Monthly Archives: Oct 2022

ကန့်ကွက်နေသည့်ကြားမှ စစ်ကောင်စီနှင့် ထပ်တွေ့ရန် မွန်ပြည်သစ်ပါတီ သဘောတူ လက် မှတ် ရေးထို

မွန်အဖွဲ့အစည်းတွေနဲ့ မွန်လူငယ်အများစု တားမြစ်ကန့်ကွက်နေတဲ့ကြားက စစ်ကောင်စီနဲ့ နောင်ဆက်လက် တွေ့ဆုံဆွေးနွေးသွားဖို့ သဘောတူ လက်မှတ်ရေးထိုးခဲ့တယ်လို့ မွန်ပြည်သစ်ပါတီက အောက်တိုဘာ ၁၅ ရက်နေ့ ထုတ်ပြန်လိုက်ပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၁၁ ရက်နေ့ကနေ ၁၄ ရက်နေ့ထိ စစ်ခေါင်းဆောင် အပါအဝင် စစ်ကောင်စီ ငြိမ်းချမ်းရေးဆွေးနွေးအဖွဲ့နဲ့ မွန်ပြည်သစ်ပါတီ ဒုတိယဥက္ကဋ္ဌ နိုင်အောင်မင်းဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့တို့ တွေ့ဆုံပြီးနောက် အခုလို ထုတ်ပြန်လိုက်တာပါ။

မွန်ပြည်သစ်ပါတီကတော့ စစ်ခေါင်းဆောင်နဲ့ တွေ့ဆုံစဉ် တိုင်းပြည်မှာ လိုအပ်နေတဲ့ ငြိမ်းချမ်းရေးအမြန်ဆုံးရနိုင်ဖို့ မြန်မာ့တပ်မတော်၊ အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ၊ တိုင်းရင်းသားနိုင်ငံရေးပါတီတွေ၊ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းအားလုံးနဲ့ တွေ့ ဆုံဆွေးနွေးဖို့ လိုကြောင်း အကြုံပြုခဲ့တယ်လို့ ဆိုထားပါတယ်။

ဒါ့အပြင် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းတွေကို ကြိုတင်ကန့်သတ်ချက်မထားဘဲ တွေ့ဆုံဆွေးနွေးဖို့ ဖိတ်ခေါ်သလို အ ခြားလက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ ဆန့်ကျင်ဘက်အဖွဲ့အစည်းကိုလည်း တွေ့ဆုံဆွေးနွေးဖို့ ဖိတ်ခေါ်စေလိုကြောင်း အကြံပြုတိုက်တွန်းခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

လက်ရှိဖြစ်ပေါ်နေတဲ့ အကျပ်အတည်း ပဋိပက္ခတွေ ဖြေရှင်းနိုင်ဖို့ ပြည်သူလူထု အသက်အိုးအိမ်စည်းစိမ်တွေ ဆုံးရှုံးမှု ဆက်လက်မဖြစ်ပေါ်စေဖို့ ပါဝင်သင့် ပါဝင်ထိုက်တဲ့ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် လူပုဂ္ဂိုလ်တွေ၊ အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံဆွေးနွေးဖို့ လိုအပ်ကြောင်း အကြံပြုခဲ့တယ်လို့ မွန်ပြည်သစ်ပါတီက ဆိုပါတယ်။

စစ်ကောင်စီ ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နဲ့ တွေ့ဆုံဆွေးနွေးစဉ် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ဇယား (၁) ပြည်ထောင်စု ဥပဒေပြုစာရင်းနဲ့ ဇယား (၂) တိုင်းဒေသကြီး/ပြည်နယ် ဥပဒေပြုစာရင်း၊ (၉) ကြိမ်မြောက် JICM ဆုံးဖြတ်ချက်ပါ ဆက်လက်ညှိနှိုင်းဆွေးနွေးရမယ့် ၂၀၂၀ အလွန် အဆင့်လိုက်လုပ်ငန်းစဉ်တွေနဲ့ စတဲ့အချက်တွေ ဆွေးနွေးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

ဒါပေမယ့် အဲဒီဆွေးနွေးချက်တွေထဲမှာ မွန်ပြည်သစ်ပါတီက မရှင်းလင်းတာတွေကို ပြန်လည်မေးမြန်းဆွေးနွေးခဲ့ပြီး ပါတီတွင်း အသေးစိတ် ဆွေးနွေးပြင်ဆင်ဖို့ လိုအပ်နေတဲ့အတွက် နောင်ဆက်လက်တွေ့ဆုံဆွေးနွေးသွားဖို့ သဘောတူလက်မှတ်ရေးထိုးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မွန်အဖွဲ့အစည်းတွေနဲ့ မွန်လူငယ်အများစု တားမြစ်ကန့်ကွက်နေတဲ့ကြား စစ်ကောင်စီနဲ့ ထပ်မံ တွေ့ဆုံဖို့ သဘောတူ လက်မှတ်ရေးထိုးမှုနဲ့ ပတ် သက်ပြီး မွန်ပြည်သစ်ပါတီ ပြောခွင့်ရ နိုင်အောင်မငေး အပါအဝင် ပြည်တွင်းရေးရာ တာဝန်ခံ နိုင်ဗညားလယ်တို့ကို DVB က ဖုန်းနဲ့ အကြိမ် ကြိမ် ဆက်သွယ်မေးမြန်းခဲ့ပေမယ့် လက်ခံဖြေကြားတာ မရှိခဲ့ပါဘူး။ DVB

ဝက်လက်၊ ပိတောက်ခြုံရွာကို စစ်တပ်မီးရှို့မှု နေအိမ် ၅ လုံး​ကျော်ပြာကျ၊ ဆင်းနင်းရွာလည်း မီးရှို့ဖျက်ဆီးခံရ

စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ် ပိတောက်ခြုံရွာကို စစ်တပ် မီးရှို့ဖျက်ဆီးရာ နေအိမ် ၅ လုံးကျော် ပြာကျခဲ့ကြောင်း ဒေသခံ ပြည်သူများထံမှ သိရသည်။

အကြမ်းဖက် စစ်တပ်သည် ပိတောက်ခြုံရွာကို အောက်တိုဘာလ ၁၄ ရက်နေ့က မီးရှို့ဖျက်ဆီးခဲ့ပြီး ယနေ့ အောက်တိုဘာလ ၁၅ ရက်နေ့ နံနက်ပိုင်းတွင် ဆင်းနင်းရွာကို ထပ်မံဝင်ရောက် မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ ယနေ့ ညနေပိုင်းတွင် စစ်တပ်က ပိတောက်ခြုံရွာထဲသို့ ပြန်လည်ဝင်ရောက် တပ်စွဲထားကြောင်း သိရသည်။

” ဝက်လက်မြို့နယ် ပိတောက်ခြုံရွာကို စစ်ခွေးတွေဝင်ရောက် မီးရှို့တာ နေအိမ် ၅ လုံး​​​ ကျော်မီးထဲပါသွားတယ်။ ပြည်သူတွေတွေ ထိခိုက်မှု မရှိဘူးလို့ သိရပေမယ့် ပြေးနေရလို့ အတည်မပြုနိုင်သေးဘူး။ အခုတော့ အဲ့ရွာမှာပဲ စစ်ခွေးတွေက တပ်ပြန်စွဲနေတယ်။ ဆင်းနင်းရွာလဲ မီးရှို့ဖျက် ဆီးခံရတယ်။ အိမ်ခြေ အတိအကျတော့ မသိရသေးဘူး” ဒေသခံ ပြည်သူတစ်ဦးကပြောဆိုသည်။khit thit

တရက်တည်း စစ်ကောင်စီအကြမ်းဖက်တပ်ဖွဲ့ဝင် ၄၀ ကျော်သေဆုံးဟု NUG ထုတ်ပြန်

အောက်တိုဘာ ၁၄ ရက် မနေ့ကတရက်တည်း ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေမှာ စစ်ကောင်စီ အကြမ်းဖက်တပ်ဖွဲ့ဝင်အယောက် ၄၀ ကျော် သေဆုံးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ထုတ်ပြန်ပါတယ်။

အခုထုတ်ပြန်ထားတဲ့ အချက်အလက်ဟာ မြေပြင်အခြေအနေမှာ ပိုများနိုင်ပြီး တရက်တည်း ထိခိုက်ဒဏ်ရာရရှိတဲ့သူ အရေအတွက်ကတော့ ၈ ယောက်ထိ ရှိခဲ့တယ်လို့ ဆိုပါတယ်။

လတ်တလောမှာတော့ အာဏာသိမ်းစစ်အုပ်စုရဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက် ဖိနှိပ်ဖမ်းဆီး တိုက်ခိုက်သတ်ဖြတ်နေမှုတွေကို ပြည်သူတရပ်လုံးက အသက်ရှင်သန်ရေးအတွက် ခုခံကာကွယ်ပိုင်ခွင့်အရ ပြည်သူ့ခုခံစစ်ကို ဆင်နွှဲနေကြပြီး နိုင်ငံတဝန်းမှာတော့ မြန်မာပြည်သူတွေဟာ စစ်အာဏာရှင်စနစ် မြန်မာ့မြေပေါ်မှ အပြီးတိုင်ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးအတွက် ငြိမ်းချမ်းစွာဆန္ဒပြတဲ့ လူထုသပိတ်တိုက်ပွဲတွေ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေအနှံ့အပြား ပြုလုပ်နေကြသလို ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တွေ၊ တိုင်းရင်းသား လက်နက်ကိုင်တပ်တွေနဲ့ စစ်ကောင်စီတပ်တွေကြား တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။

NUG အစိုးရကတော့ ပြည်သူ့ခုခံတွန်းလှန်စစ်ပွဲ စတင်ခဲ့တဲ့ ၁ နှစ်အတွင်း အကြမ်းဖက် စစ်ကောင်စီဘက်က တပ်ဖွဲ့ဝင်ပေါင်း ၂၀,၁၅၀ ကျော်သေဆုံးကာ ဒဏ်ရာရသူ ၇,၀၀၀ ကျော်လောက်ရှိလာပြီး စစ်ကောင်စီ စိုးမိုးအုပ်ချုပ်နိုင်တဲ့နေရာဟာ တိုင်းပြည် နယ်မြေအကျယ်အဝန်းရဲ့ ထက်ဝက်တောင် မရှိတော့ဘူးလို့ NUG ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားထားပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၇ ရက်နေ့ ပြည်သူ့ခုခံတော်လှန်စစ် ကြေညာခြင်း တနှစ်ပြည့် အထိမ်းအမှတ်အဖြစ် အမျိုးသားညီညွတ်ရေးအစိုးရ ယာ ယီသမ္မတ ဒူဝါလရှီးလက  နိုင်ငံတော်အခြေပြမိန့်ခွန်း ပြောကြားရာမှာ ထည့်သွင်းပြောဆိုခဲ့တာဖြစ်ပြီး ၁ နှစ်တာကာလအတွင်း ခန့်မှန်းခြေစာရင်းအရ PDF တွေနဲ့ မဟာမိတ် တိုင်းရင်းသား လက်နက်ကိုင် သူရဲကောင်းရဲဘော်တွေ စုစုပေါင်း ၁,၅၀၀ ကျော် ကျဆုံးခဲ့တယ်လို့လည်း သူက ပြောပါတယ်။

လူထုသပိတ်တိုက်ပွဲတွေအနေနဲ့ မြေပြင်တိုက်ပွဲတွေ ပြင်းထန်နေတဲ့ စစ်ကိုင်းတိုင်းဒေသကြီးမှာ ၈ ကြိမ်နဲ့ အများဆုံးဖြစ်ပွားခဲ့ပြီး မန္တလေးတိုင်းဒေသကြီးမှာ ၁ ကြိမ်စီ ဖြစ်ပွားခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

မြန်မာပြည်အနှံ့ တိုက်ပွဲတွေမှာ တပ်ဖွဲ့ဝင်တွေ သေဆုံးဒဏ်ရာရမှု အခြေအနေနဲ့ ပတ်သက်လို့ အကြမ်းဖက်စစ်ကောင်စီဘက်ကတော့ သတင်းထုတ်ပြန်တာ မရှိပါဘူး။

ဒါ့အပြင် စစ်ကောင်စီရဲ့ အဆိုးဆုံး အကြမ်းဖက်တာခံခဲ့ရတဲ့ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းထဲက မြန်မာပြည်အထက်ပိုင်း လမ်းပိုင်းတွေရဲ့ ၉၀ ရာ ခိုင်နှုန်းကို PDF တွေက ထိန်းချုပ်ထားနိုင်ပြီလို့ NUG အစိုးရက ပြီးခဲ့တဲ့ ဇွန် ၂၁ ရက်နေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောထားပြီး လက်ရှိ မြေပြင်မှာ အကြမ်းဖက်ခံနေရတဲ့ ကျေးရွာတွေဟာ စစ်ကောင်စီနဲ့ PDF တွေ နှစ်ဖက်စလုံး မထိန်းချုပ်နိုင်သေးတဲ့ ကြားနယ်မြေတွေ ဖြစ်တယ်လို့ ဆိုပါတယ်။ DVB

ချင်းတွင်းမြစ်ကြောင်းအတိုင်း စုန်ဆင်းလာသော စစ်ကောင်စီသင်္ဘော ၂စီးနှင့် PDF တိုက် ပွဲဖြစ်ပွား

စစ်ကိုင်းတိုင်း၊ ချင်းတွင်းမြစ်ကြောင်းအတွင်း၊ စုန်ဆင်းလာသော စစ်သင်္ဘော နှစ်စီးအား မုံရွာမြို့နယ် ရွှေစာရေးဝဲနားအနီးတွင်အောက်တို ဘာလ ၁၄ရက်နေ့ နေ့လယ် ၁နာရီအချိန်ခန့်တွင် ကာကွယ်ရေးတပ်ဖွဲ့နှင့် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

စစ်ရိက္ခာနှင့် စစ်သုံးခဲယမ်းများ တင်ဆောင်လာသော စစ်သင်္ဘော နှစ်စီးအား ကာကွယ်ရေးတပ်ဖွဲ့များပူးပေါင်းကာ လက်နက်ကြီး လက်နက် ငယ်များဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“မုံရွာဘက်ကို ဦးတည်သွားတာနေတာ၊ တိုက်ပွဲဖြစ်ပွားချိန် နာရီဝက်လောက်ကြာတယ်၊ မုံရွာမြို့နယ်၊ မုံရွာခရိုင်အတွင်းနှင့် အခြားထိစပ်နယ် မြေများမှာ စစ်ကောင်စီနှင့် ထိတွေ့တိုက်ပွဲများ ဖော်ဆောင်လျှက်ရှိပါတယ်ဗျ”ဟု ပြည်သူ့ကာကွယ်ရေးအဖွဲ့-မုံရွာမြို့နယ် အဖွဲ့တာဝန်ရှိသူကပြောသည်။

တိုက်ခိုက်မှုကြောင့် စစ်ကောင်စီသင်္ဘော နှစ်စီးမှာ ပျက်စီးမှုများဖြစ်ပွားခဲ့ပြီး သေဆုံးမှုအား အတည်မပြုနိုင်သေးကြောင်း ဆိုသည်။

ယင်းလုပ်ဆောင်မှုကို MPDF (မုံရွာခရိုင်အမှတ် – ၁ တပ်ရင်း)၊ မုံရွာမြို့နယ် (ပ.က.ဖ)နှင့်အတူ ဒေသခံကာကွယ်ရေးတပ်ဖွဲ့များဖြစ်သော ဗိုလ်နှုတ်ခမ်းမွှေး၊ ဒေါင်းမျိုးဆက်အဖွဲ့နှင့် New Light ဒေသခံ ပကဖ အဖွဲ့များပူးပေါင်းလုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။ mizzima

ထိုင်း-မြန်မာ ချစ်ကြည်ရေး အမှတ် ၁ တံတား အနီးတွင် ဗုံးပေါက်ကွဲပြီး ကားများမီးလောင်၊ မြ၀တီစျေးတွင်လည်း ဗုံးပေါက်ပြီး မီးလောင်

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်၊ ထိုင်း-မြန်မာ ချစ်ကြည်ရေး အမှတ် ၁ တံတားအနီးတွင် ယနေ့ည ၇ နာရီအချိန်တွင် ဗုံးပေါက်ကွဲကြောင်း မြ၀ တီမြို့ခံများက ပြောသည်။

“ပေါက်ကွဲသံ ၂ ချက်ကြားရတယ်။ ကားမီးလောင်တာလားတော့မသိဘူး။ မီးတွေပါလောင်နေတယ်။ အသေးစိတ်တော့မသိရသေးဘူး။ အဲဒီနားက ပိတ်ကာထားတဲ့နေရာဆိုတော့ အဝေးကပဲ ကြည့်နေရတယ်” ဟု မြ၀တီဒေသခံတစ်ဦးက ပြောသည်။

မြ၀တီဒေသခံတချို့၏ အဆိုအရ ဗုံးပေါက်ကွဲမှုကြောင့် လူထိခိုက်မှုရှိသည်ဆိုသော သတင်းများ မကြားရသေးကြောင်း သိရှိရသည်။

မြ၀တီမြို့ မီးသတ်တပ်ဖွဲ့မှ ဝန်ထမ်းတစ်ဦး၏ အဆိုအရ ဗုံးပေါက်ကွဲမှုသည် ကားအတွင်းမှ ပေါက်ကွဲခြင်းဖြစ်ပြီး ကားများ မီးလောင်မှုကို မီး သတ်တပ်ဖွဲ့က ငြိမ်းသတ်ခဲ့ကြောင်း၊ အခြားမြ၀တီမြို့၏ နေရာ ၂ ခုတွင်လည်း ဗုံးပေါက်သည်ဟု သိရှိရကြောင်း ပြောဆိုသည်။

အလားတူ မြ၀တီစျေးကြီးတွင်လည်း ယနေ့ ည ၇ နာရီ ၅ မိနစ်ဝန်းကျင်အချိန်တွင် ဗုံးပေါက်ကွဲပြီး မီးလောင်ကျွမ်းခဲ့ကြောင်း ဒေသခံများက ပြောဆိုကြသည်။ khit thit

စစ်အုပ်စုသိမ်း ရန်ကုန်မြေနေရာများကို NUG က နွေဦးအောင်လံနှင့် တော်ဝင်နွေဦး ပရောဂျက် များအဖြစ် ရောင်းချ

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က စီမံဆောင်ရွက်နေတဲ့ အာဏာရှင်အဆုံးသတ်နိဂုံး အစီအစဉ်ကနေ Spring Yangon Investment Phase II အဖြစ် နွေဦးအောင်လံ တောင်ဒဂုံစီမံကိန်းနဲ့ တော်ဝင်နွေဦး ဗဟန်း စီမံကိန်း ၂ ခုကို စတင်ရောင်းချနေပြီလို့ ထုတ်ပြန်ပါတယ်။

အာဏာရှင်နိဂုံး အဆုံးသတ်ဖို့အတွက် အရေးကြီးတဲ့ တော်လှန်ရေးရန်ပုံငွေတွေ ရရှိနိုင်ဖို့ အများပြည်သူကို ရောင်းချပေးမယ့် ဒီစီမံကိန်းတွေအတွက် ဝယ်ယူသူတွေအနေနဲ့ မြေပိုင်ဆိုင်ခွင့် ရရှိမှာဖြစ်ပြီး ကာလပေါက်စျေးရဲ့ ၃ ပုံ ၁ ပုံလောက် တန်ဖိုးနဲ့သာ ရောင်းချပေးသွားမှာဖြစ်တဲ့အပြင် ငွေပေးချေမှုကိုလည်း တော်လှန်ရေးကာလအတွင်းနဲ့ တော်လှန်ရေးကာလအပြီး ၂ ပိုင်းခွဲ ပေးသွင်း ရမယ်လို့ ဆိုပါတယ်။

တော်လှန်ရေးကာလအပြီး စီမံကိန်းစတင်တဲ့အချိန်မှာတော့ လမ်း၊ ရေ၊ လျှပ်စစ်မီး၊ ကလေးကစားကွင်း၊ ပန်းခြံနဲ့ စည်ပင်သာယာ ဝန်ဆောင်မှုတွေကို တည်ဆောက်ပေးသွားမှာဖြစ်ပြီး အိမ်ကိုတော့ ဝယ်ယူသူကနေ ဆောက်လုပ်ရေးစံနှုန်းတွေနဲ့အညီ စိတ်ကြိုက်ဆောက်ယူရမှာ ဖြစ်တယ်လို့ ဖော်ပြပါတယ်။

ဒါ့အပြင် စီမံကိန်းမှ မြေကွက်တွေကို လက်ရှိ မြန်မာနိုင်ငံသား မဟုတ်တဲ့ နိုင်ငံခြားသားတွေလည်း ဝယ်ယူနိုင်မှာဖြစ်ကာ တော်လှန်ရေးအလွန် ကာလမှာ နွေဦးမန္တလေးမြေကွက်တွေကို နိုင်ငံခြားသား မြေပိုင်ဆိုင်မှု အာမခံတဲ့ သီးသန့်အမိန့်ဒီဂရီ ဥပဒေတွေ ပြဋ္ဌာန်းထားပြီး တော်လှန်ပြည်သူတွေ အကျိုးဖြစ်ထွန်းစေဖို့ ဆောင်ရွက်ပေးသွားမယ်လို့ ဆိုပါတယ်။

နွေဦးအောင်လံ တောင်ဒဂုံစီမံကိန်းကတော့ တောင်ဒဂုံမြို့နယ်၊ အမှတ် ၂ လမ်းမကြီးပေါ်၊ ကျန်စစ်သားလမ်းထောင့်၊ စစ်တပ်က သိမ်းယူထားတဲ့ မြေနေရာဖြစ်ပြီး Pro1 East Dagon Branch ရဲ့ မျက်စောင်းထိုး ဘက်ခြမ်း ကျန်စစ်သားလမ်းမကြီးထောင့်မှာ တည်ရှိကာ တောင်မြောက်-ဒဂုံလမ်းဆုံကနေ ၁ မိုင်ခွဲလောက်သာဝေးပြီး ရန်ကုန်မြို့လယ်ကနေ ၁၀ မိုင်လောက် အကွာမှာ တည်ရှိပါတယ်။

မြေကွက်ဈေးနှုန်းတွေအနေနဲ့ အမှတ် (၂) လမ်းမဘက် မျက်နှာစာနဲ့ ကျောကပ် နေရာတွေကို Commercial Development တွေအဖြစ် ပေ ၁၀၀ × ပေ ၁၅ဝ အကွက်ကြီး ၃၂ကွက်ကို တကွက်ကို အမေရိကန်ဒေါ် လာ ၃၂၀,၀၀၀ နဲ့ ရောင်းချပေးသွားမှာဖြစ်ကာ အတွင်းဘက် လူနေအိမ်ရာ ပေ ၆ဝ x ပေ ၈၀ အကွက်ပေါင်း ၂ဝဝ ကိုတော့ တကွက်ကို အမေရိကန်ဒေါ်လာ ၂၇,၅၀၀၊  ပေ ၄၀ x ပေ ၆၀ အကွက်ပေါင်း ၈၀၀ ကိုတော့ တကွက်ကို  အမေရိကန်ဒေါ်လာ ၁၅,၀၀၀ စီနဲ့  ရောင်းချသွားမယ်လို့ ဆိုပါတယ်။

တော်ဝင်နွေဦး ဗဟန်းစီမံကိန်းကတော့ ဗဟန်းမြို့နယ်၊ မဟာစည် သာ့သနာရိပ်သာလမ်း အတွင်းဘက် စစ်တပ်က သိမ်းယူထားတဲ့ မြေနေရာဖြစ်ပြီး ရွှေတိဂုံစေတီတော်၊ Spring Inya မှ Inya Walk၊ ကန် တော်ကြီးဝန်းကျင်မှ Spring Memorial Park တို့နဲ့ နီးကပ်စွာရှိတဲ့ နေရာဖြစ်ပါတယ်။

မြေကွက်ဈေးနှုန်းတွေအနေနဲ့ လူနေအိမ်ရာ ပေ ၆ဝ x ပေ ၈၀ အကွက်ပေါင်း ၄၀ ကိုတော့ တကွက်ကို အမေရိကန်ဒေါ်လာ ၁၃၅,၀၀၀၊ ပေ ၄၀ x ပေ ၆၀ အကွက်ပေါင်း ၁၂၀ ကိုတော့ တကွက်ကို အမေရိကန်ဒေါ် လာ ၇၂,၀၀၀ စီနဲ့ ရောင်းချသွားမယ်လို့ ဆိုပါတယ်။

ဝယ်ယူလိုတဲ့ ပြည်သူတွေအနေနဲ့ တဦးချင်းဝယ်ယူလိုတဲ့ အရေအတွက် အကန့်အသတ်မရှိဘဲ စုပေါင်းပြီးတော့လည်း ဝယ်ယူနိုင်မှာဖြစ်ကာ သတ်မှတ်စျေးနှုန်းရဲ့ ၄၀ ရာခိုင်နှုန်းကိုသာ တော်လှန်ရေးကာလတွင်း ပေးသွင်းရမှာ ဖြစ်ပါတယ်။ ကျန်တဲ့ ၆၀ ရာခိုင်နှုန်းကိုတော့ တော်လှန်ရေး အောင်မြင်ပြီးနောက် စီမံကိန်းတွေ စတင်အကောင်အထည်ဖော်တဲ့ အချိန်မှသာ ပေးသွင်းရမှာဖြစ်ပြီးတော့ တော်လှန်ရေးကာလတွင်း ပေးသွင်းရမယ့်ငွေကိုလည်း ၃ လအတွင်း အရစ်ကျ ခွဲသွင်းနိုင်မယ်လို့ ဆိုပါတယ်။

ပြည်တွင်းနဲ့ နိုင်ငံတကာ EOD ကိုယ်စားလှယ်တွေကတဆင့် ဝယ်ယူနိုင်မယ့် အသေးစိတ် အချက်အလက်တွေကိုတော့ မကြာခင် ထုတ်ပြန်ပေးသွားမှာဖြစ်ကာ ဒီတိုင်ခင်ကလည်း အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ ရန်ကုန်မြို့ အမှတ် ၁၄၊ အင်းယားလမ်း နေအိမ်ကို အပြီး သတ် ရောင်းချနိုင်ခဲ့ပြီး ဒုတိယပရောဂျက်အဖြစ် ရန်ကုန်မြို့ ၆ မိုင်ခွဲ Inya View နေရာကိုလည်း လတ်တလော ရောင်းချနေတာဖြစ်ကာ ရန်ကုန်မြို့က နွေဦးရိပ်မွန်-မင်းဓမ္မနဲ့ နွေဦးမော်ကွန်းသစ် စီမံကိန်း-သံသုမာတွေ၊ မန္တလေးမြို့က နွေဦးမန္တလေး ပြည်တော်ဝင်စီမံကိန်း Spring Mandalay Investment တွေကိုလည်း ရောင်းချခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် အာဏာရှင်အဆုံးသတ်နိဂုံး The End of Dictatorship-EOD အနေနဲ့ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင် မတရား ရယူသိမ်းပိုက်ထားတဲ့ တခြားသော အိမ်နဲ့ အဆောက်အအုံတွေ၊ စစ်ကောင်စီ ခေါင်းဆောင်တွေ မတရားပိုင်ဆိုင်ထားတဲ့ အိမ်ခြံမြေတွေကို တခုပြီးတခု ကြိုပွိုင့်နဲ့ ရောင်းချပြီး တော်လှန်ရေးအတွက် အရေးတကြီး လိုအပ်နေတဲ့ ဘဏ္ဍာရန်ပုံငွေတွေကိုလည်း ဆက်လက်ရှာဖွေသွားမယ်လို့ ပြောထားပါတယ်။ DVB

မောင်တောမြို့ပေါ် နေရာ ၈ ခု ၌ စစ်ကောင်စီတပ်များ နေရောညပါ စစ်ဆေး

ရခိုင်ပြည်နယ်၊ မောင်တောမြို့ပေါ်မှာ နေရာ ၈ ခု ခွဲကာ အောက်တိုဘာ ၁၄ ရက်ကစလို့ နေရော ညပါ စစ်ဆေးနေတာကြောင့် ဒေသခံတွေ အခက်တွေ့နေတယ်လို့ မောင်တောမြို့ခံတွေက ပြောပါတယ်။

မောင်တောဒေသခံတဦးက “နေရာ ၈ နေရာမှာ စစ်ဆေးနေတယ်လို့တော့ သိရတယ်။ ရွှေဇားတံတားထိပ်မှာတော့ စစ်တပ် နဲ့ ရဲတပ်ဖွဲဝင် အင်အား ၃၀ လောက်ရှိတယ်။ ကားနဲ့ ဆိုက်ကယ်တွေကို စစ်တယ်။ လိုင်စင်တွေ စစ်တယ်။ လူတိုင်းကိုလည်း စစ်တာ မဟုတ်ဘူး။ သူတို့ စစ်ချင်တဲ့သူတွေကို စစ်နေတာ” လို့ ပြောပါတယ်။

နယ်မြေလုံခြုံရေးနဲ့ တည်ငြိမ်အေးချမ်းရေးအတွက် တပ်မတော်နဲ့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ပူးပေါင်းကာ မြို့ပေါ် လမ်းမကြီးနဲ့ လမ်းသွယ်၊ လမ်း ကြား ၈ နေရာမှာ အောက်တိုဘာ ၁၄ ရက်စပြီး စစ်ဆေးနေတာလို့ ရဲမှတ်တမ်းအရ သိရပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ရွှေဇားတံတား (လဝက) ရုံးရှေ့၊ မြို့မကညင်တန်း၊ နာရီစင်အနီး၊ မြို့နယ်ထွေအုပ်နဲ့မြို့နယ်တရားရုံးအနီး၊ အာလီသားရေကန်လမ်းနဲ့ ရွှေအိုးတည်းခိုခန်းအနီးတို့မှာ စစ်ဆေးနေတာပါ။

မောင်တောမှ စျေးဆိုင်သည် တဦးက “ညဆိုလူတွေက အပြင်မထွက်ကြတောဘူး။ ဆိုင်တွေလည်း ည ၈ နာရီဆို ပိတ်ပြီ။ မနက်ပိုင်းမှာလည်း လမ်းတွေကို ပိတ်စစ်တယ်။ လူတွေအပြင် မထွက်ကြတော့ ရောင်းအားကျသွားတာပေါ” လို့ ပြောပါတယ်။

မောင်တောမြို့ပေါ်၌ သွားလာနေကြတဲ့ မော်တော်ယာဉ်နဲ့ ဆိုင်ကယ်တွေမှာ ဖောက်ခွဲရေးပစ္စည်း တွေ သယ်ဆောင်လာတာ ရှိ၊ မရှိ ရှာဖွေစစ် ဆေးရေးနေတာလို့ ရဲအရာရှိတဦးက ပြောပါတယ်။ DVB

ထားဝယ်-ထီးခီး လမ်းပိုင်းတွင် စစ်​ကောင်စီ တပ်ဖွဲ့များတိုက်ခိုက်ခံရပြီး ၁၀ ဦးခန့် ထိခိုက် သေဆုံးမှုရှိ၊ ဆားလင်းကြီးတွင် ရဲစခန်းကို ရိ က္ခာပို့ဆောင်သည့် ကား ဖမ်းဆီးခံရ

တနင်္သာရီတိုင်း ထားဝယ်-ထီးခီး လမ်းပိုင်းတွင် စစ်ကား ၁၀ စီးပါ ယာဥ်တန်းနှင့် ခြေလျင် စစ်ကြောင်း ကို ကာကွယ်ရေး တပ်ဖွဲ့များက ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး စစ်သား ၁၀ ဦးထက်မနည်း ထိခိုက် သေဆုံးမှုကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်မှ စစ်ကား ၁၀ စီးပါ ယာဥ်တန်းသည် အောက်တိုဘာလ ၁၄ ရက်နေ့ ညနေပိုင်းတွင် ထားဝယ်မြို့နယ် သင်္ကန်းတုံးရွာနှင့် ဝကုန်းရွာ အကြားတွင် အင်အား ၁၀၀ ဝန်းကျင်ခန့်ပါသော စစ်ကောင်စီ ယာဥ်တန်းနှင့် ခြေလျင်စစ်ကြောင်းကို ကာကွယ်ရေးတပ်ဖွဲ့များက ပစ် ခတ် တိုက်ခိုက်ခဲ့ပြီး စစ်သား ၁၀ ဦးကျော် ထိထိခိုက် သေဆုံးမှု ရှိနိုင်​ကြောင်း နယ်မြေခံ သတင်းရင်းမြစ်များထံမှ သိရသည်။

ပစ်ခတ် တိုက်ခိုက်မှု ဖြစ်ပွားပြီးနောက် အကြမ်းဖက် စစ်တပ်သည် လက်နက်ကြီးများဖြင့် အချက်ပေါင်းများစွာပြန်လည် ပစ်ခတ်ခဲ့ပြီး ယနေ့ နံနက်ပိုင်းတွင် ဝကုန်းရွာမှ ကျောက်မဲတောင်ရွာဘက်သို့ ထွက်ခွာသွားပြီး လက်နက်ကြီးများဖြင့် ဆက်တိုက် ပစ်ခတ်ကာ ထွက်ခွာသွားကြောင်း သိရသည်။

စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ် ရဲစခန်းကို ရိက္ခာသယ်လာသည့် ကားအား ကာကွယ်ရေး တပ်ဖွဲ့က ဖမ်းဆီးပြီး ဆန်အိတ်နှင့် ပစ္စတိုသေ နတ်တို့ သိမ်းဆည်းခဲ့ကြောင်း သိရသည်။

ဆားလင်းကြီးမြို့နယ် ရဲစခန်းကို အောက်တိုဘာလ ၁၁ ရက်နေ့၌ ရိက္ခာသယ်လာသည့်ကားကို ဆားလင်းကြီး G-Z ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က စစ်ဆေး ဖမ်းဆီးခဲ့ပြီး ဆန် ၇ အိတ်၊ ပစ္စတို ၁ လက်နှင့် မုန့်ခြောက်များ သိမ်းဆည်းရမိခဲ့ကြောင်း SG-ZPDF တပ်ဖွဲ့က ထုတ်ပြန်ထားသည်။khit thit

NUG ဝန်ကြီး ဒေါက်တာဆာဆာ မိခင် ခရစ် တော်၌ အိပ်ပျော်

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဒေါက်တာဆာဆာ၏မိခင်သည် ခရစ်တော်၌ အိပ်ပျော်သွားကြောင်း မိသားစုဝင်ထံမှ သိရသည်။

အောက်တိုဘာလ ၁၃ရက်နေ့တွင် ဒေါ် မာဇိုင်(Pino . Mazei )(အသက်၇၀) သည် အိန္ဒိယနိုင်ငံ၌ စစ်ရှောင်နေစဉ် သားအိမ်ကင်ဆာရောဂါဖြင့် ဆုံးပါးသွားခြင်းဖြစ်သည်ဟု မိသားစုဝင် တစ်ဦးက ပြောသည်။

ယခင်ကလည်း အူမကြီး ကင်ဆာဝေဒနာခံစားခဲ့ရဖူးသူဖြစ်ပြီး သုံးနှစ်ခန့်အကြာတွင် ဆုံးပါးသွားရခြင်းဖြစ်ကြောင်း သိရသည်။

“စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း အခုလို ကိုယ့်အိမ်မှာ သင်္ဂြိုဟ်ခွင့် မရတဲ့အတွက် သူတို့မိသားစုအတွက် အတော်ဝမ်းနည်းရတဲ့ အချိန်ဖြစ်ပါတယ်” ဟု အဆိုပါ ဆွေမျိုးက မဇ္စျိမ ကိုပြောသည်။

ချင်းလူများသည် သေဆုံးချိန်၌ ကိုယ့်မြေကိုယ့်ရွာတွင် ခေါင်းချလိုသော စိတ်အစွဲအလန်းမျိုး ရှိသဖြင့် ယခုကဲ့သို့ စစ်ဘေးရှောင်ရင်း ကွယ်လွန်သွားသည့်အပေါ် ပိုမိုစိတ်မကောင်းဖြစ်ရကြောင်း ၎င်းကဆိုသည်။

ဒေါ်မာဇိုင် (Pino. Mazei) ၏ ကြွင်းကျန်သော ရုပ်ကလာပ်ကို မီဇိုရမ်ပြည်နယ် ဆိုင်ဟားမြို့တွင် ခရစ်ယာန်ထုံးတမ်းအစဉ်အလာအရ ယနေ့ အောက်တိုဘာ ၁၅ရက်တွင် သင်္ဂြိုဟ်မည်ဖြစ်ကြောင်း သိရသည်။

ဒေါ်Mazei သည် ကွယ်လွန်ချိန်တွင် အမျိုးသားနှင့် အတူ ဒေါက်တာဆာဆာအပါအဝင် သားသမီး လေးဦး ကျန်ရှိခဲ့ကြောင်း သိရသည်။

ဒေါက်တာဆာဆာ၏မိခင် ကွယ်လွန်ခဲ့သည့်အပေါ် ကြားကာလ ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီကလည်း မိသားစုနှင့်ထပ်တူ ဝမ်းနည်းကြေကွဲရပါကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့သည်။ mizzima

« Older Entries