မြင်းမူတွင် စစ်ဆေးရေး လုပ်နေသည့် စစ်သားများ ဒရုန်းဖြင့် ဗုံးသီးချ တိုက် ခိုက်
စစ်ကိုင်းတိုင်း မြင်းမူမြို့နယ်တွင် စစ်ဆေးရေး လုပ်ဆောင်နေသည့် စစ်သားများ ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်ခံရပြီး ၄ ဦး သေဆုံးကြောင်း MMU အဖွဲ့ထံမှ သိရသည်။
နိုဝင်ဘာလ ၈ ရက်နေ့ နံနက် ၁၀ နာရီ ၁၃ မိနစ်တွင် ရေပိုးစားဘုန်းကြီး ကျောင်းရှေ့၌ ဆက်ကြေးကောက်နေသော အင်အား ၃၀ ခန့်ပါ အကြမ်းဖက် စစ်သားများကို ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်ခဲ့ပြီး ၄ ဦးသေဆုံးခဲ့ကြောင်း သိရသည်။
“ရေပိုးစား ဘုန်းကြီးကျောင်းရှေ့မှာ ပြည်သူတွေဆီကနေ ဆက်ကြေး ကောက်နေတဲ့ အကြမ်းဖက် စစ်ခွေး ၃၀ ခန့်ကို ဒရုန်းနဲ့ ဗုံးသီးချ တိုက်ခိုက်တာ ခွေး ၄ ကောင်သေတယ်” ဟု Black Eagle Defense Force-MMU မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။
အဆိုပါ တိုက်ခိုက်မှုကို Black Eagle Defense Force-MMU (မြင်းမူလင်း ယုန်နက် ကာကွယ်ရေးအဖွဲ့)နှင့် မြင်းမူမြို့နယ် ပကဖ တို့မှ ပူးပေါင်း လုပ် ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။khit thit