီးတည့်တည့်မိတယ်ဗျ။ ခွေးကောင်ရေ(စစ်ကောင်စီတပ်သား) အသေခြောက်ကောင်၊ အကောင် ၂၀ ဒဏ်ရာရတယ်။ နှစ်ကောင်က ပြင်းထန်ဒဏ်ရာရတယ်။ တိကျတဲ့သတင်းပါ။ မီးရှို့ခံရတဲ့ဒေသခံတွေကတော့ ဒီလိုဖြစ်ရပ်မျိုးတွေက အသားကျပြီးသားလို ဖြစ်နေတော့ သူတို့အနေနဲ့ ခွေးသေဖို့ကလွဲရင် ဘာစိတ်ခံစားချက်မှ မရှိတော့ပါဘူး” ဟု MGN 35 သတင်းနှင့် ပြန်ကြားရေးတာဝန်ရှိသူက မဇ္ဈိမကိုပြောသည်။

အဆိုပါ စစ်ကောင်စီတပ်သည် ညောင်ကားယားရွာသို့ ဝင်ရောက်မွှေနှောက်ချိန်တွင် အင်အား ၁၅၀ ဖြင့်စစ်ကြောင်းထိုး ဝင်ရောက်လာခြင်းဖြစ်သည်။ ကိုင်းရွာတွင် အင်အား ၅၅ ယောက်ခန့် နောက်ချန်ထား၍ အင်အား၁၀၀ ဝန်းကျင်ခန့်ပါ စစ်ကား ခုနစ် စီးဖြင့် ထွက်ခွာလာစဉ် မိုင်းဆွဲတိုက်ခိုက်မှုကြောင့် ကားအသေးနှစ်စီး ကားဦးခေါင်း လည်ထွက်က ထိုးရပ်ခဲ့ကြောင်း MGN 35 သတင်းနှင့် ပြန်ကြားရေးတာဝန်ရှိသူထံက သိရသည်။

အဆိုပါ စစ်ကောင်စီတပ်သည် ပြီးခဲ့သည့် အောက်တိုဘာ ၈ ရက်နေ့တွင် မြောင်မြို့နယ် ညောင်ကားယားရွာရှိ လူနေအိမ် ၁၃ လုံးနှင့် ပန်းညို ရွာရှိ နေအိမ် နှစ်လုံးတို့ကို မီးရှို့ဖျက်ဆီးခဲ့သည်။ ထို့ပြင် အောက်တိုဘာ ၉ရက်နေ့ နံနက်ပိုင်းက ညောင်ကားယားရွာရှိ လူနေအိမ် ကိုးလုံးအား ထပ်မံမီးရှို့ခဲ့၍ စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးမှုကြောင့် စုစုပေါင်း လူနေအိမ် ၂၄လုံး မီးလောင်ပြာကျ ခဲ့ကြောင်းသိရသည်။ mizzima

ချင်းတွင်းမြစ်အတွင်း စစ်ကောင်စီရေယာဉ်များကို မင်းကင်း PDF က ပစ်ခတ်

စစ်ကိုင်းတိုင်း၊ ကလေးခရိုင်၊ မင်းကင်းမြို့နယ်၊ ဖက်ခက်ရွာအနီး မကျည်းတောင်ရိုးမှာ စက်တင်ဘာ ၁၁ ရက် မနက် ၈ နာရီက စတင်ပြီး ၉ နာ ရီ ၄၅ မိနစ်လောက်အထိ  စစ်ကောင်စီတပ်နဲ့ ဒေသခံပြည်သူကာကွယ်ရေးတပ်တွေနဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့  ဒေသခံတွေထံက သိရပါတယ်။

မင်းကင်းမြို့နယ်ပန်းဆက်ရွာဆိပ်ကမ်းကနေ ထွက်လာတာ စစ်ကောင်စီရဲ့ ဖလပ်ခွံ မော်တော် ၁၃ စီးဟာ မကျည်းတောင်ရိုးကနေ စတင်တိုက် ခိုက်ခံရတာဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ထိခိုက်သေဆုံး ဒဏ်ရာရတဲ့ အရေအတွက်တော့ အတိအကျမသိရဘူးလို့ PDF တပ်ဖွဲ့ဝင်တဦးကပြောပါတယ်။ 

“စစ်ကောင်စီအကျအဆုံးကတော့ ကျနော်တို့အဖွဲ့နဲ့ပစ်ခတ်တာတော့ နှစ်ဦးကျတာတော့ လက်တွေ့ မြင်လိုက်ရတယ်။ တခြားအဖွဲ့တွေ ပစ်လို့ ဘယ်‌နှစ်ကောင်သေဦးမလဲ ဆိုတာကတော့မ သိရသေးဘူး။”

မင်းကင်းမြို့နယ် စစ်ကောင်စီနဲ့နီးစပ်သူတစ်ဦးကတော့ “သူတို့ကအခုလိုပစ်ခတ်ပြီး သေတဲ့သူတွေကို မင်းကင်းမြို့ပေါ်ကို သယ်လာလေ့မရှိဘူး၊ တောင်ယာတောရွာရဲ့ သင်္ချိုင်းမှာ မြေမြုပ်လေ့ရှိတယ်ဗျ။ ဒဏ်ရာရသူတွေကိုတော့ မင်းကင်းဆေးရုံမှာ ကုသပေးလေးရှိပါတယ်။ အခုလည်း ဒဏ်ရာရသူတွေပါလာတယ်ဆိုတဲ့သတင်း ကနဦးရရှိထားတယ်။ အသေစာရင်းကတော့ အတိကျမသိရသေးဘူး”လို့ ပြောပါတယ်။

စစ်ကောင်စီတပ်က  ပြန်လည်ပစ်ခတ်တာလို့ ဖက်ခက်ရွာ၊ ပင်နင်းရွာ၊ နှင်းကြီးရွာ၊ လက်ချိတ်ရွာစတဲ့ ကျေးရွာတွေက နေအိမ်အချို့ လက် နက်ကြီးကျည်ကျပြီး အမိုးအကာနဲ့ တွေပျက်စီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အနီးနားက ကျေးရွာသားတဦးက “ဒေသခံပြည်သူတွေကတော့ စစ်ကောင်စီလာပြီဆိုတာနဲ့ ဒါပဲ စောင့်ကြည့်နေရတာ။ သူတို့က ဒီဘက်က PDF ကမပစ်လည်း သူတို့က သူတို့ကိုပစ်မယ်အထင်နဲ့ ရမ်းပစ်ခတ်နေကြတာဆိုတော့ ထွက်ပြေးဖို့ရာ စောင့်ကြည့်နေကြရတာ။ ဒီနေ့လည်း ပစ်ခတ်ကြတာတော့ ဆူညံနေတာပဲ။ စစ်ကောင်စီက ပစ်ခတ်တဲ့ လက်နက်ကျည်တွေလည်း ကျနော်တို့   စစ်ရှောင်အနီးကျတာတွေရှိတယ်။ အထိခိုက်တွေတော့မရှိဘူး”လို့ ပြောပါတယ်။

အခုအတိုက်ခိုက်ခံရတဲ့ စစ်ကောင်စီ မော်တော် ၁၃ စီးဟာ ချင်းတွင်းမြစ်အထက်ပိုင်းကို ရိက္ခာနဲ့ လက်နက်ခဲယမ်းတွေအပြင် လေယာဉ်ဆီတွေပါ သွားရောက်ပို့ဆောင်နေတယ်လို့ ဒေသခံကာကွယ်ရေးအဖွဲ့တွေက ပြောပေမဲ့ သီးခြားအတည်ပြုချက်ရယူနိုင်ခြင်း မရှိသေးပါဘူး။

အဆိုပါ မော်တော် ၁၃ စီးဟာ ကနီမြို့နယ်အတွင်းဖြတ်သန်းသွားချိန်မှာလည်း  ဒေသခံ ပြည်သူကာကွယ်ရေးအဖွဲ့တွေရဲ့ ပစ်ခတ်တာခံခဲ့ရပါတယ်။ DVB

စစ်တပ်နှင့် ဝန်ထမ်းအားလုံး မဖြစ်မနေ မဲပေးရမည်ဖြစ်၍ အိမ်ထောင်စု လူဦး ရေစာရင်း ၆၆/ ၆ အမြန်လုပ်ခိုင်း၊ရွေး ကောက်ပွဲ ကျင်းပဖြစ်လျှင် မဲမပေးသူ ဝန်ထမ်းများကို အရေးယူမည်ဟု ဖိအားပေးခြိမ်းခြောက်

မြန်မာနိုင်ငံတစ်ဝန်း စစ်တပ်နှင့် စစ်ကောင်စီလက်အောက်ရှိ ဝန်ထမ်းအားလုံး ကျင်းပရန် စီစဉ်နေသည့် ရွေးကောက် ပွဲတွင် မဲပေးရမည်ဖြစ်ပြီး မဲပေးရန်အတွက် အိမ်ထောင်စု လူဦးရေ စာရင်း လ၀က ပုံစံ ၆၆/၆ များကို အမြန်ပြင် ဆင်ရွှေ့ပြောင်းကြရန်၊ မဲမပေးလျှင် မဲမပေးသည့်ဝန် ထမ်းကို အရေးယူမည်ဖြစ်ကြောင်း စစ်ကောင်စီဘက်က ဖိအားပေးလာကြောင်း နေပြည်တော်ဝန်ထမ်းများက ပြောသည်။

“ကျမ အိမ်ထောင်စုစာရင်းက ရန်ကုန်မှာ။ မဲပေးဖို့လည်း အစီအစဉ်မရှိဘူး။ အဲဒါကို မဲပေးဖို့အတွက် နေပြည်တော် အိမ်ထောင်စု လူဦးရေစာ ရင်း ပုံစံ ၆၆ / ၆ ထဲ ရွှေ့ခိုင်းတယ်။ မရွှေ့ချင်ဘူး၊ ရန်ကုန်ပြန်မဲပေးမယ်ဆိုတော့လည်း မဟုတ်ဘူး။ မဲမပေးရင် အရေးယူခံရမယ်။ နေ ပြည်တော်ကို အိမ်ထောင်စုစာရင်း ရွှေ့ခိုင်းတယ်” ဟု နေပြည်တော်ဝန်ထမ်းတစ်ဦးက ပြောသည်။

အလားတူ အကြမ်းဖက်စစ်ကောင်စီလက်အောက်ရှိ စစ်တပ် မိသားအသိုင်းအ၀ိုင်းများတွင်လည်း အိမ်ထောင်စုလူဦးရေစာရင်း ၆၆/၆ များ လုပ်ခိုင်းထားပြီး ယင်း အိမ်ထောင်စုလူဦးရေစာရင်းလုပ်ရန်အတွက် စစ်သားများ၏ လစာအတွင်းမှ ငွေကျပ် ၃ သောင်း ဖြတ်ယူကြောင်း၊ စစ်သားမိသားစုများအားလုံးကိုလည်း ရွေးကောက်ပွဲ ကျင်းပဖြစ်ပါက မဖြစ်မနေ မဲပေးရမည်ဟု တပ်ရင်းမှူးများက ပြောဆိုကြောင်း သိရှိရသည်။

“တပ်ထဲမှာ ၆၆/၆ ပုံစံလုပ်ခိုင်းတယ်။ အဲဒါ လစာထဲက ငွေ ၃ သောင်း ဖြတ်တယ်။ မလုပ်ချင်လို့မရဘူး။ မဲပေးဖို့ လုပ်ခိုင်းတာပြောတယ်။ လ စာထဲက နည်းပါတယ်ဆိုမှ ၃ သောင်းက ထပ်ဖြတ်ခံရတယ်” ဟု တပ်မိသားစုဝင်တစ်ဦးက ပြောသည်။

တပ်မိသားစုများ၏ အဆိုအရ တပ်တွင်း မဲရုံများ ဆောက်လုပ်မည်ဖြစ်ပြီး ကြိုတင်မဲများကိုလည်း စစ်သားများက ပေးရမည်ဖြစ်ကြောင်း၊ လက် ရှိတွင် ရွေးကောက်ပွဲ ကျင်းပမည့်အချိန်မသိသေးသော်လည်း တပ်ရင်းမှူးများက ရွေးကောက်ပွဲ ဖြစ်ပေါ်လာလျှင် တပ်မိသားစုများ မဲပေးရလိမ့်မည်ဟု ပြောဆိုလာကြောင်း သိရှိရသည်။ khit thit

ဖမ်းဆီးခံ က၀ဒေသခံ ၅ ဦး သုံးလကျော်သည်အထိ မိသားစုနှင့်အဆက်အသွယ်မရ

စစ်ကောင်စီတပ်က၏ ဖမ်းဆီးခြင်းကိုခံထားရသည့် ပဲခူးတိုင်း၊ က၀မြို့နယ်မှ ဒေသခံငါးဦးနှင့် မိသားစုဝင်များအဆက်အသွယ်မရရှိသည်မှာ သုံး လကျော်ကြာလာပြီဟု က၀ဒေသတွင်း သတင်းရင်းမြစ်များက မဇ္ဈိမသို့ပြောသည်။

ရန်ကုန်တွင် ပြောင်းရွှေ့နေထိုင်နေသည့် က၀မြို့နယ်နှင့် သက္ကလမြို့နယ်တို့မှ ဒေသခံ ရှစ်ဦးတို့သည် ပြီးခဲ့သည့် ဇူလိုင်လ ၃ ရက်နှင့် ၄ ရက်နေ့များတွင် ၎င်းတို့၏နေအိမ်များထိ ဝင်ရောက်ဖမ်းဆီးခြင်းကို ခံခဲ့ရခြင်းဖြစ်သည်။

“ ဘာကြောင့်ဖမ်းတယ်ဆိုတာ အခုထိ မသိသေးဘူး။ ဖမ်းသွားတဲ့ ရှစ်ယောက်မှာ သုံးယောက်က ရုံးထုတ်နေပြီ။ ငါးယောက်ကတော့ စဖမ်းကတည်းက ဘယ်ကိုခေါ်သွားမှန်းမသိသလို သူတို့ဘက်ကလည်း အကြောင်းမကြားဘူး ” ဟု မဇ္ဈိမ၏သတင်းရင်းမြစ်က ပြောသည်။

စစ်ကောင်စီတပ်၏ ဖမ်းဆီးခြင်းခံထားရသူ ရှစ်ဦးအနက် သုံးဦးမှာ အမှုစတင်ရင်ဆိုင်နေကြောင်း ကြားသိထားသော်လည်း မည်သည့်ပုဒ်မဖြင့် တရားစွဲဆိုထားသည်ကို မသိရှိရသေးကြောင်း ၎င်းက ဆက်လက်ဆိုသည်။

သို့သော် ကျန်သူငါးဦးကို မည်သည့်နေရာတွင် ထိန်းသိမ်းထားကြောင်း ယနေ့အချိန်အထိ မသိရှိရသည့်အပြင် မိသားစုများနှင့်ပါ တွေ့ခွင့်မရသေးကြောင်း သိရသည်။

“ ဖမ်းထားတာ ရက် ၁၀၀ ရှိပါပြီ။ သေသလား၊ ရှင်သလားတောင် မသိရတာပါ။ မိသားစုတွေကတော့ အသက်အန္တရာယ်အတွက် စိတ်ပူနေကြတယ်။ ဘယ်မှာဖမ်းထားတယ်ဆိုတာ မိသားစုက သိခွင့်ရသင့်တဲ့အပြင် လိုအပ်တဲ့ဆေးဝါးနဲ့ အသုံးအဆောင်တွေ ပေးခွင့်ပြုတာတွေကိုတော့ လုပ်ဆောင်ပေးဖို့ ဖြစ်စေချင်ပါတယ် ” ဟု က၀ဒေသတွင်း သတင်းရင်းမြစ်ကဆိုသည်။

မိသားစုနှင့် အဆက်အသွယ်ပြတ်တောက်နေသူများမှာ ကဝမြို့နယ်၊ ညောင်တပင်ကျေးရွာမှ ကိုခန့်မှူးဇော်၊ ဖလေးကျေးရွာမှ ကိုသက်စိုးဦး၊ အုန်း နှဲကျေးရွာမှ ကိုကျော်သက်ပိုင်၊ သက္ကလမြို့နယ်တွင်နေထိုင်သည့် ကိုနေလင်းထိုက်နှင့် ကိုမင်းခန့်ဇော် တို့ဖြစ်သည်။

ဖမ်းဆီးခံထားရသူများထဲတွင် လူငယ်အချို့လည်းပါဝင်နေပြီး တွေ့ခွင့်မရသည့်အပြင် သတင်းအစအန မသိရခြင်းကြောင့် အသက်အန္တရာယ်အတွက် မိသားစုဝင်များက စိုးရိမ်ပူပန်နေ ကြသည်။

မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းယူခဲ့သည့်အချိန်မှစ၍ ၂၀၂၂ အောက်တိုဘာလ ၁၀ ရက်နေ့အတွင်း ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသူ စုစု ပေါင်း ၁၂,၆၀၈ ဦးရှိကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (AAPP) ၏ မှတ်တမ်းများ၌ ဖော်ပြထားသည်။ mizzima

« Older Entries