တပ်မ ၄၄ လက်အောက်ခံ ခမရ ၂ မှ တပ်သားဟိန်းဇော်ဦး လက်နက် အပြည့် အစုံ ဖြင့် အ လင်းဝင်၊ NUG က ဘတ်ငွေ ငါးသောင်း ဆုချ

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်ရှိ ကော်ဘရာစစ်ကြောင်းထံသို့ ခမရ ၂ မှ တပ်ဖွဲ့ ဝင်တပ်သား ဟိန်းဇော်ဦး လက် နက်နှင့်တစ်ကွ CDM ဝင်ရောက်လာပြီး အမျိုးသားညီညွတ်ရေးအစိုးရက ထိုင်းဘတ်ငွေ ၅၀၀၀၀ ဆုချကြောင်း ကော်ဘရာစစ်ကြောင်းက တရားဝင်သတင်းထုတ် ပြန်သည်။

ကော်ဘရာပူး‌ပေါင်းစစ်ကြောင်း ထံသို့ နိုဝင်ဘာ ၅ ရက်နေ့တွင် တပ်မ ၄၄ လက် အောက်ခံ ခမရ ၂ မှ တပ်ဖွဲ့ဝင် ဟိန်းဇော်ဦးသည် MA 3 သေ နတ် တစ်လက်၊ ကျည်ဘောက် ၄ ခု၊ ၅.၅၆ ကပစ ကျည် ၁၀၀ တောင့် နှင့်အတူ CDM ဝင်ရောက် လာကြောင်း တရားဝင်သတင်းထုတ်ပြန်ချက် ဆိုသည်။

ခမရ ၂ မှ တပ်သား ဟိန်းဇော်ဦးသည် လက်နက်အပြည့်အစုံဖြင့် ကော်ဘရာပူးပေါင်းစစ်ကြောင်းထံသို့ ဆက်သွယ် ခိုလှုံကာ CDM ဝင်ရောက်ခဲ့သဖြင့် အမျိုး သား ညီညွတ်ရေး အစိုးရ၊ ကာကွယ်ရေး ဝန်ကြီးဌာနမှ ဆုတော်ငွေ ထိုင်းဘတ် ၅၀,၀၀၀( မြန်မာကျပ်ငွေ သိန်း ၄၀ ဝန်းကျင်) ချီးမြင့်ကြောင်း၊ ကော်ဘရာ စစ်ကြောင်းမှူး ဗိုလ်ဒါဘောက ကိုယ် စား ပေးအပ်ခဲ့ကြောင်း သိရှိရသည်။khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s