Monthly Archives: Nov 2022

မတူပီမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ပြန် လည်ဖွဲ့စည်း

ချင်းပြည်နယ် ၊ မတူပီမြို့ ပြည်သူအုပ်ချုပ်ရေးအဖွဲ့ကို ကိုယ်စားလှယ် ၂၁ဦးဖြင့် ပြန်လည်ဖွဲ့စည်းခဲ့ကြောင်း အောက်တိုဘာလ ၃၁ရက်နေ့တွင် ထုတ်ပြန်သည်။

အမျိုးသားညီညွတ်ရေးအစိုးရ NUG လမ်းညွှန်ချက်နှင့်အညီ အောက်တိုဘာလ ၆ရက်နေ့တွင် မြို့နယ်အထွေထွေညီလာခံကျင်းပ၍ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့အား အသစ်ပြန်လည်ဖွဲ့စည်းခဲ့ကြောင်းဆိုသည်။

စစ်ကောင်စီက အာဏာသိမ်းပြီးနောက် ၎င်းတို့အာဏာသိမ်းမှုကို လက်မခံဘဲ စုပေါင်းဆန္ဒပြခဲ့ကြသည့် ၂၀၂၀ခုနှစ်ရွေးကောက်ခံပြည်သူ့ကိုယ် စားလှယ်များနှင့် တက်ကြွလှုပ်ရှားသူများက ၂၀၂၁ခုနှစ် ဖေဖော်ဝါရီလ၂၇ရက်နေ့တွင် ကြားကာလ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့ကို ဖွဲ့စည်းခဲ့ကြသော်လည်း မြေပြင်လုပ်ငန်းလိုအပ်ချက်များအရ ပြန်လည်ဖွဲ့စည်းရခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။

မတူပီမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တွင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် နှစ်ဦး ၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်တစ်ဦး ၊ အရပ်ဘက်အဖွဲ့စည်းကိုယ်စားလှယ် လေးဦး ၊ ဌာနဆိုင်ရာတာဝန်ခံ နှစ်ဦး ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (CDF – Matupi) တာဝန်ခံ နှစ်ဦး ၊ ဒေသအုပ်ချုပ်ရေး ကိုယ်စားလှယ် ၁၀ဦး စုစုပေါင်း ၂၁ဦး ဖြင့် ဖွဲ့စည်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယခုအချိန်ကာလသည် ပြည်သူလူထုအပေါ် စစ်ကောင်စီ၏ အမျိုးမျိုးခြိမ်းခြောက်မှုများကို တုံ့ပြန်ကာကွယ်ရန်၊ နိုင်ငံ့ဝန်ထမ်းများအပါအဝင် ပြည်သူများ၏ အာဏာဖီဆန်ရေး CDM ကို အရှိန်မြှင့်ဆောင်ရွက်ရန်နှင့် ၎င်းတို့ကို ကာကွယ် စောင့်ရှောက် ကူညီနိုင်ရေးအတွက် ရည်ရွယ်ဖွဲ့စည်းခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။

ထို့အပြင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) မှ ကြားကာလ ပြည်သူ့အုပ်ချုပ်ရေး အစီအစဉ်တစ်ရပ်ကို ချမှတ်ဆောင် ရွက်နိုင်ရန် ထုတ်ပြန်ကြေညာထားကြောင်း သိရသည်။

ဖေဖော်ဝါရီလ ၁ ရက် ၂၀၂၁ ခုနှစ်တွင် နိုင်ငံတော်အာဏာကို စစ်ကောင်စီက အဓမ္မနည်း ဖြင့် သိမ်းယူမှုအပေါ် ပြည်သူတစ်ရပ်လုံးက လုံးဝ (လုံးဝ) ဆန့်ကျင်ကန့်ကွက်ကြောင်း ၎င်းတို့၏သဘောထားကို နည်းလမ်းပေါင်းစုံဖြင့် ငြိမ်းချမ်းစွာ ဖော်ထုတ်ပြသခဲ့ပြီးဖြစ်ကြောင်း မတူပီမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ထုတ်ပြန်ကြေညာချက်တွင် ဖော်ပြထားသည်။ mizzima

သထုံတွင် ရော်ဘာမြေ ခြံတစ်ကွက်လျှင် ငွေကျပ် ၈ သိန်းနှုန်းဖြင့် ဒုတပ်ရင်း မှူး ဗိုလ်မှူးရန်လင်းအောင် နှင့် ဗိုလ်ကြီးထက်သူအောင်က ရောင်းစား၊ တစ် ဆင့် ပြန်လည် ရောင်းချမှုများကို ပြည်သူများ သတိပြုရန်လို

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ သထုံ အ.မ.တ (၄၀၂) မှ ဒုတပ်ရင်းမှူး ဗိုလ်မှူး ရန်လင်းအောင် နှင့် ဗိုလ်ကြီး ထက်သူအောင်တို့က ရော်ဘာမြေ ခြံတစ်ကွက်လျှင် ငွေကျပ် ၈ သိန်းနှုန်းဖြင့် ရောင်းချလျက်ရှိပြီး ခိုင်မာမှုမရှိသော်လည်း ဝယ်ယူသူများပြားကြောင်း ဒေသခံများက ပြောသည်။

အမှတ်(၆၀၆) အမြောက်စခန်းကွပ်ကဲမှု ဌာနချုပ်လက်အောက်ခံ အမြောက် တပ် ၄၀၂ တပ်မှ ဒုတိယတပ်ရင်းမှူး ဗိုလ်မှူးရန်လင်းအောင်၊ ဗိုလ်ကြီးထက်သူအောင်တို့က တပ်ပိုင်မြေများနှင့် ပတ်ဝန်းကျင်မှ မြေလွတ်မြေရိုင်းများကို အကွက် ဖော်ရောင်းစားခြင်းဖြစ်ကြောင်း သိရှိရသည်။

“စစ်တပ်က ဒုတပ်ရင်းမှူးနဲ့ ဗိုလ်ကြီးကလည်း ရာဘာခြံ ပိုင်ရှင်တွေကို ရောင်း စားထားတာ ။ ခြံတစ်ကွက်ကို ၈သိန်း နှုန်းနဲ့ အကွက်ရိုက်ရောင်းစားနေတာ မနည်းတော့ဘူး။ ရောင်းတာကလည်း ဒီအတိုင်း အကွက်ဖော်ရိုက် ရောင်းတာ။ စာချုပ် နဲ့မဟုတ်ဘူး။ ဝယ်တဲ့သူကလည်း ရာဘာခြံ လုပ်တဲ့ပိုင်ရှင်တွေပဲ။ လက် ဝါးချင်းရိုက်ပြီး ရောင်းကြတာ ဝယ် တဲ့သူတွေကလည်း ရော်ဘာခြံက ပိုင် ရှင်တွေဝယ်ကြတာ။ အကွက် ကျတော့တပ်ထဲက အကွက်တွေကိုပဲ ရာဘာခြံတွေ ငှားထားတာ။ အရင်ကလည်း မြေကွက် ကို တပ်ရှေ့က ဟာတွေ ရောင်းထားသေးတယ်။ ဗိုလ်ကြီး ထက်သူအောင်က ခြယ်လှယ်ပြီး လုပ်စားတာပေါ့။ အကွက်တွေကလည်း မနည်းဘူး” ဟု ဒေသခံတစ်ဦးက ဆိုသည်။

စစ်တပ်ထံမှ ခြံကွက်ဝယ်သူများတွင် ရော်ဘာခြံလုပ်သူများရှိသကဲသို့ အကွက် ရိုက်ပြန်ရောင်းစားသူများရှိနိုင်သဖြင့် ပြည်သူများအနေဖြင့်လည်း ယင်းကဲ့သို့ အကွက်မျိုးကို မဝယ်ယူမိစေရေး သတိ ထားရန်လိုအပ်ကြောင်း၊ ဥပဒေစိုးမိုးမှု မရှိသောကာလတွင် စစ်တပ်နှင့် ခြံပိုင်ရှင် များပူးပေါင်းပြီး ခြံမြေရောင်းချမှုများ ရှိလာနိုင်သဖြင့် ပြည်သူများ အနေဖြင့် သတိ ထားကြရန် လိုအပ်သည်ဟု ဒေသ ခံတချို့က ပြောဆိုသည်။ khit thit

ပို့ကုန်ရငွေနှင့် အခြားဝင်ငွေ အထောက်အထားပြနိုင်မှ သွင်းကုန်တင်သွင်း ခွင့်ပြုမည်

နိုင်ငံတကာငွေကြေးဆိုင်ရာအရေးယူဆောင်ရွက်ရေးအဖွဲ့  (FATF)ရဲ့ အစီရင်ခံစာအပေါ် လိုက်နာ အကောင်အထည်ဖော်မှု ပိုအားကောင်းစေဖို့ နယ်စပ်ကုန်သွယ်ရေးမှ ပို့ကုန်ပစ္စည်းတွေ တင်သွင်းမှုကို ဘဏ်စနစ်နဲ့သာ ဆောင်ရွက်ခွင့်ပြုသွားမယ်လို့ ကုန်သွယ်ရေးဦးစီးဌာနက ‌ကြေညာပါတယ်။ 

အဲဒီလို ဆောင်ရွက်ရာမှာ သွင်းကုန်ပစ္စည်းတွေတင်သွင်းမှုအတွက် တဖက်နိုင်ငံကို ပို့ကုန်တင်ပို့မှုက ရရှိတဲ့ ဝင်ငွေနဲ့ တဖက်နိုင်ငံမှာ ရှိတဲ့ မြန် မာနိုင်ငံသားတွေရဲ့ လစာနဲ့ လုပ်ခ လွှဲပို့ငွေ အပါအဝင် တခြား ဝင်ငွေတွေကို အသုံးပြု တင်သွင်းခွင့်ပြုမယ်လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

သွင်းကုန် တင်သွင်းသူတွေ အနေနဲ့ အဆိုပါ ရငွေတွေကို အသုံးပြုပြီး သက်ဆိုင်ရာ ဘဏ်တွေက တဆင့် သွင်းကုန်အတွက် ငွေပေးချေမှုတွေကို ပြုလုပ်ရမယ်လို့ ဆိုပါတယ်။ 

ပို့ကုန်ကရရှိတဲ့ဝင်ငွေ ဒါမှမဟုတ် တခြားဝင်ငွေ ဝင်ရောက်မှုတွေကို အခြေခံပြီး သွင်းကုန်တင်သွင်းခွင့်ပြုမယ့် ဒီအစီအစဥ်ကို ကနဦးအနေနဲ့ မြန်မာ-ထိုင်း နယ်စပ်ကုန်သွယ်ရေးမှာ စတင်ကျင့်သုံး ဆောင်ရွက်သွားမှာပြီး၂၀၂၂ခုနှစ် နိုဝင်ဘာ ၁ ရက်နေ့ စတင်မယ်လို့ ဆိုပါတယ်။

သွင်းကုန်လိုင်စင်လျှောက်ထားရာမှာ ကုမ္ပဏီတွေအနေနဲ့ မိမိရဲ့ ဘဏ်ငွေစာရင်းသို့ ပို့ကုန်တင်ပို့ခြင်းမှ ရရှိတဲ့ဝင်ငွေ (သို့မဟုတ်) အခြားဝင်ငွေဝင်ရောက်ကြောင်း သက်ဆိုင်ရာဘဏ်က ထုတ်ပေးတဲ့ အထောက်အထား(Credit Advice)နဲ့ ဘဏ် ငွေစာရင်းရှင်းတမ်း (Bank Statement)မူရင်းတို့ကို ပူးတွဲကာ ကုန်သွယ်ရေးဦးစီးဌာနကို လျှောက်ထားရမယ်လို့ ဆိုပါတယ်။

ကုန်သွယ်ရေးဦးစီးဌာနသည် သွင်းကုန်တင်သွင်းလိုတဲ့ ကုမ္ပဏီက တင်ပြလာတဲ့ ပို့ကုန်ဝင်ငွေ ဒါမှမဟုတ် တခြားဝင်ငွေဝင်ရောက်မှုပမာဏကို စိစစ်ပြီး ဘဏ်ငွေစာရင်းလက်ကျန်ပမာဏထက်မကျော်လွန်ဘဲ သွင်းကုန်လိုင်စင်ကို ခွင့်ပြု ထုတ်ပေးသွားမယ်လို့ သိရပါတယ်။

သွင်းကုန်လိုင်စင်လျှောက်ထားဖို့ မလိုတဲ့ ကုန်စည်တင်သွင်းမှုတွေအတွက် သွင်းကုန်ကြေညာလွှာ(Import. Declaration-ID)ဖွင့်လှစ်ရာမှ ပို့ကုန်ဝင်ငွေ (သို့မဟုတ်) တခြားဝင်ငွေ ဝင်ရောက်မှုကို သက်ဆိုင်ရာဘဏ်မှ ထုတ်ပေးတဲ့ အထောက်အထား (Credit Advice)နဲ့ ဘဏ်ငွေစာ ရင်းရှင်းတမ်း မူရင်းတို့ကိုပူးတွဲကာ အကောက်ခွန်ဦးစီးဌာနသို့ တင်ပြလျှောက်ထားရမယ်လို့ ဆိုပါတယ်။

အဲဒီစနစ်သစ်မှာ အရင်လျှောက်ထားပြီး ဖြစ်တဲ့ သွင်းကုန်လိုင်စင်တွေ အကျုံးဝင်မှာ မဟုတ်ဘဲ။ နိုဝင်ဘာ ၁ ရက်မတိုင်ခင် ထုတ်ပေးပြီးဖြစ်တဲ့ သွင်းကုန်လိုင်စင်တွေနဲ့ ကုန်ပစ္စည်းတင်သွင်းမှုကိုနိုဝင်ဘာ ၃၀ ရက်နေ့မတိုင်မီ ပြီးပြတ်အောင် တင်သွင်းရမယ်လို့ ဆိုပါတယ်။

အဲဒီသတ်မှတ်ကာလအတွင်း တင်သွင်းနိုင်ခြင်း မရှိပါက သွင်းကုန်လိုင်စင် ပျက်ပြယ်မယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် အဲဒီစနစ်နဲ့ သွင်းကုန်တင်သွင်းခွင့်ပြုရာမှာ ပို့ကုန်ဝင်ငွေနဲ့ အခြားဝင်ငွေဝင်ရောက်မှုတွေနဲ့ ပက်သက်ပြီး ၂၀၂၂ ခုနှစ် ဧပြီ ၁ရက်နေ့ နောက်ပိုင်း ဝင်ရောက်တဲ့ ဝင်ငွေကိုသာ အသုံးပြု ဆောင်ရွက်ခွင့်ပြုမယ်လို့လည်း ပါရှိပါတယ်၊

မြန်မာ-ထိုင်း နယ်စပ်ကုန်သွယ်ရေးမှာ ပို့ကုန်တင်ပို့တဲ့ ကုမ္ပဏီက ရရှိတဲ့ ပို့ကုန်ဝင်ငွေကို မိမိကိုယ်တိုင် သွင်းကုန်တင်သွင်းခြင်းဖြစ်စေ၊ တခြားကုမ္ပဏီ တစ်ခုကို လွဲပြောင်းပေးပြီး သွင်းကုန်တင်သွင်းခြင်းကို ဖြစ်စေ ဆောင်ရွက်နိုင်မယ်လို့ ဆိုထားပြီးအဆိုပါပို့ကုန်တင်သွင်းမူက ရရှိတဲ့ဝင်ငွေကို အသုံးပြုပြီး သွင်းကုန်တင်သွင်းရာမှာ မြန်မာ-ထိုင်း နယ်စပ်ကုန်သွယ်ရေးစခန်း တစ်ခုခုကနေ တခြားတစ်ခုထံကို ပြောင်းလွဲသုံးစွဲနိုင်တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။DVB

စဉ့်ကူးမြို့နယ် နွယ်ရုံကျေးရွာ ရဲစခန်းအား ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ ဒရုန်းဖြင့် ဗုံးကြဲ၊ ရဲ ၅ ဦးသေ

မန္တလေးတိုင်း၊ ပြင်ဦးလွင်ခရိုင်၊ စဉ့်ကူးမြို့နယ်ရှိ စစ်ကောင်စီလက်အောက်ခံ ရဲစခန်းကို ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ရဲငါးဦးသေဆုံးခဲ့ကြာင်း သိရသည်။

စဉ့်ကူးမြို့နယ်၊ နွယ်ရုံကျေးရွာတွင်တည်ရှိသည့် စစ်ကောင်စီလက်အောက်ခံရဲစခန်းကို ကာကွယ်ရေး တပ်ဖွဲ့ ခုနစ်ဖွဲ့နှင့် မဟာမိတ်အဖွဲ့များပူးပေါင်းကာ အောက်တိုဘာလ ၃၁ ရက်နေ့ မွန်းလွဲ ၂ နာရီ ၃၁ မိနစ် တွင် ဒရုန်းဖြင့် ဗုံးသီးနှစ်လုံးချ တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

ထိုသို့ ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုတွင် နွယ်ရုံကျေးရွာရှိ ရဲစခန်းမှ စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင် ငါးဦး ထိခိုက်ဒဏ်ရာပြင်းထန်စွာရရှိကာ သေဆုံးခဲ့ကြောင်း Dragon Urban Guerrilla က သတင်းထုတ် ပြန်ထားသည်။

တိုက်ခိုက်မှုအတွင်း ရဲစခန်းအတွင်းရှိ စစ်ကောင်စီတပ်က လက်နက်ငယ်များဖြင့် ပြန်လည်ပစ်ခတ်မှုများ ရှိခဲ့သော်လည်း ကာကွယ်ရေးမဟာ မိတ်ပူးပေါင်းတပ်ဖွဲ့ရဲဘော်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ ကြောင်း သိရသည်။

ကာကွယ်ရေးတပ်ဖွဲ့များ၏ တိုက်ခိုက်မှုဖြစ်စဉ်အသေးစိတ်နှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ ထိခိုက်သေ ဆုံးမှုအခြေအနေနှင့်ပတ်သက်ပြီး ကာ ကွယ်ရေးတပ်ဖွဲ့ထံ မဇ္စျိမက ဆက်သွယ်မေးမြန်းထားသော်လည်း ပြန်လည်ဖြေကြားခြင်း မရှိသေးပေ။

အဆိုပါ တိုက်ခိုက်မှုကို D.U.G.F(KU Dragon)၊ Wolf Guerrilla (Ye U)၊ Nothern Tigers Group(NTG)၊ ဗိုလ်လင်းယုန်(ပြင်ဦးလွင်ခရိုင် ပ.က.ဖ၊ သပိတ်ကျင်းမြို့နယ်)၊ Fire Dragon (Khin U)Burmese Revolution Youth(BRU) အဖွဲ့နှင့် မဟာမိတ်တပ်ဖွဲ့များက ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။

စဉ့်ကူးမြို့နယ် နွယ်ရုံကျေးရွာရဲစခန်း တိုက်ခိုက်ခံရပြီးနောက် ယင်းနေ့ ညနေပိုင်းတွင် စစ်ကောင်စီတပ်က Mi 35 နှစ်စီးဖြင့် တိုက်ခိုက်ခံရသည့်နေရာပတ်ဝန်းကျင်တဝိုက်သို့ ကင်းလှည့်ပျံသန်းမှုများ ရှိခဲ့ကြောင်း သိရသည်။

ယနေ့ နိုဝင်ဘာလ ၁ ရက်နေ့ နံနက်ပိုင်းတွင်လည်း နွယ်ရုံ ရဲစခန်း၏ အဝင်အထွက် လမ်းများကို စစ်ကောင်စီတပ်က ပိတ်ဆို့ထားကာ စစ်ဆေးခြင်းများ ပြုလုပ်နေကြောင်း ကာကွယ်ရေးတပ်ဖွဲ့များထံမှ သိရသည်။ mizzima

ကယားနှင့် မြောင်မြို့နယ်တို့တွင် အောက်တို ဘာလအတွင်း တိုက်ပွဲများအတွင်း စစ်တပ်ဘက်မှ ၆၈ ဦးသေဆုံးပြီး ပြည်သူ့ ကာကွယ် ရေး ရဲဘော် ၈ ဦးကျဆုံး

ကယားနှင့် မြောင်မြို့နယ်တို့တွင် အောက်တိုဘာလအတွင်း တိုက်ပွဲများအတွင်း စစ်တပ်ဘက်မှ ၆၈ ဦးသေဆုံးပြီး ပြည်သူ့ ကာကွယ်ရေး ရဲဘော် ၈ ဦးကျဆုံးကြောင်း သက်ဆိုင်ရာ ပြည်သူ့ကာကွယ်ရေးတပ်များက ပြောသည်။

ကယားပြည်နယ်၏ အောက်တိုဘာလ တိုက်ပွဲများ

============================

ကယားပြည်နယ်တွင် ၁ လတာ အတွင်း ဖြစ်ပွားခဲ့သော တိုက်ပွဲများအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ၂၈ ဦးသေဆုံးကြောင်း KNDF တပ်ဖွဲ့ထံမှ သိရသည်။

လွိုင်ကော်မြို့နယ်တွင် အောက်တိုဘာလ ၁ လတာ အတွင်း ရှမ်း-ကယား နယ် စပ်၌ တိုက်ပွဲများ ပြင်းထန်ခဲ့ပြီး ရှားတော၊ ဘောလခဲနှင့် ဖရူဆိုမြို့နယ်တို့တွင် ကရင်နီပူးပေါင်းတပ်များမှ စစ်တပ် တပ်စခန်းများနှင့် ကင်းပုန်းစခန်းများကို အရှိန်မြှင့်တင် တိုက်ခိုက်ခဲ့ကြောင်း၊ ဒီးမော့ဆိုနှင့် လွိုင်ကော်မြို့ ပတ်ဝန်းကျင်ရှိ ကျေးရွာများတွင်လည်း နှစ်ဖက် ထိတွေ့တိုက်ပွဲများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်သည် ရှမ်း-ကယား နယ်စပ်ဖြစ်သော ပီကင်းကောခူ၊ ဆောင် ကန်းကျေးရွာများနှင့် မိုးဗြဲမြို့ အထိ နယ်မြေ ထိန်းချုပ်နိုင်ရန် ကြိုးစားလျက်ရှိကြောင်း၊ စစ်အကြောင်း နှစ်ကြောင်းဖြင့် လွိုင်ကော်မြို့မှ ရှမ်း-ကယားနယ် စပ် ဖြစ်သော ဆောင်ကန်းကျေးရွာနှင့် ဝါရီကိုင်းကျိုင်းကျေးရွာများကို အင်အား ၃၀၀ ခန့်ဖြင့် စစ်ကြောင်းထိုးခဲ့​ပြီး ကရင်နီ ပူးပေါင်းတပ်များနှင့် ထိပ်တိုက်တွေ့ တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားခဲ့ကြောင်း သိရသည်။

လွိုင်ကော်မြို့နယ် အရှေ့ဘက်ခြမ်းနှင့် ရှားတောမြို့နယ် တို့တွင်လည်း စစ်တပ် တပ်စခန်းများ၊ ကင်းပုန်းစခန်း များ ကို ကရင်နီ ပူးပေါင်းတပ်များမှ တိုက်ခိုက်ခဲ့ကြောင်း၊ ထောက်ပို့ လမ်းကြောင်းများကိုလည်း ဖြတ်တောက် တိုက်ခိုက်ခဲ့ကာ ဘောလခဲမြို့နယ် နန်းဖဲကျေးရွာရှိ အကြမ်းဖက် စစ်တပ်၏ မဲ့စလောင်းတောင် တပ်စခန်းအနီးတွင် ထိတွေ့တိုက်ပွဲများ ဖြစ်ပွားခဲ့ကြောင်း၊ ဘောလခဲမြို့ အဝင် အထွက်ရှိ စစ်တပ် ဂိတ်စခန်းများကိုလည်း ကရင်နီ ပူးပေါင်းတပ်များမှ တိုက် ခိုက်ခဲ့ကြောင်း သိရသည်။

ဖရူဆိုမြို့နယ်တွင်လည်း စစ်တပ် တပ်စွဲထားသော မြို့မရဲခန်းနှင့် ဖရူဆိုမြို့အဝင် ထီးကလူဒေါကျေးရွာရှိ ကင်းစခန်းများကို ကရင်နီပူးပေါင်းတပ်ဖွဲ့မှ တိုက် ခိုက်ခဲ့ကြောင်း၊ အကြမ်းဖက် စစ်တပ်၏ မာခရော့ရှေး တပ်စခန်းနှင့် အမှတ် (၁၄) စစ်လေ့ကျင့်ရေးကျောင်း အနီးရှိ ကင်းစခန်းများကိုလည်း ကရင်နီ ပူး ပေါင်းတပ်ဖွဲ့မှ အလှစ်အငိုက်တိုက်ခိုက်ခဲ့ကြောင်း၊ ဖရူဆိုမြို့နယ်နှင့် ဒီးမော့ဆိုမြို့နယ်အကြားရှိ ကျေးရွာများဘက်တွင်လည်း စစ်တပ်များ လှုပ်ရှားလျက်ရှိကြောင်း၊ ထိတွေ့ တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး သေးဆူလဲကျေးရွာနှင့် အနီးဝိုက်ကျေးရွာများတွင်လည်း ထိတွေ့တိုက်ပွဲများ ဖြစ်ပွားခဲ့ကြောင်းသိရသည်။

အကြမ်းဖက် စစ်တပ်သည် အောက်တိုဘာလ အတွင်း အရပ်သားများကို ပစ် မှတ်ထားပြီး ဒီးမော့ဆိုမြို့နယ် ၊လွိုင်ကော်၊ ဖရူဆိုမြို့နယ်များရှိ ပြည်သူများ ခိုလှုံနေသည့် စစ်ရှောင်စခန်းများနှင့် လူနေရပ်ကွက်များကို လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ကလေးသူငယ် ၁ ဦး အပါအဝင် ပြည်သူ ၃ ဦး သေဆုံးခဲ့​ကာ ပြည်သူ ၁၃ ဦး ထိခိုက်ဒဏ်ရာရပြီး နေအိမ် ၃ လုံး ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။

အောက်တိုဘာလ ၁ လတာအတွင်း ကရင်နီပြည်အတွင်း၌ တိုက်ပွဲပေါင်း ၃၂ ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား ၂၈ ဦးသေဆုံးကာ ၁၇ ဦး ဒဏ်ရာရခဲ့ကာ တပ်မ (၆၆) မှ တပ်သား ၁ ဦး ပြည်သူဘက်သို့ CDM ပြုလုပ်ခဲ့ကြောင်း၊ KNDF ဘက်မှ ရဲဘော် ၅ ဦး ရဲရင့်စွာ ကျဆုံးခဲ့ပြီး KNDF မှ ကျဆုံးသွားသောရဲဘော်များအား ကရင်နီအမျိုးသား အာဇာအနည် အဖြစ် အသိအမှတ်ပြုကာ လေးစား ဂုဏ်ပြု အလေးပြုကြောင်း ထုတ်ပြန်ထားသည်။

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၏ အောက်တိုဘာလ တိုက်ပွဲများ

==================================

အလားတူ ​စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်တွင် ၁ လတာ ဖြစ်ပွားခဲ့သော တိုက်ပွဲများအတွင်း စစ်သား ၄၀ ဦးသေဆုံးခဲ့ကြောင်း CDSOM တပ်ဖွဲ့ကပြောသည်။

အောက်တိုဘာလ ၁ ရက်နေ့တွင် မြင်းခြံမြို့နယ် မြောက်ကျွန်းကျေးရွာရှိ စစ်တပ် တပ်စခန်း ဝင်ရောက် တိုက်ခိုက်ခံရပြီး အရာရှိ ၁ ဦးအပါအ ဝင် ၆ ဦးသေဆုံးခဲ့ကြောင်း၊ အောက်တိုဘာလ ၉ ရက်နေ့တွင် ကျောက်ရစ်ရဲစခန်းအနီးရှိ အကြမ်းဖက် စစ်တပ်၏ လုံခြုံရေး ဂိတ်စခန်း မိုင်းဆွဲ တိုက်ခိုက်ခံရပြီး ၂ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

အောက်တိုဘာလ ၁၇ ရက်နေ့တွင် စစ်ကိုင်း-ချောင်းဦး-မုံရွာ လမ်းပိုင်း၊ စစ်ကိုင်း-မုံရွာ လမ်းပိုင်းနှင့် မြင်းမူတို့ တွင် စစ်တပ်ယာဥ်တန်း ပဒေသာမိုင်းများဖြင့် အတွဲလိုက်ဖြင့် ဖောက်ခွဲတိုက်ခိုက်ခံရပြီး စစ်သား ၂၈ ဦးသေဆုံးခဲ့ကြောင်းသိရသည်။

အောက်တိုဘာလ ၈ ရက်၊ ၉ ရက်၊ ၂၂ ရက်နှင့် ၂၈ ရက်နေ့တို့တွင် အကြမ်းဖက် စစ်တပ်က မြောင်မြို့နယ်အတွင်းရှိ ညောင်ကားယား၊ ပန်းညို၊ ရွှေပေါက်ပင်နှင့် ပရိမ္မရွာများကို မီးရှို့ဖျက်ဆီးခဲ့ပြီး နေအိမ် ၄၈ လုံးပြာကျခဲ့ကြောင်း၊ အကြမ်း ဖက် စစ်တပ်က ကျေးရွာများအတွင်း ဝင်ရောက် စီးနင်း ပစ်ခတ်ခဲ့သောကြောင့် ပြည်သူ ၄ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

မြောင်မြို့နယ်အတွင်း အောက်တိုဘာလ ၁လတာ ဖြစ်ပွားခဲ့သော တိုက်ပွဲများအတွင်း အကြမ်းဖက် စစ်တပ်နှင့် ကာကွယ်ရေးတပ်ဖွဲ့များ ထိတွေ့တိုက်ပွဲ ၁၂ ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်တပ်ဘက်မှ ၄၀ ဦးသေဆုံးကာ ကာကွယ်ရေး ရဲဘော် ၃ ဦးထိခိုက်ကျဆုံးခဲ့ကြောင်း သိရသည်။khit thit

လွတ်ရက်စေ့၍လွတ်မြောက်လာသည့် သာယာဝတီလွှတ်တော်အမတ်ကို စစ်ကောင်စီက တ ရားထပ်စွဲ

ပဲခူးတိုင်း၊  သာယာဝတီမြို့နယ် ပြည်သူ့လွှတ်တော်အမတ် ဦးအောင်မြင့်ဟာ နိုဝင်ဘာ ၁ ရက်ဒီကနေ့လွတ်ရက်စေ့လို့ ထောင်ကနေ ပြန်လည်လွတ်မြောက်လာပေမဲ့ အိမ်ကိုပြန်ခွင့်မရဘဲ သာယာဝတီခရိုင်တရားရုံးသို့ ခေါ်ဆောင်သွားကာ ပုဒ်မ  ၅၀၅(က)နဲ့  ထပ်တိုး တရားစွဲဆို ခံထားရတယ်လို့ တရားရုံးနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။ 

ဦးအောင်မြင့်ကို စစ်ကောင်စီက  ၂၀၂၁ ဖေဖော်ဝါရီ ၁၀ ရက်ညက နေအိမ်မှာလာရောက်ဖမ်းဆီး ခေါ်ဆောင်သွားကာ သဘာ၀ဘေးဥပဒေပုဒ်မ (၂၅) နဲ့ သာယာဝတီအကျဉ်းထောင်တွင်း တရားရုံးကနေ ထောင်ဒဏ် ၂ နှစ်ချမှတ် အကျဉ်းချထားခဲ့တာပါ။

အခုလို့လွှတ်ပြီးမှ ထပ်တရားစွဲတဲ့အပေါ် သာယာဝတီမြို့ခံ ဥပဒေပညာရှင်တစ်ယောက်က “ လွတ်ရက်စေ့လို့ ပြန်လွတ်လာပြီးမှ နောက်အမှုထပ်တိုးတယ်ဆိုတာကာတော့ တမင်သက်သက် သူတို့ပြန်မလွှတ်ချင်လို့ကို အကွက်ဆင်ပြီး နောက်အမှုထပ်တိုးတာဖြစ်တယ်။ စဖမ်းကလည်းက အမှု နှစ်မှုဖွင့်တာလည်း မဟုတ်ဘူး။ အခုထောင်ထဲရက်ပေါင်း ၆၀၀ ကျော်လောက်နေပြီးမှ နောက်အမှုထပ်တိုးတာဟာ တရားဥပဒေဆိုတာ သူတို့ပါးစပ်ထဲမှာပဲရှိတာဖြစ်တယ်”လို့ ပြောပါတယ်။ 

ဦးအောင်မြင့်ဟာ သာယာဝတီမြို့နယ်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ပြည်သူ့လွှတ်တာ် ကိုယ်စားလှယ်ဖြစ်သလို ပါတီဥက္ကဋ္ဌလည်း ဖြစ်ပါတယ်။ သူဟာ ၈၈ အရေးအခင်းတုန်းကလည်း ဖမ်းဆီးခံခဲ့ရပြီး သာယာဝတီထောင်မှာ ၁၀ နှစ်ကျော် အကျဉ်းကျခံခဲ့ရတဲ့ နိုင်ငံရေး အကျဉ်း သားဟောင်းလည်းဖြစ်တယ်လို့  သာယာဝတီမြို့ခံ နိုင်ငံရေးအကျဉ်းသားဟောင်းက ပြောပါတယ်။ 

သာယာဝတီခရိုင် ၈ မြို့နယ်မှာ  အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က လွှတ်တော်အမတ်  ၄ ယောက် စစ်ကောင်စီရဲ့ ဖမ်းဆီးခံရပြီး လက်ပံတန်းမြို့နယ် အမှတ် (၁)  တိုင်းဒေသကြီးကိုယ်စားလှယ်လည်းဖြစ်  ပဲခူးတိုင်းလွှတ်တော်ဥက္ကဋ္ဌလည်းဖြစ်တဲ့ ဦးခင်မောင်ရင် တယောက်ပဲပြန်လည်လွတ်မြောက်လာပါသေးတယ်။

သာယာဝတီမြို့နယ် ပြည်သူ့လွှတ်တော်အမတ် ဦးအောင်မြင့်၊ သာယာဝတီမြို့နယ် အမှတ် (၂)   တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ကိုကျော်ကိုကိုစိန်နဲ့ မိုးညိုမြို့နယ်ပြည့်သူလွှတ်တော်ကိုယ်စားလှယ် ဦးဝင်းနိုင်တို့ကတော့ သာယာဝတီထောင်မှာ ဖမ်းဆီးချုပ်နှောင်ခံထားရဆဲ ဖြစ်ပါတယ်။DVB

ဖျာပုံမြို့တွင် နေအိမ် အနုကြမ်းစီးခံရ တရားခံကိုမိသားစုဝင်များ ဝိုင်းဖမ်းပြီး ရဲလက်အပ်

ဧရာဝတီတိုင်း၊ ဖျာပုံမြို့၊ အမှတ်(၃)ရပ်ကွက် အထက (၂) ကျောင်းရှေ့ အိမ်တစ်အိမ်တွင် အောက်တိုဘာလ ၃၁ ရက်နေ့ မနက် ၄ နာရီခန့်အချိန်က အနုကြမ်းစီးမှုဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံက သိရသည်။

အနုကြမ်းစီးခံခဲ့ရသည့် နေအိမ်တွင် အမျိုးသမီးတစ်ဦးတည်း ရှိနေသည် အထင်ဖြင့် ဓားရှည်ကိုင်ဆောင်လာသူ တစ်ဦးက အနုကြမ်းစီးခဲ့ခြင်းဖြစ်သည်။

အဆိုပါနေအိမ်တွင် အိမ်ပိုင်ရှင် အသက် (၆၀) ဝန်းကျင် အမျိုးသမီး ဒေါ်ပုံ(အမည်လွှဲ)၊ ၎င်း၏အမျိုးသားနှင့် သားဖြစ်သူတို့အပြင် ၊ နယ်မှကျောင်းလာတက်သည့် ကိုးတန်းအရွယ် မိန်းကလေးနှစ်ဦးပါ နေထိုင်ကြသည်ဟု ဒေသခံတစ်ဦးက ပြောသည်။

“သူခိုးက အဖွားကြီးတစ်ယောက်ထဲ ရှိနေတယ်ထင်ပြီး ဝင်

လုတာလို့ ယူဆရတယ်။ ဖျာပုံခရိုင် မီးသတ်တပ်ဖွဲ့မှာ လုပ်နေတဲ့ သူ့သားက ခွင့်ယူပြီးအိမ်ပြန်ရောက်နေတာ သူခိုးကမသိဘူး။ ကောင်မလေးနှစ်ယောက်လည်း ရှိနေတဲ့အချိန်ဆိုတော့ အဲ့ဒီအိမ်မှာရှိနေတဲ့ စုစုပေါင်း လေးယောက်က သူခိုးကိုဝိုင်းဖမ်းတာပေါ့။ အဖွားကြီးရဲ့ယောက်ျားကတော့ ခရီးသွားနေတယ်လို့သိရတယ်”ဟု၎င်းကဆိုသည်။

အနုကြမ်းစီးသူသည် ဓားရှည်တစ်လက်ကိုင်ဆောင်ကာ နေ

အိမ်အတွင်း ဝင်ရောက်လာသည့်အတွက် အသက် (၆၀) ဝန်းကျင် အိမ်ပိုင်ရှင်အမျိုးသမီးနှင့် ရုံးရင်းဆန်ခတ်ဖြစ်ခဲ့ပြီး အမျိုးသမီး၏ ဦးခေါင်း၌ ဒဏ်ရာရရှိသွားခဲ့သည်ဟု ဒေသခံက ပြောသည်။

ထို့နောက် သူခိုးဝင်ရောက်နေသည်ကို ဒေါ်ပုံ(အမည်လွှဲ)၏

အသက် ၂၀ ဝန်းကျင်အရွယ်သားဖြစ်သူနှင့် နယ်မှ ကျောင်းလာတက်သည့် မိန်းကလေးနှစ်ဦးတို့သိရှိခဲ့ပြီး ဝိုင်းဝန်းဖမ်းဆီးခဲ့ကြခြင်းဖြစ်သည်ဟု ဆက်လက်ပြော သည်။

“သူခိုးဝင်နေတာကိုသိလို့ အဖွားကြီးရဲ့သား ထွက်လာတော့ သူခိုးကဓားနဲ့ခုတ်တယ်၊ ဒါပေမဲ့မထိဘူး၊ အိမ်မှာတပ်ထားတဲ့မှန်တွေကွဲပြီး ကောင်လေးဒဏ်ရာရသွားတာပဲရှိတယ်။ ကောင်မလေး နှစ်ယောက်ပါထွက်လာပြီး ဝိုင်းဖမ်းတာမှာ သူခိုးခေါင်းကွဲသွားတယ်ဗျ။ အဲ့ဒီတော့မှ သူခိုးကို ကြိုးနဲ့တုတ်လိုက်တာပါ”ဟု ဆိုသည်။

အနုကြမ်းစီးသူအား ဖမ်းဆီးပြီးနောက် ရပ်ကွက်နေပြည်သူ

များရောက်ရှိလာပြီး စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင်များထံ အပ်နှံလိုက်ကြကြောင်း ဒေသခံကဆက်လက်ပြောသည်။

လက်ရှိတွင် အသက် ၆၀ ဝန်းကျင်အရွယ် ဒေါ်ပုံ(အမည်လွှဲ)နှင့် ၎င်း၏သားဖြစ်သူတို့နှစ်ဦး ဖျာပုံဆေးရုံတွင် ဆေးကုသမှုခံယူနေကြသည်ဟု သိရပြီး အသက် (၃၀) ဝန်းကျင်အရွယ် အနုကြမ်းစီးသူကို ဖျာပုံမြို့နယ် ရဲစခန်းတွင် ဖမ်းဆီးထားသည်ဟု ဒေသခံ၏ပြောပြချက်အရ သိရသည်။ mizzima

ကော့ကရိတ် လမ်းဟောင်းတွင် စစ်တပ်နှင့် တိုက်ပွဲဖြစ်ပြီး KNLA ပူးပေါင်းတပ်မှ တစ်ဦး ကျဆုံး

ကရင်ပြည်နယ်၊ ကော့ကရိတ်-မြဝတီ လမ်းဟောင်းတွင် အကြမ်းဖက်စစ်တပ်နှင့် KNLA ပူးပေါင်းတပ်ဖွဲ့ကြား နိုဝင်ဘာလ ၁ ရက် ယနေ့ နေ့ လယ်တွင် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

ကော့ကရိတ်-မြဝတီလမ်းဟောင်းဘက်သို့ စစ်ကောင်စီတပ်မှ စစ်ကြောင်းထိုးလာခြင်းဖြစ်ပြီး ရန်ကုတ်ကျေးရွာအနီးတွင် KNLA ပူးပေါင်းတပ်ဖွဲ့နှင့် တိုက်ပွဲဖြစ်ပွားခြင်းဖြစ်ကြောင်း သိရှိရသည်။

“စခ ဘက်က စစ်ကြောင်းတက်လာတာပါ၊ အင်အားက ၅၀ အထက် လို့ ခန့်မှန်းတယ်။ ကျနော်တို့ဘက်က ကျားဖြူစစ်ကြောင်း၊ lion battalion၊ Eagles နဲ့ Justice Soldier PDF တို့ပါတယ်။ နေ့လယ် ၁ နာရီ ၄၀ မှာ စဖြစ်တယ်၊ ညနေ ၅ နာရီလောက်မှာ လက်နက်ငယ်ပစ်တာ ငြိမ်သွားတယ်၊ လက်နက်ကြီးတော့ ပစ်နေတုန်းပဲ” ဟု KNLA ပူးပေါင်းတပ် ရှေ့တန်းသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သို့ ပြောဆိုသည်။

တိုက်ပွဲဖြစ်ပွားနေချိန်တွင် ကော့ကရိတ် အခြေစိုက် ခလရ ၉၇ တပ်ရင်းမှ လက်နက်ကြီး ပစ်ကူများ ပစ်ခတ်ခဲ့ကြောင်း သိရှိရသည်။

“တိုက်ပွဲက ရင်ဆိုင်တိုက်ပွဲဆိုတော့ ပြင်းထန်တယ်၊ စခ ဘက်က လက်နက်ကြီး ပစ်ကူနဲ့ ပစ်မှတ် ရှာဖွေတာပေါ့။ ကျနော်တို့ဘက်က တစ်ဦး ကျတယ်၊ နှစ်ဦး ဒဏ်ရာရတယ်။ စစ်ခွေး အသေစာရင်းတော့ မသိရဘူး” ဟု KNLA ပူးပေါင်းတပ် ရှေ့တန်းသတင်းရင်းမြစ်က ဆက်ပြော သည်။

ရန်ကုတ်ကျေးရွာသည် ကော့ကရိတ်-မြဝတီလမ်းဟောင်းပေါ်တွင် တည်ရှိပြီး ကော့ကရိတ်မြို့နှင့် ၄ မိုင်ခန့်သာ ကွာဝေးသည်။khit thit

နောင်ချိုမြို့နယ်အနီး PDF စစ်ကြောင်း လေ ကြောင်းမှ တိုက်ခိုက်ခံရ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်နဲ့ မန္တလေးတိုင်း မိုးကုတ်မြို့နယ်စပ်မှာ စစ်ရေးလှုပ်ရှားနေတဲ့ ပြည်သူ့ကာကွယ်ရေးတပ် (PDF) စစ်ကြောင်း တစ်ခုကို စစ်ကောင်စီတပ်က အောက်တိုဘာ ၃၁  ရက် ညနေပိုင်းက လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒေသခံ PDF နဲ့ နီးစပ်သူတစ်ဦးက “နောင်ချို- မိုးကုတ်ကြားမှာ အခြေချလှုပ်ရှားနေနဲ့ ကျမတို့ ရှမ်းမြောက် PDF စစ်ကြောင်းကို စစ်ကောင်စီက လေယာဉ် နှစ်စီးနဲ့ အတွဲလိုက်ဗုံးလည်းကြဲတယ်။ လေယာဉ်မှာတဲ့ စက်သေနတ်နဲ့လည်း ပစ်တယ်။ လေကြောင်းနဲ့ တိုက်ခိုက်ခံရတဲ့ စစ်ကြောင်းက ကလေးတွေ ဘေးကင်းရာကို ရွေ့နေရတယ်” လို့  ပြောပါတယ်။

စစ်ကောင်စီတပ်က လေကြောင်းနဲ့ လာရောက်တိုက်ခိုက်သွားတဲ့  PDF တပ်ဟာ ရှမ်းပြည်နယ်မြောက်ပိုင်းအခြေစိုက်တပ်ရင်းတစ်ခုဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။

နောင်ချိုမြို့နယ်ထဲကို ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီစစ်ကြောင်းနဲ့ ထိတွေ့မှုဖြစ်ခဲ့ပြီး စစ်ကောင်စီဘက်က အထိအခိုက်အကျအဆုံးရှိတာကြောင့် အခုလို လေကြောင်းနဲ့ လာရောက် ဗုံးကြဲပစ်ခတ်တိုက်ခိုက်တာလို့ PDF နဲ့ နီးစပ်သူတွေကဆိုပါတယ်။

“အခု PDFစစ်ကြောင်းနဲ့ ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီစစ်ကြောင်း တိုက်ပွဲဖြစ်တယ်။ တိုက်ပွဲမှာ စစ်တပ်ဘက်က အကျဆုံးတွေရှိတယ်။ PDF ဘက်ကလည်း ကလေး တစ်ယောက် ပေါင်မှာ ဒဏ်ရာရတယ်။ ဒါ့ကြောင့် စစ်တပ်က လေယာဉ်နဲ့ လာဗုံးကြဲတာ။”

လက်ရှိလေကြောင်းတိုက်ခိုက်မှုဖြစ်ပွားခဲ့တဲ့ နေရာမှာ ဆက်သွယ်ရေးတွေ ပြတ်တောက်နေတာကြောင့် နှစ်ဖက် ထိခိုက်ကျဆုံးမှုကို သီးခြားအတည်မပြုနိုင်သေးပါဘူး။

ဒီနေ့  နေ့လယ်က စစ်ကောင်စီတပ်ရဲ့ ဂျက်တိုက်လေယာဉ် ၂ စီးဟာ မိုးကုတ်မြို့ကောင်းကင်ယံကနေ ဖြတ်သန်းသွားပြီးနောက်ပိုင်း မိုးမိတ်မြို့နယ်ဘက်မှာ တိုက်ပွဲ ဖြစ်နေတယ်လို့လည်း ဒေသတွင်းမှာ သတင်းတွေထွက်ပေါ်နေပါတယ်။

“မိုးကုတ်မြို့ပေါ်ကနေ အနိမ့်ပျံသွားတယ်။ ကောင်းကင်မှာ နှစ်ပတ် သုံးပတ်လည်ပတ်သွားတယ်။ စစ်တပ်က ဂျက်နှစ်စီးပါ။ မိုးမိတ်မြို့ဘက်မှာ တိုက်ပွဲဖြစ်နေတယ်လို့လည်း ကြားရတယ်။ ဘယ်နားဖြစ်လည်းတော့ မသိဘူး”လို့ နယ်မြေခံတစ်ဦးက ပြောပါတယ်။

နောင်ချိုမြို့နယ်အတွင်းက ရတနာသိင်္ဂီရွာဘက်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ မန္တ လေးပြည်သူကာကွယ်ရေးတပ် (MPDF)တို့  ပြီးခဲ့တဲ့ ဇူလိုင်လက တိုက်ပွဲဖြစ်ခဲ့ပါတယ်။ ဒါ့အပြင် မိုးမိတ်မြို့ အခြေစိုက်တပ်ရင်းကို ပြည်သူကာကွယ်ရေးတပ်(PDF)တွေက သြဂုတ်လအတွင်းက ပစ်ခတ်တိုက်ခိုက်တာတွေရှိခဲ့ပါတယ်။

လက်ရှိ အဆိုပါဒေသဘက်တွေကို စစ်ကောင်းစီတပ်တွေက အင်အားအလုံးအရင်းသုံးကာ စစ်ကြောင်းတွေ ဖြန့်ခွဲပြီး ဝိုင်းပိတ်ဆို့ ထိုးစစ်ဆင်နေပါတယ်။ DVB

« Older Entries