ဖားကန့်ဗျုဟာကုန်းမှ စစ်ကောင်စီတပ်ပစ် ခတ်သည့် လက်နက်ကြီးကျည်ကြောင့် က လေး ၂ ဦး ထိခိုက်

ကချင်ပြည်နယ်၊ ဖားကန့်မြို့ရှိ စစ်ကောင်စီတပ်ဗျူဟာကုန်းမှပစ်ခတ်လိုက်သည့် လက်နက်ကြီး ကျည်ကြောင့် ကလေးငယ် မောင်နှမနှစ်ဦး ထိ ခိုက်သွားကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။
ယနေ့ နိုဝင်ဘာလ ၂ ရက် နေ့လည် ၁၂ နာရီအချိန်က ဖားကန့်စစ်ကောင်စီတပ်ဗျူဟာကုန်းမှ လက်နက် ကြီးဖြင့် လူနေရပ်ကွက်ဘက်သို့ ရမ်း သန်းပစ်ခတ်ခဲ့သဖြင့် ကျောင်းကြိုပြီးပြန်လာသော မောင်နှမနှစ်ဦး ထိမှန်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
အသက် ၁၄ နှစ်အရွယ် မနှင်းယုလှိုင်နှင့် အသက် ၁၇ နှစ်အရွယ် မောင်အောင်မျိုးထွန်း မောင်နှမနှစ်ဦးကို ထိခိုက်ခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။ မောင်အောင်မျိုးထွန်းမှာ လည်ပင်းကိုထိမှန်ခဲ့ရသည့်အတွက် အသက် အန္တရာယ်စိုးရိမ်ရပြီး၊ ၎င်း၏ညီမဖြစ်သူ မနှင်းယုလှိုင်မှာ ခြေထောက်ကိုထိမှန်ခဲ့သည်ဟု သိရသည်။
အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍ အသေးစိတ်ကို mizzima မှ ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။ mizzima