မုံရွာမြို့ပေါ် အမှတ် ၂ ရဲစခန်းကို ၄၀ မမ လက် နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်မှု ရဲ ၃ ဦးသေ ဆုံးဟုဆို
စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ် အမှတ် ၂ ရဲစခန်းကို ၄၀ မမ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ရာ ရဲတပ်ဖွဲ့ဝင် ၃ ဦးသေဆုံးကြောင်း Golden Eagle Force Monywa V2 တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
အောက်တိုဘာလ ၃၁ ရက်နေ့ မွန်းလွဲ ၁ နာရီအချိန် ၊ မုံရွာမြို့ပေါ် စက်မှုဇုန်အတွင်းရှိ အမှတ် ၂ ရဲစခန်းကို ၄၀ မမ လက်နက်ကြီးများဖြင့် ညှပ်ပိတ်တိုက်ခိုက်ခဲ့ကြောင်း၊ ပစ်ခတ်မှုကြောင့် ရဲ ၃ ဦးသေဆုံးသည်ဟု သိရှိရကြောင်း Golden Eagle Force Monywa V2 တာဝန်ရှိသူက ရှင်းပြသည်။
“ခွေးစခန်းကို သွားပစ်ခဲ့တယ်။ ၄၀ မမနဲ့ နှစ်ဖက်ညှပ်ပြီးပစ်ခဲ့တာပါ။ ပစ်ခတ်တဲ့ ကျည်တွေက ရဲစခန်းထဲကျရောက်ပြီး ရဲ ၃ ဦးသေဆုံးတယ်။ အဲဒီလိုအပစ်ခံရလို့ စစ်ကောင်စီတပ်တွေက စက်မှုဇုန်းအတွင်းမှာ အိမ်စီးကားတွေနဲ့ ရှာဖွေတာတွေပြုလုပ်နေလို့ ပြည်သူကာကွယ်ရေးအဖွဲ့တွေ အလျှင်အမြန်ဆုတ်ခွာနိုင်ခဲ့ပါတယ်။ ရဲဘော်တွေအထိခိုက်မရှိခဲ့ပါဘူး” ဟု ပြန်ကြားရေးတာဝန်ခံကဆိုသည်။
အမှတ်၂ရဲစခန်းကို Golden Eagle Force-Monywa-V2 ၊ Black Dragon Special Task Force ၊ Monywa Ranger Army တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။ khit thit