ဆောမြို့မရဲစခန်းမှ တပ်ကြပ်နှင့် တပ်သား ၄ ဦး ဆော PDF ထံ လက်နက်နှင့်အတူ ခိုလှုံလာ

မကွေးတိုင်း ဆောမြို့ရှိ မြို့မရဲစခန်းမှ တပ်ကြပ်နှင့်တပ်သားလေးဦး ဆောပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ (Saw- PDF) ထံထွက်ပြေးခိုလှုံလာကြောင်း သိရသည်။
ဆောမြို့မရဲစခန်းတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်သားနှင့် ရဲအင်အား ၇၀ ခန့်နှင့် ဆော PDF တို့ နိုဝင်ဘာလ ၃ ရက်နေ့ နံနက်ပိုင်းက ထိတွေ့တိုက်ပွဲငယ်ဖြစ်ပွားခဲ့ပြီးနောက် အဆိုပါရဲငါးဦး ထွက်ပြေး လာခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
“တိုက်ပွဲဖြစ်ပြီးနောက် ဆော PDF ဆီကို ထွက်ပြေးလာတယ်ပေါ့။ လက်ရှိအချိန်မှာ သူတို့ကို စစ်ဆေးရေး ဝင်နေတယ်။ အခုကတော့ ကိုယ်ပိုင်နံပါတ်တွေဘာတွေ မသိရသေးဘူး။ အသေးစိတ်ကို နောက်မှသိရမှာ” ဟု ဆော PDF နှင့်နီးစပ်သူကပြောသည်။
ဆောမြို့မှရဲစခန်းမှ တပ်ကြပ်နှင့်တပ်သားလေးဦး ဆော PDF ထံ ထွက်ပြေးလာမှနှင့်ပတ်သက်ပြီး အသေး စိတ်ကို ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။ mizzima