“ညီညာထောက်ပို့ ပွဲသိမ်းစို့” ကံစမ်းမဲလက် မှတ်များ ဝယ်ယူကူညီကြရန် CIA တမူး အ သိပေး

စစ်ကိုင်းတိုင်း တမူးမြို့နယ်အတွင်းရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် စစ်အာဏာရှင်အမြစ် ဖြတ်ရေးအတွက် လိုအပ်သော တိုက်ပွဲဝင်ပစ္စည်းများဝယ်ယူနိုင်ရေးအတွက် ကံစမ်းမဲလက်မှတ်များကို ဝယ်ယူခြင်းအားဖြင့် ကံစမ်းကူညီပေးကြပါရန် Central Intelligence Agency Tamu မှ အသိပေးထုတ် ပြန်ထားသည်။

“မြေပြင်အခြေအနေအရ ကျနော်တို့တပ်ဖွဲ့တွေမှာ နုတ်ခမ်းနီ(ကျည်ဆံ) တွေလိုပါတယ်၊ အဲဒါတွေ ဝယ်ယူ နိုင်ဖို့အတွက် အလှူရှင်ကမတည်ပေးထားတဲ့ လက်ဝတ်ရတနာတွေကိုမဲဖောက်ပြီး ကံထူးရှင်ကိုလွှဲ ပြောင်း ပေးသွားမှာဖြစ်ပါတယ်” CIA Tamu လက်ထောက် ဒါရိုက်တာဖြစ်သူ ဗိုလ်အုန်းသီးကပြောသည်။

ကံစမ်းမဲ လက်မှတ်တစ်စောင်လျှင် ကျပ် ၁၅,၀၀၀ ဖြစ်ပြီး ပထမဆုအဖြစ် ရွှေဆွဲကြိုးအကြီး၊ ဒုတိယဆု ယိမ်းလက်ကောက် ၊ တတိယဆု ရွှေဆွဲကြိုးအသေး ၊ စတုတ္ထဆု နားဆွဲအသေး ဖြစ်ကြောင်း သိရသည်။

ကံစမ်းမဲလက်မှတ်များကို နိုဝင်ဘာလ ၁ ရက်နေ့မှ စတင်ပြီး လူမှုကွန်ရက်စာမျက်နှာမှ တဆင့် ဆက်သွယ်ဝယ်ယူနိုင်ပြီး ဒီဇင်ဘာလ ၁၄ ရက်နေ့တွင် ကံထူးရှင်များ ရွေးချယ် သွားမည်ဖြစ် ကြောင်းဆိုသည်။

CIA တမူးမှ “ကဘော်မြေသို့ နုတ်ခမ်းနီလှူစို့” ကံစမ်းမဲလက်မှတ်အစီအစဉ်အားလည်း အခက်အခဲမျိုးစုံ ကြားမှပြုလုပ်နိုင်ခဲ့ပြီး ယင်းအစီအစဉ်တွင် ကံထူးရှင်လေးဦးအား ပစ္စည်းများပို့ရန်အခက်အခဲရှိသော ကြောင့် ကာလတန်ဖိုးငွေသားဖြင့်ပေးချေခဲ့ကြောင်း သိရသည်။

အဆိုပါ ပစ္စည်းများကို ဒုတိယအကြိမ်အဖြစ် ကံစမ်းမဲလက်မှတ်များပြုလုပ်ရောင်းချပြီး ရန်ပုံငွေပြန်လည် ရှာဖွေခြင်းဖြစ်ကြောင်းဆိုသည်။

တမူးမြို့နယ်တွင် ကာကွယ်ရေးတပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်ဖွဲ့များအကြား မကြာခဏ တိုက်ပွဲများ ဖြစ်ပွားနေပြီး ကလေးမြို့ မှ တမူးမြို့ကို ဖြတ်သန်းသွားသည့် စစ်ကောင်စီတပ်ဖွဲများကိုလည်း မိုင်းဆွဲခြင်း နှင့် ချုံခိုတိုက်ခိုက်လေ့ရှိကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံမှသိရသည်။ mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s