Monthly Archives: Nov 2022

လားရှိုးမြို့တော်ခန်းမကို ရှမ်းပြည်နယ်မြောက်ပိုင်းမဟာမိတ်တပ်ရင်း ဖောက်ခွဲတိုက်ခိုက်

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့၊ လားရှိုးမြို့တော်ခန်းမကို ယနေ့ နိုဝင်ဘာလ ၂ရက်နေ့ တွင် ရှမ်းပြည်နယ်မြောက်ပိုင်းမဟာမိတ်တပ်ရင်း (N.S.S.A.A)က ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း ၎င်းအဖွဲ့က သတင်းထုတ်ပြန်သည်။

ယနေ့ နေ့လယ်တစ်နာရီခန့်က လားရိူးမြို့တော်ခန်းမ မုခ်ဦးကို ဆိုင်ကယ်စီးလာသူ နှစ်ဦးက လက်ပစ်ဗုံးဖြင့်ပစ်ခတ်ခဲ့ပြီး အမျိုးသားတစ်ဦးထိ ခိုက်ဒဏ်ရာရခဲ့သည်ဟု ဒေသခံတစ်ဦးက ပြောသည်။

“နေ့ခင်း ၁နာရီလောက် ဆိုင်ကယ်နဲ့လာပစ်သွားတယ်။ မြို့တော်ခန်းမ မုခ်ဦးထိပြီးတော့ အဲ့နားဖြတ်သွားတဲ့ပြည်သူထိတယ်။ လက်ပစ်ဗုံးလို့သိရတယ် ” ဟု ဒေသခံက ပြောသည်။

ယခုပစ်ခတ်တိုက်မှုတွင် N.S.S.A.A ဘက်မှ အထိအခိုက်မရှိဘဲပြန်လည်ဆုတ်ခွာလာနိုင်ခဲ့ပြီး စစ်ကောင်စီဘက်မှ အထိအခိုက်ကိုမူမသိရသေးကြောင်း N.S.S.A.A ၏ ထုတ်ပြန်ချက်အရသိရသည်။

လားရိူးမြို့တွင် နိုဝင်ဘာလ ၄ရက်နေ့၌ စစ်ကောင်စီက ပြုလုပ်မည့် တန်ဆောင်တိုင်ပွဲ၌လည်း N.S.S.A.A ရှိနေမည်ဖြစ်ကြောင်း ပြောဆိုထား သည်။ mizzima

ပြည်ကြီးတံခွန်ရှိ ခရစ်ယာန် မိဘမဲ့ကလေးကျောင်းကို စစ်တပ်က PDFနှင့် ပတ်သက် သည်ဟု စွပ်စွဲပြီး ညတွင်းချင်း ချိတ်ပိတ်၊ က လေးငယ်များ အိပ်စရာမရှိဘဲ ဒုက္ခရောက်နေ

မန္တလေး၊ ပြည်ကြီးတံခွန်မြို့နယ်ရှိ ခရစ်ယာန် မိဘမဲ့ကျောင်းကို အကြမ်းဖက် စစ်တပ်က PDFနှင့် ပတ်သက်သည်ဟု စွပ်စွဲကာ ယခုည တွင်းချင်း ချိတ်ပိတ်ခဲ့သဖြင့် မိဘမဲ့ကလေးများ အိပ်စရာမရှိဘဲ လမ်းပေါ်တွင် ဒုက္ခရောက်နေကြကြောင်း သိရှိရသည်။

နိုဝင်ဘာလ ၂ ရက်နေ့တွင် ပြည်ကြီးတံခွန်မြို့နယ်၊ စ လုံးရပ်ကွက်၊ တတ ၅၂ အကွက်ရှိ ခရစ်ယာန် မိဘမဲ့ကျောင်းကို အကြမ်းဖက် စစ်တပ်က ယနေ့ ည ၆ နာရီခန့်တွင် PDF နှင့် ပတ်သက်သည်ဆိုသော စွပ်စွဲချက်ဖြင့် လာရောက်ချိတ်ပိတ်ခဲ့ကြောင်း၊ လက်ရှိချိန်တွင် မိဘမဲ့​ကျောင်းတွင် နေထိုင်သည့် ကလေးငယ်များသည် အိပ်စရာနေရာမရှိဘဲ မှီခိုရာ မရှိတော့သည့်အတွက် ဒုက္ခရောက်နေကြောင်း သိရသည်။

” ခရစ်ယာန် မိဘမဲ့ကျောင်းကို စစ်ခွေး၊ ရဲခွေးတွေ အင်အား အလုံးအရင်းနဲ့ ညတွင်းချင်း စီးနင်းပြီး တိုက်ပေါ်ကနေ ကလေးငယ်များကို ဆွဲခေါ် ပစ္စည်းတွေ သယ်ခိုင်းပြီး မောင်းထုတ်နေတယ်။ ဘာအပြစ်မှ မရှိတဲ့ ကလေးတွေကို ရက် ရက်စက်စက် လုပ်နေတာ မိဘမဲ့ ကလေးလေးတွေလည်း ခုဘယ်မှာ နေရမှာလဲ မသိတော့ဘူး။ ကလေးတွေကို မညာမတာ ခိုင်းပြီး အိမ်ပေါ်က ဆင်းခိုင်းနေတာ ညပိုင်း ဘယ်သွားအိပ်ရတော့မှာလဲ” ဟု ဒေသခံ ပြည်သူ တစ်ဦးကပြောဆိုသည်။

လက်ရှိချိန်တွင် အကြမ်းဖက် စစ်တပ်သည် ချိတ်ပိတ်ထားသော မိဘမဲ့ကျောင်း အနီးအနားတွင် အရပ်ဝတ်များဖြင့် စောင့်ကြည့်နေကြောင်း သိရသည်။ khit thit

ကျောက်ဖြူတွင် ရပ်ကျေးအုပ်ချုပ်ရေးတာ ဝန်ရှိသူ ၃ ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီး

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့မှာ ရပ်ကျေးအုပ်ချုပ်ရေး တာဝန်ရှိသူ သုံးယောက်ကို စစ်ကောင်စီတပ်က အောက်တိုဘာ ၃၁ ရက်မှာ ဖမ်းဆီးသွားတယ်လို့ ကျောက်ဖြူမြို့ခံတွေက ပြောပါတယ်။

ကျောက်ဖြူမြို့ စေတီယျရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးစိုးလှထွန်း၊ ထွေအုပ်စာရေး ဦးစိုးမင်းနိုင်နဲ့ ရာအိမ်မှူးတယောက်တို့ကို စစ်တပ်က ဖမ်းဆီးသွားတာလို့ ကျောက်ဖြူမြို့ခံတဦးက ပြောပါတယ်။

“အဖမ်းခံလိုက်ရတာက စေတီယျ အုပ်ချုပ်ရေးမှူး၊ ထွေအုပ်ဝန်ထမ်း ရပ်ကွက်စာရေးနဲ့ ရာအိမ်မှူးတဦးတို့ဖြစ်တယ်။ အုပ်ချုပ်ရေးမှူးကိုတော့ ၃၁ ရက်နေ့ မနက်ပိုင်းက နေအိမ်မှာ ဖမ်းဆီးခံလိုက်ရတာဖြစ်ပြီး ထွေအုပ်စာရေးကတော့ ညနေပိုင်းမှာ ဖမ်းဆီးခံလိုက်ရတာ ဖြစ်တယ်။ နောက် ရာအိမ်မှူးကတော့ ညအချိန်မှာ ဖမ်းသွားတာလို့ သိရတယ်။ ဘယ်မှာထိန်းသိမ်းထားတယ် ဆိုတာတော့ မသိရသေးဘူး။ ခမရ ၃၄ တပ်ရင်းမှာ ဖြစ်ဖို့တော့ များတယ်။”

ကျောက်ဖြူမြို့နယ်မှာ ပြီးခဲ့တဲ့လတွေကလည်း ခရိုင်ငါးလုပ်ငန်းဦးစီး အပါအဝင် မြို့ခံ ၂၀ ကျော်လောက်ကို စစ်ကောင်စီက ဖမ်းဆီးထားပြီး ပုဒ်မအမျိုးမျိုးဖွင့်ကာ တရားစွဲဆိုထားပါတယ်။

ရခိုင်ပြည်နယ်မှာ စစ်ကောင်စီနဲ့ အေအေတို့အကြား တိုက်ပွဲပြင်းထန်လာပြီးနောက် စစ်ကောင်စီက ရခိုင်ပြည်နယ်ရှိ မြို့နယ်တချို့က နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေနဲ့ လူမှုရေးတက်ကြွလှုပ်ရှားသူတွေကို လိုက်လံဖမ်းဆီးတာတွေ ရှိနေပါတယ်။ DVB

“ညီညာထောက်ပို့ ပွဲသိမ်းစို့” ကံစမ်းမဲလက် မှတ်များ ဝယ်ယူကူညီကြရန် CIA တမူး အ သိပေး

စစ်ကိုင်းတိုင်း တမူးမြို့နယ်အတွင်းရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် စစ်အာဏာရှင်အမြစ် ဖြတ်ရေးအတွက် လိုအပ်သော တိုက်ပွဲဝင်ပစ္စည်းများဝယ်ယူနိုင်ရေးအတွက် ကံစမ်းမဲလက်မှတ်များကို ဝယ်ယူခြင်းအားဖြင့် ကံစမ်းကူညီပေးကြပါရန် Central Intelligence Agency Tamu မှ အသိပေးထုတ် ပြန်ထားသည်။

“မြေပြင်အခြေအနေအရ ကျနော်တို့တပ်ဖွဲ့တွေမှာ နုတ်ခမ်းနီ(ကျည်ဆံ) တွေလိုပါတယ်၊ အဲဒါတွေ ဝယ်ယူ နိုင်ဖို့အတွက် အလှူရှင်ကမတည်ပေးထားတဲ့ လက်ဝတ်ရတနာတွေကိုမဲဖောက်ပြီး ကံထူးရှင်ကိုလွှဲ ပြောင်း ပေးသွားမှာဖြစ်ပါတယ်” CIA Tamu လက်ထောက် ဒါရိုက်တာဖြစ်သူ ဗိုလ်အုန်းသီးကပြောသည်။

ကံစမ်းမဲ လက်မှတ်တစ်စောင်လျှင် ကျပ် ၁၅,၀၀၀ ဖြစ်ပြီး ပထမဆုအဖြစ် ရွှေဆွဲကြိုးအကြီး၊ ဒုတိယဆု ယိမ်းလက်ကောက် ၊ တတိယဆု ရွှေဆွဲကြိုးအသေး ၊ စတုတ္ထဆု နားဆွဲအသေး ဖြစ်ကြောင်း သိရသည်။

ကံစမ်းမဲလက်မှတ်များကို နိုဝင်ဘာလ ၁ ရက်နေ့မှ စတင်ပြီး လူမှုကွန်ရက်စာမျက်နှာမှ တဆင့် ဆက်သွယ်ဝယ်ယူနိုင်ပြီး ဒီဇင်ဘာလ ၁၄ ရက်နေ့တွင် ကံထူးရှင်များ ရွေးချယ် သွားမည်ဖြစ် ကြောင်းဆိုသည်။

CIA တမူးမှ “ကဘော်မြေသို့ နုတ်ခမ်းနီလှူစို့” ကံစမ်းမဲလက်မှတ်အစီအစဉ်အားလည်း အခက်အခဲမျိုးစုံ ကြားမှပြုလုပ်နိုင်ခဲ့ပြီး ယင်းအစီအစဉ်တွင် ကံထူးရှင်လေးဦးအား ပစ္စည်းများပို့ရန်အခက်အခဲရှိသော ကြောင့် ကာလတန်ဖိုးငွေသားဖြင့်ပေးချေခဲ့ကြောင်း သိရသည်။

အဆိုပါ ပစ္စည်းများကို ဒုတိယအကြိမ်အဖြစ် ကံစမ်းမဲလက်မှတ်များပြုလုပ်ရောင်းချပြီး ရန်ပုံငွေပြန်လည် ရှာဖွေခြင်းဖြစ်ကြောင်းဆိုသည်။

တမူးမြို့နယ်တွင် ကာကွယ်ရေးတပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်ဖွဲ့များအကြား မကြာခဏ တိုက်ပွဲများ ဖြစ်ပွားနေပြီး ကလေးမြို့ မှ တမူးမြို့ကို ဖြတ်သန်းသွားသည့် စစ်ကောင်စီတပ်ဖွဲများကိုလည်း မိုင်းဆွဲခြင်း နှင့် ချုံခိုတိုက်ခိုက်လေ့ရှိကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံမှသိရသည်။ mizzima

စစ်ကိုင်းတိုင်း ဥပဒေချုပ် ဦးခင်‌‌မောင်‌လှ မုံရွာထောင်မှ လွတ်‌‌မြောက်‌

စစ်တပ်အာဏာသိမ်းပြီးနောက် ဖမ်းဆီးခံနေရတဲ့ စစ်ကိုင်းတိုင်း ဥပဒေချုပ် ဦးခင်မောင်လှဟာ နိုဝင်‌ဘာ ၁ ရက်‌က မုံရွာအကျဉ်းထောင်‌ကနေ လွတ်‌‌မြောက်‌လာပါတယ်‌။

စစ်‌ကိုင်းတိုင်း အန်အယ်လ်ဒီ ပါတီ တာဝန်‌ရှိတယောက်က‌ “မ‌နေ့ည‌ပိုင်းကမှ စစ်‌ကိုင်းတိုင်း ဥပ‌ဒေချုပ်‌ ဦးခင်‌‌မောင်‌လှ ပြန်‌လွတ်‌‌မြောက်‌လာခဲ့တယ်။ ဥပ‌ဒေချုပ်‌က အာဏာသိမ်းပြီး  ၁ ရက်‌‌နေ့မှာ အဖမ်းခံရတာ။ မ‌နေ့ကမှ မုံရွာအကျဉ်းထောင်‌က‌နေ လွတ်‌‌မြောက်‌လာခဲ့တယ်‌”လို့ ပြောပါတယ်‌။

ဥပဒေချုပ် ဦးခင်မောင်လှဟာ အာဏာဖီဆန် CDM လှုပ်ရှားမှုမှာ နိုင်ငံ့ဝန်ထမ်းတွေအနေနဲ့ ပါဝင်ပေးဖို့ တိုက်တွန်းခဲ့တယ်ဆိုတဲ့ပြီး စစ်ကောင်စီက ပုဒ်မ ၅၀၅(ခ) နဲ့ ဒီဇင်‌ဘာ ၁၇ ရက်‌‌က မုံရွာအကျဉ်းထောင်တရားရုံးကနေ ထောင်ဒဏ် ၂ နှစ် အမိန့်ချခဲ့ပါတယ်။DVB

မောင်တောတွင် ရိက္ခာပို့စစ်ကြောင်း မိုင်းဆွဲခံရ

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မြောက်ပိုင်းတွင် ယနေ့ (နိုဝင်ဘာ ၂) နံနက် ၈ နာရီခွဲခန့်က စစ်ကောင်စီ တပ်စစ်ကြောင်း မိုင်းဆွဲတိုက်ခိုက်ခံရသလို နယ်ခြားစောင့်ရဲတပ်ရင်းတွင် ပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ 

အမှတ်(၅) နယ်ခြားစောင့်တပ် အမှတ်  ၅ တပ်ရင်းမှ ထွက်ခွာလာသော စစ်ကြောင်းတစ်ခုသည် လှဖိုးခေါင် ပြန်လည် လက်ခံရေးစခန်းဘက်သို့ ကားတစ်စီးဖြင့်အလာ မောင်တောမြို့မြောက်ဘက် ၆ မိုင်ခန့်အကွာ ကျွဲထားပြင်ကျေးရွာအနီး မိုင်းဆွဲခံရခြင်း ဖြစ်သည်။ 

“စစ်ကြောင်းက ကားနဲ့ လှဖိုးခေါင်ဘက်ကိုသွားတာမှာ မိုင်း ၃ လုံးအဆွဲခံရတာ။ AA က မိုင်းတွဲတိုက်ခိုက် တာလို့ ပြောကြတယ်။ သေဆုံး ဒဏ်ရာရတာ ရှိမရှိကိုတော့ မသိရဘူး။ မိုင်းပေါက်သံကိုလည်း ကြားလိုက်ရတယ်” ဟု အမည် မဖော်လိုသည့် ဒေသခံတစ်ဦး ပြောသည်။

တစ်ဖက်နိုင်ငံဘက်သို့ ထွက်ပြေးသွားရသော ရိုဟင်ဂျာများကို ပြန်လည်လက်ခံရန် NLD  အစိုးရ လက်ထက်က တည်ဆောက်ခဲ့သော လှဖိုးခေါင်ပြန်လည်လက်ခံရေးစခန်းသည် မောင်တောမြို့ မြောက်ဘက် ၅ မိုင်ခန့်အကွာတွင် ရှိပြီး ကျီးကန်းပြင်ဌာနချုပ်၏ အနောက်ဘက် ၂ မိုင်ခွဲခန့်အကွာတွင် တည်ရှိသည်။

မောင်တောမြို့ခံတစ်ဦးကလည်း မြောက်ပိုင်းဘက်မှ မိုင်းပေါက်ကွဲသံများကို ယနေ့ နံနက်က ကြားလိုက်ရကြောင်း ပြောသည်။

“ မိုင်းပေါက်သံလို အသံကျယ်ကြီး နှစ်ချက်ကြားလိုက်ရတယ်။ ငါတို့က ဌာနချုပ် (နယ်ခြားစောင့်ရဲကွပ်ကဲမှုဌာနချုပ်- ကျီးကန်းပြင်) ကလို့ ထင်ခဲ့တာ။ နောက်ဆက်တွဲကိုတော့ မသိရသေးဘူး” ဟု ထိုမြို့ခံက ဆိုသည်။

မောင်တောမြို့နယ်တွင် ရိက္ခာပို့လာသည့် စစ်ကြောင်းတစ်ခုကို ရက္ခိုင့်တပ်တော် (AA) က မိုင်းဆွဲတိုက်ခိုက်ခဲ့သည်ဟု AA  ပြောခွင့်ရ ဦးခိုင်သုခက ရခိုင်အခြေစိုက် Western News သတင်းဌာနသို့ ဖြေကြားထားသည်။

အလားတူ ယနေ့ နံနက် ၁၀ နာရီခန့်တွင်လည်း မောင်တောမြို့အဝင် မြို့သူကြီး ရိုဟင်ဂျာရွာပျက်၌ တည်ဆောက်ထားသော အမှတ်(၅) နယ်ခြားစောင့် ရဲတပ်ရင်းတွင် ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့သည်။

ထိုပေါက်ကွဲမှုတွင် နယ်ခြားစောင့် ရဲ ၁၀ ဦးခန့် ဒဏ်ရာပြင်းထန်စွာရရှိသွားသည်ဟု သိရကြောင်း မောင်တောမြို့ခံ နောက်တစ်ဦးက ပြောသည်။

“ မိုင်းကို သူတို့က သုံးလို့ ရသေးလား မရတော့ဘူးလားဆိုပြီး ကြည့်ကြတယ် ထင်တယ်။ အဲဒီမှာ ထပေါက်ကွဲတဲ့ပုံ ရတယ်။ အကြမ်းအားဖြင့် သိရတာက မောင်တောပြည်သူ့ဆေးရုံကြီးကို ၄ ယောက် ရောက်တယ်။ ဘူးသီးတောင် စစ်ဆေးရုံကို အနည်းဆုံး ၆ ယောက်မဟုတ်ရင် ၇ ယောက်လောက် အရေးပေါ်  ပို့ဆောင်လိုက်တယ်လို့ သိရတယ်” ဟု ၎င်းမြို့ခံက ပြောသည်။ရိက္ခာလာပို့သော စစ်ကြောင်း မိုင်းဆွဲခံရသောနေရာနှင့် ပေါက်ကွဲမှုဖြစ်သော အဆိုပါ ရဲတပ်ရင်းသည် ၆ မိုင်ခွဲခန့် ကွာဝေးသည်။

ယခုနှစ် ပြီးခဲ့သည့် ဇူလိုင် ၁၈ ရက်က  မောင်တောမြို့နယ် ဇင်ပိုင်ညာရွာနှင့် စကားပင်ရင်းရွာအကြားတွင် တစ်ကြိမ်၊ ဒုံးကုလားရွာနှင့် ဝက်ကျိန်းရွာအကြားတွင် တစ်ကြိမ် နယ်ခြားစောင့်တပ်ဖွဲ့ဝင်များပါဝင်သည့် စစ်ကောင်စီတပ်နှင့် AA တို့ တိုက်ပွဲဖြစ်ပွားခဲ့သည်။

ထိုတိုက်ခိုက်မှုအတွင်း ထုတ်ပြန်ထားသော ရုပ်သံအရ ၁၀ ဦးခန့် သေဆုံးနိုင်ပြီး ၁၄ ဦး လက်ရဖမ်းမိ ကြောင်း AA ဘက်က ယင်းညမှာပင် ထုတ်ပြန်သည်။ယမန်နေ့ (နိုဝင်ဘာ ၁) ကလည်း ရခိုင်ပြည်နယ်တောင်ပိုင်း၊ တောင်ကုတ်မြို့ပေါ်နှင့် မိုင် ၂၀ ခန့်အကွာ တောင်ကုတ်- သံတွဲ ကားလမ်းမကြီးပေါ်ရှိ သက်ကေပြင်ကျေးရွာနှင့် ရွာပကာကျေးရွာကြား ကားလမ်းမ ပေါ်တွင် စစ်ကြောင်း မိုင်းဆွဲ တိုက်ခိုက်ခံရသည်။

အောက်တိုဘာ နောက်ဆုံးအပတ်အတွင်း ရခိုင်နှင့် ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့နယ်တို့တွင် AA နှင့် စစ်တပ် တို့အကြား ဖြစ်ပွားခဲ့သည့် တိုက်ပွဲများအတွင်း စစ်ကောင်စီ တပ်ဘက်မှ ၂၄ ဦး သေဆုံးပြီး ၂၆ ဦးထက်မနည်း ဒဏ်ရာ ရရှိသွားကြောင်း AA က ယမန်နေ့ (နိုဝင်ဘာ ၁) က ထုတ်ပြန်သည်။myanmar now

ဖားကန့်ဗျုဟာကုန်းမှ စစ်ကောင်စီတပ်ပစ် ခတ်သည့် လက်နက်ကြီးကျည်ကြောင့် က လေး ၂ ဦး ထိခိုက်

ကချင်ပြည်နယ်၊ ဖားကန့်မြို့ရှိ စစ်ကောင်စီတပ်ဗျူဟာကုန်းမှပစ်ခတ်လိုက်သည့် လက်နက်ကြီး ကျည်ကြောင့် ကလေးငယ် မောင်နှမနှစ်ဦး ထိ ခိုက်သွား‌ကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။

ယနေ့ နိုဝင်ဘာလ ၂ ရက် နေ့လည် ၁၂ နာရီအချိန်က ဖားကန့်စစ်ကောင်စီတပ်ဗျူဟာကုန်းမှ လက်နက် ကြီးဖြင့် လူနေရပ်ကွက်ဘက်သို့ ရမ်း သန်းပစ်ခတ်ခဲ့သဖြင့် ကျောင်းကြိုပြီးပြန်လာသော မောင်နှမနှစ်ဦး ထိမှန်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

အသက် ၁၄ နှစ်အရွယ် မနှင်းယုလှိုင်နှင့် အသက် ၁၇ နှစ်အရွယ် မောင်အောင်မျိုးထွန်း မောင်နှမနှစ်ဦးကို ထိခိုက်ခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။ မောင်အောင်မျိုးထွန်းမှာ လည်ပင်းကိုထိမှန်ခဲ့ရသည့်အတွက် အသက် အန္တရာယ်စိုးရိမ်ရပြီး၊ ၎င်း၏ညီမဖြစ်သူ မနှင်းယုလှိုင်မှာ ခြေထောက်ကိုထိမှန်ခဲ့သည်ဟု သိရသည်။

အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍ အသေးစိတ်ကို mizzima မှ ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။ mizzima

ကော့ကရိတ်-မြဝတီ လမ်းဟောင်းတွင် စစ် တပ်နှင့် KNLA ပူးပေါင်းတပ်များအကြား တိုက်ပွဲဖြစ်

ကရင်ပြည်နယ် ၊ ကော့ကရိတ် – မြဝတီ လမ်းဟောင်းတွင် စစ်ကောင်စီ တပ်ဖွဲ့ဝင်များနှင့် ကရင် အမျိုးသားလွတ်မြောက်ရေး တပ်မတော် KNLA ပူးပေါင်းတပ်တို့ နိုဝင်ဘာ ၁ ရက်နေ့ နေ့လည်ပိုင်းတွင် တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ဒေသတွင်း လှုပ်ရှားနေသည့် Lion battalion စစ်ကြောင်း ပြန်ကြားရေး တာဝန်ခံက ပြောသည်။

ခန့်မှန်းအင်အား ၅၀ ခန့်ရှိသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ကော့ကရိတ် -မြဝတီလမ်းဟောင်း အတိုင်း စစ်ကြောင်းထိုးလာခြင်းဖြစ်ပြီး ကော့ကရိတ်မြို့ မြောက်ဘက် ၄ မိုင်အကွာရှိ ရန်ကုတ် ကျေးရွာအနီး၌ လုံခြုံရေးတာဝန်ယူထားသည့် KNLA ပူးပေါင်းအဖွဲ့များနှင့် တိုက်ပွဲဖြစ်ခဲ့ခြင်းဟု ဆိုသည်။

တိုက်ပွဲအတွင်း၌ ပူးပေါင်းတပ်များဘက်က စစ်သည်တစ်ဦး ကျဆုံးကာ နှစ်ဦး မစိုးရိမ်ရသည့် ထိခိုက် ဒဏ်ရာရရှိခဲ့ပြီး စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုကို မသိရသေးကြောင်း Lion battalion စစ်ကြောင်းမှ ပြန်ကြားရေးတာဝန်ခံက ဆိုသည်။

“တိုက်ပွဲက နေ့လည် ၁ နာရီကျော်ကျော်လောက်မှာ ဖြစ်တယ်၊ တောက်လျှောက်ဆိုသလို လက်နက်ကြီးတွေနဲ့ ပစ်တယ်။ ညနေ ငါးနာရီလောက်မှာ ခဏရပ်သွားပြီးတော့ ညဘက်တွေမှာ လက်နက်ကြီးတွေနဲ့ ဆက်တိုက်ပြန်ပစ်တာ တစ်ညလုံးနီးပါးပဲ” ဟု ၎င်းက ဆိုသည်။

တိုက်ပွဲဖြစ်ပွားချိန်တွင် ကော့ကရိတ်မြို့အခြေစိုက် စစ်ကောင်စီခြေလျင်တပ်ရင်း ခလရ-၉၇ မှ လက်နက်ကြီးပစ်ကူများဖြင့် ပစ်ခတ်ပေးနေခဲ့သည်။ KNLA ပူးပေါင်းတပ်များက ကော့ကရိတ်မြို့ အနီးပတ်ဝန်းကျင်၌ လုံခြုံရေးယူထားသည့်အတွက် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် မကြာခ ဏဆိုသလို ထိတွေ့တိုက်ပွဲများ ဖြစ်ပွားနေသည်ဟု KNLA တပ်မှူးတစ်ဦးက ဆိုသည်။

“မြို့နဲ့ ပတ်ပတ်လည်မှာ ကျွန်တော်တို့ လူတွေရှိနေတော့ နည်းနည်းကျော်လာတာနဲ့ ထိတွေ့မှု ဖြစ်တဲ့ သဘောပါပဲဗျ” ဟု ၎င်းက ပြောသည်။

အောက်တိုဘာ ၂၁ ရက်နေ့တွင် ကော့ကရိတ်မြို့တွင်းသို့ KNLA ပူးပေါင်းတပ်များက ဝင်ရောက် တိုက်ခိုက်ခဲ့ပြီးနောက် အဆိုပါဒေသတွင် စစ်ရေးတင်းမာမှုများ ရှိနေသည်။ ပြီးခဲ့သည့် အောက်တိုဘာ ၂၆ ရက်နေ့ကလည်း ကော့ကရိတ်မြို့ တောင်ပိုင်း အာရှလမ်းမကြီးပေါ်ရှိ ကွမ်းခြံကုန်းဒေသတွင် စစ်တပ်နှင့် KNLA အကြား တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီဘက်မှ ၄ ဦး သေဆုံးပြီး သေနတ် ၄ လက် ရရှိခဲ့သည်။

ကော့ကရိတ်နှင့် မြဝတီအကြား ဆက်သွယ်ထားသော ကားလမ်းမနှစ်ခုဖြစ်သည့် လမ်းဟောင်းနှင့် လမ်းသစ် (အာရှလမ်းမကြီး) ကို ထိန်းချုပ်နိုင်ရန် KNU နှင့် စစ်ကောင်စီအကြား ကြိုးစားနေခြင်း ဖြစ်သည်။ myanmar now

ပုသိမ်တွင် ဟိုတယ်နှင့် တည်းခိုခန်းများကို စစ်ကောင်စီတပ်က ရှောင်တခင်စစ်ဆေး

ဧရာဝတီတိုင်း၊ ပုသိမ်မြို့ပေါ်ရပ်ကွက်တွေမှာရှိတဲ့ ဟိုတယ်နဲ့ တည်းခိုခန်းတွေကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ လက်အောက်ခံ ရဲတွေက ရှောင်တခင်စစ်ဆေးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အမှတ် ၃ ရပ်ကွက်နဲ့ အမှတ် ၁၄ ရပ်ကွက်တွေမှာရှိတဲ့ ဟိုတယ်နဲ့ တည်းခိုခန်းတွေကို နိုဝင်ဘာ ၁ ရက် ညပိုင်းက ရှောင်တခင် ဝင်စစ်ဆေးခဲ့တယ်လို့ ဆိုပါတယ်။

ဒေသခံတယောက်က “ဘာကြောင့်ဆိုတာတော့ အတိအကျတော့ မသိရဘူး။ မနေ့က ညပိုင်းတော့ အုပ်စုလိုက်ကို ဝင်စစ်တာ။ စကစကကောင်တွေရော ရဲတွေရောပါတယ်။ PDF တွေ သတင်းရလို့နေမယ်” လို့ ပြောပါတယ်။

ဟိုတယ်နဲ့ တည်းခိုခန်းတွေကို ဧည့်စာရင်းဝင်စစ်သလိုမျိုးနဲ့ စစ်ဆေးတဲ့အခါမှာလည်း မသင်္ကာတဲ့သူ လာတယ်လို့ထင်ရင် သတင်းပေးဖို့အတွက် မှာကြားသွားတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ပုသိမ်မြို့မှာ ညမထွက်ရအမိန့် ကျော်လွန်ချိန် ည ၁၀ ကျော်ကစတင်ကာ ဒရုန်းတွေအသုံးပြုပြီး ကောင်းကင်ကနေ ကင်းထောက်လှမ်းတာတွေလည်း ပြုလုပ်လာတယ်လို့ ဒေသခံတွေက ပြောပါတယ်။ DVB

« Older Entries