ဟားခါးမြို့နယ် သီးမြစ်တံတားအနီး စစ်ကောင်စီတပ်မှ တိုက်လေယာဉ်ဖြင့်ဗုံးကြဲ တိုက်ခိုက်

ချင်းပြည်နယ် ၊ ဟားခါးမြို့၊ သီးမြစ်တံတားအနီးတွင် စစ်ကောင်စီတပ်မှ ဂျက်တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်လျက်ရှိကြောင်း ချင်းအမျိုးသားတပ်မတော် (CNA) ထံက သိရသည်။

စစ်ကောင်စီတပ်သည် ယနေ့ နိုဝင်ဘာ ၇ရက်နေ့ မွန်းလွဲ ၂နာရီခန့်မှ စတင်၍ ဟားခါးမြို့နှင့် ခြောက်မိုင်အကွာရှိ သီးမြစ် တံတားအောက်ဖက်သို့ ဂျက်ဖိုက်တာ နှစ်စီးဖြင့် ဗုံးကြဲနေခြင်းဖြစ်ပြီး လေးကြိမ်တိုင် လာရောက် ဗုံးကြဲခဲ့ပြီး ဖြစ်ကြောင်း သိရသည်။

“မြေပြင်မှာ သူတို့စစ်ဆင်ရေး မထိရောက်လို့ ဝေဟင်ကနေ အခုလို တိုက်နေတာပါ။ ဒါကတော့ ရှင်းပါတယ်။ နယ်မြေစိုးမိုးနိုင်ဖို့ အဆုံးစွန်လုပ်ဆောင်နေတာလို့မြင်တယ်” ဟု CNA ၏ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီ က မဇ္ဈိမ ကိုပြောသည်။

ယခု ဗဂျက်တိုက်လေယာဉ်ဖြင့် ဗုံးကြဲလျက်ရှိသောနေရာသည် လွန်ခဲ့သည့် ဇူလိုင် ၃၀ရက်မှ ဩဂုတ် ၃၁ရက်နေ့ အထိ စစ်ကောင်စီတပ်နှင့် ချင်းပူးပေါင်းကာကွယ်ရေးတပ်များ တစ်လကြာ တိုက်ပွဲအပြင်း အထန် ဖြစ်ပွားခဲ့သော နေရာဖြစ်ကြောင်း သိရသည်။

အဆိုပါ တစ်လတာတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၆၀ကျော် သေဆုံးခဲ့သည်။ စစ်ကောင်စီတပ်၏ မြေပြင်ထိုးစစ်ဆင်မှုများ မထိရောက်သဖြင့် ယခုကဲ့သို့ ဗုံးကြဲ တိုက်ခိုက်နေခြင်းဖြစ်ပြီး ယခုဗုံးကြဲတိုက်ခိုက်မှုကြောင့် ၎င်းတို့ဘက်မှ ရဲဘော်များ ထိခိုက်ကျဆုံးမှုမရှိဟု ဆလိုင်းထက်နီက ဆိုသည်။

သီးမြစ်တံတားအောက်ဖက်သို့ ယခုကဲ့သို့ ဗုံးကြဲတိုက်ခိုက်မှုသည် မြေပြင်တွင် တိုက်ပွဲဖြစ်ပွား ခြင်းမရှိဘဲ အကြောင်းမဲ့ လာရောက်တိုက်ခိုက်ခြင်းဖြစ်သည်ဟု CAN ၏ ပြောရေး ဆိုခွင့်ရှိသူက ပြောကြားသည်။

ပြီးခဲ့သည့် နိုဝင်ဘာ ၂ရက်နေ့ နံနက် ၁၁နာရီ ၃၀မိနစ်မှ မွန်းလွဲ ၁၂နာရီ ၃၀မိနစ် အထိ စစ်ကောင်စီ ခရီးသည်တင်လေယာဉ်အမျိုးအစား ကင်း ထောက်လေယာဉ်တစ်စီးသည် ချင်းအမျိုး သားတပ်မတော် (ဗဟိုဌာနချုပ်) အနီးသို့ သုံးကြိမ်တိုင်လှည့်ပတ် ပျံသန်းခဲ့ကြောင်း သိရ သည်။

၎င်းအပြင် နိုဝင်ဘာ ၅ရက် နေ့လယ် ၁၂နာရီခန့်တွင် စစ်ကောင်စီတိုက်လေယာဉ် တစ်စီး လှည့်ပတ်ပျံသန်းခဲ့ကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံက သိရသည်။mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s