Monthly Archives: Nov 2022

ကလေးနှင့် ဘီးလင်းတွင် စစ်ကောင်စီတပ်ဖွဲ့များ မိုင်းဆွဲ တိုက်ခိုက်ခဲ့ရပြီး ၃ ဦးသေဆုံး၊ တန့်ဆည်တွင် စစ်တပ် တပ်စခန်း လက်နက် ကြီးဖြင့် ပစ်ခတ်ခံရ

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းကို Kalay PDF က နိုဝင်ဘာလ ၃ ရက် ယနေ့နံနက်၌ မိုင်းခွဲတိုက်ခိုက်ရာ စစ်သား ၃ ဦး နေရာတွင်သေဆုံးပြီး စစ်တပ်က လက်နက်ကြီး ရမ်းသန်းပစ်ခတ်မှုကြောင့် ထောက်ကြန့်ကျေးရွာရှိ သက်ကြီး အမျိုးသမီးတစ်ဦး ဒဏ်ရာရကြောင်း သတင်းရရှိသည်။

ယနေ့နံနက် ၆ နာရီ ၅၀ မိနစ်တွင် အင်အား ၈၀ ကျော်ဖြင့် စစ်ကြောင်းထိုးလာသော အကြမ်းဖက်စစ်တပ်ကို မြို့ကြီးကုန်းနှင့် ကလေး နည်းပညာတက္ကသိုလ်ကြားတွင် Kalay PDF က မိုင်းခွဲတိုက်ခိုက်ရာ စစ်သား ၃ ဦး နေရာတွင် သေဆုံးပြီး ဒဏ်ရာရသူများလည်း ရှိကြောင်း Kalay PDF က သတင်းထုတ်ပြန်သည်။

စစ်ကောင်စီတပ်ဖွဲ့သည် မိုင်းခွဲတိုက်ခိုက်ခံရပြီးနောက် အနီးဝန်းကျင်သို့ လက်နက်ကြီးဖြင့် ရမ်းသန်းပစ်ခတ်ခဲ့ကာ အောက်တိုဘာလ ၃၁ ရက်နေ့တွင် ဖမ်းဆီးထားသော အပြစ်မဲ့ပြည်သူ ၃ ဦး ကို အဖွဲ့စက်ကျေးရွာသို့ ခေါ်ဆောင်သွားကြောင်း သိရရှိရသည်။

အဖွဲ့စက်ရွာတွင် တပ်စွဲထားသော စစ်ကောင်စီတပ်သည် နံနက် ၁၁ နာရီခန့်တွင်ထောက်ကြန့်ကျေးရွာဘက်သို့ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ရာ အများပြည်သူနေအိမ်ခြံဝန်းအတွင်း ကျရောက်ပေါက်ကွဲခဲ့ကာ အသက် ၇၁ နှစ်အရွယ် အမျိုးသမီးတစ်ဦး ဒဏ်ရာရခဲ့ကြောင်း Kalay PDF က ယနေ့ သတင်းထုတ်ပြန်သည်။

ထို့ပြင် စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့ပေါ်ရှိ ရွှေဒေါင်းမင်းဆီဆိုင်တွင် တပ်စွဲထားသော စစ်ကောင်စီ တပ်သားများ လက်နက်ကြီးဖြင့် ပစ်ခတ်ခံရကြောင်း သိရသည်။

နိုဝင်ဘာလ ၃ ရက်နေ့ နံနက် ၉ နာရီ ၂၀ မိနစ်တွင် ရွှေဒေါင်းမင်းဆီဆိုင်၌ တပ်စွဲထားသော စစ်သားနှင့် ပျူစောထီးများကို တန့်ဆည်မြို့နယ် ပြည်သူ့ကာကွယ်ရေး အဖွဲ့ (ပ.က.ဖ)၊ စစ်ကိုင်းတပ်ရင်း (၃) တို့ပူးပေါင်းကာ လက်နက်ကြီး ၆ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ကာကွယ်တပ်ဖွဲ့များ ပစ်ခတ်ခဲ့သော ဗုံးသီး ၂ လုံးသည် စခန်းတွင်းသို့ ကျရောက် ပေါက်ကွဲခဲ့​ပြီး စစ်သားနှင့် ပျူစောထီးများ ထိခိုက် သေဆုံးအခြေအနေကို အတည်မပြုနိုင်သေးကြောင်း တန့်ဆည် ပ.က.ဖ အဖွဲ့က ထုတ်ပြန်ထားသည်။

ထို့ပြင် အောက်တိုဘာလ ၃၁ ရက် ညပိုင်းတွင် ဘီးလင်းမြို့နယ်၌ စစ်ကောင်စီယာဉ်တန်းကို KNLA ပူးပေါင်းတပ်ဖွဲ့က မိုင်းခွဲပစ်ခတ်ရာ စစ်ကားအကြီးတစ်စီး ပျက်စီးသွားပြီး စစ်သား ထိခိုက်သေဆုံးမှု ရှိကြောင်း သတင်းရရှိသည်။

သထုံဘက်မှ ထွက်ခွာလာသော အဆိုပါ စစ်ယာဉ်တန်းကို ဘီးလင်းမြို့နယ်၊ ရွှေရောင်ပြကျေးရွာ အရှေ့ဘက်တွင် KNLA တပ်ရင်း ၂ တပ်ခွဲ ၃၊ သထုံခရိုင် PDF အမှတ် ၂ တပ်ရင်း တပ်ခွဲ ၃ တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်သား ထိခိုက်သေဆုံးမှုရှိသော်လည်း အရေအတွက်ကို အတည်မပြုနိုင်သေးကြောင်း သထုံခရိုင် PDF တပ်ရင်း ၂ တပ်ခွဲ ၃ က သတင်းထုတ်ပြန်သည်။ khit thit

စစ်ဘေးရှောင်ပြည်သူကို စစ်ကောင်စီမှ နှိပ် စက်သတ်ဖြတ်ခဲ့ပြီး PDFတပ်ဖွဲ့ဝင်လည်း အ သတ်ခံရ

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင် ပေါင်းတည်မြို့နယ်အတွင်းရှိ စစ်ဘေးရှောင် ပြည်သူတစ်ဦးကို စစ်ကောင်စီက ဖမ်းဆီးခဲ့ပြီး နိုဝင်ဘာ ၁ရက်နေ့တွင် ညှဥ်းပန်းနှိပ်စက်သတ်ဖြတ်ခဲ့ကြောင်း ပြည်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များထံမှ သိရသည်။

ပေါင်းတည်မြို့နယ် သိမ်းကုန်းအုပ်စု လဲပင်ရွာအထက်တွင် မတ်လ ၈ရက်နေ့က စစ်ကောင်စီတပ်နှင့် ပေါင်းတည်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ ဖြစ်ပွားခဲ့သည့် ရိုးမတိုက်ပွဲကြောင့် လဲပင်ကျေးရွာအတွင်း စစ်ကောင်စီတပ်မှ ဝင်ရောက်တပ်စွဲခဲ့ပြီး နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ကာ ဒေသခံပြည်သူများ ဘေးလွတ်ရာသို့တိမ်းရှောင်ခဲ့ရသည်။

ယင်းတိမ်းရှောင်နေရသူ ဒေသခံပြည်သူ ၃၀၀ကျော် နေထိုင်သည့် စစ်ဘေးရှောင်စခန်းကို အောက်တိုဘာ၂၉ရက်နေ့က စစ်ကောင်စီတပ်မှ စစ်ကြောင်းထိုးကာ တဲ ၁၁လုံးကို မီးရှို့ဖျက်ဆီးခဲ့ပြီး နွားတစ်ကောင်ကို သတ်ဖြတ်စားသောက်ခဲ့သည်။

အောက်တိုဘာ ၃၁ရက်နေ့တွင် စစ်ဘေးရှောင်ပြည်သူဖြစ်သည့် အသက်(၅၂)အရွယ် ဦးဖိုးဝ(ခ)ဦးသိန်းဇော်ကို စစ်ကောင်စီတပ်မှ ဖမ်းဆီးခေါ်ဆောင်သွားပြီး လေးဆယ်သစ်တောကြိုးဝိုင်းမှ ကြို့ပင်တောင်တွင် နိုဝင်ဘာ ၁ရက်နေ့က ညှဥ်းပန်းနှိပ်စက်သတ်ဖြတ်ခဲ့သလို ပေါင်းတည်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (၃၆၀၂)တပ်ရင်းမှ တပ်စုမှူး ရွှေဥဒေါင်းကိုလည်း သတ်ဖြတ်ခဲ့ကြောင်းသိရသည်။

“ ဦးဖိုးဝက လဲပင်ရွာစစ်ဘေးရှောင်ပြည်သူပါ၊ သူ့ကို ဖမ်းသွားပြီး နှိပ်စက်တယ်၊ ပြီးတော့ သတ်ပစ်လိုက်ကြတယ်၊ လေးဆယ်သစ်တောကြိုးဝိုင်း ကြို့ပင်တောင်ကို စစ်ကောင်စီတပ်တွေ ထွက်လာတာကို တပ်စုမှူးရွှေဥဒေါင်းက သိတယ် အဲ့တော့ သူအပါ ခုနစ်ယောက်အဖွဲ့က အောက်တိုဘာ ၃၁ရက်နေ့ ညနေမှာ မိုင်းသွားထောင်တာ အဲ့မှာ ထိပ်တိုက်တိုးပြီး ပစ်ခတ်မှုဖြစ်တယ် လေးယောက်အဖမ်းခံရပြီး သုံးယောက်လွတ်သွားတယ်၊ အဖမ်းခံရတဲ့ ဦးဖိုးဝနဲ့အတူ ငါးယောက်ကို စစ်ကောင်စီက ရိုက်နှက်ညှဥ်းပန်းခဲ့တယ်”ဟု ပြည်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ဆက်သွယ်ရေးနှင့် ပြန်ကြားရေး တာဝန်ခံတစ်ဦးက ပြောသည်။

ဖမ်းဆီးခံရသူများသည် စစ်ကောင်စီတပ်ဖွဲ့ဝင်များ အလစ်တွင် ထွက်ပြေးသွားခဲ့ပြီးနောက် ဦးဖိုးဝနှင့် တပ်စုမှူးရွှေဥဒေါင်းမှာ ပြန်လည်ဖမ်းဆီးခြင်းခံခဲ့ရကာ နောက်နေ့တွင် သတ်ဖြတ်ခံခဲ့ရသည်။

“ အဲ့ညက စစ်ကောင်စီက စစ်ဘေးရှောင်စခန်းကနေပြီး သတ်ပြီးယူလာတဲ့ အမဲသားနဲ့ သောက်စားပြီး မူးနေတဲ့အချိန် ည ၁၁နာရီခွဲမှာ ဖမ်းခံထားရတဲ့ သူတွေထွက်ပြေးလာကြတယ်၊ အဲ့မှာ ဦးဖိုးဝနှင့် တပ်စုမှူးရွှေဥဒေါင်းတို့ ပြန်မိတယ်၊ ပြီးတော့ နှိပ်စက်ပြီး သတ်လိုက်ကြတယ်”ဟု ပြည်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ဆက်သွယ်ရေးနှင့် ပြန်ကြားရေးတာဝန်ခံတစ်ဦးကပြောသည်။

ပေါင်းတည် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များသည် ၎င်းတို့ကို လိုက်လံရှာဖွေခဲ့ရာ စစ်ဘေးရှောင်ပြည်သူဖြစ်သည့် ဦးဖိုးဝနှင့် တပ်စုမှူးရွှေဥဒေါင်းတို့ အလောင်းကိုတွေ့ရှိခဲ့ပြီး နိုဝင်ဘာ၂ရက်နေ့တွင် မီးသင်္ဂြိုဟ်ခဲ့ကြောင်း ပေါင်းတည်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ သတင်းထုတ်ပြန်ထားသည်။

စစ်ကောင်စီတပ်၏ ထိုးစစ်ကြောင့် ပဲခူးတိုင်းအနောက်ခြမ်းရှိ ကျေးရွာများ မီးရှို့ခံရခြင်း၊ အရပ်သားများ ဖမ်းဆီးခံရခြင်း၊ အသတ်ခံရခြင်းများဖြစ်ပေါ်လျက်ရှိပြီး ဒေသခံပြည်သူ ၁,၀၀၀ကျော် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရသည်။

မင်းအောင်လှိုင်ဦးဆောင်သည့် စစ်တပ်သည် မြန်မာနိုင်ငံကို အာဏာသိမ်းပြီး တစ်နှစ်ခွဲကျော်ကာလအတွင်း လူ့အခွင့်အရေးချိုးဖောက်ခြင်းနှင့် စစ်ရာဇဝတ်မှုများကို နေ့စဉ် ကျူးလွန်လျက်ရှိသည်။mizzima

ကန့်ဘလူတွင် စစ်တပ်က ပစ်ခတ်သော လက် နက်ကြီးကျည်ထိမှန်၍ အသက် ၁၃ နှစ် က လေးငယ် သေဆုံးပြီး အသက် ၇ နှစ် ကလေး၊ သက်ကြီးရွယ်အို ၂ ဦး ဒဏ်ရာရ၊ ပြည်သူ ၁၄ ဦးကို အကြမ်းဖက် စစ်တပ်က ဖမ်းဆီး

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်တွင် စစ်တပ်က ပစ်ခတ်သော လက်နက်ကြီးကျည်ထိမှန်၍ အသက် ၁၃ နှစ်အရွယ် ကလေးငယ် သေဆုံးပြီး အသက် ၇ နှစ် အရွယ်ကလေး၊ သက်ကြီးရွယ်အို ၂ ဦး ဒဏ်ရာရရှိကြောင်း ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့က ရန်ကုန်ခေတ် သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ နိုဝင်ဘာလ ၃ ရက်နေ့ မွန်းလွဲ ၂ နာရီအချိန် ကန့်ဘလူမြို့နယ်၊ကိုးတောင် ဘို့ရွာတွင် တပ်စွဲထားသော စစ်တပ် စစ်ကြောင်းက လက်နက် ကြီးများဖြင့် အနီးအနားကျေးရွာများသို့ ရမ်းသမ်းပစ်ခတ်ရာ ဇီးကနားကျေးရွာမှ အသက် ၁၃ နှစ်အရွယ် ကလေးငယ် သေဆုံးပြီး အသက် ၇ နှစ် အရွယ်ကလေး၊ သက်ကြီးရွယ်အို ၂ ဦး စုစုပေါင်း ၃ ဦး ဒဏ်ရာရရှိကြောင်း၊ နေအိမ်တစ်လုံးလည်း မီးလောင်ကျွမ်းသွားကြောင်း သိရှိရသည်။

“အကြမ်းဖက်စစ်ခွေးတွေရဲ့ လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ခတ်မှုကြောင့် ဇီးကနား ကျေးရွာမှ အသက် ၁၃ နှစ်အရွယ် ကလေးယောင်္ကျားလေးတစ်ဦး လက်နက်ကြီးထိမှန်သေဆုံးပြီး အသက် ၆၈ နှစ်အရွယ် အဘွားအိုရဲ့ ဗိုက်မှာ အပြင်း အထန်ဒဏ်ရာရပါတယ်။ အသက်အန္တရာယ်စိုးရိမ်ရတယ်။ နောက်ပြီး အသက် ၆၇ နှစ်အရွယ်အဘွားရဲ့ လက်မှာလည်း ကျည်ထိပါတယ်။ အသက်(၇)နှစ်အရွယ် မိန်းကလေးငယ်လေးလည်း ထိခိုက်ဒဏ်ရာရပါတယ်” ဟု ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

ထို့ပြင် အကြမ်းဖက်စစ်တပ်က ကန့်ဘလူမြို့နယ်၊ ဇီးကနားကျေးရွာသား ၁၄ ဦးကိုလည်း အကြောင်းမဲ့ ဖမ်းဆီးသွားပြီး မည်သည့်နေရာတွင် ထိန်းသိမ်းဖမ်းဆီးထားသည်ကို မသိရှိရသည့်အပြင် အသက်အန္တရာယ်စိုးရိမ်ရကြောင်း သိရှိရသည်။khit thit

ဖလမ်း မြို့မရဲစခန်းက ရဲတပ်သား CDM- Siyin ထံသို့ အလင်းဝင်

ချင်းပြည်နယ်၊ ဖလမ်းမြို့၊ မြို့မရဲစခန်းမှ ရဲတပ်သားတစ်ဦးသည် CDF Civic Defense Militia ( CDF CDM -Siyin) ထံသို့ အလင်းဝင်လာကြောင်း ယင်းအဖွဲ့က ယနေ့ နိုင်ဝင်ဘာလ ၃ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

နိုင်ဝင်ဘာလ ၁ရက်နေ့တွင် အသက် (၂၅)နှစ်အရွယ် ရဲတပ်သား မန်ဆွမ်(Mang Suan) (ကိုယ်ပိုင်နံပါတ် လ -၂၈၂၂၆၆)သည် လက်ရှိ တာဝန်ကျရာနေရာ ဖလမ်းမြို့မရဲစခန်းမှ အလင်းဝင်လာခြင်းဖြစ်သည်ဟု သိရသည်။

“CDM လုပ်ချင်တာ ကြာခဲ့ပြီဖြစ်သော်လည်း မိသားစုကို အကျပ်ကိုင်ထားသောကြောင့် အခုမှ CDM အလင်းဝင်နိုင်ကြောင်း ၎င်းရဲသားမှ ဆိုပါသည်” ဟု CDF CDM -Siyin)၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မှတ်ပုံတင် အမှတ် ၄/တတန(နိုင်) ၀၇၃၇၇၉ ကိုင်ဆောင်သူ ရဲတပ်သား မန်ဆွမ်သည် မြန်နိုင်ငံ ရဲတပ်ဖွဲ့ဌာနတွင် တာဝန်ထမ်းဆောင်သည့် လုပ်သက် လေးနှစ်ခွဲရှိပြီဖြစ်ကြောင်း သိရသည်။

အဆိုပါ ရဲတပ်သားနှင့် ပတ်သက်၍ အသေးစိတ် သိရှိနိုင်ရန် မဇ္ဈိမအနေဖြင့် CDF Civic Defense Militia ( CDF CDM -Siyin)ကို ဆက်သွယ်ဆောင်ရွက်သော်လည်း အဆက်အသွယ်မရသေးပေ။mizzima

ထားဝယ်အထူးစီးပွားရေးဇုန်တွင် စစ်ကောင်စီတပ်နှင့် PDF တိုက်ပွဲဖြစ်

တနင်္သာရီတိုင်း၊ ထားဝယ်အထူးစီးပွားရေးဇုန် အကောင်ထည်ဖော်မယ့် နဘုလယ်ဒေသကို စစ်ကောင်စီတပ်တွေ နိုဝင်ဘာ ၂ ရက် ညနေကတည်းက အင်အားတိုးချဲ့ ဝင်ရောက်လာပြီး ညပိုင်းမှာ ရေဖြူမြို့နယ် ခမောင်းချောင်းရွာအနီး ဒေသကာကွယ်ရေးတပ်ဖွဲ့ (PDF) တွေနဲ့ ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

နိုဝင်ဘာ ၂ ရက် ညနေပိုင်းကလည်း နဘုလယ်ဒေသကို စစ်ကြောင်းထိုးဖို့ ဝင်လာတဲ့ စစ်ကောင်စီယာဉ်တန်းဟာ ရလိုင်ရွာအနီးမှာ မိုင်းဆွဲခံခဲ့ရပါသေးတယ်။

နဘုလယ်ဒေသခံတယောက်က “မနေ့ညက နှစ်ဖက်စလုံး ပစ်နေကြတာ၊ စစ်တပ်ဘက်ကတော့ လက်နက်ကြီးတွေပါ ပါတယ်။ စစ်ကြောင်းဝင်လာကတည်းက စစ်ကား ၈ စီးနဲ့ ဝင်လာတာ။ နောက်ထပ်လည်း ဝင်လာနေတုန်းပဲ။ ရွာသားတွေကတော့ နီးစပ်ရာတောတောင်ထဲ ရှောင်နေရတယ်” လို့ ပြောပါတယ်။

အင်အားတိုးချဲ့ဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်တွေဟာ နိုဝင်ဘာ ၃ ရက်အထိ ပြန်မထွက်သေးတဲ့အပြင် နောက်ထပ် စစ်ကားတွေ ဝင်လာနေသေးတာကြောင့် နဘုလယ်ဒေသ ရွာစဉ်တလျှောက်က ရွာသားတချို့ဟာ နောက်ထပ် ထိတွေ့တိုက်ပွဲ ထပ်ဖြစ်လာမှာ စိုးရိမ်တဲ့အတွက် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။

နိုဝင်ဘာ ၂ ရက် ညက ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲနဲ့ပတ်သက်ပြီး စစ်ကောင်စီကရော တော်လှန်ရေးအင်အားစုတွေဘက်ကရော တစုံတရာ ထုတ်ပြန်တာမျိုး မတွေ့ရသေးပါဘူး။

ထားဝယ်အထူးစီးပွားရေးဇုန် ပြန်လည်အကောင်အထည်ဖော်ရေးအတွက် စစ်ကောင်စီ အရာရှိတယောက် ရေနက်ဆိပ်ကမ်းဒေသကို အခုရက်ပိုင်းအတွင်း ရောက်ရှိလာမှာ ဖြစ်တာကြောင့် နဘုလယ်ဒေသ အပါအဝင် ထားဝယ်မြစ် ဆိပ်ကမ်းတချို့မှာ ကုန်းပေါ်သာမက မြစ်ကြောင်းတွေမှာပါ စစ်အင်အား တိုးချဲ့ထားတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လကလည်း စစ်ကောင်စီစစ်ကြောင်း ဝင်ရောက်လာတာကြောင့် ရေဖြူမြို့နယ်က ဧကနိ၊ ခမောင်းချောင်း၊ ဝက်ချောင်း၊ ရငဲ၊ ရလိုင်၊ ပုဂေါဇွန်း၊ ဝဇွမ်းတော ရွာတွေက ဒေသခံ ၅,၀၀၀ နီးပါး တိမ်းရှောင်ခဲ့ရပြီး ၈၀၀ ကျော် ယာယီစစ်ရှောင်စခန်းမှာ ခိုလှုံနေရဆဲဖြစ်တယ်လို့ စစ်ဘေးရှောင်ကူညီရေး ပြုလုပ်နေတဲ့ ဒေါနတနင်္သာရီအဖွဲ့ရဲ့ မှတ်တမ်းတွေအရ သိရပါတယ်။ DVB

ထီးလင်းတွင် စစ်တပ် စီးနင်းခဲ့သော ရွာများကို ရှင်းလင်းရေး ဆောင်ရွက်စဥ် စစ်သားအ လောင်းများကို မီးရှို့ခဲ့သော ပြာပုံများနှင့် ကျည်ဆံများ၊ ဗုံးသီးများ သိမ်းဆည်းရမိ

မကွေးတိုင်း၊ ထီးလင်းမြို့နယ်တွင် အကြမ်းဖက် စစ်တပ် စီးနင်း ဖျက်ဆီးခဲ့သော ကျေးရွာများကို ထီးလင်း YDF တပ်ဖွဲ့က နယ်မြေရှင်းလင်းရေး လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

နိုဝင်ဘာလ ၂ ရက်နေ့တွင် ထီးလင်း YDF တပ်ဖွဲ့မှ ဗျူဟာမှူး သခင်ဇော် ဦးဆောင်သည့် အဖွဲ့က နယ်မြေရှင်းလင်းရေး လုပ်ဆောင်ခဲ့ပြီး အ ကြမ်း ဖက် စစ်တပ်မှ တိုက်ပွဲအတွင်း သေဆုံးခဲ့သော စစ်သားအလောင်းများကို မီးရှို့ခဲ့သည့် ပြာပုံများ တွေ့ရှိကြောင်း၊ နိုဝင်ဘာလ ၁ ရက်နေ့ တိုက်ပွဲဖြစ်ပွားပြီး ပါးမျဥ်းကျေးရွာတွင် ညမအိပ်နိုင်ဘဲ ထီးလင်းမြို့သို့ ခိုးကြောင်ခိုးဝှက်ဖြင့် ပြန်သွားသည့် ခလရ (၅၀) လက်အောက်ခံ စစ် သားနှင့် ပျူစောထီး အင်အား ၁၀၀ ခန့်ပါဝင်သော စစ်ကြောင်းမှ ကျည်ထိမှန် ဒဏ်ရာရရှိခဲ့သော တပ်ရင်းအမှူးအလောင်းနှင့် ထပ်တိုး စစ်သား ၁ ဦး၏ အလောင်းများကို နိုဝင်ဘာလ ၂ ရက်နေ့တွင် ထီးလင်းမြို့ ရွှေထီးခန်းမဝင်းထဲ၌ မီးရှို့ခဲ့ကြကြောင်း သိရသည်။

ထီးလင်းမြို့နယ်အတွင်း တစ်လကျော်ကြာ နေအိမ်များနှင့် ပြည်သူများကို သတ်ဖြတ် မီးရှို့နေသော သော ခလရ ၅၀ လက်အောက်ခံ စစ်သားနှင့် ပျူစောထီး စစ်ကြောင်းမှ ထိတွေ့ တိုက်ပွဲများအတွင်း စစ်တပ်ဘက်မှ ကျကျန်ခဲ့သော စစ်ဘက်ဆိုင်ရာ ပစ္စည်းများအား ဒေသခံပြည်သူ များမှ ရှာဖွေစုဆောင်းပြီး ယောကာကွယ်ရေးတပ်-YDF(ထီးလင်း) ထံသို့ အပ်နှံခဲ့ကြောင်း သိရသည်။

YDF တပ်ဖွဲ့အနေဖြင့် RPG ကျည်ဖူး ၁ ဖူး၊ ၆၀ မမ ဗုံးသီး ၁ လုံး၊ RPG ပို့ကျည် ၂ တောင့်၊ MA ကျည် ၆၀၀ ကျော်၊ လက်ထုမိုင်း ၁ လုံး၊ နင်းမိုင်း ၂ လုံး၊ MA ကျည်ဘောက်တစ်ခု၊ ကျည်ကာအကျီ ၂ ထည်၊ ကျည်ကာဦးထုပ် ၁ လုံးနှင့် အခြားအသုံးအဆောင် ပစ္စည်းများ သိမ်းဆည်းရမိကြောင်းသိရသည်။khit thit

ကနီမြို့နယ် ရေလယ်ကျွန်းကျေးရွာရှိ စစ်ကောင်စီတပ်နှင့်ပျူစောထီပူးပေါင်းစခန်း တိုက်ခိုက် ခံရ

စစ်ကိုင်းတိုင်း၊ ကနီမြို့တောင်ဘက် နှစ်မိုင်ခန့်အကွာရှိ ရေလယ်ကျွန်းကျေးရွာတွင် တပ်စွဲနေထိုင်သည့် စစ်ကောင်စီတပ်နှင့်ပျူစောထီး ပူး ပေါင်း စခန်းကို ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ယမန်နေ့ နိုဝင်ဘာလ ၃ရက် နံနက် ၄ နာရီခွဲ အချိန်ခန့်တွင် ဝင်ရောက်တိုက်ခိုက်ခဲ့ကြကြောင်း သိရသည်။

အဆိုပါတိုက်ပွဲတွင် စစ်ကောင်စီတပ်နှင့် ပျူစောထီးတပ်ဖွဲ့များဘက်မှ သေဆုံးမှုရှိနိုင်ပြီး အသေးစိတ်ကို မသိရှိရသေးကြောင်း KLG PDF သ တင်းနှင့်ပြန်ကြားရေးမှ တာဝန်ရှိသူက ပြောသည်။

“တစ်နာရီခွဲလောက် အပြန်အလှန်တိုက်ပွဲဖြစ်ပွါးခဲ့ပြီး ကျနော်တို့ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေ အထိခိုက်မရှိ ပြန်လည်ဆုတ်ခွါနိုင်ခဲ့ပါတယ်။ တိုက်ပွဲအနေအထားအရတော့ စစ်ကောင်စီတပ်နဲ့ ပျူစောထီးတွေဘက်က ထိခိုက်သေဆုံးမှုတော့ ရှိနိုင်တယ် အတိအကျတော့ မသိရသေးဘူး” ဟု KLG PDF သတင်း နှင့်ပြန်ကြားရေးက မဇ္ဈိမကို ပြောသည်။

အဆိုပါ တိုက်ပွဲကို ဒေသခံကာကွယ်ရေး မဟာမိတ်ပူးပေါင်းအဖွဲ့များ စုပေါင်း၍ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ လက်လုပ်လက်နက်ကြီးများအပါအဝင် ကျည် ၁၀,၀၀၀ ကျော်ခန့် အသုံးပြု၍ Fire Power အပြည့်ဖြင့် ရန်သူ၏ ခြေကုတ်စခန်းက်ို ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ ရန်သူဘက်ကလည်း ဘန်ကာများဖြင့် ခံစစ်အသေချာပြင်ဆင်ထားသည့်အပြင် စက်လက်၊ ငါးကြင်းမြှီး စသည့် လက်နက်အမျိုးအစားများဖြင့် ဘန်ကာများထဲမှတဆင့် ကာကွယ်တပ်ဖွဲ့ဘက်သို့ပြန်လည်ခုခံတိုက်ခိုက်မှုများ ပြုလုပ်သည်ဟု KLG PDF သတင်း နှင့်ပြန်ကြားရေး၏ တာဝန်ရှိသူက ထပ်ဆင့်ရှင်းပြသည်။

ယင်းတိုက်ပွဲကို ကျောက်လုံးကြီး ပြည်သူ့ကာကွယ်ရေးတပ် (KLG) ၊ MPDF တပ်ရင်း-(၁)၊ ယင်းမာပင်ခရိုင်တပ်ရင်း-(၁) ၊ နဂါးညီနောင်တပ်ဖွဲ့ ၊ Alpha Special Force၊ ရတနာပုံ ပြောက်ကျားတပ်ဖွဲ့ ၊ ရိုးမဖိုက်တာနှင့် ကနီ-ယင်းမာပင် မဟာမိတ်များ ပူးပေါင်း၍ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ mizzima

စစ်ကောင်စီတပ်က ၁ လအတွင်း အရပ်သားနေအိမ် ၁,၅၀၀ ကျော် မီးရှို့ဖျက်ဆီး၊ စစ်ကိုင်းတွင် အများဆုံးဖြစ်

နိုင်ငံတဝန်း ပြီးခဲ့တဲ့ အောက်တိုဘာ ၁ လတာအတွင်း စစ်အုပ်စုက အရပ်သားနေအိမ် အဆောက်အဦ အလုံးပေါင်း ၁,၅၀၀ ကျော် ဆုံးရှုံးခဲ့ရပြီး အဲဒီထဲမှာ စစ်ကိုင်းတိုင်းဒေသကြီးထဲက နေအိမ်အလုံးရေ ၁,၀၄၄ လုံး ပါဝင်နေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

အကြမ်းဖက်စစ်အုပ်စုဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းပြီးချိန် ကတည်းက ခုချိန်ထိတိုင်အောင် နိုင်ငံတဝန်း ပစ် ခတ်သတ်ဖြတ်မှုတွေ၊ ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးတာတွေကို ကျူးလွန်နေတာ ဖြစ်ပါတယ်။

လတ်တလော ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေး ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာတော့ ပြီးခဲ့တဲ့တလတာအတွင်း စစ်ကောင်စီရဲ့ အကြမ်း ဖက်ကျူးလွန်မှုတွေကို တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေ၊ မြို့ရွာတွေအလိုက် ဖော်ပြထားခဲ့ကာ တိုက်ပွဲတွေပြင်းထန်နေတဲ့ စစ်ကိုင်းတိုင်းဒေသကြီးထဲမှာ မီးရှို့မှုအကြိမ်ရေ ၅၃ မှု၊ မီးရှို့သတ်ဖြတ်ခံရသူ ၁၃ ယောက်နဲ့ အများဆုံးဖြစ်တယ်လို့ ဆိုပါတယ်။

အဲဒီနောက်မှာတော့ မကွေးတိုင်းဒေသကြီးနဲ့ မန္တလေးတိုင်းဒေသကြီးတို့မှာ ဖမ်းဆီး၊ မီးရှို့၊ သတ်ဖြတ်မှုတွေ အများဆုံး ကျူးလွန်ခံခဲ့ရတယ်လို့ ဖော်ပြထားပြီး မြေပြင်မှာတော့ အခုထက် ပိုမိုပြီးတော့ အကြမ်းဖက်မှုတွေ ဖြစ်ပွားနိုင်တယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းယူထားခဲ့တဲ့ကာလဟာ တနှစ်ခွဲကျော် ကြာမြင့်လာခဲ့ပြီ ဖြစ်ကာ ဒီကာလတွေအတွင်း နိုင်ငံရေးမတည်ငြိမ်မှုတွေနဲ့အတူ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး ကဏ္ဍအသီးသီးမှာ အဘက်ဘက်က ကျဆင်းနေခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီတပ်တွေနဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ၊ တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့တွေကြား မြေပြင်တိုက်ပွဲတွေလည်း ပြင်းထန်နေတာ ဖြစ်ပါတယ်။

NUG အစိုးရကတော့ ပြည်သူ့ခုခံတွန်းလှန်စစ်ပွဲ စတင်ခဲ့တဲ့ ၁ နှစ်အတွင်း အကြမ်းဖက် စစ်ကောင်စီဘက်က တပ်ဖွဲ့ဝင်ပေါင်း ၂၀,၁၅၀ ကျော်သေဆုံးကာ ဒဏ်ရာရသူ ၇,၀၀၀ ကျော်လောက်ရှိလာပြီး စစ်ကောင်စီ စိုးမိုးအုပ်ချုပ်နိုင်တဲ့နေရာဟာ တိုင်းပြည် နယ်မြေအကျယ်အဝန်းရဲ့ ထက်ဝက်တောင် မရှိတော့ဘူးလို့ NUG ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားထားပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၇ ရက်နေ့ ပြည်သူ့ခုခံတော်လှန်စစ် ကြေညာခြင်း တနှစ်ပြည့် အထိမ်းအမှတ်အဖြစ် အမျိုးသားညီညွတ်ရေးအစိုးရ ယာ ယီသမ္မတ ဒူဝါလရှီးလက  နိုင်ငံတော်အခြေပြမိန့်ခွန်း ပြောကြားရာမှာ ထည့်သွင်းပြောဆိုခဲ့တာဖြစ်ပြီး ၁ နှစ်တာ ကာလအတွင်း ခန့်မှန်းခြေစာရင်းအရ PDF တွေနဲ့ မဟာမိတ် တိုင်းရင်းသား လက်နက်ကိုင် သူရဲကောင်းရဲဘော်တွေ စုစုပေါင်း ၁,၅၀၀ ကျော် ကျဆုံးခဲ့တယ်လို့လည်း သူက ပြောပါတယ်။

မြန်မာပြည်အနှံ့ တိုက်ပွဲတွေမှာ တပ်ဖွဲ့ဝင်တွေ သေဆုံးဒဏ်ရာရမှု အခြေအနေနဲ့ပတ်သက်လို့ အကြမ်းဖက်စစ်ကောင်စီဘက်ကတော့ သတင်းထုတ်ပြန်တာ မရှိပါဘူး။

ဒါ့အပြင် စစ်ကောင်စီရဲ့ အဆိုးဆုံး အကြမ်းဖက်တာခံခဲ့ရတဲ့ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းထဲက မြန်မာပြည်အထက်ပိုင်း လမ်းပိုင်းတွေရဲ့ ၉၀ ရာ ခိုင်နှုန်းကို PDF တွေက ထိန်းချုပ်ထားနိုင်ပြီလို့ NUG အစိုးရက ပြီးခဲ့တဲ့ ဇွန် ၂၁ ရက်နေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောထားပြီး လက်ရှိ မြေပြင်မှာ အကြမ်းဖက်ခံနေရတဲ့ ကျေးရွာတွေဟာ စစ်ကောင်စီနဲ့ PDF တွေ နှစ်ဖက်စလုံး မထိန်းချုပ်နိုင်သေးတဲ့ ကြားနယ်မြေတွေ ဖြစ်တယ်လို့ ဆိုပါတယ်။ DVB

ဗန်းမော်၊ မိတ္တီလာ၊ ငပုတောတို့တွင် စစ်တပ်က လူငယ်များကို ပေါ်တာစွဲခြင်း၊ ဖမ်းဆီးခြင်များ လုပ်ဆောင်ပြီး ပြည်သူ ၁၀ ဦးထက်မနည်း အဖမ်းခံထားရ

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်ရှိ ရောဗက် စစ်ရှောင်စခန်းမှ လူငယ် ၈ ဦးကို အကြမ်းဖက် စစ်တပ်က အကြောင်းမဲ့ ဖမ်းဆီးသွားကြောင်း သိရသည်။

နိုဝင်ဘာလ ၂ ရက်နေ့ ည ၈ နာရီခန့်က ဗန်းမော်မြို့နယ် ရောဗက်စခန်းမှ လူငယ် ၈ ဦးကို အကြမ်းဖက် စစ်တပ်က အကြောင်းမဲ့ ဖမ်းဆီးသွားပြီး လက်ရှိချိန်ထိ အဆက်အသွယ် မရသေးကြောင်း သိရသည်။

“မနေ့ညက ဗန်းမော်ဘက်က စစ်‌ဘေး ရှောင်စခန်း ရောဗက် စခန်းကို ည ၈ နာရီမှာ စစ်တပ်က လာရောက်ပြီး ယောက်ကျားလေး ၈ ဦးကို ဖမ်းဆီး ခေါ်ဆောင်သွားတယ်။ အခုချိန်ထိ ဘာသတင်းမှ မကြားရတော့ဘူး။ ဆွေမျိုး မိတ်ဆွေတွေက အရမ်းစိတ်ပူနေကြတယ်။ အဲဒီဘက်တွေမှာ အရမ်းဆိုးနေပြီ အချိန်မတော်ကြိုက်သလိုမွှေနှောက်နေကြပြီ” ဟု ဒေသခံ ပြည်သူတစ်ဦးက ပြောဆိုသည်။

အလားတူ ဧရာဝတီတိုင်း၊ ငပုတောမြို့နယ်ရှိ စပါးကြီးရွာသား ပြည်သူ ၃ ဦးကို အကြမ်းဖက် စစ်တပ်က အကြောင်းမဲ့ ဖမ်းဆီးသွားကြောင်း သိရသည်။

နိုင်ဝင်ဘာလ ၃ ရက်နေ့ နံနက် ၈ နာရီခန့်တွင် ငပုတောမြို့နယ်၏ မြို့နယ်ခွဲဖြစ်သော ငရုပ်ကောင်း မြို့နယ် စပါးကြီးရွာသား ဦးဝင်းနိုင်၊ ဦးတင်ဝင်းနှင့် ဦးသကျောင်တို့ ၃ ဦးကို စစ်တပ်က အကြောင်းမဲ့ ဖမ်းဆီးသွားကြောင်း သိရသည်။

အလားတူ မန္တလေးတိုင်း၊ မိတ္ထီလာမြို့နယ်ရှိ ကျေးရွာများ အကြမ်းဖက် စစ်တပ်က ဝင်ရောက် စီးနင်းပြီး ပြည်သူများကို ပေါ်တာဆွဲ ဖမ်းဆီးနေကြောင်း ဒေသခံများထံမှ သိရသည်။

နိုဝင်ဘာလ ၂ ရက်နေ့ ညနေ ၄ နာရီခန့်၌ မိတ္ထီလာမြို့နယ် ကက္ကိုကုန်းန်းရွာကို အကြမ်းဖက် စစ်တပ်က ဝင်ရောက် စီးနင်းပြီး ဒေသခံ ပြည်သူ ၇ ဦးဖြစ်သည့် ကိုလွင်၊ ကိုစိုးလွင်လွင်၊ ကိုအောင်ဇေယျ၊ ကိုအောင်ထူး၊ ကိုနေဇော်အောင်နှင့် ကိုမောင်ခိုင်တို့ကို အကြောင်းမဲ့ ဝင်ရောက် ဖမ်းဆီးပေါ်တာသွားကြောင်း သိရသည်။

ကက္ကိုကုန်းကျေးရွာ အုပ်ချုပ်ရေးမှူးသည် ပျော်ဘွယ်မြို့နယ် ပင်မြိုင်မြို့နယ်တွင် နေထိုင်သော ကိုသောင်း ဆိုသူဖြစ်ပြီး ကက္ကိုကျေးရွာမှ က လေး ၆ ဦး မိခင် မဆန်းညွှန့်ကို လက်ထပ်ကာ ကက္ကိုကုန်းရွာတွင် အုပ်ချုပ်ရေးမှူး နေခြင်း ဖြစိကြောင်း၊ ရွာအတွင်၌ အကြမ်းဖက် စစ်တပ်နှင့် ပူးပေါင်းပြီး ဘုရားပွဲများတွင် လောင်းကစားများ လုပ်ခွင့်ပေးပြီး အုပ်ချုပ်ရေး၊ အဆိုပါ အုပ်ချုပ်ရေးမှူးတွင် သားအရင်း တစ်ယောက်ရှိပြီး DSA ကျောင်းဆင်းစစ်ဗိုလ်ဖြစ်ကြောင်း၊ အုပ်ချုပ်ရေးမှူးသည် အကြမ်းဖက် စစ်တပ်ထံသို့ သတင်းနေသူဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

” အုပ်ကြီးက ညဆို အခုနေနေတဲ့ ကက္ကိုရွာမှာ ညမအိပ်ရဲဘူး။ သူ့ရွာဖြစ်တဲ့ ပင်မြိုင်မှာ ပြန်အိပ်တယ်။ အုပ်ကြီးမှာ အပေါင်းအပါ ၃ ဦးရှိတယ်။ ကိုစိုးနိုင်၊ မောင်ဝင်းနဲ့ အုံးမောင် ဆိုတဲ့သူတွေ သူတို့တွေလည်း ဘောမတွေပဲ။ စိုးနိုင်ဆိုတဲ့ သူက သူ့တူအရင်းကို စစ်ခွေးတွေ လက်ထဲ ထိုးအပ်တာ စိုးနိုင်ရဲ့တူက ဘုန်း ကြီး၊ ဘုန်ကြီးကိုတောင် ဖမ်းခိုင်းတာ မနှစ်က။ အဲဒီဘုန်ကြီးဖမ်းခံရတာ သူ့ကျောင်းဘေးနားမှာရှိတဲ့ Mytel တာဝါတိုင် ဖျက်ဆီးခံရတဲ့ ကိစ္စနဲ့ ဘုန်းကြီးကို စစ်ခွေးတွေ ဖမ်းသွားတာ” ဟု ဒေသခံ ပြည်သူ တစ်ဦးကပြောဆိုသည်။

အလားတူ ယနေ့နံနက် ၉ နာရီ ၃၀ မိနစ်တွင်လည်း အကြမ်းဖက် စစ်တပ်က မိတ္တီလာမြို့နယ်၊ ကန်တောင်ရွာဘက်ကို ဝင်ရောက် စီးနင်းပြီး ဒေ သခံ ပြည်သူများကို ဖမ်းဆီးမှုများ ထပ်မံ လုပ်ဆောင်နေကြောင်း၊ ဖမ်းခံရသည့် အရေ အတွက်နှင့် လက်ရှိ အခြေအနေကို အတည်မပြုနိုင်သေးကြောင်း သိရသည်။ khit thit

« Older Entries