လူမှုကွန်ရက်တွင် ငွေချေးပေးသည်ဟုဆိုသော အလိမ်အညာ Application များဖြင့် ကိုယ်ရေးရာဇဝင်နှင့်အချက်အလက်များ ရယူ၍ အ မှန်တကယ် ငွေ ချေးပေးခြင်းမရှိဘဲ လိမ်လည်ငွေတောင်းခြင်း၊ အသက်အန္တရာယ် ခြိမ်း ခြောက် မှုများ ဖြစ်ပွား

လူမှုကွန်ရက်တွင် Pigeon Loan Myanmar အမည်ရ Facebook Page က ငွေချေးပေးသည်ဟုဆိုကာ ငွေချေးလိုသူများ၏ ကိုယ်ရေးရာဇဝင်နှင့်အချက် အလက်များကို အလိမ်အညာ Application များဖြင့် ရယူ၍ အမှန်တကယ် ငွေ ချေးပေးခြင်းမရှိဘဲ လိမ်လည်ငွေတောင်းခြင်း၊ အသက်အန္တရာယ်ခြိမ်းခြောက်မှုများ ဖြစ်ပွားလျက်ရှိကြောင်း ကိုယ်တိုင်ခံစားရသူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။

ချေးငွေလျှောက်ထားရန် မှတ်ပုံတင်တစ်ခုသာ လိုသည်ဟူ၍ ကြေညာပြီး ငွေချေးလိုသူများ၏ အချက်အလက်များကို ရယူကြောင်း၊ ယင်းနောက် ငွေမချေးရသေးဘဲ အတိုးငွေပေးရမည်ဟုဆိုကာ ငွေတောင်းခြင်း၊ အမှန်တကယ် ချေးငွေရယူထားခြင်းမရှိဘဲ စာချုပ်စာတမ်းအတုများဖြင့် လိမ်လည်ငွေတောင်းခံခြင်း၊ ဆောဖ့်ဝဲလ်ကို Down မိရုံ၊ လင့်ကို ဖြည့်မိရုံနှင့် ဖုန်းမှ Contacts များကို Hack ၍ စာတိုပေးပို့ကာ အရှက်ခွဲ ခြိမ်းခြောက်ခြင်းနှင့် အသက်အန္တရာယ်ခြိမ်းခြောက်ကာ ငွေလိမ်တောင်းခံခြင်းတို့ ရှိနေကြောင်း ကိုယ်တိုင် ကြုံတွေ့ခံစားရသူများက ရန်ကုန်ခေတ်သစ်သို့ ပြောကြားသည်။

“ခြိမ်းခြောက်ခံထားရတာက ငွေမချေးဘဲ အတိုးပေးရမယ်ဆိုပြီးတောင်းတယ်။ အဲဒီ Application Down ပြီး မကြာဘူး။ ငွေလည်း မချေးဘဲ ဖုန်းထဲမှာရှိတဲ့ မိတ်ဆွေတွေရဲ့ ဖုန်းနံပါတ်တွေပါသွားတယ်။ ပြီးတော့ ကျနော့်မိတ်ဆွေတွေကို ဖုန်းဆက်ပြီး အရှက်ခွဲတာတွေ လုပ်တယ်။ အတိုးတွေပေးရပြီး ညှိမရနဲ့ ရက်မပြတ်သေးဘဲ နင်းကန် တောင်းတာတွေကော။ တချို့ဆို မိဘတွေကိုလည်း ထောင်ထဲသွားရမယ်။ လူသတ်ဖို့ ငှားထားတယ် စာတာတွေနဲ့ ခြိမ်းခြောက်ပါတယ်ရှင်” ဟု လူလိမ်ချေးငွေ ဆော့ဖ်ဝဲလ်နှင့် ပတ်သက်မိသူ တစ်ဦးက အဆိုပါ ဆောဖ့်ဝဲလ်သုံး လိမ်လည့်နေပုံကို ရန်ကုန်ခေတ်သစ်သို့ ပြောပြသည်။

ထိုသို့ လူအများကို လိမ်လည်နေသည့် လူလိမ်ချေးငွေ ဆော့ဝဲလ်အမည်များမှာ Pegion၊ Sun Cash ၊ Morning Cash၊ Happy Cash၊ Cash tree၊ Easy Wallet ၊ Fast Cash၊ Sky Cash၊ MM Finance၊ Money Bag၊ Cash Woo၊ U Finance ၊ Lone M ၊ Lxora cash၊ Cash Now၊ Kind Cash၊ Kyat Wave၊ Money Bag၊ Quick Kyat စသည့် နာမည်များနှင့်ဖြစ်ပြီး အဆိုပါ ဆောဖ်ဝဲလ်ကို Download ရယူလိုက်သည်နှင့် မိမိ၏ ဖုန်းထဲမှ Contact များကိုပါ Hack ကာ ဖုန်းလိုက်ဆက်၍ လိမ်လည်မှုများ ဆက်တိုက် လုပ်ဆောင်ကြောင်း သိရှိရသည်။

အမှန်တကယ် ငွေ အနည်းငယ်ချေး၍ အတိုးကို တောင်းချင်သလိုတောင်းခြင်းများလည်းရှိကြောင်း၊ ငွေလုံးဝ မယူဘဲနှင့် Application ကို Down မိရုံဖြင့် ချေးငွေရယူပြီးဖြစ်သည်ဆိုသော စာများလည်း လက်ခံရရှိကြောင်း သိရှိရသည်။

“အတိုးက ဘယ်လိုတက်လဲဆိုရင် သူတို့တက်ချင်သလို တက်ပါတယ်။ ဥပမာ – ၄ သိန်းဆိုရင် တစ်ရက်ို သုံးသေင်းထိ တက်ပါတယ်။ ၄ သိန်းချေးလို့ ၄ သိန်းရတာ မဟုတ်ပါဘူး။ ၂ သိန်း ၆ သောင်းပေးပြီး အတိုးကို ကြိုဖြတ်တယ်။ ပြီးတော့ ငွေညှစ်တော့တာပဲ။ ချေးငွေရတဲ့ လူမျိုးရှိသလို လုံးဝ ငွေမယူပါဘဲ ငွေယူပါတယ်ဆိုပြီး Contact Person တွေကို ပြောတယ်။ အသက်ကို ခြိမ်းခြောက်သလို မိဘမောင်ဘွား အလုပ်အရာရှိတွေကို ဖုန်းဆက်ပြီး အရှက်ခွဲကြတယ်။ သူတို့ ဝင်ခိုင်းတဲ့ Link မဝင်ရင် SMS ပို့ပြီး Link ပို့ပေးပြီး ဝင်ခိုင်းစေပါတယ်။ ခံရတဲ့ ညီမလေးတချို့ဆို သတ်သေချင်စိတ်ပေါက်ပြီး ဒုက္ခရောက်နေကြပါတယ်” ဟု ငွေလိမ်လည်သူများ၏ လုပ်ဆောင်ပုံကို ကိုယ်တိုင် ကြုံတွေ့ရသူတစ်ဦးက ရှင်းပြသည်။

ပြည်သူများအနေဖြင့် လူမှုကွန်ရက်တွင် ချေးငွေရယူနိုင်သည်ဟူသည့် အလိမ် အညာ Application ဆော့ဖ်ဝဲများကို Download မလုပ်ကြရန် ၊ ချေးငွေရနိုင်သည်ဆိုသည့် Link များ ဖုန်းထဲသို့ စာတိုများ ဝင်လာပါက နှိပ်ခြင်း ဖောင်ဖြည့်ခြင်းများ မပြုလုပ်ကြရန် အလိမ်ခံရသူများက တိုက်တွန်းပြောဆိုထားသည်။ khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s