စားအုန်းဆီဈေးနှုန်း ၉,၅၀၀ ကျပ်အထိ ပြန် လည် မြင့်တက်နေ

ငွေကြေးဆိုင်ရာအရေးယူဆောင်ရွက်ရေးအဖွဲ့(FATF)က မြန်မာနိုင်ငံအား ငွေကြေးအမည်ပျက်စာရင်း ထည့်သွင်းလိုက်ပြီးနောက် ပြည်တွင်းရှိ ကုန်ဈေးနှုန်းများ မြင့်တက်လျက်ရှိရာ စားအုန်းဆီဈေးနှုန်းမှာ တစ်ပိဿာ ၉,၅၀၀ ကျပ်အထိ ပြန်လည် မြင့်တက်သွားကြောင်း သိရသည်။

ပြည်တွင်းရှိ စားအုန်းဆီဈေးနှုန်းသည် အကျဘက်သို့ ရောက်ရှိခဲ့ပြီးနောက် အောက်တိုဘာ ၂၅ ရက်မှ စတင်ကာ စားအုန်းဆီ တစ်ပိဿာလျှင် ၉,၅၀၀ ကျပ်အထိ မြင့်တက်လာပြီး ယခင်ဈေးနှုန်းထက် ၃,၀၀၀ ကျော်မြင့်တက်လာခြင်းဖြစ်သည်။

“အရင်က စားအုန်းဆီတစ်ပိဿာ ၆,၀၀၀ကျော်ပဲရှိတာ။ ဒီနေ့ အောက်တိုဘာ ၃၁ မှာ ၉,၀၀၀ကျော် ၁၀,၀၀၀နီးပါး အထိစျေးတက်သွားတယ်။ တချို့ဆိုင်တွေဆိုရင် အရောင်းပါရပ်ထားတယ်” ဟု မဇ္ဈိမ​၏ သတင်းအရင်းအမြစ်တစ်ဦးက ဆိုသည်။

စစ်ကောင်စီလက်အောက်ခံ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ဝန်ကြီးဌာန၊ စားသုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီ စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းစျေးနှုန်းအား ယခုတစ်ပတ်အတွင်း တစ်ပိဿာ ၄,၂၂၅ ကျပ်ဖြစ်ကြောင်း ထုတ်ပြန်ထား သည်။

ငွေကြေးဆိုင်ရာအရေးယူဆောင်ရွက်ရေးအဖွဲ့(FATF)မှ အောက်တိုဘာ ၂၁ရက်တွင် မြန်မာနိုင်ငံအား ငွေကြေးအမည်ပျက်စာရင်းထည့်သွင်းလိုက်‌ကြောင်း ကြေညာပြီးနောက် ပြည်သူအချို့မှာ ကုန်ဈေးနှုန်း ​မြင့်တက်လာမည်စိုးရိမ်၍ အခြေခံစားသောက်ကုန်နှင့် ကုန်ပစ္စည်းများ ဝယ် ယူစုဆောင်းမှုများရှိနေကြောင်း သိရသည်။

“တစ်ခုခုဆိုရင် စိုးရိမ်လွန်ကဲပြီး အလုအယက်ဝယ်တာတွေကြောင့် ဈေးကစားသူတွေစိတ်ကြိုက်ဖြစ်လာတာ” ဟု မဇ္ဈိမ​၏ သတင်းရင်းမြစ်တစ်ဦးက ဆိုသည်။

လက်ရှိအချိန်တွင် စားသုံးဆီဈေးနှုန်းများလည်းမြင့်တက်လာသကဲ့သို့ စက်သုံးဆီဈေးနှုန်းများမှာလည်း တစ်လီတာလျှင် ၂,၀၀၀ ကျပ်အထက်တွင်ရှိနေသည်မှာ သုံးရက်ဆက်တိုက် ရှိလာနေပြီဖြစ်သည်ဟု သတင်းအရင်းအမြစ်များ၏ ပြောကြားချက်အရ သိရသည်။mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s