Monthly Archives: Oct 2022

မီဇိုရမ်ပြည်နယ်က မြန်မာ့နိုင်ငံရေးတွင် ငြိမ်း ချမ်းရေးကိုယ်စားလှယ်ဖြစ်နိုင် ဟု ပြည်နယ်ဝန်ကြီးချုပ်ဆို

အိန္ဒိယနိုင်ငံ ၊ မီဇိုရမ်ပြည်နယ်သည် မြန်မာနိုင်ငံရေးမတည်ငြိမ်မှုတွင် ကြားဝင်ဖြေရှင်း ဆောင်ရွက်ရန် ငြိမ်းချမ်းရေး ကိုယ်စားလှယ် ဖြစ်နိုင်ကြောင်း ပြည်နယ်ဝန်ကြီးချုပ်ဖြစ်သူ ဇိုးရမ်းထန်းငါ က ပြောဆိုလိုက် ကြောင်း မီဇိုရမ်အစိုးရ သတင်းပြန်ကြားရေး နှင့် ပြည်သူ့ ဆက်ဆံရေးဌာန မှ အောက်တိုဘာ ၂၆ရက်တွင် ထုတ်ပြန်သည်။

ဝန်ကြီးချုပ်သည် ပြည်နယ်အတွင်းရှိ ခေါ်ဇောလ် (Khawzawl) ခရိုင်ရုံးတည်ဆောက်ရေးလုပ်ငန်းနှင့် အခြားလုပ်ငန်းဆောင်ရွက်မှုအား ကွင်းဆင်းစစ်ဆေးစဉ် ယင်းသို့ ပြောဆိုခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။

“မီဇိုရမ်ပြည်နယ်သည် အိမ်နီးချင်းနိုင်ငံများနှင့် နယ်နမိတ်ချင်းထိစပ်နေသောကြောင့် အိမ်နီးချင်းနိုင်ငံများ တည်ငြိမ်အေးချမ်းမှုရှိရေးသည် အရေးကြီးကြောင်း မြန်မာနိုင်ငံအခြေအနေနှင့်ပတ်သက်ပြီး ဝင်ရောက်ဆောင်ရွက်ပေးရန် ဗဟိုအစိုးရထံသို့ တင်ပြတောင်းဆိုခဲ့ပြီး မီဇိုရမ်ပြည်နယ်သည်လည်း ငြိမ်းချမ်းရေးကိုယ်စားလှယ်ဖြစ် နိုင်ကြောင်း” ဝန်ကြီးချုပ်မှ ပြောဆိုခဲ့ကြောင်း ဖော်ပြထားသည်။

စက်တင်ဘာလ ၁၄ရက်နေ့က ယင်းသို့တောင်းဆိုမှုအပေါ် အိန္ဒိယဗဟိုအစိုးရ ဝန်ကြီးချုပ် မှ ငြိမ်းချမ်းရေးသည် လူသားများလုပ်ဆောင်ရမည့်အရာဖြစ်သောကြောင့် အတတ်နိုင်ဆုံးဆောင်ရွက်ပေးမည်ဟု ပြန်လည်ဖြေကြားခဲ့ကြောင်း သိရသည်။

မီဇိုရမ်အစိုးရ ပြည်နယ်ဝန်ကြီးချုပ်ဖြစ်သူ ဇိုးရမ်းထန်းငါသည် အိန္ဒိယအစိုးရထံမှ လွတ်လပ်ရေး ရယူရန်တောင်းဆိုစဉ်က ၎င်းပါဝင်ခဲ့သော မီဇိုအမျိုးသားတပ်ဦး (MNF) သည် မြန်မာနိုင်ငံ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် အခြေစိုက်လှုပ်ရှားခဲ့ပြီး ဒေသခံများမှ အကူအညီများပေးခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် စစ်တပ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံမှ စစ်ဘေးရှောင် ပြည်သူ ၄၀,၀၀၀ကျော် မီဇိုရမ်ပြည်နယ်တွင် ခိုလှုံလျက်ရှိပြီး ဒေ သတွင်းရှိ ဘာသာရေး ၊ လူမှုရေးနှင့် ပြည်နယ်အစိုးရတို့မှ ကူညီထောက်ပံ့ပေးလျှက်ရှိကာ ဗဟိုအစိုးရမှ အသိအမှတ်ပြုကူညီရန် ငြင်းဆန်လျက်ရှိကြောင်း အကူအညီပေးရေးအဖွဲ့အစည်းများထံမှ သိရသည်။ mizzima

အကျဉ်းထောင်များတွင် နိုင်ငံရေးအကျဉ်းသားများ ဦးဆောင်၍ ယခုည ၈ နာရီခွဲ စစ်အာဏာ ရှင် ဆန့်ကျင်ရေး အသံတိတ်သပိတ်ပြုလုပ်မည်

အကြမ်းဖက်စစ်ကောင်စီလက်အောက်တွင် ဖိနှိပ်မှု ခံနေရသော ပြည်သူများ စစ်အာဏာရှင် ဆန့်ကျင်ရေးအတွက် မီးပိတ်သပိတ် ဆင်နွှဲနေချိန် အင်းစိန်အကျဉ်းထောင် အပါအဝင် အကျဉ်းထောင်များတွင်လည်း နိုင်ငံရေးအကျဉ်း သားများက ဦးဆောင်၍ အသံတိတ်သပိတ် ပြုလုပ်သွားမည်ဖြစ်ကြောင်း နိုင်ငံရေးအကျဉ်းသားများက ပြင်ပသို့ စာဖြင့် သတင်းထုတ်ပြန်လိုက်သည်။

ယနေ့ ည အောက်တိုဘာလ ၂၈ ရက်နေ့ ည ၈ နာရီ ၃၀ မိနစ်မှ ည ၈ နာရီ ၄၀ မိနစ်အချိန်အထိ မီးပိတ်သပိတ် ပြုလုပ်နေချိန်တွင် အကျဉ်း ထောင် များတွင်လည်း ယနေ့ ည ၈ နာရီ ၃၀ မိနစ်မှ ည ၈ နာရီ ၃၅ မိနစ်အထိ အသံတိတ်သပိတ်ပြုလုပ်မည်ဖြစ်ကြောင်း သိရှိရသည်။

နိုင်ငံရေး အကျဉ်းသားများအနေဖြင့် မီးသပိတ်တွင် ပါဝင်ခွင့်မရသော်လည်း ထောင်အာဏာပိုင်များ၏ ခြိမ်းခြောက်မှုအကြားမှ အသံတိတ်သပိတ် ၅ မိနစ် ပြုလုပ်သွားမည်ဖြစ်ကြောင်း၊ ဖိနှိပ် အရေးယူမှုများ ရှိာမည်ဖြစ်သော်လည်း ပြည် သူတစ်ရပ်လုံးနှင့်အတူ ကျဆုံးခဲ့ရသော သူရဲကောင်းများအတွက် ဝမ်း နည်း အောင်းမေ့ခြင်းကို တစ်နိုင်ငံလုံးရှိ အကျဉ်းထောင်အသီးသီးမှ နိုင်ငံရေးအကျဉ်းသားများ ယနေ့ ည ၈ နာရီ ၃၀ မိနစ်တွင်ပါဝင်မည်ဖြစ်ကြောင်း သိရှိရသည်။

ကချင် ဖားကန့်ဒေသမှ ပြည်သူများ လေယာဉ်ဖြင့် ပစ်ခတ်ခံရမှုကြောင့် ကျဆုံး ဒဏ်ရာရရှိမှုများအတွက် ပြည်သူများနှင့်အတူ ဝမ်းနည်းကြောင်း နိုင်ငံရေးအကျဉ်း သားများက ထုတ်ပြန်ထားသည်။ khit thit

မောင်တောမြောက်ပိုင်းရှိ နယ်ခြားစောင့်စခန်းအချို့တွင် RSO တပ်ဖွဲ့ ဝင်ရောက်နေရာယူ ထား

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မြောက်ပိုင်းက အေအေတိုက်ယူထားတဲ့ နယ်ခြားစောင့်စခန်းတွေနဲ့ အင်အားနည်းလို့ နောက်ဆုတ်သွားတဲ့ နယ်ခြားမှတ်တိုင် စခန်းတွေမှာ ရိုဟင်ဂျာ သွေးစည်းညီညွတ်ရေးအဖွဲ့ (RSO) တပ်ဖွဲ့တွေက နေရာယူထားတယ်လို့ မောင်တောမြောက်ပိုင်း ကျေးရွာအများစုက ဒေသခံတွေက ပြောပါတယ်။

ခမောင်းဆိပ်ဒေသခံတယောက်က “အေအေဘက်က တိုက်ခိုက်သိမ်းပိုက်ခဲ့တဲ့ နယ်ခြားစောင့် စခန်းတွေမှာ အခု RSO တပ်ဖွဲ့တွေ နေရာယူ ထားကြတာ တွေ့ရတယ်။ အေအေဘက်က အဲဒီစခန်းတွေမှာ အထိုင်မနေကြဘူး။ လေကြောင်းနဲ့ လာတိုက်နေတော့ ဘယ်နေလို့ရမလဲ။ အခု RSO တပ်တွေ နေထိုင်နေကြတော့ လေကြောင်းနဲ့လည်း လာမတိုက်ဘူး။ အဲဒါက ဒေသခံတွေအတွက် အလွန်စဥ်းစားစရာတခု ဖြစ်နေပါတယ်” လို့ ပြောပါတယ်။

မြန်မာ-ဘင်္ဂလားနယ်စပ် နယ်ခြားမှတ်တိုင် BP ၄၀ မှ ၅၃ အထိ အင်အား ၂၀ နဲ့ ၃၀ ရှိ စခန်းငယ်တွေ ရက္ခိုင့်တပ်တော်ဘက်က သိမ်းနိုင်ခဲ့ပြီး အင်အား ၇၀ နဲ့ ၁၀၀ ကြား စခန်းတွေမှာလည်း အင်အားသွားပေါင်းပြီး နောက်ဆုတ်သွားတာတွေရှိတယ်လို့ ပဥ္စမအကြိမ် သတင်းစာရှင်း လင်းပွဲမှာ အေအေပြောခွင့်ရ ခိုင်သုခက ပြောထားပါတယ်။

မောင်တောမြို့နယ်မြောက်ပိုင်း နယ်မြေ ၄ လိပ်လနယ်ခြားစောင့်စခန်းကို အောက်တိုဘာ ၁၀ ရက် မနက်ပိုင်းမှာ အေအေက တိုက်ခိုက်သိမ်း ပိုက်ခဲ့သလို သြဂုတ် ၃၀ ရက်က မိုင်တိုင် ၄၀ နားက နယ်ခြားစောင့်တပ်စခန်း၊ စက်တင်ဘာ ၁၁ ရက်က ခမရ ၃၅၂ တပ်စခန်းနဲ့ စက်တင်ဘာ ၁၅ ရက်က မီးတိုက်ကျေးရွာနားက စစ်ကောင်စီရဲ့ လက်နက်ကြီး အထိုင်ချစခန်းကို သိမ်းယူထားခဲ့ကြတာပါ။

လက်ရှိ မြန်မာ-ဘင်္ဂလားနယ်စပ် နယ်ခြားမှတ်တိုင် BP ၄၀ မှ ၅၃ ကြားရှိ မိုင်တိုင် ၄၅ စခန်းနဲ့ တခြားစခန်း ၃ ခုမှာ ရိုဟင်ဂျာသွေးစည်းညီညွတ်ရေးအဖွဲ့အစည်း တပ်ဖွဲ့က နေရာယူထားတယ်လို့ သူတို့ရဲ့ လူမူကွန်ရက်စာမျက်နှာမှာ ဗွီဒီယိုတွေနဲ့ ဖော်ပြထားပါတယ်။

မောင်တောဒေသ စစ်ရေးလေ့လာသူတယောက်က “လယ်ပြင်မှာ ဆင်သွားသလို ရုပ်လုံးကြီး ပေါ်နေတာလေ။ အေအေက စခန်းတွေကို တိုက် ခိုက်ခဲ့တာပဲရှိတယ်။ ဗျူဟာအရ အထိုင်မနေဘူး။ အဲဒီနေရာတွေကို နယ်ခြားစောင့်တွေလည်း ပြန်ပြီး အင်အားမဖြည့်နိုင်တော့ဘူး။ အဲ့ဒါကြောင့် စစ်ကစားဖို့ စစ်ကောင်စီရဲ့ အသုံးတော်ခံ RSO တို့ ARSA တို့ကို စစ်ကောင်စီက နေရာယူခိုင်း ထားတာ” လို့ ပြောပါတယ်။

အဲဒီလို RSO တွေ စစ်ကောင်စီရဲ့ နယ်ခြားစောင့်စခန်းတွေမှာ နေရာယူထားကြပေမဲ့ စစ်ကောင်စီဘက်ကတော့ လေကြောင်းတိုက်ခိုက်မှု တစုံတရာပြုလုပ်တာ မတွေ့ရသေးဘူးလို့ မြောက်ပိုင်းဒေသခံတွေဆီက သိရပါတယ်။

မြန်မာ-ဘင်္ဂလားနယ်စပ်ရှိ အေအေအထိုင်ချရာ လက်ပန်တောင်ဒေသကို သြဂုတ် ၃၀ ရက်မှာ စစ်ကောင်စီတပ်က ၃ ရက်​တိတိ လေကြောင်းနဲ့ လာရောက်ဗုံးကြဲတိုက်ခိုက်တာကြောင့် အေအေဘက်က ကျဆုံးတာတွေရှိသလို စစ်ကောင်စီဘက်ကလည်း ထိခိုက်ဒဏ်ရာရ သေဆုံးတာတွေ ရှိခဲ့တယ်လို့ ရက္ခိုင့်တပ်တော်က သတင်းထုတ်ပြန်ထားပါတယ်။

လက်ရှိ မောင်တောမြို့နယ်မြောက်ပိုင်း မြန်မာ-ဘင်္ဂလား နယ်ခြားတလျှောက်မှာ စစ်ကောင်စီတပ် အင်အားအလုံးအရင်း ချထားတယ်လို့ မျက် မြင်ဒေသခံတွေက ပြောပါတယ်။ DVB

ချောင်းဦးမြိုနယ်အတွင်း ပျူစောထီးကျေးရွာကို လက်နက်ကြီးများဖြင့် တိုက်ခိုက်ခဲ့ ဟုဆို

စစ်ကိုင်းတိုင်း ၊ ချောင်းဦးမြို့နယ်အတွင်းရှိ ကံဇီး(ပျူစောထီးရွာ သတ်မှတ်ခံထားရသည့်)ရွာကို လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း မုံရွာခရိုင် တပ်ရင်း (၅) Aung San Force – A.S.F က ယနေ့ အောက်တိုဘာလ ၂၈ ရက်တွင် သတင်းထုတ်ပြန်သည်။

အောက်တိုဘာလ ၂၅ရက်နေ့ ည၁၁နာရီအချိန်တွင် လက်လုပ်လက်နက်ကြီး ရှစ်လက် ဖြင့် အချက် ၄၀ကျော် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ် ကြောင်း သိရသည်။

“အနီးနားရွာတွေကလည်း ပျူစောထီးရွာတွေဖြစ်တယ်၊ လတ်တလော နယ်မြေ အခြေအနေအရ ရန်သူ့အထိအခိုက် အကျဆုံးကို အတည်ပြုလို့မရသေးပါဘူး” ဟု ASF ပြန်ကြားရေးတာဝန်ခံ က မဇ္စျိမ ကိုပြောသည်။

ချောင်းဦး – အမြင့်လမ်းဘေးတွင် ကင်းမွန်းတော် ၊ ကုလားကြီး ၊ ကံဇီး ရွာသုံးရွာ ကပ်လျက် တစ်တန်းတည်းတည်ရှိပြီး သုံးရွာစလုံး ပျူစောထီးရွာများဖြစ်ကြောင်းနှင့် ယခုတိုက်ခိုက်မှုတွင် အထိအခိုက်များရှိသော်လည်း အတည်ပြုရန်ခက်ခဲနေကြောင်း ဆိုသည်။

ပစ်ခတ်တိုက်ခိုက်ချိန် တစ်နာရီ ၃၀မိနစ်အကျော်အတွင်း ကံဇီးရွာအတွင်းမှလည်း လက်နက်ကြီးများဖြင့် ပြန်လည်ပစ်ခတ်ခဲ့ရာ ရဲဘော်တစ်ဦး လက်နက်ကြီးအစ မှန်ပြီး အသေးစားဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ချောင်းဦးမြို့နယ်အတွင်းတွင် ပျူစောထီးရွာ အနည်းငယ်များပြားကြောင်း အမြင့်စံပြရွာတွင် ရဲစခန်းတစ်ခုထိုင်ထားပြီး ယင်းရွာအနောက်ဖက် ကံကြီးကုန်းသည်လည်း ပျူစောထီးရွာဖြစ်ကြောင်း ပြန်ကြားရေးတာဝန်ခံမှ ဆိုသည်။

ယင်းတိုက်ခိုက်မှုအား မုံရွာခရိုင် တပ်ရင်း (၅) Aung San Force ၏ တပ်ခွဲ(၃) ၊ CLDF နှင့် ငဘပြောက်ကျားတပ်ဖွဲ့တို့မှ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။

မုံရွာခရိုင် တပ်ရင်း (၅) Aung San Force တပ်ဖွဲ့သည့် စတင်ဖွဲ့စည်းချိန်မှ စတင်ပြီး ယခုအချိန်အထိ ထိတွေ့တိုက်ပွဲပေါင်း ၄၃ ပွဲရှိပြီး ဖြစ် ကြောင်း အသိပေးထားသည်။

အောက်တိုဘာလ ၂၆ရက်နေ့ကလည်း မုံရွာမြို့နယ်အတွင်းရှိ တောပု ပျူစောထီး ကျေးရွာကိုလည်း Aung San Forceနှင့် ဒေသခံ ကာကွယ် ရေးတပ်ဖွဲ့များ ဖြင့်ပူးပေါင်းကာ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သေးကြောင်း သိရသည်။ mizzima

ရန်ကုန်၊မြေနီကုန်းတံတားအဆင်း ပန်းခြံထဲတွင် ဗုံး နှစ်ကြိမ်ပေါက်ကွဲ၊ စစ်တပ်က ပိတ်ဆို့ ရှာဖွေစစ်ဆေးနေ

ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ မြေနီကုန်းတံတားအဆင်းရှိ ပန်းခြံထဲတွင် ယနေ့ ညနေပိုင်း ဗုံးနှစ်ကြိမ်ပေါက်ကွဲကြောင်း ဒေသခံပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။

အောက်တိုဘာလ ၂၈ ရက်နေ့ ညနေ ၆ နာရီ ၂၀ မိနစ် ဝန်းကျင်အချိန်တွင် ဗုံး နှစ်ကြိမ် ဆက်တိုက်ပေါက်ကွဲခြင်းဖြစ်ကြောင်း၊ ပေါက်ကွဲမှုအား အလွန်ပြင်းထန်ကြောင်း၊ ထိခိုက်မှု ရှိ၊ မရှိ မသိရသော်လည်း စစ်တပ်က အလုံးအရင်းဖြင့် ဗုံးရှာဖွေခြင်း၊ ပိတ်ဆို့ စစ်ဆေးမှုများ လုပ်ဆောင်နေကြောင်း သိရှိရသည်။

“ဒီနေ့ညနေ မြေနီကုန်း ကုန်းတံတားဘေးက ပန်းခြံမှာ ပေါက်ကွဲမှု နှစ်ကြိမ်ဖြစ်ခဲ့ပါတယ်။ တော်တော်ပြင်းအားများပါတယ်။ အခုလမ်းပိတ်ထားပြိးတော့ စစ် ဆေးမှုတွေပြုလုပ်နေပါတယ်” ဟု‌ ဒေသခံတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

လက်ရှိအချိန်တွင် မြေနီကုန်းတံတား ပတ်ဝန်းကျင်သို့ လူငယ်များ ရှောင်ရှားသွား လာကြရန် ဒေသခံ ပြည်သူတချို့က သတိပေးပြောဆိုကြသည်။ khit thit

ယင်းမာပင်တွင် စစ်ကောင်စီတပ်နှင့် ပျူစောထီးများ တိုက်ခိုက်ခံရ

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ ဘန့်ဘွေးကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့နဲ့ ပျူစောထီးအဖွဲ့ကို အောက်တိုဘာ ၂၈ ရက် မနက် ၆ နာရီလောက်က လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဒေသကာကွယ်ရေး ပူးပေါင်းအဖွဲ့က သိရပါတယ်။

တိုက်ခိုက်မှုမှာ နာရီဝက်ကျော်လောက်ကြာမြင့်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဘက်က အထိအခိုက် အသေအပျောက် အခြေအနေကို စုံစမ်းနေတယ်လို့ Special Regional Attacks Forces – MWA မှ တာဝန်ရှိသူက ဆိုပါတယ်။

“မနေ့က ပုလဲမြို့နယ်ဘက်မှာ ကျနော်တို့မဟာမိတ်တပ်ဖွဲ့တွေကို စကစက လေကြောင်းနဲ့ လာတိုက်ခဲ့တာရှိတယ်။ ဒါကို လက်တုံ့ပြန်တဲ့အနေနဲ့ ရန်သူတပ်ဖွဲ့ရှိတဲ့ ဘန့်ဘွေးရွာဘက်ကို ဝင်ရောက်တိုက်ခိုက်ခဲ့တာ။ တသားတည်းဖြစ်တယ်ဆိုတာကို ပြသတာပါ။ စစ်ကောင်စီတပ်ဖွဲ့ဘက်က အထိအခိုက် အသေအပျောက် အခြေအနေကိုတော့ စုံစမ်းနေဆဲ ဖြစ်ပါတယ်။”

တိုက်ခိုက်မှုဖြစ်ပွားစဉ် လက်လုပ်လက်နက်ကြီးပြောင်း ကွဲသွားတဲ့အတွက် Special Regional Attacks Forces – MWA မှ တပ်ဖွဲ့ဝင် ၁ ယောက်လည်း လက်နဲ့ခြေထောက်မှာ မစိုးရိမ်ရ ဒဏ်ရာ အနည်းငယ်ရရှိသွားတယ်လို့ သိရပါတယ်။

အောက်တိုဘာ ၂၇ ရက်ကလည်း ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ် ဖလံပင်ကျေးရွာနားမှာ စစ်ကောင်စီတပ်ဖွဲ့နဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့ကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့က လေကြောင်းပစ်ကူနဲ့ ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။ DVB

ကျောက်ဆည်ခရိုင် ကာကွယ်ရေးတပ်ဖွဲ့ ကာဘိုင်သေနတ်များ ထုတ်လုပ်အောင်မြင်

မန္တလေးတိုင်း၊ ကျောက်ဆည်ခရိုင်ကာကွယ်ရေးတပ်ဖွဲ့(KDDF) အနေဖြင့် ကာဘိုင်သေနတ်များ ထုတ်လုပ်အောင်မြင်ခဲ့ကြောင်း ပြီးခဲ့သည့် အောက်တိုဘာ ၂၄ ရက်နေ့က ၎င်းတို့၏ လူမှုကွန်ရက်စာမျက်နှာတွင် ထုတ်ပြန်ထားသည်။

“ကျွန်တော်တို့ကတော့ တိုက်ပွဲအတွင်း အသုံးဝင်မယ့် 5.56 ကျည်ကို ကျည်ဘောက်ထိုးပြီး အသုံးပြုလို့ရတဲ့ ကာဘိုင်တွေကို အဓိကထားပြီး ထုတ်လုပ်နေပါတယ်။ ကုန်ကြမ်း အနေနဲ့ ဘာတွေသုံးလဲ ဆိုတာကတော့ ကုန်ကြမ်းလမ်းကြောတွေ ပိတ်သွားနိုင်တဲ့အတွက် မဖော်ပြတော့ပါဘူး။ Production project တစ်ခု စတော့မယ်ဆိုရင် အဓိကက ကုန်ကြမ်းပါ။ ကုန်ကြမ်းဆိုတဲ့အရာကလည်း မိဘပြည်သူတွေ ထောက်ပံ့ပေးတဲ့ငွေနဲ့ပဲ ဝယ်ရတာဖြစ်တဲ့အတွက် ပြည်သူတွေအနေနဲ့ အားမလျော့ဘဲ ပါဝင်ကူညီပေးဖို့ မေတ္တာရပ်ခံချင်ပါတယ်” ဟု KDDF အဖွဲ့မှ ရဲဘော်တစ်ဦးက မဇ္ဈိမကို ပြောသည်။

ယခုထုတ်ဖော်ပြသထားသော လက်နက်များသည် လုံခြုံရေးအရ ကျောက်ဆည်ခရိုင် ကာကွယ်ရေးတပ်ဖွဲ့(KDDF)၏ ထုတ်လုပ်မှု တစ်စိတ်တစ်ပိုင်း ကိုသာဖော်ပြထား ခြင်းဖြစ်ကြောင်း သိရသည်။

“လက်နက်ထုတ်တဲ့နေရာမှာ အခက်အခဲကတော့အများကြီးပေါ့၊အခက်အခဲ ဆိုတာကတော့ ကျွန်တော်တို့အဖွဲ့မှ မဟုတ်ပါဘူး၊ ဘယ်အဖွဲ့အစည်းမဆို ကိုယ့်အခက်အခဲနဲ့ကိုယ် ရှိကြတာပါပဲ။ ကျွန်တော်တို့အခက်အခဲကတော့ ပြည်သူလူထုရဲ့ ကူညီ ထောက်ပံ့ပါဝင်မှုပါ” ဟု KDDF အဖွဲ့မှ ရဲဘော်က ဆိုသည်။

စစ်ကောင်စီတပ်သည် ပြီးခဲ့သည့် အောက်တိုဘာ ၇ ရက် နံနက်ပိုင်းက ကျောက်ဆည်ခရိုင်ကာကွယ်ရေးတပ်ဖွဲ့(KDDF) ခေါင်းဆောင် ကိုရာဇာမင်းကို ပစ်ခတ်ဖမ်းဆီးခဲ့သည်။ ထိုသို့ ပစ်ခတ်ဖမ်းဆီးခံရပြီးနောက် ကိုရာဇာမင်း၏ ဖုန်းနှင့် KDDF ၏ Facebook စာမျက်နှာကို စစ်အုပ်စုကအသုံးပြုလျက်ရှိသည်။

ထို့ကြောင့် ကျောက်ဆည်ခရိုင်ကာကွယ်ရေးတပ်ဖွဲ့အနေဖြင့် Page အသစ်ပြန်လည် တည်ထောင်ထားပြီး Page မှားခြင်း မရှိစေရန်အတွက် ယခု Page cover တွင် အလံအောက်၌ KDDF Logo ပြောင်းထည့်ပေးထားကြောင်း KDDF က ပြည်သူများထံ အသိပေးထားသည်။ mizzima

ပုလဲမြို့နယ်တွင် PDF များက ဖမ်းဆီးထားသည့် အကျဥ်းသား ၁၂ ဦး၊ ၈ တန်းကျောင်း သား ကလေးငယ် ၁ ဦးနှင့် ပြည်သူ်၂ ဦး စုစုပေါင်း လူ ၁၅ ဦးကို စစ်တပ်က သတ်ဖြတ်

စစ်ကိုင်းတိုင်း ပုလဲမြို့နယ်အတွင်း အောက်တိုဘာလ ၂၅ ရက်နေ့က အကြမ်းဖက် စစ်တပ်က ပုလဲမြို့နယ် ပကဖ ရုံးချုပ်ကို ရဟတ်ယာဥ် ၅ စီးဖြင့် ဝင်ရောက် စီးနင်းပြီးနောက် PDF များက ဖမ်းဆီးထားသည့် အကျဥ်းသား ၁၂ ဦး၊ ၈ တန်းကျောင်းသား ကလေးငယ်တစ်ဦး အပါအဝင် ပြည်သူ ၃ ဦးကို စစ်တပ်က သတ်ဖြတ်သွားကြောင်း ဒေသခံများနှင့်ကာကွယ်ရေးတပ်ဖွဲ့များထံမှ သိရှိရသည်။

ပုလဲမြို့နယ်အတွင်း ထိတွေ့တိုက်ပွဲများသည် အောက်တိုဘာလ ၂၇ ရက်နေ့အ ထိ ဖြစ်ပွားခဲ့ပြီး အကြမ်းဖက် စစ်တပ်ဘက်က ၃၀ ကျော်ထက်မနည်း သေဆုံးပြီးနောက် အနောက်မြောက်တိုင်း စစ်ဌာနချုပ်ကို ပြန်လည် ဆုတ်ခွာသွားကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ် ဆုတ်ခွာသွားပြီးနောက် ကာကွယ်ရေး တပ်ဖွဲ့များ နယ်မြေရှင်းလင်းရေး လုပ်ဆောင်ရာတွင် ပကဖ ရုံးတွင် ဖမ်းဆီးထားသည့် အကျဥ်းသား ၁၂ ဦးကို စစ်တပ်က သတ်ဖြတ်သွားပြီး သဲပြင်ကျယ်ရွာရှိ ပြည်သူပိုင် နေအိမ် ၆ လုံးနှင့်အတူ အမည်မသိ ရုပ်အလောင်းများကိုလည်း မီးရှို့သွားကြောင်း သိရသည်။

” မနက်ကတည်းက တိုက်ပွဲကဖြစ်နေတာ။ ဒီကောင်တွေ သဲပြင်ကျယ်ရွာကနေ အိုင်မရွာဘက်ကို စစ်ကြောင်းထပ်ထိုးချင်တာကို ကျွန်တော်တို့ဒေသခံ PDF အဖွဲ့ပေါင်းစုံ ခုခံ ပစ်ခတ်လိုက်တာ စခတွေ အကျအဆုံးများသွားတယ်။ အဲလိုအကျအဆုံးများတော့ ခွေးတွေ စစ်ကူထပ်ခေါ်တယ်။ နမခကနေ လေယာဉ်နဲ့ထပ်ပြီး အင်အားလာချတယ်။ အဲလိုလာချတဲ့ လေယာဉ်ကို မြေပြင်စစ်သား ၃၀ လောက်ချတဲ့နေရာကို ကျွန် တော်တို့အဖွဲ့တွေက RPG တွေ လားလားတွေနဲ့ တည့်တည့်ကို ပစ်ခတ်နိုင်ခဲ့တယ်။ တိုက်ပွဲနှစ်နေရာစလုံး စစ်ခွေးဘက်က အကျအဆုံးများသွားတယ်။ စခအကျအဆုံး ၂၅ ဦးထက်မနည်းရှိလိမ့်မယ်။ ကျွန်တော်တို့ဘက်က လက်တလောအကျအဆုံး ၄ ဦးနဲ့ အထိအခိုက် ၂ ဦးရှိတယ်။ နောက်တစ်ခုက စစ်ခွေးတွေက မြို့နယ် ပကဖရုံးမှာ ဖမ်းဆီးထားတဲ့ အကျဥ်းသား ၁၂ ဦးကိုလည်းသတ်သွားသေးတယ်။ သဲပြင်ကျယ်ရွာက နေအိမ် ၆ လုံးထဲ လူတွေထည့်ပြီး မီးရှို့သွားသေးတယ်။ အဲအလောင်းတွေကတော့ ဘယ်သူ၊ ဘယ်ဝါကတော့ အတည်ပြုချက်မရသေးဘူး” ဟု ဒေသခံ ပြည်သူ့ကာ ကွယ်ရေး ခေါင်ဆောင်တစ်ဦးက ပြောဆိုသည်။

စစ်တပ်က သတ်ဖြတ်သွားသူများတွင် ၈ တန်းကျောင်းသား တစ်ဦးအပါအဝင် ပြည်သူ ၃ ဦးပါ ပါဝင်ကြောင်း၊ စစ်တပ်က ဖလံပင်ကျေးရွာမှ နေအိမ် ၆ လုံး၊ သဲပြင်ကျယ်ကျေးရွာမှ အိမ် ၄ လုံး၊ ပရိုဘောက် ကားတစ်စီးတို့ကို မီးရှို့ဖျက်ဆီးသွားကြောင်း၊ ငွေကျပ် သိန်း ၁၇၀၀ ကျပ်၊ လက်ပ်တော့၊ ပရင့်တာနှင့် အခြားအသုံးအဆောင်ပစ္စည်းများကို သိမ်းယူ ဖျက်ဆီးသွားကြောင်း၊ ဆုံးရှုံးမှု တန်ဖိုး သိန်း ၂၀၀၀ ကျပ်ရှိကြောင်း သိရှိရသည်။ khit thit

ယောဒေသအတွက် ကျပ်သိန်း ၃၀၀ ကျော် ထောက်ပံ့ရေးကမ်ပိန်း ပြုလုပ်

ပြည်ပရောက် ယောသူ ယောသားတွေ စုပေါင်းဖော်ဆောင်မယ့် ယောဒေသအတွက် ပထမအကြိမ် ထောက်ပံ့ရေးကမ်ပိန်းကို စတင်လုပ် ဆောင်ဖို့ရှိနေပါတယ်။  

ဒီကမ်ပိန်းကို ယောဂုဏ်ရည်အဖွဲ့၊ Yaw Funding Japan, Yaw Funding Korea (South), Yaw Funding Malaysia နဲ့ Yaw Funding Thailand အဖွဲ့တို့က ဦးဆောင်စုပေါင်းပြီး ပြုလုပ်သွားမယ်လို့ သိရပါတယ်။

အဲ့ဒီထောက်ပံ့ရေးကမ်ပိန်းကို Lucky Draw Ticket ရောင်းချ‌ပြီး ပေါက်မဲတွေကို ပွင့်လင်းမြင်သာစွာ မဲဖောက်ပေးသွားမှာဖြစ်ပြီး Ticket တွေကို Fundraiser ဖေ့စ်ဘွတ်ခ်စာမျက်နှာအသီးသီးမှာ ဝယ်ယူရရှိနိုင်တယ်လို့ ဆိုပါတယ်။

Ticket အရောင်းကာလဟာ အောက်တိုဘာ ၂၇ ရက်ကနေ နိုဝင်ဘာ ၂၆ ရက်အထိ တလတိတိ သတ်မှတ်ထားတာဖြစ်ပြီး ပထမဆုအနေနဲ့ iPhone 14၊ ဒုတိယဆုအနေနဲ့ Airpord 2nd Gen၊ တတိယဆုအနေနဲ့ မြန်မာငွေကျပ် ၁၈၀,၀၀၀ တန် အမျိုးသမီးဝတ် ပယင်းလည်ဆွဲတွေကို မဲဖောက်ပေးသွားမှာ ဖြစ်ပါတယ်။

နိုင်ငံတကာရောက် ယောသူယောသား ထောက်ပို့တပ်သားတွေ ပေါင်းစည်းမှုကို ပြသပြီး ယောနယ်တွင်းရှိ တပ်ရင်းတပ်ဖွဲ့တွေ NUG အစိုးရ MOD လက်အောက်မှာ စုပေါင်းမစ်ရှင်ဖော်ဆောင်မှုတွေအတွက် ထိရောက်စွာ ထောက်ပံ့ပေးနိုင်ဖို့  ရည်ရွယ်ပြီး ပြုလုပ်တာ ဖြစ်တယ်လို့ ကမ်ပိန်းမှာပါဝင်တဲ့ အဖွဲ့ဝင်က ဒီဗွီဘီကို ပြောပါတယ်။

ကမ်ပိန်းမှရရှိလာတဲ့ ငွေကြေးတွေကို စုပေါင်းမစ်ရှင်ဖြစ်မြောက်ရေးအဖွဲ့ဆီကို ကမ်ပိန်းဖြစ်မြောက်ရေး အဖွဲ့ဝင်တွေအားလုံးရဲ့ သဘောတူညီမှုနဲ့ ထိထိရောက်ရောက် ကူညီထောက်ပံ့ပေးသွားမှာဖြစ်ပြီး ဆုမဲတွေကို ပြည်တွင်းပြည်ပ နေရာဒေသအသီးသီးကနေ ဝယ်ယူအားပေးနိုင်ကြောင်း၊ ငွေပေးချေမှုကို သက်ဆိုင်ရာနိုင်ငံအလိုက် ပေးချေနိုင်ပြီး NUG Pay က တဆင့်လည်း ပေးချေနိုင်တယ်လို့ ဆိုပါတယ်။

ယောနယ်ဒေသ ကာကွယ်ရေးနဲ့ လုံခြုံရေးကို ရှေးရှုပြီး ချစ်မိတ်ဆွေတွေအားလုံး ပါဝင်အားပေးကြဖို့ ယောဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကလည်း နှိုးဆော် တိုက်တွန်းထားပါတယ်။

လက်ရှိ ယောဒေသအတွင်းမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ကျေးရွာတွေကို စစ်ကြောင်းထိုး ထိုးစစ်ဆင်နေပြီး ဒေသခံတွေကို ဖမ်းဆီးနှိပ် စက်သတ်ဖြတ်ကာ ကျေးရွာက လူနေအိမ်တွေကိုလည်း မီးရှို့ဖျက်ဆီးနေပြီး ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေနဲ့လည်း နေ့စဉ်ရက်ဆက် တိုက်ပွဲတွေ အပြင်းအထန် ဖြစ်ပွားနေပါတယ်။ DVB

« Older Entries