ကနီတွင် စစ်ကောင်စီတပ်အထိုင်ချထားသည့် နေရာများကို ဒေသကာကွယ်ရေး တပ်ဖွဲ့များ ပူးပေါင်းတိုက်ခိုက်

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်ရှိ စစ်ကောင်စီတပ်များ အထိုင်ချတပ်စွဲထားသည့် စာသင်ကျောင်း၊ ဆေးရုံ ၊ ရဲစခန်း နှင့် ကင်းပုန်းဝပ်ရာနေရာများကို ဒေသကာကွယ် ရေးတပ်ဖွဲ့များ ပူးပေါင်းတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဘက်က ထိခိုက်ကျဆုံးမှုများနိုင်ကြောင်း Salingyi Border Task Force (SBTF) တာဝန်ရှိသူထံက သိရသည်။

ပြီးခဲ့သည့် နိုဝင်ဘာ ၃ ရက်နေ့ နံနက်ပိုင်းက ဒေသကာကွယ်ရေးတပ်ဖွဲ့များ စုပေါင်း၍ စစ်ကောင်စီတပ်အထိုင်ချနေရာများနှင့် ကင်းပုန်းဝပ်ရာ နေရာများကို လက်နက်ကြီး ၆၀-မမ၊ ၈၀-မမ၊ ၁၂၀-မမ များဖြင့် အလုံးပေါင်း၁၅၀ ပစ်ခတ်တိုက်ခိုက်ခဲ့သည့် အပြင် လက်နက်ငယ် များဖြင့်လည်း ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

“သူတို့ဘက်ကအထိခိုက်များမယ်ဗျ။ ပြန်လည်းပစ်ခတ်မှုတွေရှိတယ်။ သူတို့က အနားကို ကပ်မလာရဲအောင် ထောင်ထားတဲ့မှိုင်းတွေလည်း ခွဲတယ်ဗျ။ ကျွန်တော်တို့ ဘက်ကတော့ အထိခိုက်မရှိခဲ့ဘူး။ မနက် ၅ နာရီ ၁၅ မိနစ် လောက်ကတည်းက ကျွန်တော်တို့ စပြီးတိုက်ခဲ့တာ မနက် ၈ နာရီလောက်မှာတော့ မမအဖူးတွေနဲ့ ကျည်အင်အားနဲသွားတာကြောင့် အောင်အောင်မြင်မြင်နဲ့ ဆုတ်ခွာခဲ့ကြပါတယ်ဗျ” ဟု SBTF မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်နှင့် ပျူစောထီးပူးပေါင်းအဖွဲ့များသည် ကနီမြို့နယ်ရှိ ၎င်းတို့ အထိုင်ချရာနေရာ အနီး တဝိုက်ရှိ ကျေးရွာများသို့ စစ်ကြောင်းထိုးဝင်ရောက်ကာ ဒေသခံများ၏ ပစ္စည်းများကိုခိုးယူခြင်း၊ မီးရှို့ဖျက်ဆီးခြင်း၊ လူသားဒိုင်းအဖြစ် ခေါ်ဆောင်ခြင်းနှင့် မတရားဖမ်းဆီးသတ်ဖြတ်ခြင်းများ ကိုပြုလုပ်လျက်ရှိကြောင်း သိရသည်။

ယခုတိုက်ခိုက်မှုကို Salingyi Border Task Force – SBTF (ဆားလင်းကြီးမြို့နယ်-ပကဖ)၊ Ealgle Defense Force-EDF(Salingyi)၊ တောသားကြီး ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ (Salingyi) ၊ Black Shadow(Yinmarbin) ၊ Black Vote Fighter (Yinmarbin)၊ Fighter Brotherhood Guerilla Army (Yinmarbin) ၊ Brave Eagles Revolution Force-BERF(Kani) နှင့် အာဏာရှင်တော်လှန်ရေးပြည်သူ့တပ်တော် (Kani) စသည့် တော်လှန်ရေးအဖွဲ့များက ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s