မင်းအောင်လှိုင်က စိန်ရတုနေ့ လွတ်လပ်ရေးအခမ်းအနားကို ငွေကျပ် ဘီလီယံချီသုံး၍ ဗိုလ်ရှုခံဦးမည်

အကြမ်းဖက် မင်းအောင်လှိုင်က လာမည့် ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့ ကျရောက်မည့် စိန်ရတု ၇၅ နှစ်မြောက် အခမ်းအနားကို ငွေကျပ် ဘီလီယံချီအသုံးပြု ကျင်းပ၍ ဗိုလ်ရှုခံဦးမည်ဖြစ်ကြောင်း နေပြည်တော်သတင်းရင်းမြစ်က ပြောဆိုသည်။

“စိန်ရတုနေ့ လွတ်လပ်ရေးနေ့ အခမ်းအနားကိုလည်း စိန်ရတုနေ့ ပြည်ထောင်စုနေ့အခမ်းအနားလိုပဲ ခမ်းခမ်းနားနားကြီးကြီးကျယ်ကျယ် အလှ ပြကားတွေ၊ တိုင်း/ပြည်နယ်တွေက ကိုယ်စားပြု အလှပြယာဉ်တွေ၊ တီး၀ိုင်း၊ ညစာစားပွဲ၊ မီးရှုးမီးပန်းဖောက်မယ့် အခမ်းအနားတွေနဲ့ အစည် ကားဆုံး လုပ်ဖို့ ညွှန်ကြားချက်တွေ ထွက်လာတယ်။ ဗိုလ်ရှုခံလည်းပါမယ်လို့ သိရတယ်။ ရှေ့မှာ ဗိုလ်ရှုခံလုပ်ထားပြီးသားဆိုတော့ ပထမအ ကြိမ်လောက်ကတော့ မခက်ခဲတော့ဘူး။ ဆောက်လုပ်ရေးဝန်ကြီးဌာနဘက်က အလှပြကားတွေ ဆောက်မယ်။ လိုအပ်တဲ့ ဘတ်ဂျက်တွေ ချပေးနေပြီ။ သုံးမ ယ့် ငွေပမာဏ မသိရပေမယ့် ဘီလီယံနဲ့ချီ ကိုသုံးခွင့်ပေးတယ်။ အဲဒါ တင်ဒါ ကန်ထရိုက် ရဖို့ လာတဲ့ ကုမ္ပဏီတွေလည်း နေ ပြည်တော်မှာ ခြေချင်း လိမ်နေတယ်” ဟု ရန်ကုန်ခေတ်သစ်သတင်းဌာန၏ နေပြည်တော်သတင်းရင်း မြစ်က ပြောသည်။

အကြမ်းဖက်မင်းအောင်လှိုင်က စိန်ရတု ပြည်ထောင်စုအခမ်းအနားတွင် ဗိုလ်ရှုခံ စင်မြင့်မှတစ်ဆင့် အလေးပြု ခံခဲ့ပြီး ဗိုလ်ရှုခံသည့်အစီအစဉ်ကို နိုင်ငံတော် အခမ်းအနားတိုင်းတွင် ထည့်သွင်း ကျင်းပလာခြင်းဖြစ်သည်ဟု ဆိုသည်။

“သူက အဲဒီလို ဗိုလ်ရှုခံပွဲကို ကြိုက်တာဗျ။ လူတွေအများကြီးက သူ့ကို အလေးပြု တာမျိုး အတော် သဘောကျတာ။ စိန်ရတုပြည်ထောင်စု ဗိုလ်ရှုခံပြီးတော့ ချက်ချင်း အစည်းအဝေးခေါ်ပြီး အခမ်းအနား အရမ်းအောင်မြင်တယ်ဆိုပြီး ပြောခဲ့တယ်။ လွတ်လပ်ရေးနေ့လည်း ဗိုလ်ရှုခံထည့်ခိုင်းတာလည်း သူခိုင်းတာပဲ” ဟု နေပြည်တော်သတင်းရင်းမြစ်က ဆိုသည်။

အကြမ်းဖက်မင်းအောင်လှိုင်သည် ၎င်းနှင့်သက်ဆိုင်ခြင်းမရှိဘဲ နိုင်ငံတော်သမ္မတအိမ်တော်တွင် အဆောင်များ တိုးချဲ့ခြင်း၊ အဆောင်သစ်များ ဆောက်လုပ်ခြင်းများကို လုပ်ဆောင်ခဲ့ပြီး အမြဲတမ်း ဗိုလ်ရှုခံ စင်မြင့်တစ်ခုကိုလည်း ဆောက် လုပ်ခဲ့ကြောင်း သိရှိရသည်။ khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s