ကနီတွင် ကျေးလက်သူပုန် စစ်ကြောင်း ဖက်ဆစ် စစ်တပ် တော်လှန်ရေး ချီတက် ဆန္ဒပြ





khit thit
khit thit
ရန်ကုန်မြို့အတွင်းပြေးဆွဲနေသည့် CNG -Gas လိုင်းကားများ နှင့် အငှားတက္ကစီကားများ ဂက်စ်ထည့်ရတွင် ဂက်စ်မသန့်သည့်အတွက် ခေါက်ရေပြည့်မီအောင် ကားမဆွဲနိုင်ခြင်း၊ CNG -Gas ဆိုင်များတွင် ညစောင့်တန်းစီးပြီး ဂတ်စ်ထည့်ရခြင်းနှင့် ကားချို့ယွင်းမှုများကြုံတွေ့ရသဖြင့် ကားမှတ်တိုင်များ၌ ရုံးဆင်း၊ ရုံးတက်ချိန်တွင် ခရီးသည်များအချိန်ကြာမြင့်စွာ စောင့်ဆိုင်းနေရသည်ဟု သိရသည်။
‘’ဒီနေ့နဲ့ဆိုရင် ငါးရက်လောက်ရှိပြီ၊ ကျွန်တော်တို့ ခေါက်ရေပြည့်အောင်မထွက်နိုင်ဘူး၊ ကျွန်တော်တို့ဆိုင်မှာပဲ စောင့်နေရတာ အချိန်ကုန်တယ်။ အခုပေးနေတဲ့ဂတ်စ်က အရင်ကလို သဘာဝဂတ်စ်မဟုတ်ဘဲ သူတို့ပြောတာတော့ ကမ်းရိုးတန်းဂတ်စ်လို့ပြောတယ်၊ မကောင်းဘူးပေါ့ဗျာ။ လီဗာဘယ်လောက်နင်နင်း ကားမရွေ့ဘူး၊ ဂက်စ်ပဲကုန် တယ်။ ‘’ဟု ဆူးလေ-လှိုင်သာယာ ကားလိုင်းမှ ကားဆရာ တစ်ဦးကပြောသည်။
‘’ကျွန်တော်ဆိုရင် ဒီနေ့ဂတ်ဆိုင်မှာတန်းစီရတာ သုံးခေါက်မြောက်ရှိပြီ၊ မနက် ၄နာရီထဲက တန်းစီလိုက် မောင်းလိုက်နဲ့လုပ်နေရတယ်။ အရင်ကဆို ထမင်းစားချိန်ဆိုရင် အိမ်ပြန်စားနေကျ၊ အခုတော့ ထမင်းချိုင့်ထည့်လာပြီးဂက်ဆိုင်မှာထမင်းစားပြီး စောင့်နေရတယ်။ တချို့ကားတွေဆို Gas မသန့်လို့ကားမဆွဲဖူး နားထားကြပြီ၊ ကျွန်တော်ဆို ခုနကမှဆိုင်ကနေ ထွက်လာတာ အတုံး လေးတုံးပြည့်နေတယ်၊ အခု သုံ တုံးပဲကျန်တော့တယ်၊ ဘာမှမမောင်းရသေးဘူး’’ဟုလည်း တက္ကစီဆရာတစ်ဦးထံမှ သိရသည်။
လက်ရှိ 70Kg CNG ဂက်စ်တစ်အိုးလျှင် ၃,၀၀၀ ကျပ်ဝန်းကျင်သာပေးရသော်လည်း၊ ဂက်စ်ဆိုင်များတွင် အချိန်ကြာမြင့်စွာ တန်းစီရခြင်း၊ အ မောင်းမခံခြင်းနှင့် ဂက်စ်ခေါင်းမှာ ခဏခဏပြဿနာတက်ခြင်းများကြုံတွေ့နေရသည်ဟုလည်း သိရသည်။ mizzima
အကြမ်းဖက် မင်းအောင်လှိုင်က လာမည့် ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့ ကျရောက်မည့် စိန်ရတု ၇၅ နှစ်မြောက် အခမ်းအနားကို ငွေကျပ် ဘီလီယံချီအသုံးပြု ကျင်းပ၍ ဗိုလ်ရှုခံဦးမည်ဖြစ်ကြောင်း နေပြည်တော်သတင်းရင်းမြစ်က ပြောဆိုသည်။
“စိန်ရတုနေ့ လွတ်လပ်ရေးနေ့ အခမ်းအနားကိုလည်း စိန်ရတုနေ့ ပြည်ထောင်စုနေ့အခမ်းအနားလိုပဲ ခမ်းခမ်းနားနားကြီးကြီးကျယ်ကျယ် အလှ ပြကားတွေ၊ တိုင်း/ပြည်နယ်တွေက ကိုယ်စားပြု အလှပြယာဉ်တွေ၊ တီး၀ိုင်း၊ ညစာစားပွဲ၊ မီးရှုးမီးပန်းဖောက်မယ့် အခမ်းအနားတွေနဲ့ အစည် ကားဆုံး လုပ်ဖို့ ညွှန်ကြားချက်တွေ ထွက်လာတယ်။ ဗိုလ်ရှုခံလည်းပါမယ်လို့ သိရတယ်။ ရှေ့မှာ ဗိုလ်ရှုခံလုပ်ထားပြီးသားဆိုတော့ ပထမအ ကြိမ်လောက်ကတော့ မခက်ခဲတော့ဘူး။ ဆောက်လုပ်ရေးဝန်ကြီးဌာနဘက်က အလှပြကားတွေ ဆောက်မယ်။ လိုအပ်တဲ့ ဘတ်ဂျက်တွေ ချပေးနေပြီ။ သုံးမ ယ့် ငွေပမာဏ မသိရပေမယ့် ဘီလီယံနဲ့ချီ ကိုသုံးခွင့်ပေးတယ်။ အဲဒါ တင်ဒါ ကန်ထရိုက် ရဖို့ လာတဲ့ ကုမ္ပဏီတွေလည်း နေ ပြည်တော်မှာ ခြေချင်း လိမ်နေတယ်” ဟု ရန်ကုန်ခေတ်သစ်သတင်းဌာန၏ နေပြည်တော်သတင်းရင်း မြစ်က ပြောသည်။
အကြမ်းဖက်မင်းအောင်လှိုင်က စိန်ရတု ပြည်ထောင်စုအခမ်းအနားတွင် ဗိုလ်ရှုခံ စင်မြင့်မှတစ်ဆင့် အလေးပြု ခံခဲ့ပြီး ဗိုလ်ရှုခံသည့်အစီအစဉ်ကို နိုင်ငံတော် အခမ်းအနားတိုင်းတွင် ထည့်သွင်း ကျင်းပလာခြင်းဖြစ်သည်ဟု ဆိုသည်။
“သူက အဲဒီလို ဗိုလ်ရှုခံပွဲကို ကြိုက်တာဗျ။ လူတွေအများကြီးက သူ့ကို အလေးပြု တာမျိုး အတော် သဘောကျတာ။ စိန်ရတုပြည်ထောင်စု ဗိုလ်ရှုခံပြီးတော့ ချက်ချင်း အစည်းအဝေးခေါ်ပြီး အခမ်းအနား အရမ်းအောင်မြင်တယ်ဆိုပြီး ပြောခဲ့တယ်။ လွတ်လပ်ရေးနေ့လည်း ဗိုလ်ရှုခံထည့်ခိုင်းတာလည်း သူခိုင်းတာပဲ” ဟု နေပြည်တော်သတင်းရင်းမြစ်က ဆိုသည်။
အကြမ်းဖက်မင်းအောင်လှိုင်သည် ၎င်းနှင့်သက်ဆိုင်ခြင်းမရှိဘဲ နိုင်ငံတော်သမ္မတအိမ်တော်တွင် အဆောင်များ တိုးချဲ့ခြင်း၊ အဆောင်သစ်များ ဆောက်လုပ်ခြင်းများကို လုပ်ဆောင်ခဲ့ပြီး အမြဲတမ်း ဗိုလ်ရှုခံ စင်မြင့်တစ်ခုကိုလည်း ဆောက် လုပ်ခဲ့ကြောင်း သိရှိရသည်။ khit thit
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့၊ ရပ်ကွက် ၅ ရှိ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်(KBC) ကျမ်းစာသင်ကျောင်းထဲကို နိုဝင်ဘာ ၃ ရက်ညပိုင်း စစ်ကောင်စီတပ်က ပစ်ခတ်လို့ ကျောင်းသား ၄ ယောက် ဒဏ်ရာရသွားပါတယ်။
မနေ့ည ၈ နာရီခွဲလောက်က ကွတ်ခိုင်မြို့ အခြေစိုက် အမြောက်တပ်ခွဲက ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်ဟာ KBC ရဲ့ KTC ကချင်ကျမ်း စာကျောင်းအမျိုးသားအဆောင်ရှိ ရေချိုးကန်နားမှာ ကျရောက်ပေါက်ကွဲခဲ့ပြီး ကျောင်းသား ၄ ဦးထိခိုက်ဒဏ်ရာရရှိတယ်လို့ ကွတ်ခိုင်ဒေသခံတွေက ဆိုပါတယ်။
ကွတ်ခိုင်မြို့ခံတဦးက “စစ်တပ်ဘက်မှာ လက်နက်ငယ်သံတွေ ကြားရပြီးနောက်ပိုင်း လက်နက်ကြီးသံကြားရတော့တာပဲ။ တပ်ကပစ်လိုက်တဲ့ လက်နက်ကြီးကျည်က ကျမ်းစာကျောင်း ယောကျာ်းလေးအဆောင်နားကျပြီး ကျောင်းသား ၄ ယောက် ကျည်အစမှန်တယ်”လို့ ပြောပါတယ်။
စစ်ကောင်စီတပ်က ပစ်လိုက်တဲ့ လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲမှုကြောင့် KTC ကချင်ကျမ်းစာသင်ကျောင်းက အမျိုးသားအဆောင်မှာ ထိမှန်ပျက်စီးသွားတာလည်းရှိပါတယ်။
ဒဏ်ရာရတဲ့ကျောင်းသား ၄ ဦးကတော့ စိုးရိမ်ရတဲ့ အခြေအနေတော့ မဟုတ်ဘူးလို့ မြို့ခံတွေက ဆိုပါတယ်။
ထိခိုက်ဒဏ်ရာရသူတွေထဲက နှစ်ယောက်ကိုကတော့ ကျောင်းသား မိတုန်ဒွဲလာ၊ အင်ဒေါင်အောင်ဆန့်တို့ဖြစ်တယ်ပြီး ကျန် နှစ်ယောက်ကတော့ နာမည်မသိရသေးဘူးလို့ ကျမ်းစာကျောင်းနဲ့ နီးစပ်သူ အမျိုးသမီး ၁ ဦးက ပြောပါတယ်။
တိုက်ပွဲ ဖြစ်ပွားခြင်းမရှိပဲ စစ်ကောင်စီတပ်ဘက်က ည ၈ နာရီ ၄၅ မိနစ်လောက်မှာ လက်နက်ကြီး ၂ ကြိမ်၊ ၉ နာရီလောက်မှာ ၁ ကြိမ် ပစ်ခတ်ခဲ့တယ်လို့ မြို့ခံ တဦးက ပြောပါတယ်။
ဒဏ်ရာရသူတွေကို လတ်တလော ဆေးရုံ ခေါ်လာပြီးဆေးကုသခွင့် မပေးဘဲ စစ်ကောင်စီဘက်က ဆေးရုံဝန်းကျင်မှာပါ လုံခြုံရေးယူ ပိတ်ဆို့ ထားနေတယ်လို့ ဆိုပါတယ်။
“တလုံးက ကွတ်ခိုင် အောက်နားက မန်မောင်ဆိုတဲဘရွာက ပလောင်ပွဲမှာ သွားကျတာ။ ဘယ်လောက်ထိသွားလဲတော့ မသိရသေးဘူး” လို့ နောက်ထပ် ဒေသ ခံ အမျိုးသမီး တဦးက ပြောပါတယ်။
နောက်ထပ် လက်နက်ကြီးတွေလည်း ၃ ကြိမ် ဆက်တိုက် ထပ်ပစ်သံကြားရပြီး ဘယ်မှာ ကျရောက်ပေါက်ကွဲသလဲ ဆိုတာ မသိရသေးဘူး လို့ ဆိုပါတယ်။
ဒေသခံ ပြည်သူတွေက စိုးရိမ်ထိတ်လန့်နေကြပြီး ဗုံးခိုကျင်းမှာ ပုန်းအောင်း နေကြတယ်လို့ ဆိုပါတယ်။
ကွတ်ခိုင်မြို့နယ်မှာ ၂၀၁၁ ခုနှစ်က စတင်ပြီး စစ်ကောင်စီတပ်နဲ့ ဒေသခံတိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေး တပ်တွေကြား တကျော့ပြန်တိုက်ပွဲတွေ ဖြစ်ပွားနေခဲ့တာပါ။
နိုဝင်ဘာ ၂ ရက်နေ့ကဟိုမုန်းကျေးရွာအနီးမှာရှိတဲ့ ကောင်းဆတ်ဘွမ်မှာ စစ်ကောင်စီနဲ့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ကြားတိုက်ပွဲဖြစ်ပွားခဲ့တာရှိတယ်လို့ ဒေသတွင်း သတင်းရင်မြစ်တွေကဆိုပါတယ်။
ကွတ်ခိုင်မြို့နယ်အတွင်း ဆယ်စုနှစ်ကျော်ကြာ ဖြစ်ပွားနေတဲ့ပစ် ခတ်တိုက်ခိုက်မှုတွေအတွင်း စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် ဒေသခံ အရပ်သားပြည်သူ ၂၀ ထက်မနည်း သေဆုံး ထိခိုက်ဒဏ်ရာရတာ ရှိခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။
ဖားကန့်မြို့နယ်၊ အနန့်ပါမှာ အောက်တိုဘာလ ၂၃ ရက် ညက ၆၂ နှစ်ပြည့်KIO အထိမ်းအမှတ်နေ့ အကြိုတေးဂီတဖျော်ဖြေပွဲကို စစ်ကောင်စီတပ်က လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့မှုကြောင့်KIO၊ KIA အရာရှိစစ်သည်တွေအပြင် အရပ်သားပြည်သူ ၈၀ ကျော် သေဆုံးခဲ့ပါတယ်။ DVB
မကွေးတိုင်း ဆောမြို့ရှိ မြို့မရဲစခန်းမှ တပ်ကြပ်နှင့်တပ်သားလေးဦး ဆောပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ (Saw- PDF) ထံထွက်ပြေးခိုလှုံလာကြောင်း သိရသည်။
ဆောမြို့မရဲစခန်းတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်သားနှင့် ရဲအင်အား ၇၀ ခန့်နှင့် ဆော PDF တို့ နိုဝင်ဘာလ ၃ ရက်နေ့ နံနက်ပိုင်းက ထိတွေ့တိုက်ပွဲငယ်ဖြစ်ပွားခဲ့ပြီးနောက် အဆိုပါရဲငါးဦး ထွက်ပြေး လာခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
“တိုက်ပွဲဖြစ်ပြီးနောက် ဆော PDF ဆီကို ထွက်ပြေးလာတယ်ပေါ့။ လက်ရှိအချိန်မှာ သူတို့ကို စစ်ဆေးရေး ဝင်နေတယ်။ အခုကတော့ ကိုယ်ပိုင်နံပါတ်တွေဘာတွေ မသိရသေးဘူး။ အသေးစိတ်ကို နောက်မှသိရမှာ” ဟု ဆော PDF နှင့်နီးစပ်သူကပြောသည်။
ဆောမြို့မှရဲစခန်းမှ တပ်ကြပ်နှင့်တပ်သားလေးဦး ဆော PDF ထံ ထွက်ပြေးလာမှနှင့်ပတ်သက်ပြီး အသေး စိတ်ကို ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။ mizzima
အငြိမ်းစား ဒုဗိုလ်မှူးကြီး ခင်မောင်ဝင်းနှင့် ဒုတိယဇနီး ခင်မြတ်နိုးက ငွေစုမဲ၊ ရောင်းမဲများ ရောင်းချခြင်းနှင့် မဲဖောက် အလှည့်ကျ ငွေယူ စုဆောင်းသည့် စနစ်မှ ရရှိသည့် လှည့်လည်ငွေ ကျပ် သိန်းတစ်သောင်းကျော် လိမ်လည် ထွက်ပြေး တိမ်းရှောင်သွားသဖြင့် အမှုဖွင့်လှစ်သွားရန်ရှိကြောင်း ငွေလိမ်လည်ခံရသူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
အငြိမ်းစား ဒုဗိုလ်မှူးကြီး ခင်မောင်ဝင်း၏ ဒုတိယဇနီးဖြစ်သူ ခင်မြတ်နိုးက လူမှုကွန်ရက်မှတစ်ဆင့် စုမဲ၊ ရောင်းမဲများကို ဒိုင်အဖြစ် အလုပ်လုပ်ကိုင်ခဲ့ပြီး ငွေထည့်မည့် လူများစွာကို စုဆောင်းခဲ့ကြောင်း၊ ၂၀၁၆ ခုနှစ်ဝန်းကျင်က တည်းက စုမဲ၊ ရောင်းမဲများကို ဒိုင်အဖြစ် ခင်မြတ်နိုး က လူမှုကွန်ရက်တွင် May Myat Noe အကောင့်အမည်ဖြင့် လုပ်ကိုင်ခဲ့ကြောင်း၊ လူပေါင်းများစွာကို စည်းရုံးပြီး သိန်းတစ်သောင်း ကျော် လှည့်ပတ်ငွေရှိလာချိန်တွင် အောက်တိုဘာ ၃၁ ရက်နေ့မှ စ၍ ထွက်ပြေးတိမ်းရှောင်သွားခြင်းဖြစ်ကြောင်း ငွေကြေးလိမ်လည်ခံရသူများ ထံမှ သိရှိရသည်။
ငွေလိမ်သွားပုံမှာ အချိန်ယူ စနစ်တကျ ယုံကြည်မှုသွင်း၍ သိန်းပေါင်း တစ်သောင်းကျော် လိမ်လည်၍ ထွက်ပြေးတိမ်းရှောင်သွားခြင်းဖြစ်ကြောင်း ကိုယ်တိုင် ကြုံတွေ့ရသူများက ရန်ကုန်ခေတ်သစ်သို့ ပြောကြားသည်။
“လူအများရဲ့ ပိုက်ဆံတွေ လိမ်ပြေးသွားလို့ပါရှင်။ သိန်း တစ်သောင်း ကျော်လို့ သိရပါတယ် ပျမ်းမျှအားဖြင့်။ အသိညီမလေးတွေ၊ မွေးခါနီး ကိုယ်ဝန်ဆောင်တွေ ပါသွားပါတယ်။ သူက စုမဲလူအများက ၂ နှစ် ၃ နှစ် နီးပါး စုလာကြတဲ့ စုမဲ၊ ရောင်းမဲတွေ၊ ရွှေ၊ ဖုန်း စတဲ့ စုမဲတွေကို လိမ်လည် ထွက်ပြေးသွားတယ်” ဟု လိမ်လည်ခံရသူများနှင့် နီးစပ်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သို့ ပြောကြားသည်။
လူမှုကွန်ရက်မှတစ်ဆင့် ငွေသွင်းငွေထုတ်များကို ၎င်းက ပုံမှန် လုပ်ဆောင်ပေးခဲ့သဖြင့် နာမည်ကြီးလာပြီး လူအများအပြားက ယုံကြည်လာကြောင်း စုမဲအနေဖြင့်လည်း သိန်း ၅၀ စုမဲမှ သိန်း ၃၀ စုမဲအထိ အလှည့်ကျ ငွေစု မဲနှိုက်သည့် ပုံစံဖြင့်လည်း ငွေကြေးဒိုင်အဖြစ်လုပ်ကိုင်ကြောင်း၊ ငွေလိုချင်သူများအတွက်လည်း မဲများ ရောင်းချပေးပြီး မဲဖောက်ပေးကြောင်း သိရှိရသည်။
“၂၀၁၆ ကတည်းက ငွေစုခဲ့ကြတယ်။ သိန်း ၃၀ စုမဲ၊ သိန်း ၅၀ စုမဲ၊ အဲဒါတွေက ရိုးရိုးငွေစုတာပါ။ မဲနှိုက်အလှည့်ကျ ငွေထုတ်။ ရောင်းမဲကတော့ ဒီနေ့ တစ်သိန်းပေး နောက် တစ်လနေ တစ်သိန်းခွဲ ပြန်ရ ဆိုတာမျိုး လုပ်တာပါ။ အခု ငွေစုမဲသမားတွေရော၊ ရောင်းမဲငွေတွေရော ဖုန်း၊ ရွှေ ငွေ အကုန်ပဲ။ အိမ်လိုက်သွားတဲ့ လူတွေက မတွေ့တော့ဘူး။ အောက်တို ဘာ ၃၁ ရက်နေ့မှာ ပျောက်သွားတာပါ ” ဟု လိမ်လည်ခံရသူတစ်ဦးက ရန်ကုန်ခေတ်သစ်သို့ ပြောကြားသည်။
ငွေလိမ်ခံရသူ ပြည်သူတချို့ကလည်း ၎င်းတို့လင်မယားကို အမှုဖွင့်လှစ်ရန် ကြိုးစားလျက်ရှိပြီး အချက်အလက်များ စုဆောင်းနေသည်ဟုဆိုကြသည်။
ရန်ကုန်ခေတ်သစ်သတင်းဌာနက အငြိမ်းစား ဒုဗိုလ်မှူးကြီး ခင်မောင်ဝင်းနှင့် ဒုတိယဇနီး ခင်မြတ်နိုးတို့ကို ဆက်သွယ်မေးမြန်းရန် ၎င်းတို့ အသုံးပြုခဲ့သည့် ဟန်းဖုန်းနှင့် လိပ်စာကို ဆက်သွယ်သော်လည်း အဆက်အသွယ်မရရှိပေ khit thit
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့မှာ နိုဝင်ဘာ ၂ ရက် ရပ်ကွက်အုပ်ချုပ်ရေးမှူး တယောက် အပါအဝင် လေးယောက်ကို စစ်ကောင်စီတပ်က ထပ်မံဖမ်းဆီးသွားတယ်လို့ မြို့ခံတွေထံက သိရပါတယ်။
နိုဝင်ဘာ ၂ ရက် ညက ပြင်ဖြူမော်ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးခင်မောင်ထွန်းနဲ့ တခြားရပ်ကွက်တွေက အမျိုးသား သုံးယောက်ကို စစ်ကောင်စီကတပ်က အေအေနဲ့ ဆက်စပ်တယ်ဆိုတဲ့သံသယနဲ့ ဖမ်းဆီးသွားခဲ့တာဖြစ်ပါတယ်။
ကျောက်ဖြူမြို့ခံတယောက်က “ ၂ ရက်နေ့ ညမှာ ပြင်ဖြူမော်ရပ်ကွက် အုပ်ချုပ်ရေးမှူး ကိုခင်မောင်ထွန်းကို ဖမ်းသွားတယ်။ ပြီးရင် စေတီတောင်ရပ်ကွက်မှာနေတဲ့ ကိုမောင်ထွန်းဆိုတဲ့သူကိုလည်း နေအိမ်ပြန်လာတဲ့အချိန် လမ်းမှာဖမ်းသွားတယ်။ နောက်စေတီတောင်ရပ်ကွက်က ဦးဝင်းမောင်ကို ဖမ်းတယ်လို့သိရတယ်။ နောက်ထပ် စေတီယျရပ်ကွက် ဦးထွန်းဝင်းလှိုင်ဆိုသူကိုလည်း ဖမ်းသွားတယ်လို့ သိရတယ်။ သူတို့ကို စစ်တပ်က အေအေနဲ့ဆက်စပ်တယ်လို့စွပ်စွဲပြီး လိုက်ဖမ်းနေတာပေါ့။ အခုက စစ်တပ်က ပြည်သူတွေ ဖမ်းချင်သလိုဖမ်းနေတာ၊ ပြီးရင်အေအေနဲ့ဆက်စပ်တယ်၊ ငွေကြေးထောက်ပံ့တယ်ဆိုပြီး အကြောင်းပြတာပေါ့”လို့ ပြောပါတယ်။
ကျောက်ဖြူမြို့မှာ ပြီးခဲ့တဲ့ အောက်တိုဘာ ၃၁ ရက်ကလည်း စေတီယျရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးစိုးလှထွန်း၊ ထွေအုပ်စာရေး ဦးစိုးမင်းနိုင်နဲ့ ရာအိမ်မှူးတယောက်တို့ကို စစ်တပ်က ဖမ်းဆီးခဲ့ပါတယ်။
ကျောက်ဖြူမြို့မှာ မြို့ခံအရပ်သားတွေနဲ့ ဌာနဆိုင်ရာဝန်ထမ်းတချို့ကိုလည်း စစ်ကောင်စီတပ်က ဖမ်းဆီးပြီး အေအေနဲ့ ဆက်စပ်တယ်ဆိုတဲ့သံသယနဲ့ အမှုဖွင့်နေတာတွေကြောင့် မြို့ခံတွေမှာ သံသယနဲ့ဖမ်းဆီးခံရမှာကို စိုးရိမ်နေကြရတယ်လို့လည်း ဆိုပါတယ်။
ကျောက်ဖြူမြို့မှာ စက်တင်ဘာလကစတင်ပြီး စစ်ကောင်စီတပ်က အေအေနဲ့ ဆက်စပ်တယ်ဆိုတဲ့သံသယနဲ့ အရပ်သားပြည်သူတွေနဲ့ ဌာနဆိုင်ရာဝန်ထမ်းတချို့အပါအဝင် လူပေါင်း ၄၀ ဝန်းကျင်ကို ဖမ်းဆီးခဲ့ပြီးနောက် တချို့ကိုပြန်လွှတ်ပေးခဲ့ပေမဲ့ အများစုကိုတော့ နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ-၅၀၅(က)နဲ့ မတရားအသင်းဆက်သွယ်မှု ပုဒ်မ-၁၇(၁) စတာတွေနဲ့ အမှုဖွင့်ပြီး တရားစွဲဆိုထားပါတယ်။ DVB
khit thit
မြန်မာနိုင်ငံမှာ အာဏာသိမ်း ၁ နှစ်ခွဲကျော်အကြာ စစ်ကောင်စီတပ်တွေ အကြမ်းဖက် ပစ်ခတ်သတ်ဖြတ်မှုတွေကြောင့် နိုင်ငံတဝန်း အပြစ်မဲ့ကျဆုံးပြည်သူ ၂,၄၁၂ ယောက်နဲ့ ဖမ်းဆီးထိန်းသိမ်းခံရသူပေါင်း ၁၆,၀၄၉ ယောက်ထိရှိလာခဲ့ပြီဖြစ်တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့် ရှောက်ရေးအသင်း (အေအေပီပီ) က ထုတ်ပြန်ပါတယ်။
ဒီစာရင်းဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်မှ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၃ ရက်အထိ အေအေပီပီက ကောက်ယူမှတ်တမ်းပြုစုထားတာဖြစ်ပြီး အမှန်တကယ် ကျဆုံးသူတွေဟာ ဒီထက်ပိုနိုင်တယ်လို့ ဖော်ပြပါ တယ်။
နွေဦးတော်လှန်ရေးကာလအတွင်း ဒီနေ့အထိ ၁၂,၈၃၉ ယောက် လက်ရှိ ချုပ်နှောင်ခံထားရဆဲဖြစ်ပြီး အဲဒီထဲက ၁,၆၃၀ ယောက်ကတော့ ထောင်ဒဏ် ချမှတ်ခံထားရပါတယ်။
တော်လှန်ရေးနဲ့ ဆက်စပ်ပြီး သေဒဏ်ချမှတ်ခံထားရကာ အကျဉ်းထောင်တွေထဲ ထိန်းသိမ်းခံနေရသူအရေတွက်ကတော့ ၈၆ ယောက်ရှိနေပြီး မျက်ကွယ် သေဒဏ်ချမှတ်ခံထားရသူ ၄၂ ယောက်အပါအဝင် ၁၂၁ ယောက်ကတော့ မျက်ကွယ်ပြစ်ဒဏ်ချမှတ်ခံထားရတာကြောင့် သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း ၁၂၈ ယောက် ရှိလာခဲ့ပြီဖြစ်ပါတယ်။
လတ်တလောအချိန်ထိ အာမခံနဲ့ လွတ်မြောက်သူ ၂၂ ယောက်ရှိပြီး ပြန်လည်လွတ်မြောက်လာသူဦးရေကတော့ ၃,၁၈၈ ယောက် ရှိခဲ့တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် အေအေပီပီကနေ လက်လှမ်းမီသမျှ မှတ်တမ်း ပြုစုထားချက်အရ အာဏာသိမ်းချိန်ကနေ ပြီးခဲ့တဲ့ စက်တင်ဘာလကုန်ထိ အကြမ်းဖက်စစ်အုပ်စုက မတရားချိပ်ပိတ်သိမ်းဆည်းခဲ့တဲ့ နေအိမ်၊ အဆောက်အဦ အရေအတွက် စုစုပေါင်း ၇၈၆ ခုထက်မနည်း ရှိခဲ့ တယ်လို့ ဆိုပါတယ်။
အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) ပြုလုပ်ထားတဲ့ စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့၊ ရွာထောင် ဒီဇယ်စက်ခေါင်းစက်ရုံ အလုပ်ရုံစုမှူး ကိုအောင်ကျော်ကျော်ဟာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၁ ရက်က စစ်ကိုင်းတိုင်းထဲက ပုပ္ပား ကျေးရွာအနီးမှာ အကြမ်းဖက်စစ်အုပ်စုတပ်တွေရဲ့ ဖမ်းဆီးခြင်းကို ခံခဲ့ရတယ်လို့ သိရပါတယ်။
ဒါ့အပြင် နိုဝင်ဘာ ၁ ရက်ည ၉ နာရီဝန်းကျင်ကလည်း စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်၊ ရွာမကျေးရွာမှာ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်အုပ် စုတပ်မှ လက်နက်ကြီးနဲ့ ရမ်းသန်းပစ်ခတ်ခဲ့ရာ အဆိုပါလက်နက်ကြီး ကျည်ဟာ စံတော်ရာကုန်း ကျေးရွာက နေအိမ်တလုံးပေါ်ကို ကျရောက် ပေါက်ကွဲခဲ့တာကြောင့် ဇနီးမောင်နှံ ၂ ယောက်ဖြစ်တဲ့ ဒေါ်ပုနဲ့ ဦးစိုးမြင့်တို့ သေဆုံးခဲ့တယ်လို့ သိရပါတယ်။
အရပ်ဘက်အဖွဲ့အစည်းတွေက ခေါင်းဆောင်တွေ၊ အရပ်သားတွေ၊ တက်ကြွလှုပ်ရှားသူတွေ၊ သတင်းသမားတွေ၊ CDM လှုပ်ရှားနေတဲ့ ဝန် ထမ်းတွေ စတဲ့ နယ်ပယ်အသီးသီးမှ ဘယ်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခံထားရတာတွေနဲ့ ပတ်သက်လို့ နွေဦးတော်လှန်ရေး ကာလအတွင်း ကျဆုံးသွားသူတွေရဲ့ အချက်အလက်တွေကို သိရှိပါက အေအေပီပီကို ဆက်သွယ်အသိပေး အကြောင်းကြားနိုင်ပါတယ်။
ဒါ့အပြင် ကျဆုံးအချက်အလက်တွေကို ဖော်ပြပါ fatality-data@aappb.org အီးမေးလ်နဲ့ အဖမ်းအဆီး အချက်အလက်တွေကို detention-data@aappb.org အီးမေးလ်တွေဆီလည်း တိုက်ရိုက်ပေးပို့ ဆက်သွယ်အကြောင်းကြားနိုင်ကြောင်း အသိပေးထားပါတယ်။ DVB
ရန်ကုန်မြို့ အင်းစိန်အကျဉ်းထောင်တွင် ပန်းချီဆရာတစ်ဦးကို ရာဇဝတ်သားများက မေးရိုးကျိုးသည်အထိ ဝိုင်းဝန်း ရိုက်နှက်သောကြောင့် ထောင်ဆေးရုံ၌ ကုသမှုခံယူနေရသည်ဟု ထောင်တွင်း သတင်းရင်းမြစ်တစ်ခုထံမှ သိရသည်။
တာမွေမြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ဗုံးဖြင့် တိုက်ခိုက်သည်ဟူသော စွပ်စွဲချက်ဖြင့် ယမန်နှစ် မတ် ၂၇ က ဖမ်းဆီးခံရသူ ပန်းချီဆရာ ကိုလှိုင်းညီ ခေါ် ကိုကျော်သူမြင့် ရိုက်နှက်ခံရမှုသည် ခိုးဆိုးလုနှိုက်မှုဖြင့် ထောင်ကျနေသူတစ်ဦးနှင့် အချင်းများရာမှ စတင်ခဲ့ခြင်း ဖြစ်သည်။
အဝတ်လှန်းချိန် စကားအချေအတင်ဖြစ်ရာ အခန်းသူကြီး ခေါ် တန်းစီးထံ ရောက်သွားခဲ့ကြောင်း၊ တန်းစီးက “ဒီမှာ ပြီးမလား၊ ရုံးခန်းသွားမလား” ဟု မေးမြန်းစဉ် ရုံးခန်းသွားမည်ဟု ကိုလှိုင်းညီက ပြန်လည်ဖြေကြားခဲ့ကြောင်း အထက်ပါ ထောင်တွင်းသတင်းရင်းမြစ်က ဆိုသည်။
ထို့နောက် တန်းစီးက ၎င်းအား မခန့်လေးစားလုပ်သည်ဟု ဆိုကာ ပြစ်မှုကျူးလွန်၍ ထောင်ကျနေသည့် အခြားအကျဉ်းသားများနှင့်အတူ ကိုလှိုင်းညီကို ဝိုင်းဝန်းကန်ကျောက် ရိုက်နှက်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
ထိုသို့ ရိုက်နှက်ပြီးနောက် တန်းစီးက ကိုလှိုင်းညီကို အခန်းပြောင်းလိုက်ကြောင်း၊ ကိုလှိုင်းညီက ခေါင်းမူးသည်ဟု ပြောနေသဖြင့် နီးစပ်သူများက အကြောင်းကြားမှသာ ထောင်အာဏာပိုင်များက ဆေးရုံသို့ ပို့ပေးခဲ့ကြောင်း ၎င်းက ပြောသည်။
ကိုလှိုင်းညီမှာ ထောင်ဆေးရုံတွင် ဆေးကုသနေရဆဲဖြစ်သောကြောင့် ရိုက်နှက်မှုမှာ မကြာသေးမီ ကာလများက ဖြစ်ပွားခဲ့ခြင်း ဖြစ်နိုင်ကြောင်း အထက်ပါသတင်းရင်းမြစ်က ယူဆသည်။
ရိုက်နှက်ခံရမှုကြောင့် မေးရိုးကျိုးသွား၍ ၎င်း၏ ပါးစပ်ကို ကြေးနန်းကြိုးများဖြင့် တုပ်ထားရပြီး တစ်လခွဲခန့် ထိုသို့ နေထိုင်ရမည်ဟု သိရသည်။
“ပါးစပ်က သွားတွေကို နန်းကြိုးနဲ့ ဆွဲပြီး တုပ်ထားလို့ အဖတ် လုံးဝစားလို့မရဘူး။ အရည်ပဲ သောက်နေရတယ်” ဟု ထိုသတင်းရင်းမြစ်က ပြောသည်။
ယမန်နှစ်ကုန်ပိုင်းက နိုင်ငံအဝန်းတွင် အသံတိတ်သပိတ်ဆင်နွှဲချိန်ကလည်း အင်းစိန်အကျဉ်းထောင်တွင် ဆန္ဒပြသဖြင့် အပြင်းအထန်ရိုက်နှက်ခြင်းခံခဲ့ရသည့် နိုင်ငံရေးအကျဉ်းသား ၈၉ ဦးတွင် ကိုလှိုင်းညီလည်း ပါဝင်သည်။
အင်းစိန်ထောင်အပါအဝင် အကျဉ်းထောင်များသည် ယခင်ကတည်းက ဖိနှိပ်မှုဖြင့် နာမည်ကျော်ခဲ့ပြီး စစ်တပ်က အာဏာသိမ်းပြီးနောက် လူသေဆုံးသည်အထိ ရိုက်နှက်နှိပ်စက်နေသည်။
အကျဉ်းထောင်တွင်းအခြေအနေများနှင့် ပတ်သက်၍လည်း သတင်းအမှောင်ချထားခြင်း၊ ရှေ့နေများကိုပါ ဖမ်းဆီးခြင်းများ ရှိနေသောကြောင့် ထောင်တွင်းအဖြစ်အပျက်များကို ပြင်ပက သိရှိရန် ခက်ခဲနေသည့် အခြေအနေဖြစ်နေသည်။
ပြီးခဲ့သည့် အောက်တိုဘာ ၂၃ ကလည်း အင်းစိန်ထောင်တွင် နိုင်ငံရေးအကျဉ်းသား ၂၁ ဦးက သေဒဏ်ပေးခံရသူများအတွက် ၃ လပြည့် ဝမ်း နည်းခြင်းအထိမ်းအမှတ်အနေဖြင့် လက်ပတ်မည်းဝတ်ဆင်၍ ဆွမ်းကပ်ခဲ့ရာ ၎င်းတို့ကို ထောင်အာဏာပိုင်များက အပြင်းအထန်ရိုက်နှက်ခဲ့ကြသည်။
အဆိုပါလှုပ်ရှားမှုကို ဦးဆောင်သည့် နိုင်ငံရေးအကျဉ်းသားများဖြစ်သော ကိုရဲရင့်ကို၊ ကိုရဲရင့်ဘို၊ မဝသုန်စံ၊ ကိုဟန်သာတို့ကို စစ်ကောင်စီ၏ အာဏာပိုင်များက တိုက်ပိတ်ထားကာ အလုပ်ကြမ်းများ ခိုင်းစေလျက်ရှိသည်ဟု သိရသည်။
အဆိုပါဖြစ်စဉ်များနှင့် ပတ်သက်ပြီး စစ်ကောင်စီက သတင်းအမှောင်ချထားသလို စစ်ကောင်စီ တာဝန်ရှိသူများထံ ဆက်သွယ်မေးမြန်း၍ လည်း မရပေ။
အောက်တိုဘာ ၁၉ရက်နေ့က အင်းစိန်ထောင် ပါဆယ်ဌာနတွင် ဗုံးပေါက်ကွဲပြီးနောက် ထောင်ဝင်စာ ပေးပို့ခွင့် ပိတ်ပင်ထားခြင်းကို အောက် တိုဘာ ၃၁ တွင် ရုပ်သိမ်းလိုက်သော်လည်း ပေးပို့သည့် ပစ္စည်းများကို အချိန်ယူပြီး တင်းတင်းကျပ်ကျပ် စစ်ဆေးနေသည်ဟု နိုင်ကျဉ်းမိသားစုဝင်များထံမှ သိရသည်။
အင်းစိန်ထောင် ဗုံးပေါက်ကွဲမှုတွင် အကျဉ်းဦးစီးဝန်ထမ်း ၃ ဦးနှင့် အရပ်သား ၅ ဦး သေဆုံးခဲ့ပြီး ၁၃ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့သည်။myanmar now