Monthly Archives: Oct 2022

ပုသိမ်အကျဉ်းထောင်သို့ ထောင်ဝင်စာပို့ခွင့် ရက်အကန့်အသတ်မရှိ ပိတ်ပင်

ဧရာဝတီတိုင်း၊ ပုသိမ်မြို့မှာရှိတဲ့ ပုသိမ်အကျဉ်းထောင်ထဲကို အောက်တိုဘာ ၂၀ ရက်က စတင်ပြီး ထောင်ဝင်စာပို့ခွင့် ရက်အကန့်သတ်မရှိ စစ်ကောင်စီက ပိတ်ပင်ခဲ့တယ်လို့ အကျဉ်းထောင်နဲ့နီးစပ်သူတွေဆီက သိရပါတယ်။

အင်းစိန်ထောင် ဗုံးပေါက်ကွဲပြီးနောက်ပိုင်းမှာပဲ စစ်ကောင်စီတပ်သားတွေက ကား ၂ စီးနဲ့လာပြီး နိုင်ငံရေး အကျဉ်းသားတွေကိုရော အခြားအ ကျဉ်းသားတွေကိုပါ ထောင်ဝင်စာပို့ခွင့်ပိတ်ဖို့ လာညွှန်ကြားခဲ့တာလို့ အကျဉ်းထောင်နဲ့နီးစပ်သူတွေက ပြောပါတယ်။

“အင်းစိန်ထောင် ဗုံးပေါက်တဲ့နေ့လယ်ပိုင်းကတည်းက လာပိတ်တာ။ စစ်ကား နှစ်စီးနဲ့လာပြီ ပြောသွားတာ။ ထောင်ထဲလည်း ပတ်ရှာသွားသေးတယ်။ ဗုံးရှာသလို မိုင်းရှာသလိုမျိုးနဲ့ ကြောက်နေပုံရတယ်။ ရက်အကန့်သတ် မရှိပိတ်ဖို့နဲ့ သူတို့လာပြောမှ ထောင်ဝင်စာပြန်သွင်းဖို့မှာသွားတာ” လို့ အကျဉ်းထောင်နဲ့နီးစပ်သူတဦးက ပြောပါတယ်။

အကျဉ်းထောင်အတွင်း ထောင်ဝင်စာပို့ခွင့် စစ်ကောင်စီက ရက်အကန့်အသတ်မရှိ ပိတ်ပင်ခံတာကြောင့် မတရားဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားတွေအတွက် ပိုပြီး နစ်နာစေသလို ကျန်းမာရေးနဲ့ ပုံမှန် ဆေးသောက်နေရသူတွေအတွက် အခက်အခဲတွေ ဖြစ်လာနိုင်တယ်လို့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတဦးက ပြောပါတယ်။

“ပိတ်လိုက်တော့ ပုံမှန်ဆေးတမျိုးမျိုးသောက်နေရတဲ့ ရောဂါအခံရှိသူတွေအတွက် ပိုခက်ခဲလာတာပေါ့။ ကျန်းမာရေးကိစ္စတွေက ထောင်ထဲမှာ အဆင်မပြေဘူးလေ။ ဒါက ထောင်ကျဖူးသူတိုင်းလည်း သိပါတယ်။ ကျွေးတဲ့ထမင်းကလည်း အဲ့လောက် အကောင်းကြီးမဟုတ်ဘူး။ အဲ့တော့ အစာအဟာရလည်းမရှိ ဆေးကလည်း မသောက်ရဆို ပိုပြီးတော့ ကျန်းမာရေးထိခိုက်လာနိုင်တယ်”လို့ ပြောပါတယ်။

ထောင်ဝင်စာပို့ခွင့်မပိတ်ခင်က တပတ်ကို သုံးရက် ထောင်ဝင်စာပို့ခွင့်ရပြီး ထောင်ဝင်စာလာပို့သူရဲ့ အချက် အလက်တွေယူကာ အကျဉ်းသား တယောက်ကို ဟင်းဘူး ငါးဘူးထိပို့ခွင့်ပေးခဲ့တယ်လို့ ဆိုပါတယ်။

ပုသိမ်အကျဉ်းထောင်ထဲမှာ ပုသိမ်ခရိုင်အတွင်းက နိုင်ငံရေးတက်ကြွလှုပ်ရှားသူ အမျိုးသား ၃၀၀ ကျော်နဲ့ အမျိုးသမီး ၇၀ ကျော် စစ်ကောင်စီရဲ့ မတရားဖမ်းဆီးခံထားရပြီး အဲ့အထဲက ၁၀၀ ကျော်က ပြစ်ဒဏ်ချမှတ်ခံ ထားရသူတွေဖြစ်တယ်လို့ အကျဉ်းထောင်နဲ့နီးစပ်တွေက ပြောပါတယ်။

ပုသိမ်အကျဉ်းထောင်မှာ ၂၀၂၂ ခုနှစ်၊ ဇွန်လ ၂၂ ရက်နေ့ကလည်း ထောင်ဝင်စာပို့ခွင့်ပိတ်ပင်ခဲ့တာကြောင့် နိုင်ငံရေးအကျဉ်းသားတွေ ဆန္ဒပြလို့ တာဝန်ရှိသူတွေနဲ့ ညှိနှိုင်းပေးခဲ့ရတယ်လို့ အကျဉ်းထောင် အသိုင်းဝိုင်းက သိရပါတယ်။ DVB

စစ်တပ်၏ ဗိုလ်ကျစိုးမိုးနေမှုကို အပြီးတိုင် ချေမှုန်းရေး နိုင်ငံရေးနှင့်စစ်ရေး အရွေ့ တစ်ခုသို့ ဗျူဟာအသစ်ဖြင့် တိုက်ပွဲဝင်မည်ဟု KIO ခေါင်းဆောင် ဗိုလ် ချုပ်ကြီး အင်ဘန်လ မိန့် ခွန်း ပြော

မြန်မာနိုင်ငံတွင် စစ်တပ် ဗိုလ်ကျစိုးမိုးနေမှုကို အပြီးတိုင် ချေမှုန်းရေး နိုင်ငံရေးနှင့်စစ်ရေး အရှိန် အရွေ့တစ်ခုသို့ ဗျူဟာသစ်ဖြင့် တိုက်ပွဲဝင်မည်ဖြစ်ကြောင်း KIO ခေါင်းဆောင် ဗိုလ်ချုပ်ကြီး အင်ဘန်လက ပြည်သူလူထုတစ်ရပ်လုံးသို့ အသိ ပေး မိန့်ခွန်းပြောဆိုလိုက်သည်။

KIO တည်ထောင်ခြင်း ၆၂ နှစ်ပြည့်အထိမ်းအမှတ်း ထုတ်ပြန်သော မိန့်ခွန်းတွင် KIO ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လက အထက်ပါအတိုင်းပြောဆိုခြင်းဖြစ် ကြောင်း သိရှိရသည်။

KIO ဗဟိုအနေဖြင့် မကြာမီ နိုင်ငံရေးနှင့်စစ်ရေးအရှိန် အရွေ့တစ်ခုကို အဆင့်မြှင့်ပြီး ဆောင်ရွက်တော့မည် ဖြစ် ကြောင်း၊ နိုင်ငံ၏ အချုပ်အ ခြာ အာဏာအရပ်ရပ်ကို စစ်တပ်ကသာ ထာဝရ ဗိုလ်ကျစိုးမိုးရေး ဆိုသည့်မူကို အပြီးတိုင်ချုပ် ငြိမ်းသွားရေး တော်လှန်ရေး မဟာမိတ်တပ်ဖွဲ့ အားလုံးနှင့် ပူးပေါင်းလက်တွဲပြီး ချေမှုန်းသွားတော့မည် ဖြစ်ကြောင်း၊ ပြည်သူများအားလုံးလည်း မိမိတို့ တတ် နိုင်သည့်ဘက်မှ ပါဝင်ကူကြရန် လိုအပ်ကြောင်း ယနေ့ကျရောက်သည့် ၆၂ နှစ်ပြည့် ကေအိုင်အို အထိမ်းအမှတ်နေ့တွင် ဥက္ကဋ္ဌကြီး ဗိုလ်ချုပ်ကြီး အင်ဘန်လ၏ မိန့်ခွန်းတွင် ဖော် ပြထားသည် ။

စစ်အာဏာရှင် တော်လှန်ရေးတွင် KIO ၏ ဟာဗျူဟာအသစ်ဖြင့် အဆင့်မြှင့်တင်ပြီး အချိန်ကိုက်ပြင်ဆင်ထားရမည်ဖြစ်ကြောင်း၊ များမကြာမီ အချိန်တွင် နိုင်ငံရေးနှင့် စစ်ရေးအရှိန် အရွေ့တစ်ခုတွင် KIO အရာရှိ၊ဝန်ထမ်းများအားလုံး၊ ပြည်သူများအားလုံး အစွမ်းကုန်ပူးပေါင်း ပါဝင်ကူ ညီကြရန် လိုအပ်သည်ဟု ဗိုလ်ချုပ်ကြီး အင်ဘန်လက ထပ်လောင်း ပြောဆိုသည်။

ပင်လုံစာချုပ်သည် ၁၉၄၇ ဖွဲ့စည်းပုံဥပဒေ၏ လွမ်းမိုးချေဖျက်ခြင်းကိုခံရသည့် အတွက် တိုင်းရင်းသားလူမျိုးများ တော်လှန်လာရခြင်းဖြစ်ပြီး နိုင်ငံ တော်၏ အချုပ်အခြာအာဏာကို စစ်တပ်က ထဝရ ဦးဆောင်ချုပ်ကိုင်သွားမည့် စစ်အာ ဏာရှင်စနစ်ကြောင့် ပြည်တွင်းစစ်ကို ပိုမိုတောက်လောင်စေမည်ဖြစ် ကြောင်း၊ စစ်တပ်ကြောင့် ပြည်သူအားလုံး ခက်ခဲ ဆင်းရဲကျပ်တည်းနေကြောင်း ၊၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းမှုကြောင့် တနိုင်ငံလုံး၌ ရှုပ်ထွေးကျပ်တည်းသွားသည့် အခင်းအကျင်းသို့ ဆိုက်ရောက်သွားပြီး ဆင်းရဲဒုက္ခများနှင့် ကြုံတွေ့နေရသော်လည်း အခြားတစ်ဖက်၌ ထွက်ရှိလာသော အဖြေ တစ်ခုမှာ အာဏာရှင်စနစ်ကို ချေမှုန်းတိုက်ဖျက်ပစ်ရမည်ဆိုသည့် အချက်ဖြစ် ကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။ khit thit

ဟင်္သာတမြို့တွင် မီးပုံမှန်မလာသော်လည်း မီတာခများကို ပုံမှန်ထက် ၂ဆတိုး ကောက်ခံနေ

ဧရာဝတီတိုင်း၊ ဟင်္သာတမြို့တွင် ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် သြဂုတ်လမှ စတင်ကာ စစ်ကောင်စီလက်ပါးစေ လျှစ်စစ်ရုံးဝန်ထမ်းများက ပုံမှန်ထက် ပိုမိုများပြားသည့် မီတာခများ တိုးမြှင့်ကောက်ခံနေသည်ဟု ဒေသခံများထံက သိရသည်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း မီးပုံမှန်မလာသော်လည်း ပုံမှန်အိမ်သုံး လျှပ်စစ်မီတာခများကိုပင် နှစ်ဆတိုးကောက်ခံနေခြင်းဖြစ်ကြောင်း ဒေ သခံတစ်ဦးက ပြောသည်။

၎င်းအပြင် မီတာမဆောင်သည့် အိမ်များမှ လျှပ်စစ်မီတာများကို ဖြုတ်သိမ်းခြင်းများနှင့်၊ မီးဖြတ်တောက်ခြင်းများကို လျှပ်စစ်ရုံးဝန်ထမ်းများကပြုလုပ်နေကြောင်း ဒေသခံကဆိုသည်။

“ကျွန်တော့်အိမ်ဆိုရင် ဖန်ချောင်းလောက်ပဲသုံးတော့ အရင်ကဆို ငါးထောင်ကျော်လောက်ပဲ မီတာခကျတယ်။ အခုတစ်သောင်းကျော် ဆောင်နေရတယ်။ ကျွန်တော့် အဒေါ်အိမ်နဲ့ တခြားအိမ်တွေလည်း အဲ့ဒီလိုပဲဗျ၊ အရင်တစ်သောင်းကျော်လောက် မီတာဆောင်နေရတဲ့အိမ်တွေ၊ အခု နှစ်သောင်းကျော်ဆောင်နေရတယ်။ မီးမလာဘဲ ယူနစ်တွေပို တက်လာတာလည်း တွေ့ရတယ်”ဟု ၎င်းကဆိုသည်။

ထို့သို့ ပုံမှန်ထက်ပိုမိုများပြားသော မီတာခများကို တိုးမြှင့်ကောက်ခံနေသည့် လျှပ်စစ်ရုံးဝန်ထမ်းများက မီတာမဆောင်သည့် နေအိမ်များအား ဥပဒေအရ အရေးယူမည်ဟု ခြိမ်းခြောက်မှုများလည်း ပြုလုပ်နေသည်ဟု ဒေသခံကဆက်လက်ပြောသည်။

ဧရာဝတီတိုင်းတွင် စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဟင်္သာတမြို့အပါအဝင် အခြားမြို့နယ်များအားလုံး၌ တစ်နေ့လျှင် ငါးနာရီခန့်သာ လျှပ် စစ်မီးရရှိနေသည်ဟု သက်ဆိုင်ရာမြို့နယ်များရှိ ဒေသခံများ၏ပြောကြားချက်အရသိရသည်။

ဟင်္သာတမြို့ ၊ရုံးကြီးအရပ်၊ ရဲဖြတ်လမ်းရှိ လျှပ်စစ်ရုံးတွင် ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် အောက်တိုဘာလ ၂၈ ရက်နေ့က ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီးနောက် မီတာခ ပေးဆောင်သူ နည်းပါးခဲ့သော်လည်း လက်ရှိတွင် လျှပ်စစ်မီတာခ ပေးဆောင်သူအများအပြားရှိနေကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရသည်။ mizzima

ရေကြည်မြို့မရဲစခန်းက ရဲတပ်ကြပ်ကြီးတဦး ကိုဗစ်ရောဂါဖြင့် သေဆုံး

ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်၊ မြို့မရဲစခန်းက စာရေးရဲတပ်ကြပ်ကြီး ထွန်းထွန်းမင်းဟာ အောက်တိုဘာ ၂၁ ရက်နေ့က ကိုဗစ်ရောဂါဖြစ်ပွားပြီး သေဆုံးခဲ့တယ်လို့ ရဲတပ်ဖွဲ့အသိုင်းဝိုင်းက သိရပါတယ်။

စာရေးရဲတပ်ကြပ်ကြီး ထွန်းထွန်းမင်းဟာ ရောဂါဖြစ်ပွားလို့ ဆေးရုံတက်ချိန်မှာပဲ ကိုဗစ်ရောဂါ ကူးစက်ခံရကြောင်း သိရှိခဲ့တာဖြစ်ပြီး အဲ့နေ့မှာပဲ သေဆုံးခဲ့တာလို့ ရဲတပ်ဖွဲ့နဲ့နီးစပ်သူတွေက ပြောပါတယ်။

“ဒီဆရာကြီးက အရက်သောက်တာ များတယ်၊ အဲ့တော့ အသဲမကောင်းဘူး။ နောက်ဆုံး ဆေးရုံတက်မှ ကိုဗစ်ဖြစ်နေတာသိတာ။ အဲ့နေ့ပဲ ဆေး ရုံမှဆုံးတာ” လို့ ရဲတပ်ဖွဲ့နဲ့နီးစပ်သူတဦးက ပြောပါတယ်။

ရဲတပ်ကြပ်ကြီး ထွန်းထွန်းမင်း ကိုဗစ်ရောဂါနဲ့သေဆုံးတာနဲ့ပတ်သက်ပြီး သတင်းကိုအပြင်မပေါက်ကြားဖို့ စစ်ကောင်စီဘက်က ရဲတပ်ဖွဲ့ကို ဖိအားပေးခဲ့တာလို့ ဆိုပါတယ်။

ကိုဗစ်နဲ့သေဆုံးခဲ့တဲ့ ရဲတပ်ကြပ်ကြီး ထွန်းထွန်းရဲ့ ရုပ်အလောင်းလည်း နေ့မကူးဘဲ သင်္ဂြိုဟ်ခဲ့ရတယ်လို့ ရဲတပ်ဖွဲ့နဲ့နီးစပ်သူတွေက ပြောပါတယ်။

ဧရာဝတီတိုင်းမှာ အောက်တိုဘာ တတိယပတ်အထိ ကိုဗစ်လူနာ ၂၀၀ ကျော်တွေ့ရှိထားတယ်လို့ စစ်ကောင်စီလက်အောက်ခံ ကျန်းမာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပေမယ့် ကိုဗစ်နဲ့သေဆုံးတဲ့ လူနာစာရင်းကိုတော့ ထုတ်ပြန်ထားတာမျိုးမရှိပါဘူး။ DVB

ဖားကန့်တွင် ပြည်သူများကို စစ်လေယာဉ်ဖြင့် ပစ်ခတ်သတ်ဖြတ်မှုအပေါ် ဝမ်း နည်းကြောင်း Facebook ပရိုဖိုင်း အမည်းရောင် ချိန်းသည့် စစ်ဆေးပါရဂူ ဗိုလ်မှူး ကျော်ဖုန်းမြင့်ကို စစ် တပ်က အကြမ်းဖက် ဖမ်းဆီး

ကချင်ပြည်နယ်၊ ဖားကန့်တွင် ပြည်သူများကို စစ်လေယာဉ်ဖြင့် ပစ်ခတ်သတ် ဖြတ်မှုအပေါ် ဝမ်းနည်းကြောင်း Facebook ပရိုဖိုင်း အမည်းရောင်ချိန်းသည့် နေပြည်တော် ကုတင် ၃၀၀ ဆေးရုံမှ စစ်ဆေးဆရာဝန် ပါရဂူ ဗိုလ်မှူး ကျော်ဖုန်းမြင့်ကို စစ်တပ်က ယနေ့ နံနက်ပိုင်း အကြမ်း ဖက် ဖမ်းဆီးသွားကြောင်း စစ်တပ်သတင်းရင်းမြစ်များက ပြောသည်။

အောက်တိုဘာလ ၂၃ ရက်နေ့ ညပိုင်း ဖားကန့်တွင် KIO ၆၂ နှစ်ပြည့် အခမ်း အနား ကျင်းပစဉ် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲသဖြင့် ကချင် အနုပညာရှင်၊ စီးပွားရေးလုပ်ငန်းရှင်၊ ဂီပညာရှင် အပါအဝင် ပြည်သူ ၈၀ ဦးကျော် သေဆုံးမှုကို စစ်ဆေးဆရာဝန် ဗိုလ်မှူး ကျော်ဖုန်းမြင့်က ဝမ်းနည်းသည့်အနေဖြင့် လူမှုကွန်ရက် ဖေ့ဘုတ်စ် ပရိုဖိုင်းဓာတ်ပုံ အမည်းပြောင်းခြင်း၊ ကွန်မန့်တွင် ယင်းဖြစ်စဉ်ကြောင့် ဖေ့ဘုတ်စ်ပရိုဖိုင် အမည်းပြောင်းရကြောင်း မှတ်ချက်ပေးခဲ့ကြောင်း သိရှိရသည်။

အောက်တိုဘာလ ၂၅ ရက်နေ့ နံနက်ပိုင်းတွင် အကြမ်းဖက်စစ်ကောင်စီတပ်က စစ်ဆေးဆရာဝန် ပါရဂူ ဗိုလ်မှူး ကျော်ဖုန်းမြင့်ကို နေပြည်တော် ကုတင် ၃၀၀ ဆေးရုံတွင် အကြမ်းဖက် လာရောက် ဖမ်းဆီးသွားကြောင်း သိရှိရသည်။

“နေပြည်တော် ကုတင် ၃၀၀မှာ စစ်ဆေး ပါရဂူ ဗိုလ်ကြီး(ဗိုလ်မှူး) ကျော်ဖုန်းမြင့်ကို အခုမနက် ဖမ်းသွားပါတယ်။ မနေ့က ပြည်သူတွေ သေတဲ့ကိစ္စအပေါ် အမည်းရောင် profile ဓာတ်ပုံ ပြောင်းလို့ ။ ဖရဲသီးလို့စွပ်စွဲပြီး ဖမ်းခိုင်းကြတာ။ စစ်လော်ဘီတွေက သတ်ဖို့တောင် ပြောနေကြတာ။ စစ်​ကြောရေးဖမ်းခေါ်သွားတယ်။ သူ့ဖေ့ဘုတ်စ်က မီးစိမ်းနေတယ်” ဟု ရန်ကုန်ခေတ်သစ်၏ သတင်းရင်းမြစ်က ပြောသည်။ khit thit

ဘုတလင်မြို့နယ်တွင် တိုက်ပွဲဖြစ်၊ အရာတော်နှင့်မြင်းမူမြို့တို့က စစ်ကောင်စီတပ်များ မိုင်းဆွဲခံရ

စစ်ကိုင်းတိုင်း ဘုတလင်မြိုနယ်၊ မကျည်းအုပ်ကျေးရွာနားမှာ အောက်တိုဘာ ၂၅ ရက် မနက် ၈ နာရီက တိုက်ပွဲဖြစ်ပွားနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီတပ်က ဘုတလင်မြို့နယ် NUG အစိုးရလက်အောက်ခံ ဘုတလင်ဗန္ဓုလတပ်ရင်း ၁ စခန်းကို လက်နက်ကြီးနဲ ပစ်ခတ်အပြီး အခုလို တိုက်ပွဲဖြစ်နေတာလို့ ဘုတလင်ဒေသခံ ပကဖခေါင်းဆောင်က တဦးက ပြောပါတယ်။

“သူတို့က ကျနော်တို့ စခန်းကို အရင် စ လာတိုက်လို့ တိုက်ပွဲဖြစ်နေတယ်။ အခုလည်း တိုက်ပွဲက မပြီးသေးဘူး။ ခုခံရသလောက် ခုခံရတယ်။ လက်နက် မပြည်စုံတော့ ဆုတ်ရတာပေါ့။ နှစ်ဖက် အထိခိုက်အကျဆုံးကတော့ တိုက်ပွဲ မပြီးသေးလို မသိရသေးဘူး။” 

အောက်တိုဘာလအတွင်း ဘုတလင်မြို့နယ်က ပြည်သူကာကွယ်ရေးအဖွဲ့တွေရဲ့ စခန်းတွေကို ရှင်းလင်းနေပြီး ဖမ်းဆီးမိတဲ့ PDF တပ်သားတွေကို ဒေသခံပြည်သူများရှေ့မှာ သတ်ပြကာ ခြိမ်းခြောက်နေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ပြီးခဲ့တဲ ရက်ပိုင်းကလည်း ဘုတလင်မြို့နယ်၊ ညောင်ကန်ကျေးရွာနားက ဒေသခံပြည်သူကာကွယ်ရေးစခန်းတခုကို ဝင်ရောက်စီးနင်းကာ  PDF ၂ ယောက်ကို သတ်ဖြတ်ခဲ့ ပါတယ်။

အရာတော်မြို့ ခြေတော်ရာဘုရားအနီး စစ်ကောင်စီတပ်ဖွဲ့ဝင် နှစ်ယောက်ကို ပါဆယ်မိုင်းနဲ့ ဖောက်ခွဲ တိုက်ခိုက်ရာမှာ ၁ ယောက် သေဆုံးပြီး ၁ ယောက် အပြင်းထန်ဒဏ်ရာ ရသွားတယ်လို့ ဒေသကာကွယ်ရေးအဖွဲ့က ပြောပါတယ်။

အောက်တိုဘာ ၂၃ ရက်မနက်ပိုင်းက ခြေတော်ရာဘုရားနားကို စစ်ကောင်စီတပ်ဖွဲ့ဝင် နှစ်ယောက် ဆိုင်ကယ်နဲ့ ရောက်ရှိလာစဉ် ပါဆယ်မိုင်းနဲ့ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

Burmese Farmers Defence Force မှ တာဝန်ရှိသူက  “သူတို့ လမ်းကြောင်းကို သတင်း အတိ အကျရ ထားလို့ ပါဆယ်မိုင်း ချခဲ့တာပါ။ ဆိုင်ကယ် မောင်းလာတဲ့ နှစ်ကောင်စလုံး ထိတာ။ တကောင်က မိုင်းကွဲတဲ့ နေရာမှာတင် ပွဲချင်းပြီး သေတယ်။ တကောင်ကတော့ ဒဏ်ရာရတာ တော်တော်များတယ်။ ရဲဘော်တွေရဲ့ လုံခြုံရေးအရ နောက်ရက်မှ ထုတ်ပြန်နိုင်တာပါ ” လို့ ပြောပါတယ်။

မိုင်းပေါက်ကွဲမှုဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်က ကင်းလှည့်တာနဲ့ အရာတော်မြို့အနှံ့ စစ်ဆေး မေးမြန်းခဲ့တယ်လို့ သိရပါတယ်။

အရာတော်မြို့နယ်မှာ အောက်တိုဘာ ၁၈ ရက်ကလည်း ဇရစ်ကျေးရွာမှ ကူးတို့ကိုင်း ကျေးရွာဘက်ကို စစ်ကြောင်းရွှေ့လာတဲ့ စစ်ကောင်စီတပ်ကို ဒေသကာကွယ်ရေးတပ်ဖွဲ့က မိုင်းဆွဲတိုက်ခိုက်ရာ စစ်သား ၄ ယောက် သေဆုံးပြီး ၅ ယောက်ထက် မနည်းအပြင်းအထန် ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။

စစ်ကိုင်းတိုင်း စစ်ကိုင်းမြို့နယ် ရွာမ နဲ့ နတ်ခရိုင်ကြားမှာ စစ်ကောင်စီယာဉ် ၃ စီးကို  အောက်တိုဘာ ၂၄ ရက် ညနေ ၅ နာရီကျော်က မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ZERO ပြောက်ကျား တပ်ဖွဲ့(မြင်းခြံ)အဖွဲ့ရဲ့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။

မိုင်းဆွဲခံရတဲ့ စစ်ကာ ၃ စီးဟာ အင်အား ၉၀ လောက်နဲ့ မြင်းမူမြို့ကနေ စစ်ကိုင်းမြို စစ်ကောင်စီတပ်မ ၃၃ တပ်ရင်းကို ပြန်ရင်း အခုလို မိုင်းဆွဲ တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

မြင်းခြံ ZERO ပြောက်ကြားတပ်ဖွဲ တာဝန်ရှိသူ ကိုသက်ကြီးက “မြင်းမူကနေ စစ်ကိုင်းကို မိုင်းရှာရင်း ပြန်လာတာကို နှစ်နေရာကနေ တိုက်ခိုက်ခဲ့တာ။ မနက်က တကြိမ်၊ ညနေက တစ်ကြိမ်  ၂ ကြိမ် တိုက်ခိုက်ခဲ့တာ။ ကား ၃ စီးထဲက နောက်ဆုံးကားကို မိုင်း ၈ လုံး ဆွဲတိုက်ခိုက်ခဲ့တာ။ ၇ ကောင်တော့ နေရာတင် သေတယ်။ ၁၇ကောင်ကတော့ ပြင်းထန်ဒဏ်ရာရသွားတယ်ဆိုတာ အုန်းတောသတင်းပေးက ပြောလို့ သိထားရတယ်”လို့ ပြောပါတယ်။

စစ်ကောင်စီဘက်က စစ်ကိုင်းတိုင်း၊ မကွေးတိုင်းအတွင်းက တိုက်ပွဲတိုင်းမှာကျဆုံးတဲ့ စစ်သားအရေအတွက်ကို သတင်းထုတ်ပြန်လေ့ မရှိသလို သီးခြားအတည် မပြုနိင်သေးပါဘူး။ DVB

ရှမ်းပြည်တောင်ပိုင်း ဒေသခံတော်လှန်ရေးတပ်ပေါင်းစုဖွဲ့စည်းကြောင်း ကြေညာ

ရှမ်းပြည်တောင်ပိုင်းအတွင်း လှုပ်ရှားလျှက်ရှိသော ဒေသခံ‌တော်လှန်ရေးအင်အားစု(Local PDF) များနှင့်‌ မြို့ပြပြောက်ကျားတပ်ဖွဲ့(UG)တို့ကို တစ်စုတစည်းတည်းစုစည်း၍ ရှမ်းပြည်(တောင်ပိုင်း) ဒေသခံတော်လှန်ရေးတပ်ပေါင်းစုအား အောက်တိုဘာလ ၂၄ ရက်နေ့တွင် ဖွဲ့စည်းခဲ့ကြောင်း သိရသည်။

အဆိုပါတပ်ပေါင်းစုတွင် ရှမ်းပြည်နယ်တောင်ပိုင်းတွင် အသီးသီးတော်လှန်လျက်ရှိသော ဒေသခံ‌ တော် လှန်ရေးအင်အားစု(Local PDF)များနှင့်‌ မြို့ပြပြောက်ကျားတပ်ဖွဲ့(UG)အဖွဲ့ ငါးဖွဲ့ပါဝင်ကြသည်ဟု ထုတ် ပြန်ချက်တွင်ပါဝင်သည်။

ထုတ်ပြန်ချက်အရ တပ်ပေါင်းစုတွင် ပူးပေါင်းပါဝင်ထားသောအဖွဲ့အစည်းများမှာ Force 36 Ranger, Joe Phyu Guerrilla Force, Ye-Ngan Urban Guerrillas, Urban Task Force Aung Ban – UTF နှင့် RED ANTS Guerrillas force တို့ဖြစ်သည်။

တော်လှန်ရေးကို အင်အားစုကြီးတစ်ရပ်ဖြင့် ပိုမိုအရှိန်ဟုန်မြှင့်လုပ်ဆောင်နိုင်ရန်၊ ဒေသခံကာကွယ်ရေး တပ်ဖွဲ့များအကြား အချင်းအချင်းအ ပြန် အလှန်ကူညီရိုင်းပင်း၍ စစ်ဆင်ရေးများကိုပိုမိုထိရောက်စွာ လုပ်ဆောင်နိုင်ရန်နှင့် ရှေ့ဆက်လုပ်ငန်းစဥ်များ လုပ်ဆောင်ရန်ရည်ရွယ်ချက်ဖြင့် ဆွေးနွေးတိုင်ပင် ဖွဲ့စည်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ဒီလို တစုတစည်းတည်း ဖွဲ့စည်းလိုက်ခြင်းကြောင့် လှုပ်ရှားမူအားကောင်းလာပြီး အရင်ကထက် ပိုပြီး ထိရောက်လာမယ်။ စည်းလုံးခြင်းသည် အင်အားဆိုသလိုပေါ့” ဟု Joe Phyu Guerrilla Force မှ ပြန်ကြား ရေးတာဝန်ခံက မဇ္ဈိမကို ပြောသည်။

ထို့အတူ မဟာမိတ်တော်လှန်ရေးအင်အားစုများနှင့် ပူး‌ပေါင်းချိတ်ဆက်ပြီး စစ်‌ရေးများပူးပေါင်းလုပ် ဆောင်နိုင်ရန်အတွက် ဗဟိုကော်မတီတစ် ရပ်ကိုပါ ဖွဲ့စည်းနိုင်ခဲ့ကြောင်းသိရသည်။

ရှမ်းပြည်တောင်ပိုင်းတွင် လှုပ်ရှားလျှက်ရှိသော အခြားတော်လှန်ရေးအင်အားစုများအနေဖြင့်လည်း ပူးပေါင်းပါဝင်ပေးကြရန် ရှမ်းပြည်တောင်ပိုင်းဒေသခံတော်လှန်ရေးတပ်ပေါင်းစုများက ဖိတ်ခေါ်ထား သည်။ ာငဖဖင‌ေ

ရွှေကူမြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့ရေယာဉ် နစ်မြုပ်

ကချင်ပြည်နယ် ရွှေကူမြို့နယ်၊ ဧရာဝတီမြစ်အတွင်းမှာ အောက်တိုဘာ ၂၄ ရက် မနက် အစောပိုင်းက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေလိုက်ပါလာတဲ့ မော်တော်ရေယာဉ် ၁ စီး တိမ်းစောင်း နစ်မြုပ်ခဲ့တယ်လို့ ဒေသကာကွယ်ရေးအဖွဲ့က ပြောပါတယ်။

မော်တော်ရေယာဉ်ဟာ ဧရာဝတီမြစ်ရှိ ပေါလောကျွန်းကနေ ဘိုကုန်းကျေးရွာဘက်အသွားမှာ တိမ်းစောင်းနစ်မြုပ်ခဲ့တာလို့ ဆိုပါတယ်။

ဒေသကာကွယ်ရေးတပ်ဖွဲ့ မြို့လှ KPDF တာဝန်ရှိသူတဦးက  “ခလရ ၇၈ က အင်အား ၅၀ လောက်ရှိမယ်။ ပေါလောကျွန်းကနေ ဘိုကုန်းရွာဘက်အကူးမှာ စောင်းပြီးနစ်သွားတာ။ ကသာ ဘက်ကနေ ဆန်တက်လာမယ့် ‌စစ်ရိက္ခာတင် သင်္ဘောတွေကို လုံခြုံရေးယူပေးဖို့ စောင့်ဆိုင်းနေတဲ့ အဖွဲ့ပါ။ ရေယာဉ်နစ်မြုပ်ရင်း လက်နက်တချို့လည်း ရေထဲ‌ ကျပျောက်တယ်လို့ သိရတယ်။ ‌သူတို့ တပ်ဖွဲ့က သူတို့ကို အရေးယူမယ့် အနေထားရှိတယ်” လို့ ပြောပါတယ်။

ရိက္ခာတင် စစ်ရေယာဉ်တန်း သင်္ဘော ၇ စီးလောက်ဟာ ကသာမြို့နယ်အတွင်း ဧရာဝတီမြစ်ကြောင်း တလျှောက်မှာ ပြီးခဲ့တဲ့ ရက်ပိုင်းက လက် နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် မြစ်ကမ်းဘေးရှိ ကျေးရွာ နေအိမ်တချို့ ထိခိုက်ပျက်စီးပြီး ဆင်ကုန်တိုင်ကျေးရွာက ၁၃ နှစ်အရွယ် မိန်းက လေး ငယ် သေဆုံးခဲ့ရတယ်လို့ ဒေသခံတွေက ပြောသည် DVB

M4 သေနတ်ဝယ်ယူရန် ဒေါင်းမင်းစစ်ဆင်ရေးအဖွဲ့(TYC-PDF)သို့ ကျပ်သိန်း ၁၀၀ ထောက်ပံ့လှူဒါန်း

တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်အခြေစိုက် ဒေါင်းမင်းစစ်ဆင်ရေးအဖွဲ့ (TYC-PDF)ထံသို့ M4 သေနတ်တစ်လက်စာဝယ်ယူရန်အတွက် မြန်မာကျပ်ငွေ သိန်း ၁၀၀ ကို “LIGHT OF THE FUTURE” – GROUP(အနာဂတ် အလင်းတန်းများအဖွဲ့) မှ ဆက်သွယ်ထောက်ပံ့လှူဒါန်းပေးခဲ့ကြောင်း သိရသည်။

အဆိုပါ M4 သေနတ်တစ်လက်ဝယ်ယူရန် မြန်မာကျပ်ငွေ သိန်း ၁၀၀ ကို ထောက်ပံ့ပေးခဲ့ကြောင်း ပြီးခဲ့သည့် အောက်တို ဘာလ ၂၃ ရက်နေ့က “LIGHT OF THE FUTURE” – GROUP(အနာဂတ် အလင်းတန်းများအဖွဲ့) မှ ၎င်းတို့၏ လူမှုကွန်ရက်၌ အသိပေးထုတ်ပြန်ကြေညာထားကြောင်း (TYC-PDF)အဖွဲ့၏ ပြန်ကြားရေးတာဝန်ခံထံမှ သိရသည်။

LIGHTS OF THE FUTURE- GRROUP (အနာဂတ်အလင်းတန်းများအဖွဲ့)သည် အာဏာရှင်စနစ် တော်လှန်ရေး ကာလအတွင်း နိုင်ငံတကာရောက် စင်္ကာပူ၊ မလေးနှင့် ထိုင်းနိုင်ငံတို့မှ အလှူရှင်များက ဆက်သွယ် လှူဒါန်းထား သော အလှူငွေများကို ယနေ့အထိ အစဉ်ဆက်မပြတ် တော်လှန်ရေးတပ်ဖွဲ့များ ဖြစ်သော (UG , LPDF ,PDF ) များထံ ထောက်ပံ့လှူဒါန်း ပေးနေသည့်အဖွဲ့တစ်ခုဖြစ်ကြောင်း သိရသည်။

အနာဂတ်အလင်းတန်းများအဖွဲ့အနေဖြင့် တော်လှန်ရေးမပြီးမချင်း ရှေ့ဆက်ပို၍ ထောက်ပို့လှူဒါန်းပေးသွားနိုင် ရန်ပြုလုပ်သွားမည်ဖြစ်သလို နိုင်ငံတကာရောက် မြန်မာနိုင်ငံသားများကလည်း အလှူငွေများကို ယုံကြည်စွာ ဆက်သွယ် လှူဒါန်းကြောင်း ယင်းအဖွဲ့၏ လူမှုကွန်ရက်တွင် ရေး သား ဖော်ပြထားသည်။ mizzima

ညောင်ပင်သာရွာကို စစ်ကောင်စီတပ် စစ် ကြောင်းထိုးဝင်ရောက်ပြီး လူငယ် ၄၅ ဦးအား ဖမ်းဆီး

မုံရွာမြို့နယ် မုံရွာ – အမြင့်လမ်းဘေးရှိ ညောင်ပင်သာကျေးရွာကို အောက်တိုဘာ ၂၄ ရက်  ညနေပိုင်းက စစ်ကောင်စီတပ်က ရောက်ရှိလာကာ ကျေးရွာအတွင်းရှိ ဒေသခံအမျိုးသားလူငယ် ၄၅ ယောက်ကို ဖမ်းဆီးထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မနေ့ ညနေ ၃ နာရီလောက်က မုံရွာ – အမြင့်လမ်းရှိ ညောင်ပင်သာ၊ လင်းပိုးနဲ့ လင်းပင်းဝကျေးရွာတွေကို စစ်ကောင်စီတပ် စစ်ကြောင်းဖြန့်ဝင်ရောက်လာပြီး ပစ်ခတ်ဖမ်းဆီးခဲ့တာလို့ ဒေသခံတဦးက ပြောပါတယ်။ 

“တပ်ဖြန့်ပြီး ဝင်လာတာ။ ညနေက ညောင်ပင်သာရွာကိုဝင်တော့  အင်အား ၁၀၀ ကျော် လောက်ရှိတယ်။ အဖမ်းခံရတာ အမျိုးသားလူငယ်ချည်း ၄၅ ယောက်လောက်ရှိတယ်။ အသက် ၁၅ နှစ်နဲ့  ၂၀ ကြား လူငယ်တွေ ပိုများတယ်။ ဖုန်းရော၊ ဆင်းကတ်ပါ သိမ်းသွားတာ။ ရွာထဲ ဆိုင်ကယ်မောင်းလာတဲ့ ဒေသခံရွာသား တယောက်ကိုလည်း သေနတ်နဲ့ ပစ်ဖမ်းတာ။ သေဆုံးသွားပြီလို့လည်း သိရတယ် ” လို့ ပြောပါတယ်။

လက်ရှိမှာ အဆက်သွယ်လုပ်လို့ မရတဲ့အတွက် ဘာကြောင့်ဖမ်းဆီးထားတယ်ဆိုတာနဲ့ ဘယ်နေရာမှာ ဖမ်းဆီးထားတယ်ဆိုတာ မသိရတာကြောင့် မိသားစုတွေ စိတ်ပူပန်နေကြတယ်လို့ သိရပါတယ်။

ဒ့ါအပြင် စစ်ကောင်စီတပ်ဖွဲ့ဟာ ကျေးရွာက ကား ၂ နှစ်စီးနဲ့ ဂိုဒေါင်အပါဝင် အိမ် ၃ လုံးကိုလည်း မီးရှို့သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အောက်တိုဘာ ၂၃ ရက်ကလည်း မုံရွာမြို့နယ် လယ်ဇင်အုပ်စု၊ အောင်သာကျေးရွာမှာ စစ်ကောင်စီတပ်က ကျေးရွာနေသူ အများပြားကို ဖမ်း ဆီးစစ်ဆေးခဲ့တယ်လို့ သိရပါတယ်။ DVB

« Older Entries