မုံရွာမြို့ ရေကူးကန် မီးပွိုင့်ဂိတ်တွင် အရက်မူးအိပ်ပျော်နေသော စစ်ကောင်စီတပ်သားများ ဗုံးပစ်ခံရပြီး ၂ယောက်သေ

စစ်ကိုင်းတိုင်း ၊ မုံရွာမြို့ ကျောက္ကာလမ်း ရေကူးကန်မီးပွိုင့်ဂိတ်တွင် အရက်မူးပြီး အိပ်ပျော်နေသော စစ်ကောင်စီတပ်သားများကို လက်ပစ်ဗုံးဖြင့် ပစ်ပေါက် တိုက်ခိုက်ခဲ့ရာ နှစ်ဦးသေဆုံးသွားကြောင်း မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေးတပ်တော် (Chindwin Attack Force)တပ်ရင်း (၂)၊ တပ်ခွဲ(၂) Monywa Special ဒိတ်ဒိတ်ကြဲ PDF မှ နိုဝင်ဘာလ ၉ရက်နေ့ ယမန်နေ့က သတင်းထုတ်ပြန်သည်။

နိုဝင်ဘာ ၇ရက် တန်ဆောင်မုန်းလပြည့်ည ၁၁နာရီ ၃၀မိနစ်ခန့်တွင် အဆိုပါဂိတ် အစောင့်များကို လက်ပစ်ဗုံးဖြင့် တိုက်ခိုက်ခဲ့ကြောင်း ဆို သည်။

“ကျနော်တို့က သူတို့ ဂိတ်နားကို သုံးလေးခေါက် ဖြတ်ပြီး အခြေအနေကြည့်ပြီးမှ မူးပြီး တန်းစီအိပ်နေတဲ့အထဲကို လက်ပစ်ဗုံးပစ်ထည့်ခဲ့လိုက်တာ” ဟု Chindwin Attack Force ပြန်ကြားရေးတာဝန်ခံက ပြောသည်။

အဆိုပါပစ်ခတ်တိုက်ခိုက်မှုကြောင်း ဖရဲသီး(စစ်ကောင်စီအတွင်း ) သတင်းပေးချက်ရ နှစ်ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူများလည်းရှိကြောင်း ဆိုသည်။

ဂိတ်အတွင်းသို့ ဗုံးပစ်ခံရပြီးနောက် စစ်ကောင်စီတပ်များမှ လက်နက်ငယ်များဖြင့် ရမ်းသန်းပစ်ခတ်ခဲ့သော်လည်း ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

နိုဝင်ဘာ ၇ရက်နေ့ ည ၇နာရီ ၄၅မိနစ်အချိန်ကလည်း မုံရွာမြို့ ရှိ အမှတ်(၁၆) ခလရ အရာရှိရိပ်သာကို မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (Chindwin Attack Force) တပ်ရင်း (၂)၊ တပ်ခွဲ (၄) Fight For People မှ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ထိခိုက်မှုများရှိသော် လည်း အသေးစိတ်အခြေအနေများ မသိရှိရကြောင်း ထုတ်ပြန်ခဲသည်။

မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (Chindwin Attack Force) တပ်ရင်း (၂ )၊ (၃) ၊ (၄) မှ တပ်ရင်း ၊ တပ်ခွဲများ ထိုးစစ်ဆင်တိုက်နေသဖြင့် အရေးပေါ်လက်နက်ခဲယမ်းများ လိုအပ်နေပါကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s