Monthly Archives: Nov 2022

စစ်ကောင်စီက စစ်ကိုင်းတိုင်းအထက်ပိုင်းကို စစ်ကြောင်း ၄ ခုဖြင့် ထိုးစစ်ဆင်တိုက်ခိုက်နေ

တိုက်ပွဲကြီးကြီးမားမားမရှိခဲ့တဲ့ စစ်ကိုင်းတိုင်းအထက်ပိုင်းမှာပါ စစ်ကောင်စီက တိုက်ပွဲဖော်ဆောင်လာတာဟာ KIA နဲ့ ညှိနှိုင်းစရာမရှိတော့တဲ့ အခြေအနေကြောင့်ဖြစ်တယ်လို့ စစ်ကိုင်းဒေသခံနိုင်ငံရေးသမားတွေက သုံးသပ်ပါတယ်။ 

နိုဝင်ဘာ ၁၁ ရက်နေ့ညပိုင်းကစပြီး စစ်ကိုင်းတိုင်းအထက်ပိုင်း ဟုမ္မလင်းမြို့နယ် ပင်ခုတ်၊ နထယ်၊ နချော့ကျေးရွာတွေအနီးက PDF တွေကို စစ်ကောင်စီက စစ်ကြောင်း ၄ ခုနဲ့ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာပါ။ 

အဲ့ဒီနယ်မြေကို အဓိကအားဖြင့် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ထိန်းချုပ်ထားတာဖြစ်ပြီး နိုဝင်ဘာ ၁၂ ရက်နေ့ မွန်းလွဲပိုင်းမှာ ပစ် ခတ်တာတွေ ခဏရပ်တန့်သွားတယ်လို့ ဒေသခံတွေကပြောပါတယ်။ 

စစ်ကိုင်းတိုင်းအထက်ပိုင်း ဟုမ္မလင်း၊ ခန္တီး၊ ကလေးဝ၊ လေရှီး၊ လဟယ်၊ နန်းယွန်း ၆ မြို့နယ်ဟာ စစ်ကောင်စီ၊ ရှမ်းနီအမျိုးသားများတပ်မတော် SNA၊ နာဂလက်နက်ကိုင်အဖွဲ့တွေနဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် KIA တို့ အသီးသီး နယ်မြေထိန်းချုပ်ထားတဲ့ဒေသဖြစ်ပါတယ်။ 

စစ်ကိုင်းတိုင်းတခုလုံးမှာ တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားခဲ့ပေမယ့် အဲဒီဒေသ ၆ မြို့နယ်မှာ ၂၀၂၂ ဇွန်လအထိ တိုက်ပွဲတွေကြီးကြီးမားမားမဖြစ်ခဲ့ပါဘူး။ 

စစ်ကောင်စီက တိုင်းရင်းသားလက်နက်ကိုင်တွေကို ငြိမ်းချမ်းရေးလမ်းကြောင်းပေါ်ပြန်တက်ဖို့ ဆွဲဆောင်ချင်တဲ့အတွက် အဲ့ဒီဒေသမှာ တိုက်ပွဲတွေမဖြစ်ခဲ့တာပါ။ လက်ရှိအချိန်မှာတော့ ညှိနှိုင်းစရာအလားအလာမရှိတော့တဲ့အတွက် PDF၊ KIAနဲ့ ရှမ်းနီ၊ စစ်ကောင်စီတို့ရဲ့ တိုက်ပွဲတွေ ပေါ်ပေါက်လာတာဖြစ်ပါတယ်။

စစ်ကိုင်းဒေသခံနိုင်ငံရေးသမား ကိုစိုးဝင်းဆွေက  “စစ်ကိုင်းတိုင်းအထက်ပိုင်းမှာက Ethnic Politic က စစ်ကိုင်းတိုင်းအောက်ပိုင်းမှာ ထက်ပိုပြီးတော့ ရှုပ်ထွေးတယ်။ ရှမ်းနီအဖွဲ့ရှိတယ်။ နာဂအဖွဲ့တွေရှိတယ်။ ကချင် KIA ရှိတယ်။ အဲ့ဘက်မှာ Ethnic Politic ရှုပ်ထွေးတဲ့အခါကြတော့ အဲ့ဒီနယ်တွေမှာ စစ်ကောင်စီဘက်က သူတို့ကစားတဲ့ နည်းဗျူဟာက ပုံစံတမျိုးဖြစ်မယ်။ စောနကပြောသလို လူမျိုးစုအဖွဲ့တွေလည်း အများကြီးရှိတဲ့အခါကြတော့ အဲ့ဒီဟာတွေအပေါ်မှာ သူတို့က မကိုင်တွယ်ရဲဘူးဆိုတာထက်ကို ဗျူဟာတမျိုးနဲ့ပြောင်းပြီးကစားတယ်ပေါ့။” လို့ ပြောပါတယ်။

တိုက်ပွဲမှာ စစ်ကောင်စီနဲ့အတူ ရှမ်းနီအမျိုးသားတပ်မတော် SNA တပ်ဖွဲ့ဝင်တွေလည်း ပူးပေါင်းပါဝင်နေတာ တွေ့ရတယ်လို့ မျက်မြင်ဒေသခံတွေက အတည်ပြုပါတယ်။  

တိုက်ပွဲအခြေအနေ ရှုပ်ထွေးနေတုန်းဖြစ်တာကြောင့် နှစ်ဖက်ထိခိုက်ကျဆုံးမှုကို အတိအကျမသိရသေးပေမယ့် PDF တွေဘက်က အထိအ ခိုက်များတဲ့အခြေအနေဖြစ်တယ်လို့ ဒေသခံတယောက်က ပြောပါတယ်။ 

ဟုမ္မလင်းမြို့နယ်မှာ ဖြစ်ပွားနေတဲ့တိုက်ပွဲမှာ စစ်ကောင်စီက လေကြောင်းပစ်ကူတွေကိုပါ အ သုံးပြုခဲ့ပြီး လက်နက်ကြီးတွေနဲ့ ဆက်တိုက်ပစ် ခတ်ခဲ့တာကြောင့် ဒေသခံပြည်သူအများအပြား ဘေးလွတ်ရာကို ရှောင်တိမ်းနေရပါတယ်။

ဟုမ္မလင်းဒေသခံတဦးက “စစ်ကောင်စီနဲ့ ရှမ်းနီတွေက PDF တွေနဲ့ KIA ကိုသွားပစ်တယ်။ လေယာဉ်သုံးတယ်ပြောတယ်။ တချို့က ၃ စီး၊ တ ချို့ က ၅ စီးတဲ့ပြောကြတယ်။ လေယာဉ်တစင်းပျက်ကျတယ်လည်းပြောတယ်။ မသေချာလား သေချာလားတော့မသိသေးဘူး။ ရွာသားတွေကတော့ ပြေးကြတာပေါ့။ ဘုန်းကြီးကျောင်းမှာ သွားနေကြတာ။ PDF တွေ တော်တော်များတယ်တဲ့။ ဘယ်အဖွဲ့ကလည်းတော့မသိသေးဘူး” လို့ ပြောပါတယ်။

အောက်တိုဘာ ၂၃ ရက်နေ့ ညပိုင်းက ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) တပ်မဟာ ၉ ဌာနချုပ်နယ်မြေ (ဖားကန့်) မှာ ပြုလုပ်နေတဲ့ KIO အထိမ်းအမှတ်နေ့ အကြိုဂီတပွဲကို စစ်ကောင်စီက တိုက်လေယာဉ်တွေနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် နှစ်ဖက် ညှိနှိုင်းစရာမရှိတော့တဲ့ အခြေအနေဖြစ်ခဲ့တာပါ။ 

စစ်ကောင်စီရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကချင်အဆိုတော်၊ လုပ်ငန်းရှင်၊ ပြည်သူနဲ့ KIA စစ်ဘက်တာဝန်ရှိသူစုစုပေါင်း ၅၀ ကျော် သေဆုံးခဲ့ပါတယ်။ စစ်ကောင်စီရဲ့တိုက်ခိုက်မှုဟာ လူမဆန်တဲ့ စစ်ရာဇဝတ်မှုမြောက်တဲ့ လုပ်ရပ်ဖြစ်တယ်လို့ KIA ဘက်က ကြေညာချက်ထုတ်ပြန်ခဲ့ပြီး ဟုမ္မလင်း PDF ကလည်း လက်တုံ့ပြန်မယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။  DVB

ရန်ကုန်မြို့လယ်ခေါင် သိမ်ဖြူလမ်း၊ စစ်တပ်ကင်းပုန်းနှင့် လှည့်ကင်းများ မပြတ် ရှိနေသည့်နေရာတွင် Ye Min Aung ငွေလဲစင်တာ ဓား ပြတိုက်ခံရပြီး သိန်းရာချီ ပါသွား

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ သိမ်ဖြူလမ်းမီးပွိုင့်ထိပ်အနီး စစ်တပ်ကင်းပုန်းနှင့် လှည့်ကင်းများရှေ့တွင်ပင် Ye Min Aung ငွေလဲစင်တာ ဓားပြတိုက်ခံရပြီး သိန်းရာချီ ပါသွားကြောင်း ရန်ကုန်မြို့ခံများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

နိုဝင်ဘာလ ၁၂ ရက်နေ့ ညနေ ၄ နာရီကျော်အျိန် မင်္ဂလာတောင်ညွန့်မြိုနယ်၊ ဖို့မြေရပ်ကွက်၊ သိမ်ဖြူလမ်း၊ရှိ Ye Min Aung Money Changer ကို လူတချို့က ဝင်ရောက်လုယက်သွားကြောင်း၊ သေနတ်ဖြင့် ခြိမ်းခြောက် ငွေကျပ် သိန်း ၂၅၀ နီးပါး လုယက်သွားကြောင်း ၊ ဓားပြတိုက်မှုဖြစ်ပွားချိန်တွင် ဆိုင်အတွင်း ဝန်ထမ်းများ ရှိနေကြပြီး အပြင်ဘက်တွင်လည်း ပြည်သူများ၊ လမ်းသွားလမ်းလာများရှိနေကြောင်း၊ ထူးခြားချက်မှာ သိမ်ဖြူမီးပွိုင့်ထိပ်တွင် ယာဉ်ထိန်းရဲကင်း ဗုံးခွဲခံရမည်စိုးရိမ်၍ ကင်းပုန်းများ ချထားကြောင်း၊ သိမ်ဖြူလမ်းတစ်လျှောက်တွင်လည်း အိမ်စီးကားများ၊ စစ်ကား၊ ရဲကားများဖြင့် ပုံမှန် ကင်းလှည့်လေ့ရှိကြောင်း ရန်ကုန်မြို့ခံများက ပြောသည်။

“ဓားပြတိုက်ခံရတဲ့နေရာနဲ့ ကင်းပုန်းတွေရှိတဲ့နေရာနဲ့ က ခပ်လှမ်းလှမ်းပဲ။ နောက်ပြီး သိမ်ဖြူလမ်းဆိုတာ အမြဲ အိမ်စီးကားရော၊ ရဲကား၊ စစ်ကား လှည့်နေတာ။ မပြတ်ဘူး။ လူတွေကလည်းရှိနေတာပဲ။ ပြောချင်တာက ဓားပြတိုက်တဲ့သူက တကယ့်ကို ရဲမှ ရဲတဲ့လူတွေ။ လူတွေ ထိ ခိုက်တာမရှိဘူး။ ငွေကတော့ ကျနော်တို့ကြားတာ သိန်း ၂၀၀ လည်းပြောတယ်၊ သိန်း ၂၅၀ လည်းပြောတယ်။ အတိအကျမသိဘူး။ ဒီလောက်မြို့လယ်ခေါင် ကင်းပုန်းနဲ့ လုံခြုံရေးတွေ ရှိတဲ့အထဲမှာ ဓားပြတိုက်တာဆိုတော့ ဘယ်သူ့လက်ချက်လဲဆိုတာ စဉ်းစားစရာပေါ့” ဟု သိမ်ဖြူလမ်းအနီးတွင် နေထိုင်သော ရန်ကုန်မြို့ခံကဆိုသည်။

ဓားပြတိုက်သည့်နေရာနှင့် လမ်းတစ်လျှောက်တွင် စစ်ကောင်စီက CCTV အများအပြား တပ်ဆင်ထားကြောင်း၊ ထို့ကြောင့် ပြင်ပမှ ဓားပြဆိုလျှင်စီးနင်းသော ကားအခြေအနေနှင့်အဝင်အထွက်ကိုကြည့်၍ ချက်ချင်း ဖမ်းနိုင်ကြောင်း ၊ လက်ရှိ အချိန်အထိ ဖမ်းမိသေးဟု သိရှိရသည့် အတွက် စဉ်းစားစရာဖြစ်သည်ဟု ရန်ကုန်မြို့ခံတချို့က ပြောဆိုကြသည်။khit thit

ရေဦးမြို့ ဆီသာမြေကျေးရွာအား စစ်ကောင် စီ၏ လေကြောင်းတိုက်ခိုက်မှု ကိုယ်ပိုင်အ ထက်တန်းကျောင်းပိုင်ရှင် အပါအဝင် ၃ဦးသေဆုံး

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်၊ ဆီသာမြေကျေးရွာအားစစ်ကောင်စီမှ နိုဝင်ဘာလ ၁၁ရက်နေ့ မနက်၁၀နာရီအချိန်ခန့်တွင် Mi35 သုံးစီး၊ ထောက်ပို့ယာဥ် နှစ်စီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

စစ်ကောင်စီမှတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အကြောင်းမဲ့ ဝင်ရောက်ပစ်ခတ်ခြင်းဖြစ်တယ်လို့သိရပြီး စစ်ကောင်စီ၏ပစ်ခတ်မှုကြောင့် အားမာန်သစ်ကိုယ်ပိုင်အထက်တန်းကျောင်းပိုင်ရှင်အပါအဝင် သုံးဦးသေဆုံးခဲ့ကြောင်းသိရသည်။

“ကျွန်တော်တို့ကြားထားတာတော့ သုံးယောက်သေတယ်လို့ကြားထားတယ်ဗျ၊ အတိအကျ​တော့မသိရသေးဘူး၊ ကျန်တဲ့နှစ်ယောက်ကတော့ မီးရှို့သတ်ခံရတယ် ပြောတယ်၊ အလောင်းကတော့ ပြန်ရတယ်”ဟု YE U Urban Guerrilla အဖွဲ့တာဝန်ရှိသူက ပြောသည်။

စစ်ကောင်စီ ရဟတ်ယာဥ်နှစ်စီးပေါ်မှ အင်အား ၁၀၀ ခန့်ချထားကာ ဆီသာမြေကျေးရွာမှ လှည်းတွန်းကျေးရွာဘက်သို့ ထွက်ခွာသွားကြောင်း သိရပြီး ဆီသာမြေကျေးရွာမှာ ရေဦးမြို့နှင့် ခုနစ်မိုင်နီးပါး ဝေးကွာတယ်လို့ သိရသည်။ mizzima

မြိုင်မြို့နယ်တွင် ပျူစောထီးများ တိုက်ခိုက်ခံရပြီး ၆ ဦး သေဆုံး၊ ၃ ဦး ဒဏ်ရာရ

မကွေးတိုင်း မြိုင်မြို့နယ်မှာ နိုဝင်ဘာ ၁၂ ရက်မနက်ပိုင်းက ပျူစောထီးတွေကို ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့လို့ ပျူစောထီး ၆ ယောက် သေဆုံးပြီး ၃ ယောက်ဒဏ်ရာ ရခဲ့တယ်လို့ မြိုင် ပ.က.ဖကနေသိရပါတယ်။

သရက်ကန်ရွာနဲ့ ၃ ဖာလုံလောက်အကွာမှာ စစ်ဘေးရှောင်တွေ စိုက်ပျိုးထားတဲ့ မြေပဲခင်းတွေကို ဖော်ယူနေတဲ့ ပျူစောထီး ၁၀ ယောက်ကို ကင်းပုန်းဝပ်စောင့်ပြီး ဒီနေ့ မနက် ၇ နာရီကျော် လောက်မှာ တိုက်ခိုက်ခဲ့တာလို့ မြိုင် ပ.က.ဖ တပ်ရင်း(၁) တပ်ရင်းမှူး ဗိုလ်လက်ယာက ပြောပါတယ်။

တိုက်ခိုက်မှုဖြစ်ပြီးတဲ့နောက် သရက်ကန်ကျေးရွာမှာ အထိုင်ချထားတဲ့ စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီးတွေက လက်နက်ကြီး၊ လက် နက်ငယ်တွေနဲ့ ပစ်ခတ်ခဲ့ပေမဲ့ ရဲဘော်တွေ အထိခိုက် အကျဆုံးမရှိ ဆုတ်ခွာနိုင်ခဲ့ကြတယ်လို့ ဗိုလ်လက်ယာက ဆိုပါတယ်။

အခုတိုက်ခိုက်မှုဟာ မြိုင်မြို့နယ်နဲ့ ပေါက်မြို့နယ်အစပ်က ဆေးပင်ကြီးရွာနားမှာ နိုဝင်ဘာ ၁ ရက်က စစ်ကောင်စီတပ်က တိုက်ခိုက်ခဲ့လို့ ကျဆုံးခဲ့တဲ့ ပေါက်မြို့နယ် ကျေးရွာကာကွယ်ရေး ရဲဘော် ၅ ယောက်အတွက် လက်တုံ့ပြန်တဲ့အနေနဲ့ တိုက်ခဲ့တာလို့ ဆိုပါတယ်။ DVB

ရွှေကျင်နှင့်ကျောက်ကြီး အကြားရှိ စစ်ကောင်စီတပ်စခန်း ၃ ခုကို KNLA နှင့် PDF ပူးပေါင်းတပ်က တပြိုင်နက်တည်း တိုက်ခိုက် သိမ်းပိုက်၊ စစ်တပ်ဘက်မှ အများအပြား သေ ဆုံးပြီး လက်နက်နှင့်ခဲယမ်း အမြောက်အမြား သိမ်း ဆည်းရမိ

ပဲခူးတိုင်း၊ ရွှေကျင်နှင့်ကျောက်ကြီးမြို့နယ်အကြား မင်းလမ်း တစ်လျှောက်ရှိ စစ်ကောင်စီတပ်၏ သံဆိပ်၊ ဘောကထာ၊ တုံးတံတားစခန်းတို့ကို KNLA နှင့် PDF တပ်များက ယနေ့ တိုက်ခိုက်သိမ်းပိုက်လိုက်ပြီး စစ်ကောင်စီဘက်မှ အများအပြားသေဆုံးကာ လက်နက်နှင့်ခဲယမ်းအမြောက် အမြား သိမ်းဆည်းရမိကြောင်း ရန်ကုန်ခေတ်သစ်၏ သတင်းရင်းမြစ်များထံမှ သိရှိရသည်။

နိုဝင်ဘာလ ၁၂ ရက်နေ့ နံနက် ၄ နာရီအချိန် ရွှေကျင်မြို့နယ်နှင့် ကျောက်ကြီးမြို့နယ်အကြား၊ မင်းလမ်း တစ် လျှောက်ရှိ စစ်ကောင်စီတပ်၏ သံ ဆိပ်၊ တုံးတံတား၊ ဘောကထာ စခန်း ၃ ခုကို တစ်ပြိုက်နက်တည်း KNLA နှင့် PDF တပ်များက တိုက်ခိုက်ခဲ့ကြောင်း ၊ စစ်ကောင်စီတပ်ဘက်မှ သေဆုံးမှုများပြားပြီး စစ်ရဟတ်ယာများဖြင့် အကြိမ်ကြိမ် လာရောက်ပစ်ခတ်တိုက်ကြောင်း၊ လက်နက်နှင့်ခဲယမ်းအများအပြား သိမ်းဆည်းရ မိကြောင်း ရန်ကုန်ခေတ်သစ်၏ သတင်းရင်းမြစ်များက ဆိုသည်။

“ရွှေကျင်မြို့နယ်ထဲမှာရှိတဲ့ ရွှေကျင်-ကျောက်ကြီးဆက်သွယ်တားတဲ့ မင်းလမ်းပေါ်မှာ အထိုင်စခန်းချထားတဲ့ ဘောကထာစခန်း၊ တုံးတံတားစ ခန်း ၊သံဆိပ်စခန်းတို့ ဟာ မနက်လေးနာရီဝန်းကျင်မှာ တပြိုင်နက်တိုက်ခိုက်ခံရပြီး လက်ရှိမှာတော့ ဘောကထာစခန်း တုံးတံတားစခန်းတို့ ကို ပူးပေါင်းတပ်တွေကရရှိထားပြီးတော့ သံဆိပ်စခန်းကိုတော့ညနေပိုင်းမှာရတယ်။ စစ်တပ်ဘက်က ရဟတ်ယာဥ်တစ်စီး တိုက်လေယာဥ်တစ်စီးပစ်ကူပေးတိုက်ခိုက်နေပါတယ်။

သံဆိပ်တိုက်ပွဲမှာ စစ်တပ်ရဲ့ ရဟတ်ယာဥ်ကို ပစ်တာ ထိသွားတယ်ပြောတယ်။ ဘောကထားစခန်းသိမ်းပွဲမှာ စစ်သား ၅ ဦးသေတယ်။ ကျန်စ ခန်းတွေမှာလည်း သေတယ်။ လက်နက်တွေ အများကြီးပဲ ရထားပါတယ်” ဟု ရန်ကုန်ခေတ်သစ်၏ သတင်းရင်းမြစ်က ပြောဆိုသည်။

လက်ရှိတွင် မြေပြင်အခြေအနေတွင်လည်း စစ်တပ်ဘက်က ကုန်းကြောင်းဖြင့် စစ်အင်အား ဖြည့်တင်းနေပြီး လက်နက်ကြီးများဖြင့် ပစ်ခတ်မှုများရှိနေကြောင်း၊ စစ်ဘေးရှောင် ပြည်သူအများအပြားမှာလည်း ကျည်လွတ်ရာ နေရာများသို့ ထွက်ပြေး တိမ်းရှောင်နေရကြောင်း သိရှိရသည်။khit thit

စစ်တွေမြို့ပေါ်တွင် တက္ကသိုလ်ကျောင်းသားများအပါအဝင် လူငယ်တချို့ကို စစ်ကောင်စီဖမ်းဆီး

ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ ဂန္ဓာရုံဘုန်းတော်ကြီးကျောင်းတွင် နေထိုင်သည့် လူငယ်တချို့ကို စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့်ရဲများက ဖမ်းဆီးခေါ်ဆောင် သွားကြောင်းသိရသည်။

ယမန်နေ့ နိုဝင်ဘာလ ၁၁ရက်နေ့ ညပိုင်းတွင် ကင်းလှည့်နေသည့် စစ်ကောင်စီ တပ်ဖွဲ့ဝင်များနှင့် စစ်ကောင်စီလက်အောက်ခံရဲများသည် ဂန္ဓာရုံ ဘုန်းတော်ကြီးကျောင်း တွင်နေထိုင်သည့် တက္ကသိုလ်ကျောင်းသား ငါးဦးနှင့် ကားဝပ်ရှော့တွင် အလုပ် လုပ်ကိုင်နေသည့် လူငယ်တစ်ဦးတို့ကို ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်သည်။

“ မနေ့ညက သူတို့အိပ်ခါနီးမှာ ဝင်ဖမ်းသွားတာလို့ပြောတယ်။ သူတို့က တက္ကသိုလ် ကျောင်းသားတွေပါ။ ကျောင်းပြီးတော့ စစ်တွေမှာ အလုပ်ရှာသူကရှာ၊ အလုပ်လုပ်တဲ့သူ ကလုပ်၊ သင်တန်းတက်တဲ့သူတက် နေကြတာပါ။ ဘာကြောင့်ဖမ်းသွားတယ်ဆိုတာ တော့မသိရဘူး” ဟု ဂန္ဓာရုံ ဘုန်းတော်ကြီးကျောင်းနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

ဖမ်းဆီးခံရသူများမှာ ပုဏ္ဏားကျွန်းမြို့နယ်၊ မြက်သောက်ကျေးရွာမှ မောင်ဗိုလ်အောင်ခင်၊ မောင်စိုးမင်း၊မောင်အောင်လင်းစိုး၊ ပုဏ္ဏားကျွန်းမြို့ နယ်၊ ပဲစိနန်းကျေးရွာမှ မောင်အောင် ငြိမ်း၊ မောင်ဇော်လှိုင်ဦးနှင့် ကျောက်တော်မြို့နယ်၊ ခွဆုံကျေးရွာမှ မောင်ကံစိုးတို့ဖြစ် ကြောင်း သိရသည်။

မောင်ဗိုလ်အောင်ခင်၊မောင်စိုးမင်း၊မောင်အောင်လင်းစိုး၊မောင်အောင်ငြိမ်း၊မောင်ဇော်လှိုင်ဦးတို့မှာ တက္ကသိုလ်ကျောင်းသားများဖြစ်ကြပြီး မောင် ကံစိုးမှာ ကားဝပ်ရှော့တွင် အလုပ် လုပ်ကိုင်နေသူဖြစ်ကာ မည်သည့်အတွက်ဖမ်းဆီးခေါ်ဆောင်သွားသည်ကို မသိရှိရ ကြောင်း နီးစပ်သူ တစ်ဦးက ဆိုသည်။

ယခုကဲ့သို့ လူငယ် ခြောက်ဦးအား ဖမ်းဆီးခံရသည့်အတွက် မိသားစုဝင်များက စိုးရိမ်လျက်ရှိကြောင်း ဖမ်းဆီးခံထားရသည့် ကျောင်းသားတစ်ဦး၏ မိခင်ထံက သိရသည်။

“ ဘာအပြစ်မှမရှိတဲ့ ကျွန်မသားလေးကိုပြန်လွှတ်ပေးစေချင်ပါတယ်။သူက သူ့အလုပ်ကို လုပ်ပြီး ကျောင်းတက်နေတဲ့ကလေးလေးပါ။ ဘာအပြစ်အနာအဆာမှမရှိတဲ့ သားလေး ကိုကျွန်မတို့က ကိုယ့်ရင်ခွင်ထဲကိုပြန်ထည့်ထားချင်ပါတယ်။ ကလေးတွေ အကုန်လုံးကို ပြန်လွှတ်ပေးစေချင်ပါတယ်။ ကျွန်မတို့လာတွေ့ချင်ပါတယ်။ အခုကလမ်းပိတ်ထားတော့ လာလို့လည်းမရဘူး။ အရမ်းစိတ်ပူပါတယ်”ဟု မိခင်တစ်ဦးကပြောသည်။

လက်ရှိအချိန်တွင် ဖမ်းဆီးခံထားရသည့်လူငယ် ခြောက်ဦးကို စစ်တွေမြို့၊ အမှတ်(၁) ရဲစခန်းတွင် ထိန်းသိမ်းထားကြောင်းသိရသည်။ mizzima

မြောင်နယ် မြစ်ဆုံရွာကို စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီး

စစ်ကောင်စီတပ်သည် စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်ရှိ မြစ်ဆုံကျေးရွာကို ယနေ့ နိုဝင်ဘာ ၁၂ ရက်နေ့ နံနက် ၇ နာရီခန့်က စတင်၍ မီးရှို့ဖျက်ဆီးလျက်ရှိကြောင်း ဒေသခံများထံက သိရသည်။

မကွေးတိုင်း ရေစကြိုမြို့မှ စစ်ကြောင်းထိုး ဝင်ရောက်လာသည့် စစ်ကောင်စီ တပ်သည် ယမန်နေ့ နိုဝင်ဘာ ၁၁ ရက်နေ့ ညနေပိုင်းတွင် မြစ်ဆုံကျေးရွာအတွင်းသို့ ပစ်ခတ် ဝင်ရောက်လာခြင်းဖြစ်ပြီး ယနေ့နံနက်ပိုင်းတွင် ကျေးရွာနေအိမ်များအား မီးရှို့ဖျက်ဆီး လျက်ရှိကြောင်းသိရသည်။

“ထင်ထားတဲ့အတိုင်းပါပဲ။ မနေ့ညနေပိုင်းက မြစ်ဆုံကိုရောက်လာတဲ့စစ်ခွေးတွေက ဒီမနက် ရွာကို မီးစရှို့လိုက်ပြီ။ ပစ်တာခတ်တာလည်းရှိတယ်။ အထိအခိုက်တော့မသိရသေးဘူး” ဟု စစ်ဘေးရှောင်များအားကူညီပေးနေသည့် မြောင်ဒေသခံတစ်ဦးကပြောသည်။

စစ်ကောင်စီတပ်သည် ပြီးခဲ့သည့် နိုဝင်ဘာ ၇ ရက်နေ့က စတင်၍ စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းအစပ် ဧရာဝတီနှင့် ချင်းတွင်းမြစ်ကြားရှိ မြောင်နှင့်ရေစကြိုမြို့နယ်များမှ ကျေးရွာပေါင်း ၂၀ နီးပါးကို စစ်ကြောင်းထိုးဝင်ရောက် လာခြင်းဖြစ်သည်။

စစ်ကြောင်းထိုးဝင်လာသည့် စစ်ကောင်စီတပ်များသည် ရွာစဉ်လိုက် မီးရှို့ဖျက်ဆီးပြီးနောက် ပြန်လည် ထွက်ခွာသွားကြောင်း ဒေသခံများထံက သိရသည်။

လက်ရှိတွင် စစ်ဘေးရှောင်ပြည်သူများအား မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံရေးအဖွဲ့မှ ကူညီစောင့်ရှောက်ထားပြီး မြောင်တွင် ယနေ့ နိုဝင်ဘာလ ၁၂ ရက် အထိ စစ်ဘေးရှောင် ဦး‌ေရ ၃၀,၀၀၀ ကျော်ရှိနေပြီဖြစ်ကြောင်းသိရသည်။ mizzima

မြိုင်တွင် ပြည်သူပိုင် မြေပဲပင်များကို ခိုးယူနေသည့် ပျူစောထီးများ ပစ်ခတ်ခံရပြီး ၆ ဦးသေ ဆုံး၊ ငါးဇွန်းတွင် စစ်တပ် သတင်းပေး ၁ ဦး ပစ် ခတ်ခံရပြီး သေဆုံး

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ သရက်ကန်ရွာမှ ပျူစောထီးများ ပစ်ခတ် တိုက်ခိုက်ခံရပြီး ၆ ဦးသေဆုံးသွားကြောင်း သိရသည်။

နိုဝင်ဘာလ ၁၂ ရက်နေ့ နံနက် ၇ နာရီခန့်တွင် မြိုင်မြို့နယ်၊ သရက်ကန်ရွာမှ တောင်ဘက် ၃ ဖာလုံခန့်အကွာမှာရှိ ရွာခံ တောင်သူများ စိုက်ပျိုးထားတဲ့ မြေပဲခင်းများကို နုတ်ယူနေစဥ် ဒေသခံကာကွယ်ရေး အဖွဲ့များက ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး ၆ ဦးသေဆုံးကြောင်း သိရသည်။

ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့က ပျူစောထီးများကို တိုက်ခိုက်ရန် ယနေ့ နံနက် ၃ နာရီ မိနစ် ၃၀ ခန့်မှ စတင်ပြီး ကင်းပုန်းဝပ် စောင့်ဆိုင်းနေစဥ် နံနက် ၆ နာရီခန့်တွင် တောင်သူများ စိုက်ပျိုးထားသည့် မြေပဲခင်းနားကို ပျူ စောထီး ၁၀ ဦးခန့် ရောက်ရှိလာပြီး တောင်သူများ စိုက်ပျိုးထားသည့် မြေပဲခင်းများကို ဝင်ရောက်နုတ်နေစဥ် ဒေသခံ ကာကွယ်ရေး အဖွဲ့များက ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး ၆ ဦး ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို Myaing Underground Defence Force-MUGDF၊ ပြည်သူ့အားမာန်ကာကွယ်ရေးတပ်ဖွဲ့၊ မုန်တိုင်း ကာကွယ်ရေးတပ်ဖွဲ့ တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အလားတူ မန္တလေး၊ ငါန်းဇွန်မြို့နယ်၊ မြို့သာ​တွင်နေထိုင်သည့် စစ်တပ် သတင်းပေး မြေတိုင်းစာရေး ခင်မောင်သန်း ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း သိရသည်။

နိုဝင်ဘာလ ၁၂ ရက်နေ့ နံနက် ၁၀ နာရီ ၁၅ မိနစ်တွင် မြို့သာတွင် နေထိုင်သည့် မြေတိုင်းစာရေး ခင်မောင်သန်းသည် ဆိုင်ကယ်စီးလာစဥ် ဒေသ ခံ ကာကွယ်ရေး တပ်ဖွဲ့များက ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး ပွဲချင်းပြီး သေဆုံးသွားကြောင်း သိရသည်။

သေဆုံးသွားသော ခင်မောင်သန်းသည် စစ်တပ်နှင့် ပူးပေါင်းပြီး တော်လှန်ရေး အင်အားစုများ၏ တည်နေရာများကို မြေပွဲစား ဟန်ဆောင်ပြီး ထောက်လှမ်း သတင်းပေး နေ​သောကြောင့် ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များက ပစ်ခတ် ရှင်းလင်း ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို ဇာမဏီ ပြောက်ကျားတပ်ဖွဲ့နှင့် အတူ Myitnge – People Defence Force မန္တလေးခရိုင်၊ အမှတ် ( ၅ ) တပ်ရင်း တို့မှ ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ khit thit

ဟုမ္မလင်း ပင်ခုတ်ရွာတွင် စစ်ကောင်စီ၊ SNA ပူး‌ပေါင်းစစ်ကြောင်းနှင့် PDF တိုက်ပွဲပြင်းထန်နေ

စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ်အတွင်းကို ထိုးစစ်ဆင်လာတဲ့ အင်အား ၄၀၀ ကျော် ပါ စစ်ကောင်စီတပ်နဲ့ ရှမ်းနီအမျိုးသားတပ် (SN A) ပူးပေါင်းအဖွဲ့နဲ့ ပြည်သူကာကွယ်ရေးပူးပေါင်းတပ်တို့ နို၀င်ဘာ ၁၁ နေ့ကစတင်ပြီး ဒီနေ့အထိ တိုက်ပွဲပြင်းထန်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ 

စစ်ကောင်စီပူးပေါင်းပေါင်းတပ်က စစ်ကြောင်း ၄ ကြောင်းခွဲကာ ပင်ခုတ်၊ နထယ်၊ နချော့ကျေးရွာတွေဘက်ကို လက်နက်ကြီးပစ်ကူယူပြီး ထိုး စစ်ဆင်လာတာကြောင့် ပြည်သူ့ကာကွယ်ရေးတပ်နဲ့ တိုက်ပွဲဖြစ်ပွားနေတာလို့ ဆိုပါတယ်။ 

ဒေသခံတဦးက “မနေ့ညနေ လေးနာရီခွဲ ငါးနာရီကနေ စတဲ့တိုက်ပွဲက အခုထိဖြစ်နေတုန်း။ စစ်တပ်ကော၊ SNA ပေါင်းပြီး ထိုးစစ်ဆင်နေတယ် ဝိုင်းပတ်ပြီးတော့လေ။ ခန္တီးနဲ့ ဟုမ္မလင်းမြို့နယ်မှာ အဓိက စစ်ကြောင်းထိုးတာက ပင်ခုတ်၊ နထယ်၊ နချော့ ပင်ခုတ်ကို ဦးတည်ပြီး ထိုးလာတယ်။ ပင်ခုတ်မှာ အခုဖြစ်နေတယ် တိုက်ပွဲက၊ ပြည်သူလည်း တယောက်မှ မရှိတော့ဘူး” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်နဲ့  SNA ရှမ်းနီတပ်ပူးပေါင်းစစ်ကြောင်းက ပစ်ခတ်တဲ့ လက်နက်ကြီးကျည် ပင်ခုတ်ကျေးရွားအတွင်း ကျရောက်ပေါက်ပွဲတာကြောင့် ပြည်သူနေအိမ် ၂ လုံး ထိခိုက်ပျက်စီးခဲ့ပြီး ရွာလုံးကျွတ်တိမ်းရှောင်နေရတယ်လို့ ဆိုပါတယ်။

“စစ်ကြောင်းမှာ SNA လုံး၀ပါတယ်။ ဘက်တံဆိပ်တွေကို မြင်ရတယ်။ လက်နက်ကြီးက ပင်ခုတ်ရွာထဲကျပြီး ပြည်သူ့နေအိမ် နှစ်လုံးမီးလောင်နေပြီ။ ရွာသားတွေလည်း ထွက်ပြေးကုန်ကြပြီ” လို့ ဒေသခံတဦးကလပြောပါတယ်။

စစ်ကောင်စီတပ်နဲ့  SNA ရှမ်းနီတပ်ပူးပေါင်းစစ်ကြောင်းတွေကို ဟုမ္မလင်း PDF၊ ခန္တီးခရိုင် PDF တပ်ရင်း ၁၊ ဟုမ္မလင်း PDF 124၊ မိုးကြိုတပ်ဖွဲ့တို့ ပူးပေါင်းခုခံနေတာလို့ ဒေသခံတွေက ပြောပါတယ်။ 

SNA ရှမ်းနီတပ်ဟာ စစ်ကောင်စီတပ်နဲ့ ပူးပေါင်းပြီး PDF တပ်တွေကို ထိုးစစ်ဆင်နေတယ်လို့ မျက်မြင်သက်သေတွေကို ပြောဆိုတဲ့အပေါ် အတည်ပြုနိုင်ဖို့ SNA ရှမ်းနီတပ်ကို ဆက်သွယ်ပေမယ့် မရသေးပါဘူး။

လက်ရှိ ခုခံတွန်းလှန်နေတဲ့ ဟုမ္မလင်းမြို့နယ်က ပြည်သူကာကွယ်ရေးပူးပေါင်းတပ်တွေဟာ လူသူလက်နက်အင်အား နည်းပါးနေတာကြောင့် အခြားသောတပ်တွေအနေနဲ့ ဝန်းရံပေးဖို့ လိုအပ်နေတယ်လို့ ဟုမ္မလင်း PDF တပ်ဖွဲ့ဝင်တွေက ပြောပါတယ်။ DVB

« Older Entries