ကျောက်ရစ်စခန်း ၄၀ မမဖြင့် တိုက်ခိုက်ခံရ၊ စစ်ကူလာသည့် စစ်ကောင်စီတပ် ထပ်မံတိုက်ခိုက်ခံရပြီး ၉ ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ် ကျောက်ရစ်စခန်းရှိ စစ်ကောင်စီတပ်အား ကာကွယ်ရေးတပ်ဖွဲ့မှ ၄၀ မမ များဖြင့် သွားရောက်ပစ်ခတ်ခဲ့ပြီး စစ် ကူလာသည့် စစ်ကောင်စီတပ်မှာလည်း ထပ်မံ တိုက်ခိုက်ခံရ သဖြင့် ကိုဦး ဒဏ်ရာရရှိသွားကြောင်း Natogyi Regional Defence Force – NRDF မှ အောက်တိုဘာလ ၂၂ ရက်နေ့က သတင်းထုတ်ပြန်ထားသည်။
အောက်တိုဘာလ ၂၁ ရက်နေ့ ညအချိန်တွင် ကျောက်ရစ်ကျေးရွာအနီးပတ်ဝန်းကျင်ရှိ ကျေးရွာများမှ ပစ္စည်းများကို အဓမ္မသိမ်းယူလာပြီး အောက်တိုဘာလ ၂၂ ရက်နေ့ နံနက်ပိုင်းတွင် ကျောက်ရစ်အနောက် ရွာမှ စခန်းအတွင်းသို့ဝင်နေစဉ် ကာကွယ်ရေးပူးပေါင်းတပ်မှ ၄၀ မမ များဖြင့် သွားရောက်ပစ်ခတ်ခဲ့ ခြင်းဖြစ်သည်။
“ပထမမစ်ရှင်က ရွာထိပ်ထိသွားပစ်တာ စခန်းထဲကိုရောက်လောက်မဲ့အကွာအဝေးထိဗျ။ ဒုတိယ မိုင်းဆွဲ တာ ပိုထိမယ်။ Point ပေါ်ထိ ပြေးတက်လာတာ။ တခြားပြောချင်တာကတော့ နောက်လုပ်ဖို့ ဆွဲထားတဲ့ Mission တွေ မြန်မြန်အကောင်အထည်ဖော်နိုင်ဖို့ ထောက်ပံ့မှုတွေပဲလိုအပ်နေတာ” ဟု MSPDF ပြန်ကြား ရေးတာဝန်ခံက လူထုနွေဦးကို ဖြေကြားထားသည်။
၄၀ မမ များဖြင့်သွားရောက်ပစ်ခတ်ခဲ့သော ရဲဘော်များအား အကြမ်းဖက်စစ်ကောင်စီ၏ ကင်းသမားများမှ လက်နက်ငယ်များဖြင့်ပြန်လည်ပစ်ခတ်ခဲ့ကြပြီး ပစ်ခတ်နေစဉ်အတွင်း စစ်ကောင်စီစခန်းအတွင်းမှ တပ်ကူများရောက်ရှိလာ၍ အင်အားသုံးကာ လိုက်လံပစ်ခတ်မှုကြောင့် ပြည်သူ့ကာကွယ်ရေးရဲဘော်များမှ ကာပစ် ပစ်ပြီးဆုတ်ခွာလာခဲ့ရသည်။
အပြန်အလှန်ပစ်ခတ်မှုမှာ ငါးမိနစ်ခန့်ကြာမြင့်ခဲ့ပြီး ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့၏ စနိုက်ပါတပ်ဖွဲ့ မှလည်း စနိုက်ပါဖြင့် ပစ်ခတ်တိုက် ခိုက်ခဲ့ကြောင်း သိရသည်။
လိုက်လံပစ်ခတ်သည့် အကြမ်းဖက်စစ်ကောင်စီတပ်များကို အသင့်ချထားသော MSPDF ထုတ် ပြင်းအား မြင့်မိုင်းများဖြင့် နေရာနှစ်နေရာတွင် မိုင်းဆွဲတိုက်ခိုက်မှု ထပ်မံပြုလုပ်ခဲ့သည်ဟု ဆိုသည်။
အကြမ်းဖက်စစ်ကောင်စီတပ်ဘက်မှ အထိနာသောကြောင့် ဘေးပတ်ဝန်းကျင်အိမ်များအား မွှေနှောက် ဖျက်ဆီးမှုများလည်းပြုလုပ်ခဲ့ကြောင်းသိရပြီး ပြည်သူ့ရဲဘော်များ အထိအခိုက်မရှိ ဆုတ်ခွာလာနိုင်ခဲ့ ကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုအား Natogyi Regional Defence Force – NRDF နှင့်အတူ ညီနောင်မဟာမိတ်များ ဖြစ်ကြသည့် စစ်ကိုင်းခရိုင် တပ် ရင်း အမှတ် (၄) – MSPDF ၊ ဓာတ်ကြီးလေးပါ (Four Elements)၊ ပြောက် ကျားလင်းယုန်အဖွဲ့တို့မှ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။mizzima