Monthly Archives: Nov 2022

ပုသိမ်မြို့တွင် တန်ဆောင်မုန်းလပြည့်ည မီးမျှောပွဲပြုလုပ်မည့်အတွက် လုံခြုံရေးတင်း ကျပ်ထား

ဧရာဝတီတိုင်း၊ ပုသိမ်မြို့တွင် ယနေ့ နိုဝင်ဘာလ ၇ ရက်၊ တန်ဆောင်မုန်းလပြည့်နေ့ညတွင်၊ စစ်ကောင်စီကဦးစီးကာ မီးမျှောပွဲပြုလုပ်မည်ဖြစ်သည့်အတွက် ကမ်းနားတလျှောက် လုံခြုံရေးတင်းကျပ် ထားကြောင်း ဒေသခံများထံမှသိရသည်။

ပုသိမ်ကမ်းနားလမ်းရှိ စည်ပင်တိုင်းရုံးရှေ့မှ ပုသိမ်တံတားအသစ်အောက်ခြေအထိ လမ်းများပိတ်ကာ ကင်းပုန်းများ ချထားသည်ဟု သိရပြီး ငဝန်မြစ်အတွင်း ရေကြောင်းရဲစခန်းမှရဲများနှင့် စစ်ကောင်စီ ရေတပ်များကင်းလှည့်နေကြောင်း ဒေသခံတစ်ဦးကပြောသည်။

၎င်းအပြင် ပုသိမ်မြို့တော်ခန်းမ၌ ဒရုန်းဖျက်စက်များနှင့် Jammer များ အသင့်အနေအထားတပ်ဆင် ထားပြီး စစ်ကောင်စီတပ်များ၊ရဲများနှင့် အထွေထွေအုပ်ချုပ်ရေးမှူးရုံးဝန်ထမ်းများလည်းနေရာ အနှံ့ရှိနေ သည်ဟု ဆိုသည်။

“ ဒီနေ့ညလုပ်မယ့် မီးမျှောပွဲကို ကြံ့ခိုင်ရေးပါတီဥက္ကဋ္ဌဦးခင်ရီနဲ့ စစ်တပ်ကတိုင်းမှူးပါလာမယ်လို့ သတင်း တွေထွက်နေတယ်။ လုံခြုံရေးက တော့အင်အားတော်တော်များတယ်ဗျ။ စစ်ကောင်စီရဲ့ ဝန်ကြီးချုပ်လည်း အဲ့ဒီမီးမျှောပွဲကိုတက်ဖို့များတယ်” ဟု ဆိုသည်။

ပုသိမ်မြို့ပေါ်ရပ်ကွက်များရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရာအိမ်မှူးများ၊ ဆယ်အိမ်မှူးများနှင့် အရန် မီးသတ်များကိုလည်း လုံခြုံရေးအတွက်အင်အားလိုအပ်သည်ဟုဆိုကာ မီးမျှောပွဲအနီးပတ်ဝန်းကျင်တွင် ကင်းစောင့်ရန်စေခိုင်းထားကြောင်း ရဲတပ်ဖွဲ့နှင့်နီးစပ်သူတစ်ဦးကပြောသည်။

အဆိုပါမီးမျှောပွဲတွင် စစ်ကောင်စီလက်အောက်ခံ အထွေထွေအုပ်ချုပ်ရေးမှူးရုံးဝန်ထမ်းများက စတုဒိသာ ကျွေးမည့်အစီအစဥ်များပြုလုပ်နေ သည်ဟု သိရပြီး ပါဆယ်ယူသွားခြင်းများမပြုလုပ်ရန် ကန့်သတ်ထားကြောင်း သိရသည်။

လက်ရှိတွင် စစ်ကောင်စီတပ်များနှင့် ရဲများက မီးမျှောပွဲပြုလုပ်မည့်နေရာ အနီးသို့ဆိုင်ကယ်နှင့် ကားများ ဖြတ် သန်းသွားလာခွင့်မပေးတော့ဘဲ ဌာနဆိုင်ရာရုံးကားများကိုသာ သွားလာခွင့်ပေးနေသည်ဟု ဒေသခံများ၏ပြောပြချက်အရ သိရသည်။

“ပုသိမ်ကမ်းနားလမ်းမှာလုပ်တဲ့ မီးမျှောပွဲက ကြံခိုင်ရေးလက်ထက် ဦးသိန်းအောင်ဝန်ကြီးချုပ်ဖြစ်တုန်းက လုပ်ခဲ့ဖူးတယ်။ မလုပ်တာတော့ကြာ ပြီပေါ့။ ပြီးတော့ အဲဒီမီးမျှောပွဲက ပုသိမ်မြို့ရဲ့ အစဥ်အလာတစ်ခု လည်းမဟုတ်ပါဘူး။ အခုမှ စစ်တပ်က ပြန်လုပ်ဖို့စီစဥ်နေတာပါ။ မြန် မာနိုင်ငံထဲက ပြည်သူတွေအသတ်ခံ ရ၊ အိမ်တွေမီးရှို့ခံရဖြစ်နေတဲ့အချိန်မှာ ဒီပွဲကိုလုံးဝမသွားသင့်ပါဘူး” ဟု ပုသိမ်ဒေသခံတစ်ဦးကပြော သည်။ mizzima

ဗန်းမော်လေတပ်စခန်း ပစ်ခတ်ခံရပြီးနောက် ဒေသခံ ၇ ဦးထက်မနည်း စစ်တပ် ဖမ်းဆီး

ကချင်ပြည်နယ်၊ ဗန်းမော်မြို့မှာ နိုဝင်ဘာ ၅ ရက် ညပိုင်းက စစ်တပ်လေတပ်စခန်း လက်နက်ကြီးနဲ့ ပစ်ခတ်ခံရပြီးနောက် နဝမတန်းကျောင်း သားနှစ်ယောက် အပါအဝင် ဒေသခံ ၇ ယောက်ထက်မနည်းကို စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

လေတပ်စခန်းကို လက်နက်ကြီးနဲ့ နှစ်ချက် ပစ်ခတ်ခံရအပြီး ၂ မိုင်အောင်သာရပ်ကွက်က လမ်းသွားလမ်းလာတွေကို စစ်ဆေးကာ ဒေသခံတွေကို ဖမ်းဆီးခဲ့တာပါ။

ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတယောက်က “ည ၇ နာရီလောက်က လေတပ်စခန်း လက်နက်ကြီးနဲ့ အပစ်ခံရတယ်။ အဲဒါလည်းပြီးရော ၂ မိုင်အောင်သာရပ်ကွက်မှာ သွားလာနေတဲ့သူတွေရဲ့ ဖုန်းကို စစ်ဆေးပြီး ဖမ်းသွားတယ်” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်ဖွဲ့က ဖမ်းဆီးခဲ့တဲ့သူတွေကို စစ်ဖက်ရေးရာလုံခြုံရေး (စရဖ) ရုံးမှာ စစ်ဆေးနေတယ်လို့လည်း သူက ပြောပါတယ်။

လေတပ်စခန်း လက်နက်ကြီးနဲ့ ပစ်ခတ်ခံရတဲ့အတွက် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ သေဆုံးတာရှိတယ်လို့ ဒေသခံတွေ ပြောဆိုနေပေမဲ့ သီးခြားအတည်မပြုနိုင်ပါဘူး။ DVB

ဟားခါးမြို့နယ် သီးမြစ်တံတားအနီး စစ်ကောင်စီတပ်မှ တိုက်လေယာဉ်ဖြင့်ဗုံးကြဲ တိုက်ခိုက်

ချင်းပြည်နယ် ၊ ဟားခါးမြို့၊ သီးမြစ်တံတားအနီးတွင် စစ်ကောင်စီတပ်မှ ဂျက်တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်လျက်ရှိကြောင်း ချင်းအမျိုးသားတပ်မတော် (CNA) ထံက သိရသည်။

စစ်ကောင်စီတပ်သည် ယနေ့ နိုဝင်ဘာ ၇ရက်နေ့ မွန်းလွဲ ၂နာရီခန့်မှ စတင်၍ ဟားခါးမြို့နှင့် ခြောက်မိုင်အကွာရှိ သီးမြစ် တံတားအောက်ဖက်သို့ ဂျက်ဖိုက်တာ နှစ်စီးဖြင့် ဗုံးကြဲနေခြင်းဖြစ်ပြီး လေးကြိမ်တိုင် လာရောက် ဗုံးကြဲခဲ့ပြီး ဖြစ်ကြောင်း သိရသည်။

“မြေပြင်မှာ သူတို့စစ်ဆင်ရေး မထိရောက်လို့ ဝေဟင်ကနေ အခုလို တိုက်နေတာပါ။ ဒါကတော့ ရှင်းပါတယ်။ နယ်မြေစိုးမိုးနိုင်ဖို့ အဆုံးစွန်လုပ်ဆောင်နေတာလို့မြင်တယ်” ဟု CNA ၏ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီ က မဇ္ဈိမ ကိုပြောသည်။

ယခု ဗဂျက်တိုက်လေယာဉ်ဖြင့် ဗုံးကြဲလျက်ရှိသောနေရာသည် လွန်ခဲ့သည့် ဇူလိုင် ၃၀ရက်မှ ဩဂုတ် ၃၁ရက်နေ့ အထိ စစ်ကောင်စီတပ်နှင့် ချင်းပူးပေါင်းကာကွယ်ရေးတပ်များ တစ်လကြာ တိုက်ပွဲအပြင်း အထန် ဖြစ်ပွားခဲ့သော နေရာဖြစ်ကြောင်း သိရသည်။

အဆိုပါ တစ်လတာတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၆၀ကျော် သေဆုံးခဲ့သည်။ စစ်ကောင်စီတပ်၏ မြေပြင်ထိုးစစ်ဆင်မှုများ မထိရောက်သဖြင့် ယခုကဲ့သို့ ဗုံးကြဲ တိုက်ခိုက်နေခြင်းဖြစ်ပြီး ယခုဗုံးကြဲတိုက်ခိုက်မှုကြောင့် ၎င်းတို့ဘက်မှ ရဲဘော်များ ထိခိုက်ကျဆုံးမှုမရှိဟု ဆလိုင်းထက်နီက ဆိုသည်။

သီးမြစ်တံတားအောက်ဖက်သို့ ယခုကဲ့သို့ ဗုံးကြဲတိုက်ခိုက်မှုသည် မြေပြင်တွင် တိုက်ပွဲဖြစ်ပွား ခြင်းမရှိဘဲ အကြောင်းမဲ့ လာရောက်တိုက်ခိုက်ခြင်းဖြစ်သည်ဟု CAN ၏ ပြောရေး ဆိုခွင့်ရှိသူက ပြောကြားသည်။

ပြီးခဲ့သည့် နိုဝင်ဘာ ၂ရက်နေ့ နံနက် ၁၁နာရီ ၃၀မိနစ်မှ မွန်းလွဲ ၁၂နာရီ ၃၀မိနစ် အထိ စစ်ကောင်စီ ခရီးသည်တင်လေယာဉ်အမျိုးအစား ကင်း ထောက်လေယာဉ်တစ်စီးသည် ချင်းအမျိုး သားတပ်မတော် (ဗဟိုဌာနချုပ်) အနီးသို့ သုံးကြိမ်တိုင်လှည့်ပတ် ပျံသန်းခဲ့ကြောင်း သိရ သည်။

၎င်းအပြင် နိုဝင်ဘာ ၅ရက် နေ့လယ် ၁၂နာရီခန့်တွင် စစ်ကောင်စီတိုက်လေယာဉ် တစ်စီး လှည့်ပတ်ပျံသန်းခဲ့ကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံက သိရသည်။mizzima

တောင်ကြီးမီးပုံးပျံပွဲ စည်ကားစေရန် စစ်ကောင်စီက ဒေသခံများအား မီးပုံးပျံအဓမ္မလုပ်ခိုင်း

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့တော်ရဲ့ အထင်ကရ ပွဲတော်တခုဖြစ်တဲ့ ရိုးရာမီးပုံးပျံပွဲနဲ့ တန်ဆောင်တိုင်ပွဲတော်ကို စည်ကားစေဖို့ စစ်ကောင်စီက နည်းမျိုးစုံနဲ့ ဖိအားပေးနေတယ်လို့ မြို့ခံတွေက ပြောပါတယ်။

တန်ဆောင်တိုင် မီးပုံးပျံလွှတ်တင်ပွဲမှာ မီးပုံးအရေအတွက် နည်းပါးတဲ့အတွက် ရပ်ကွက်တခုကို မီးပုံးပျံတခု ကိုယ်စားပြုပြီး မဖြစ်မနေ လုပ် ဆောင်ရမယ်လို့လည်း စစ်ကောင်စီက ရပ်ကွက်ရုံးတွေကို အမိန့်ပေးထားတယ်လို့ မီးပုံးပျံလုပ်တဲ့ အဖွဲ့အစည်းတွေက ဆိုပါတယ်။

မီးပုံးပျံပွဲတော်ကို နိုဝင်ဘာ ၇ ရက်ကနေ ၉ ရက်နေ့အထိ ပြုလုပ်မှာဖြစ်ပြီး မြို့ခံတွေက ဝေဖန်နေကြသလို လူမှုကွန်ရက်စာမျက်နှာတခုမှာလည်း မီးပုံးပျံပွဲနဲ့ပတ်သက်ပြီး သဘောထား မှတ်ချက်ရေးခဲ့သူ မြို့ခံအမျိုးသမီးတယောက်ကို စစ်ကောင်စီက နိုဝင်ဘာ ၂ ရက်မှာ ဖမ်းဆီးခဲ့ပါတယ်။ DVB

မြ၀တီမြို့နယ်တွင် ခလရ ၃၁၀ တပ်က ရ ဟတ်ယာဉ်ကွင်းပါသည့် ပွိုင့် ၁၉၂၁ စခန်းကုန်းကို စွန့်ခွာ တပ်ဆုတ်သွား

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်အတွင်းရှိ အကြမ်းဖက်စစ်ကောင်စီ၏ ခလရ ၃၁၀ တပ်က ရဟတ်ယာဉ်ကွင်းပါ ပါဝင်သည့် စခန်းကုန်းတစ်ခု ဖြစ်သော ပွိုင့် ၁၉၂၁ ရိက္ခာကုန်းစခန်းကို စွန့်ခွာသွားကြောင်း ကရင်စစ်ဘက် သတင်းရင်းမြစ်များထံ သိရှိရသည်။

လွန်ခဲ့သော အောက်တိုဘာလတွင် ယင်းစခန်းကို စခွန့်ခွာသွားခြင်းဖြစ်ပြီး ယင်းစခန်းသည် ရွှေကက္ကိုလ်အနီးတွင်ရှိပြီး နယ်မြေထိန်းချုပ်ရေး အတွက် အရေးပါသော တပ်စခန်းတစ်ခုဖြစ်ကြောင်း ကရင်စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။

“အဲဒီစခန်းက ရဟတ်ယာဉ်ကွင်းပါရှိတယ်။ တစ်လရှိပြီ။ စစ်တပ်က စခန်းကို စွန့်သွားတာ” ဟု ကရင်စစ်ဘက်သတင်းရင်းမြစ်က ပြောသည်။

CDM စစ်အရာရှိတစ်ဦးက မြ၀တီမြို့နယ်၊ ပွိုင့် ၁၉၂၁ စခန်းကုန်းသည် ခြေလျင်တပ်နှင့် အမြောက်တပ်တွဲထိုင်သော စခန်းကုန်းဖြစ်ပြီး စစ်ရေးအရ အရေးပါသော စခန်းကုန်းတစ်ခုလည်းဖြစ်ကြောင်း ပြောဆိုသည်။

“အဲဒီစခန်းက ရွှေကုက္ကိုလ်နားမှာ ။ ရဟတ်ယာဉ်ကွင်းပါပါတယ်။ အဲ့စခန်းမှာ အမြှောက်တပ်ရှိတယ်။ အဲဒီ ဂွင်က BGF နဲ့ KNLA PC ဂွင်။ အ မြှောက်တပ်နဲ့ ခြေလျင်တပ် တွဲထိုင်တာ။ စခန်းပေါ်ကို တစ်နာရီလောက်တက်ရတာ” ဟု CDM စစ်အရာရှိက ပြောဆိုသည်။ khit thit

မန္တလေးမြို့အဝင် ထုံးဘိုဂိတ်အနီးတွင် စစ်ကောင်စီတပ်ယာဉ်တန်း မိုင်းဆွဲခံရ၍ ၂ ဦးသေဆုံး

မန္တလေးမြို့အဝင် မြစ်ငယ်-ထုံးဘိုတိုးဂိတ်အနီးတွင် စစ်ကောင်စီထောက်ပို့ကားယာဉ်တန်းကို မိုင်း ဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား နှစ်ဦးပွဲချင်းပြီးသေဆုံးကြောင်း Generation Z Power-GZP (Mandalay) မြို့ပြပြောက်ကျား အဖွဲ့က ထုတ်ပြန်ထားသည်။

နိုဝင်ဘာလ ၆ ရက်နေ့ ည ၉ နာရီက မန္တလေးမြို့အဝင် ထုံးဘိုဂိတ်အနီး၌ စစ်ကောင်စီတပ်က ခိုးရာပါ ပစ္စည်းသယ်ဆောင်လာသည့် ထောက်ပို့ကားကို GZP (Mandalay) ပြောက်ကျားတပ်ဖွဲ့နှင့် ပုသိမ်ကြီးမြို့ နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ)တို့ ပူးပေါင်းပြီး ပဒေသာမိုင်းဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။

အဆိုပါတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သားလေးဦးပါ မော်တော်ယာဉ်ထိခိုက်ခဲ့ပြီး ကားပေါ်ပါ စစ်ကောင်စီတပ်သားနှစ်ဦး ပြင်းထန်ဒဏ် ရာဖြင့်သေဆုံးသွားကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထား သည်။

နိုဝင်ဘာလ ၁ ရက်နေ့ကလည်း မန္တလေးမြို့ ၈၈ လမ်းနှင့် ၁၂ လမ်းထောင့်တွင် စစ်ကောင်စီကား မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် အနီးနားရှိပြည်သူများကို စစ်ကောင်စီတပ်ဖွဲ့က ရိုက်နှက်ဖမ်းဆီးခြင်းများ ပြုလုပ်ခဲ့သေးသည်။ mizzima

စစ်တွေမြို့ စစ်ဘေးရှောင်စခန်း၌ နေထိုင်သူ ၁ ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီး

ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှာ နိုဝင်ဘာ ၆ ရက် ညက ပြည်နယ်ငါးလုပ်ငန်းဦးစီးမှူး  RV စားသောက်ဆိုင်မှာ သေနတ်ပစ်ခတ်ခံရပြီးနောက် ဗုဒ္ဓေါမော်ဘုန်းတော်ကြီးကျောင်း စစ်ဘေးရှောင်စခန်းက စစ်ဘေးရှောင်တယောက်ကို နိုဝင်ဘာ ၇ ရက် မနက် ၃ နာရီမှာ စစ်ကောင်စီတပ်အင်အား ၁၀၀ လောက်က လာရောက်ဖမ်းဆီးသွားတယ်လို့ မျက်မြင်ဒေသခံတွေက ပြောပါတယ်။

ဗုဒ္ဓေါမော်ဘုန်းတော်ကြီးကျောင်း ပတ်ဝန်းကျင်မှာ နေထိုင်သူတယောက်က “ကျနော်တို့ တညလုံး မအိပ်လိုက်ရဘူး။ စစ်ကားတွေအပြည့် နေ ရာယူထားပြီး ဘုန်းကြီးကျောင်းကို ဝိုင်းထားကြတယ်။ နောက် မနက်အရုဏ်အချိန်မှ ဝင်ဖမ်းကြတာ” လို့ ပြောပါတယ်။

ဖမ်းဆီးခံရသူမှာ ကျောက်တော်မြို့နယ်၊ ပြိုင်းတိုင်းရွာမှ စစ်ရှောင်နေတဲ့ ဦးဌေးနိုင် (၃၈ နှစ်) ဖြစ်ပြီး RV စားသောက်ဆိုင်ထဲမှာ ပြည်နယ်ငါးလုပ်ငန်းဦးစီးမှူး ဦးသက်ဦး သေနတ်ပစ်ခံရတာနဲ့ ဆက်စပ်မှုရှိမရှိကိုတော့ အတိအကျ မသိပေမဲ့ စစ်ဘေးရှောင်တွေ နေထိုင်တဲ့ ဗုဒ္ဓေါမော်ဘုန်းတော်ကြီးဟာ စစ်တွေမြို့ ပြည်နယ်ငါးလုပ်ငန်းဦးစီးမှူးရုံးရှေ့မှာ ရှိနေကြောင်း ဒေသခံတွေက ပြောပါတယ်။

“စဥ်းစားရင်တော့ စဥ်းစားစရာပေါ့ဗျာ။ ဘုန်းကြီး​​ကျောင်းနဲ့ ပြည်နယ်ငါးလုပ်ငန်း ဦးစီးမှူးရုံးက တလမ်းတည်းမှာ ရှိနေကြတာဆိုတော့ ဒီ စစ်ဘေးရှောင်စခန်းက ဖြစ်နိုင်မလားဆိုပြီး ကင်းပုန်းဝပ် စောင့်ကြည့်ပြီး မနက်အရုဏ်မှ ဝင်ရောက်ပြီး အပေါ့လာစွန့်တဲ့ ကိုဌေးနိုင်ကို ဖမ်းသွားတယ်လို့ထင်တယ်။ သူတို့မှာလည်း အချက်အလက်တွေ ရရင်ရထားနိုင်တာပေါ့လေ။”

စစ်ဘေးရှောင်တွေကတော့ သူဟာ ဘာမှမသိဘဲ အဖမ်းခံလိုက်ရတာဖြစ်ပြီး ကျောင်းထိုင်ဆရာတော်က စစ်တွေမြို့နယ် အုပ်ချုပ်ရေးမှူးကို ဖုန်းဆက် အကူအညီတောင်းထားကြောင်း ပြောပါတယ်။

ဗုဒ္ဓေါမော်ဘုန်းတော်ကြီးကျောင်းမှာ စစ်ဘေးရှောင်အိမ်ထောင်စု ၁၀၇ စု၊ လူဦးရေ ၄၀၀ ကျော်ရှိ​နေပြီး အဲဒီစစ်ဘေးရှောင်တွေဟာ ၂၀၁၈ က တည်းက ရက္ခိုင့်တပ်တော် (အေအေ) နဲ့ စစ်ကောင်စီတို့ တိုက်ပွဲတွေကြောင့် ချင်းပြည်နယ် မီးလက်ဝနဲ့ ကျောင်တော်နယ်ဘက်မှ ထွက်ပြေးလာကြတဲ့ စစ်ဘေးရှောင်တွေလည်း ဖြစ်ပါတယ်။ DVB

ကရင်ပြည်နယ်တွင် တစ်လတာ တိုက်ပွဲအ တွင်း စစ်တပ်နှင့် BGF ဘက်မှ ၃၆၉ ဦးသေဆုံးပြီး KNLA၊ KNDO ရဲဘော် ၆ ဦးကျဆုံး

ကရင်ပြည်နယ်၊ KNU ကော်သူးလေ အုပ်ချုပ်နယ်မြေအတွင်း အောက်တိုဘာလ တစ်လတာ တိုက်ပွဲများအတွင်း အကြမ်းဖက် စစ်တပ်နှင့် BGF အဖွဲ့ဘက်မှ ၃၆၉ ဦးသေဆုံးခဲ့ကြောင်း KNU-ကရင်အမျိုးသား အစည်းအရုံးထံမှ သိရသည်။

အောက်တိုဘာလ ၁ လတာ အတွင်း ကော်သူးလေ အုပ်ချုပ်နယ်မြေများ အတွင်း အကြမ်းဖက် စစ်တပ်နှင့် လက်အောက်ခံ နယ်ခြားစောင့်တပ် (BGF) များမှ နေ့စဥ် စစ်ရေး လှုပ်ရှားမှုများ ပြုလုပ်နေခြင်းကြောင့် ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA)၊ ကရင်အမျိုးသားကာကွယ်ရေး တပ်ဖွဲ့ (KNDO) တို့နှင့် တိုက်ပွဲကြီး တိုက်ပွဲငယ်များ နေစဥ် ဖြစ်ပွားလျက်ရှိကြောင်း သိရသည်။

ကော်သူးလေ နယ်မြေတွင် အောက်တိုဘာလ ၁ လတာအတွင်း တိုက်ပွဲပေါင်း ၂၈၆ ကြိမ် ဖြစ်ပွားခဲ့ပြီး အာဏာသိမ်း အကြမ်းဖက် စစ်တပ်နှင့် လက်အောက်ခံ နယ်ခြားစောင့်တပ် (BGF) ဘက်မှ ၃၆၉ ဦး သေဆုံးပြီး ၃၀၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (KNLA)၊ ကရင် အမျိုးသားကာကွယ်ရေး တပ်ဖွဲ့ (KNDO) တို့ဘက်မှ ရဲဘော် ၆ ဦး ကျဆုံးပြီး ၄၆ ဦးထိခိုက် ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ် ဘက်မှ တပ်သား ၄ ဦး လက်နက်အပြည့်အစုံနှင့် ကရင် အမျိုး သားလွတ်မြောက်ရေးတပ်မတော် (KNLA) ထံသို့ CDM ပြုလုပ်ခဲ့ပြီး တပ်သား ၃၂ ဦးမှာ စစ်မြေပြင်တွင် လက်နက်ချ အဖမ်းခံခဲ့ကြောင်း၊ဟထို့ပြင် တပ်သား ၁ ဦးကိုလည်း အရှင်ဖမ်းဆီးရမိခဲ့ကြောင်း၊ အကြမ်းဖက် စစ်တပ် စခန်းအတွင်းမှ တပ်သား ၂ ဦးလည်း မိမိကိုယ်ကို အဆိပ်သောက် သတ်သေခဲ့ပြီး နောက်ထပ် ၂ ဦးလည်း ရောဂါကြောင့် သေဆုံးခဲ့ကြောင်း သိရသည်။

ထို့ပြင် အကြမ်းဖက် စစ်တပ်မှ အသုံးပြုနေသည့် ယာဥ် ၁၈ စီးကို ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA)၊ ကရင်အမျိုးသား ကာကွယ်ရေး တပ်ဖွဲ့ (KNDO) တို့မှ ဖျက်ဆီး နိုင်ခဲ့ကြောင်း၊ အကြမ်းဖက် စစ်တပ်မှ ကရင်အမျိုး သားလွတ် မြောက်ရေး တပ်မတော် (KNLA)၊ ကရင်အမျိုးသားကာကွယ်ရေး တပ်ဖွဲ့ (KNDO) တို့အား လေကြောင်း တိုက်ခိုက်မှု ၆ ကြိမ် ပြုလုပ်ခဲ့ပြီး ကေအဲန်ယူ−ကရင်အမျိုးသားအစည်း အရုံး ကော်သူးလေအုပ် ချုပ် နယ်မြေအတွင်းရှိ ခရိုင်တပ်မဟာ (၆) ခုအတွင်း အကြမ်းဖက် စစ်တပ်နှင့် လက်အောက်ခံ နယ်ခြားစောင့်တပ် (BGF) များနှင့် ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA)၊ ကရင်အမျိုးသား ကာကွယ်ရေးတပ်ဖွဲ့(KNDO)တို့နေ့စဥ် တိုက်ပွဲများ ဖြစ်ပွားလျက်ရှိကြောင်း သိရသည်။

ကော်သူးလေ အုပ်ချုပ်နယ်မြေအတွင်း ၂၀၂၂ ခုနှစ် ဇန်နဝါရီလမှ အောက်တိုဘာလအထိ တိုက်ပွဲကြီး တိုက်ပွဲငယ်ပေါင်း ၃၈၄၅ ကြိမ် ဖြစ်ပွားခဲ့ပြီး အကြမ်းဖက် စစ်တပ်နှင့် လက်အောက်ခံ နယ်ခြားစောင့်တပ် (BGF) များမှ ၃၆၆၄ ဦး သေဆုံးပြီး ၂၇၀၀ ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ ၂၀၂၁ ခုနှစ် တစ်နှစ်တာအတွင်း တိုက်ပွဲပေါင်း ၃၁၅၂ ကြိမ် ဖြစ်ပွားခဲ့ပြီး အကြမ်းဖက် စစ်တပ်နှင့် လက်အောက်ခံ နယ်ခြားစောင့်တပ် (BGF) များမှ ၂၁၉၀ ဦး သေဆုံးပြီး ၂၀၄၈ ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ အာဏာသိမ်းမှု ဖြစ်စဉ်ဖြစ်ပွားပြီးသည့် နောက်တွင် အကြမ်းဖက် စစ်တပ်များမှ တိုက်လေယာဥ်များ၊ တိုက်ခိုက်ရေး ရဟတ်ယာဥ်များဖြင့် ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA)၊ ကရင်အမျိုးသားကာကွယ်ရေး တပ်ဖွဲ့ (KNDO) တို့အား လေကြောင်းမှာ တိုက်ခိုက်မှု ၁၀၇ ကြိမ် ပြုလုပ်ခဲ့ကြောင်း သိရသည်။

KNU−ကရင်အမျိုးသား အစည်းအရုံး ကော်သူး လေအုပ် ချုပ်နယ် မြေအတွင်း အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီတပ်မှ တပ်ရင်းပေါင်း ၅၀ ကျော်နှင့် နယ်ခြားစောင့်တပ် (BGF) တပ်ရင်း (၄) ရင်းတို့မှ ပူးပေါင်းပြီး နယ်မြေ စိုးမိုးနိုင်ရေးအတွက် စစ်ရေးလှုပ်ရှားမှုများ ပြုလုပ် လျက်ရှိကြောင်းသိရသည်။

ကော်သူလေ အုပ်ချုပ်နယ်မြေ အတွင်း တိုက်ပွဲများ နေ့စဥ် ဖြစ်ပွားလျက်ရှိသောကြောင့် ပြည်သူလုထု ၃ သိန်းကျော်သည် စစ်ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရပြီး ၁ သိန်းကျော်သည် အရေးပေါ် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီများလိုအပ်လျက်ရှိကြောင်း KNU-ကရင်အမျိုးသား အစည်းအရုံးက ထုတ်ပြန်ထားသည်။ khit thit

တွံတေးမြို့နယ်တွင် ကားဝပ်ရှော့ပိုင်ရှင်လင် မယား ပစ်သတ်ခံရ

ရန်ကုန်တိုင်း၊ တွံတေးမြို့နယ်၊ လာကပုံကျေးရွာမှာ အောက်တိုဘာ ၆ ရက် မနက်ပိုင်းက  မိဘမေတ္တာ ကားဝပ်ရှော့ပိုင်ရှင်လင်မယား သေနတ်နဲ့ ပစ်ခတ်ခံရပြီး သေဆုံးသွားတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

မိဘမေတ္တာကားဝပ်ရှော့အတွင်း သေနတ်ဒဏ်ရာတွေနဲ့ သေဆုံးနေတဲ့ ပိုင်ရှင်လင်မယားကို အလုပ်သမားတွေက စတင်တွေ့ရှိခဲ့တာဖြစ်တယ်လို့ ဒေသခံတယောက်က ပြောပါတယ်။

“အလုပ်ရုံကို အလုပ်သမားတွေ လာတဲ့အချိန် ကျည်ထိမှန်ဒဏ်ရာတွေနဲ့ သေနေတဲ့ လင်မယားကို တွေ့တာ။ သူ့ယောက်ျားက အလုပ်ရုံမှာ သေနေတာ။ မိန်းမက အိပ်ခန်းထဲမှာ သေနေတာ။ အခု လာကပုံရွာဘက်မှာ ရဲတွေရော စစ်သားတွေရော စစ်ဆေးနေတယ်။”

သေဆုံးသူဟာ မိဘမေတ္တာ ကားဝပ်ရှော့ပိုင်ရှင် ဦးတိုးမင်းထိုက်နဲ့ ဇနီးဖြစ်သူ မပပဝင်းတို့ဖြစ်ပြီး သေနတ်နဲ့ ပစ်ခတ်ခံရပြီး သေဆုံးတာနဲ့ပတ် သက်ပြီး ဘယ်သူ၊ ဘယ်အဖွဲ့အစည်းက ဘာကြောင့်သတ်သွားတယ်ဆိုတာကိုတော့ ဒေသခံတွေဘက်က ပြောပြနိုင်ခြင်း မရှိပါဘူး။

တွံတေးမြို့နယ်မှာ နိုဝင်ဘာ ၃ ရက်ကနေ ၆ ရက်အထိ ပစ်ခတ်မှု သုံးကြိမ်ဖြစ်ခဲ့ပြီး ၅ ယောက် သေဆုံးကာ ၃ ယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။

သမ္ဗန်ဆိပ်ကျေးရွာမှာ နိုဝင်ဘာ ၅  ရက် မနက်ပိုင်းက ပျူစောထီးလို့ နာမည်ထွက်နေသူ ညီအစ်ကိုနှစ်ယောက်နဲ့ သူငယ်ချင်းသုံးယောက် ဝိုင်းဖွဲ့စကားပြောနေစဥ် သေနတ်နဲ့ ပစ်ခတ်ခံရပြီး သုံးယောက်သေဆုံးကာ နှစ်ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတယောက်က  ပြောပါတယ်။

“သိန်းဇော်နဲ့ သိန်းဝင်းက အခင်းဖြစ်တဲ့နေရာမှာတင် သေတယ်။ ကျော်လင်းနိုင်က ဆေးရုံမှာ သေတယ်။ နှစ်ယောက်လည်း အခြေအနေမကောင်းဘူး။”

ဒါ့အပြင် တွံတေးမြို့နယ် ကဘင်ကြီးကျေးရွာမှာ နိုဝင်ဘာ ၃ ရက် ညနေပိုင်းကလည်း ပစ်ခတ်မှုတချို့ ဖြစ်ခဲ့ပြီး အမျိုးသားတယောက် ဒဏ်ရာရရှိခဲ့ပါသေးတယ်။

ရန်ကုန်က မြို့နယ်တချို့မှာ နိုဝင်ဘာ ၁ ရက်မှ ၆ ရက်နေ့အထိ ပစ်ခတ်မှုနဲ့ ဗုံးပေါက်ကွဲမှု ၇ ကြိမ် ဖြစ်ခဲ့ပြီး ၅ ယောက် သေဆုံးကာ ၄ ယောက် ဒဏ်ရာရရှိခဲ့ပါတယ်။ DVB

စိတ်ကြွဆေးပြား(WY)ရောင်းဝယ်သူအား KN DF နှင့် MOEBYE PDF မှပူးပေါင်းဖမ်းဆီး။

ရှမ်းပြည်နယ်နှင့် ကရင်နီပြည်နယ်စပ်မှ မိုးဗြဲမြို့တွင် KNDF B-03 နှင့် မိုးဗြဲ PDF တပ်ရင်း(၂)တို့ ပူးပေါင်းကာ ပြည်သူများ၏သတင်းပေးမှုအရ နိုဝင်ဘာလ ၃ ရက်နေ့တွင် မူးယစ်ဆေးဝါးရောင်းဝယ် သူနှစ်ဦးအား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဖမ်းဆီးရမိသည့် မူးယစ်ရောင်းဝယ်သူနှစ်ဦးထံမှ မူးယစ်ဆေးပြား ၁၁၂၀၀ ကျော်သိမ်းဆည်းရမိခဲ့သည်ဟု မိုးဗြဲ PDF တပ်ရင်း(၂) က နိုဝင်ဘာ လ ၇ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

မူးယစ်ဆေးဝါး ရောင်း၀ယ်ဖြန့်ဖြူးသူများကို အရေးယူဖမ်းဆီးထိန်းသိမ်းမှုများပြုလုပ်မည်ဖြစ်ပြီး ၎င်းနှင့် ဆက်စပ်ပြီး ရောင်းဝယ်ဖောက်ကားသူများကို ဆက်လက်စုံစမ်းကာ ဖော်ထုတ်နိုင်ရန်အတွက် ပြုလုပ်မည် ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

မိုးဗြဲ PDF တပ်ရင်းအမှတ် ၁၀၀၇ တပ်ရင်း(၂)သည် စစ်အာဏာရှင်ကိုတော်လှန်သည်သာမက လူကို အညွန့်တုံးစေသော စိတ်ကြွဆေးပြား (WY) ကို တိုက်ဖျက်နိုင်ရန်အတွက် ပြည်သူလူထုနှင့် ပူးပေါင်းဆောင် ရွက်လျက်ရှိသည်ဟု ဆိုသည်။mizzima

« Older Entries