ထားဝယ် PDF ရဲဘော် အောင်ခိုင်၏ ဖခင်နှင့် မိခင်ကို စစ်တပ်က ဖမ်းဆီးသတ်ဖြတ်

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ ထားဝယ်PDF ရဲဘော် အောင်ခိုင်၏ မိခင်နှင့်ဖခင်ကို စစ်ကောင်စီတပ်က ဖမ်းဆီး သတ်ဖြတ်လိုက်ကြောင်း သိရှိရသည်။

နိုဝင်ဘာလ ၈ ရက်နေ့ ည ၁၀ နာရီခွဲတွင် စစ်တပ်နှင့်ရဲများက ထားဝယ်မြို့၊ ကြက်စားပြင်ကျေးရွာထဲသို့ ဝင်ရောက်လာပြီး ထားဝယ် PDF ရဲ ဘော် ကိုအောင်ခိုင်၏ ဖခင် ဦးကြည်လွင်နှင့် အမျိုးသားတစ်ဦးကို ဖမ်းဆီးခဲ့ကြောင်း၊ နိုဝင် ဘာ ၉ ရက်နေ့ နံနက်ပိုင်းတွင် စစ်တပ်က ထား ဝယ် PDF ရဲဘော် အောင်ခိုင်၏ ဖခင် အသက် ၆၀ အရွယ် ရောဂါသည် ဦးကြည်လွင်ကို သတ်ဖြတ်ထားခဲ့ပြီး အလောင်း ကို ထားဝယ်မြို့၊ လမ်းမသစ်တွင် တွေ့ရှိရကြောင်း သိရှိရသည်။

” လက်ပြန်ကြိုးချည်ထားတယ်။ မျက်လုံးကိုပိတ်ထားတယ်။ ဘယ်လိုပုံစံသတ်တယ်ဆိုတာကိုတော့မသိသေးဘူး။ အရမ်းကို ဆိုးရွားရက်စက်လွန်းပါတယ်။သူ့မိန်းမအသတ်ခံရတာမှ တနှစ်မပြည့်သေးဘူး။ သူကလည်းရောဂါသည်ပါ။ အလုပ်လည်းမလုပ်နိုင်ပါဘူး။ လမ်းတောင်ကောင်းကောင်းမလျှောက်နိုင်ဘူး” ဟု ထားဝယ်မြို့ခံတစ်ဦးက ပြောသည်။

ရဲဘော် အောင်ခိုင်၏ မိခင်ဖြစ်သူ အသက်၆၀အရွယ် ဒေါ်ညွန့်လှိုင်မှာလည်း ယခုနှစ် မေလ ၂၄ ရက်နေ့ ထားဝယ်ကမ်းနားစျေးတွင် ဒူးရင်းသီး ရောင်းနေချိန် သေ နတ်ဖြင့် ပစ်သတ်ခံရပြီး ပစ်ခတ်သတ်ဖြတ်မှုသည် စစ်ကောင်စီတပ်သားနှင့် ပျူစောထီးများ လက်ချက်ဖြစ်ကြောင်း မြို့ခံများက ဆိုကြသည်။

ရဲဘော် အောင်ခိုင်က သူ၏ မိခင်ကို စစ်ကောင်စီတပ်သားများက ပစ်သတ်သွားပြီးနောက် မဆိုင်သူများကို ဒုက္ခပေးမှုများ ရပ်တန့်ရန် ၊ သူ့ဆီကိုသာ လာရန် လိပ်စာနှင့်တကွ လူမှုကွန်ရက်တွင် ပြောဆိုခဲ့ကြောင်း ၊ လက်ရှိတွင် ရဲဘော်အောင်ခိုင်၏ ဖခင်အလောင်းကို လူမှုကူညီရေးအသင်းများက သယ်ယူသွားပြီဖြစ်ကြောင်း သိရှိရသည်။ khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s