ရန်ကုန်မြို့အတွင်း CNG အသုံးပြုကားများ ဂက်စ်မသန့်၍ လိုင်းကားများ ခေါက်ရေ အပြည့်မထွက်နိုင်

ရန်ကုန်မြို့အတွင်းပြေးဆွဲနေသည့် CNG -Gas လိုင်းကားများ နှင့် အငှားတက္ကစီကားများ ဂက်စ်ထည့်ရတွင် ဂက်စ်မသန့်သည့်အတွက် ခေါက်ရေပြည့်မီအောင် ကားမဆွဲနိုင်ခြင်း၊ CNG -Gas ဆိုင်များတွင် ညစောင့်တန်းစီးပြီး ဂတ်စ်ထည့်ရခြင်းနှင့် ကားချို့ယွင်းမှုများကြုံတွေ့ရသဖြင့် ကားမှတ်တိုင်များ၌ ရုံးဆင်း၊ ရုံးတက်ချိန်တွင် ခရီးသည်များအချိန်ကြာမြင့်စွာ စောင့်ဆိုင်းနေရသည်ဟု သိရသည်။

‘’ဒီနေ့နဲ့ဆိုရင် ငါးရက်လောက်ရှိပြီ၊ ကျွန်တော်တို့ ခေါက်ရေပြည့်အောင်မထွက်နိုင်ဘူး၊ ကျွန်တော်တို့ဆိုင်မှာပဲ စောင့်နေရတာ အချိန်ကုန်တယ်။ အခုပေးနေတဲ့ဂတ်စ်က အရင်ကလို သဘာဝဂတ်စ်မဟုတ်ဘဲ သူတို့ပြောတာတော့ ကမ်းရိုးတန်းဂတ်စ်လို့ပြောတယ်၊ မကောင်းဘူးပေါ့ဗျာ။ လီဗာဘယ်လောက်နင်နင်း ကားမရွေ့ဘူး၊ ဂက်စ်ပဲကုန် တယ်။ ‘’ဟု ဆူးလေ-လှိုင်သာယာ ကားလိုင်းမှ ကားဆရာ တစ်ဦးကပြောသည်။

‘’ကျွန်တော်ဆိုရင် ဒီနေ့ဂတ်ဆိုင်မှာတန်းစီရတာ သုံးခေါက်မြောက်ရှိပြီ၊ မနက် ၄နာရီထဲက တန်းစီလိုက် မောင်းလိုက်နဲ့လုပ်နေရတယ်။ အရင်ကဆို ထမင်းစားချိန်ဆိုရင် အိမ်ပြန်စားနေကျ၊ အခုတော့ ထမင်းချိုင့်ထည့်လာပြီးဂက်ဆိုင်မှာထမင်းစားပြီး စောင့်နေရတယ်။ တချို့ကားတွေဆို Gas မသန့်လို့ကားမဆွဲဖူး နားထားကြပြီ၊ ကျွန်တော်ဆို ခုနကမှဆိုင်ကနေ ထွက်လာတာ အတုံး လေးတုံးပြည့်နေတယ်၊ အခု သုံ တုံးပဲကျန်တော့တယ်၊ ဘာမှမမောင်းရသေးဘူး’’ဟုလည်း တက္ကစီဆရာတစ်ဦးထံမှ သိရသည်။

လက်ရှိ 70Kg CNG ဂက်စ်တစ်အိုးလျှင် ၃,၀၀၀ ကျပ်ဝန်းကျင်သာပေးရသော်လည်း၊ ဂက်စ်ဆိုင်များတွင် အချိန်ကြာမြင့်စွာ တန်းစီရခြင်း၊ အ မောင်းမခံခြင်းနှင့် ဂက်စ်ခေါင်းမှာ ခဏခဏပြဿနာတက်ခြင်းများကြုံတွေ့နေရသည်ဟုလည်း သိရသည်။ mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s