ခရမ်းမြို့နယ်တွင် စစ်ကောင်စီ ဆ်ိုင်ကယ်စီး နင်းခွင့်ပိတ်၊ ပြည်သူများ သွားလာရေး အ ခက်အခဲဖြစ်နေ

ရန်ကုန်တောင်ပိုင်းခရိုင်၊ ခရမ်းမြို့နယ်တွင် ယနေ့ အောက်တိုဘာလ ၁၇ ရက်နေ့မှ စတင်ကာ စစ်ကောင်စီက ဆိုင်ကယ်စီးနင်းခွင့် ပိတ်ပင်လိုက်ပြီး မြို့အတွင်း သွားလာသူ မရှိကာ တိတ်ဆိတ်ခြောက်ကပ်နေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံမှ သိရသည်။

“ခရမ်းမြို့နယ်ထဲက မြို့ပေါ် ၁၃ ရပ်ကွက်လုံးမှာ ဒီကနေ့က စပြီး ဆိုင်ကယ်မစီးရဆိုပြီး ကြေညာထားတော့ ဒီမနက် ဘေးတွဲဆိုင်ကယ်တွေပဲ လမ်းပေါ်ရှိတော့တယ်။ မြို့က အရမ်းတိတ်ဆိတ်သွားတယ်။ လမ်းပေါ်မှာလည်း လမ်းလျောက်တဲ့သူအချို့နဲ့ စက်ဘီးပဲရှိတယ်” ဟု ခရမ်းဒေသခံသတင်းရင်းမြစ်တစ်ဦးက မဇ္စျိမကို ပြောသည်။

စစ်ကောင်စီတပ်က ဆိုင်ကယ်စီးနင်းခွင့် ပိတ်ပင်မှုစတင်သည့် ယနေ့ မနက်အစောပိုင်းတွင် ခရမ်းဘုရားကြီးနှင့် ခရမ်းမြို့မဈေးဘက်တွင် လ်ိုက်လံအော်ဟစ်အသိပေးမှုများ ရှိခဲ့သလို စစ်ဆေးရေးဂိတ်များချကာ စစ်ဆေးမှုများ ရှိကြောင်း သိရသည်။

“ဈေးနားမှာတော့ စောင့်ဖမ်းတာရှိတယ်။ ကြိုအော်ထားတော့ ဖမ်းဆီးခံရတယ်ဆိုတာမျိုး မကြားမိသေးဘူး။ စစ်တပ်ကတော့ ရွာက လူတွေ ဈေးလာဝယ်တာ။ ဈေးသမားတွေ ရွာက တက်လာတာကို စောင့်ဖမ်းမယ်ထင်တာပါပဲ။” ဟု သတင်းရင်းမြစ်က ဆက်ပြောသည်။

ခရမ်းမြို့ပေါ်နေရာများတွင် ဆိုင်ကယ်စီးနင်းမှု ပိတ်ပင်လိုက်သည့်အတွက် အနီးနားရှိ ကျေးရွာများမှ ခရမ်းမြို့သို့ ပစ္စည်းလာရောက်ဝယ်ယူရာ တွင် မြို့ပြင်တွင် ဆိုင်ကယ်ထားခဲ့ရသည့်အတွက် သွားလာရေးနှင့် ပစ္စည်းသယ်ယူပို့ဆောင်ရာတွင် အခက်အခဲများ ဖြစ်ပေါ်နေကြောင်း သိရသည်။

ထို့အပြင် ခရမ်းမြို့နယ်အတွင်း စစ်ကောင်စီဖွင့်လှစ်ထားသည့် စာသင်ကျောင်းများသို့ သွားရောက်စာသင်ကြားကြသူများနှင့် ကျောင်းသားမိဘများသည်လည်း သွားလာရေးတွင် အခက်အခဲများ ကြုံတွေ့နေကြသည်။

“ကျောင်းဖွင့်ရက်ဆိုတော့ ကလေးတွေ၊ ကလေးမိဘတွေ၊ ဆရာမတွေ ခက်ခဲတာပေါ့။ ရွာက ဈေးလာဝယ်တဲ့ သူတွေလည်း ဆိုင်ကယ်မစီးရဆိုတော့ သိပ်မလာကြဘူး။ ဈေးဆိုင်တွေလည်း အရောင်းပါးတယ်။ လိုင်းကားဂိတ်ကို သွားချင်ရင်တောင် ကယ်ရီဘေးတွဲကလည်း ရှားတော့ လမ်းလျှောက်သွားရတဲ့ အခက်အခဲရှိနေတယ်” ဟု ခရမ်းမြို့နယ်တွင် ဈေးရောင်းချနေသူတစ်ဦးက ဆိုသည်။

စစ်ကောင်စီတပ်က ခရမ်းမြို့ပေါ်တွင် ဆိုင်ကယ်စီးနင်းခွင့် ပိတ်ပင်ထားသော်လည်း ဘေးတွဲဆိုင်ကယ်များကို အသုံးပြုကာ သွားလာမှုကို ခွင့်ပြုကြောင်း သိရသည်။

သို့သော် ဆိုင်ကယ်များကို ကယ်ရီဘေးတွဲပြုလုပ်ပါက ငွေကျပ် သုံးသိန်းနီးပါး ကုန်ကျနေသည့် အတွက် ကယ်ရီသမားအချို့ အခက်အခဲဖြစ်ပေါ်နေကာ လျှပ်စစ်စက်ဘီးတစ်စီးကိုလည်း မြို့နယ်အတွင်း သုံးသိန်းကျော်ဈေးနှုန်းဖြင့် ရောင်းချမှုများ ရှိနေကြောင်း သိရသည်။

ခရမ်းမြို့နယ် အဝင်အထွက်ဂိတ်များတွင်လည်း စစ်ကောင်စီတပ်လုံခြုံရေးတပ်ဖွဲ့များက ဆိုင်ကယ်များမှ အပ ဘေးတွဲဆိုင်ကယ်များနှင့် ကားများကိုသာ မြို့နယ်အတွင်း ဝင်ရောက်ခွင့်ပြုကြောင်း သိရသည်။

ထို့အပြင် စစ်ကောင်စီတပ်က မြို့နယ်အတွင်းသို့ ဆိုင်ကယ်စီးနင်းဝင်ရောက် လာသူများကို နောက်ရက်များတွင် မစီးရန် ခြိမ်းခြောက်ပြောဆိုကာ လာရာလမ်းအတိုင်း ပြန်လှည့်ခိုင်းခြင်းများရှိနေကြောင်း ဒေသတွင်းသတင်းရင်းမြစ် ခရမ်းချန်နယ်တွင် ဖော်ပြထားသည်။

ဒေသကာကွယ်ရေးတပ်များ၏ တိုက်ခိုက်မှုများရှိနေသည့် သန်လျင်မြို့နယ်၊ တွံတေးမြို့နယ်၊ ဒလမြို့နယ်၊ ကွမ်းခြံကုန်းမြို့နယ်၊ ကော့မှူးမြို့နယ်နှင့် ကျောက်တန်းမြို့နယ်များတွင်လည်း စစ်ကောင်စီတပ်က ဆိုင်ကယ်စီးနင်းခွင့် ပိတ်ပင်မှု ပြုလုပ်ထားခဲ့ပြီးဖြစ်ပြီး ယခုအခါ ခရမ်းမြို့နယ်တွင် ပါ စီးနင်းမှု ပိတ်ပင်ခဲ့ခြင်းများ ပြုလုပ်နေခြင်း ဖြစ်သည်။ mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s