မြင်းမူတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်တပ်က ကျေးရွာများကို လက်နက်ကြီးဖြင့် ပစ် ခတ်၊ နေအိမ် ၂ လုံးထိမှန်ပြီး ပြည်သူ ၃ ဦးဒဏ်ရာ

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးများဖြင့် အကြောင်းမဲ့ ပစ်ခတ်ခဲ့ကြောင်း မြင်းမူမြို့နယ် သတင်းမှန် ပြန်ကြားရေး အဖွဲ့ထံမှ သိရသည်။

နိုဝင်ဘာလ ၅ ရက်နေ့ နံနက် ၆ နာရီခန့်တွင် မြင်းမူမြို့နယ် ဂွေးပင်တောကျေးရွာမှ ထွက်ခွာလာသော တပ်မ ၃၃ မှ အကြမ်းဖက် စစ်သားများ သည် ဘိုးမင်းကြီးကင်းရွာနှင့် အလ္လကပ္ပရွာအကြား ကားလမ်းတောင်ဘက်ရှိ သရက်ခြံထဲမှနေ၍ မွန်းလွဲ ၁၂ နာရီ ၃၀ မိနစ်ခန့်တွင် ကျော့မင်းကျေးရွာဘက်သို့ လက်နက်ကြီးဖြင့် ၃ ကြိမ်ပစ်ခတ်ခဲ့ကြောင်း၊ ကျော့မင်းကျေးရွာမှ နေအိမ်၂ လုံး လက်နက်ကြီး ကျည်ထိမှန် ပျက်စီးခဲ့ကြောင်း သိရသည်။

မွန်းလွဲ ၁၂ နာရီ ၅၅ မိနစ်ခန့်တွင် လက္ကပင်ကျေးရွာဘက်သို့ လက်နက်ကြီးဖြင့် ၂ ကြိမ် ထပ်မံ ပစ်ခတ်ခဲ့ပြီး ရွာထဲသို့လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲကာ လမ်းသွား၊လမ်းလာ ပြည်သူ ၃ ဦးကို ထိမှန်ခဲ့ကြောင်း သိရသည်။

” တိုက်ပွဲဖြစ်ခြင်း လုံးဝမရှိဘဲနဲ့ကို စစ်ခွေးတွေက ရမ်းပစ်နေတာ ​မုံရွာ-စစ်ကိုင်း ကားလမ်းမကြီးရဲ့ တောင်ဘက် မြင်းမူမြို့နယ် အလ္လကပ္ပရွာနှင့် ဘိုးမင်းကြီးရွာအကြားကနေ ရွာတွေဘက်ကို တိုက်ပွဲ ဖြစ်တာ မရှိဘဲနဲ့ကို ပစ်နေတာပါ။ နေအိမ် ၂ လုံး ထိမှန်ပြီး ပြည်သူ ၃ ဦး ထိခိုက်ဒဏ်ရာရတယ်” ဟု မြင်းမူမြို့နယ် သတင်းမှန် ပြန်ကြားရေး အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။ khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s