ကျောက်တော်မြို့နယ် ရွှေပြည်သစ်ကျေးရွာသို့ စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ် ၍ ဒေသခံ ၇ ဦး ဒဏ်ရာရ

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ် ၊ ရွှေပြည်သစ်ကျေးရွာတွင် ယနေ့ မွန်းလွဲ ၁ နာရီခန့်၌ စစ်ကောင်စီတပ် ပစ်ခတ်ခဲ့သည့် လက်နက်ကြီး ကျ ရောက်၍ အသက် ခုနစ် နှစ်အရွယ် ကလေးငယ်နှစ်ဦးအပါအဝင် ဒေသခံ ခုနစ် ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

စစ်ကောင်စီတပ်၏ လက်နက်ကြီးကျရောက်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူများမှာ မောင်ခိုင်ကျော်ဖြိုးအသက် ခုနစ် နှစ်၊ မလှလှကျော့အ သက် ခုနစ် နှစ်၊ ဒေါ်ခိုင်စောဝေ အသက် ၃၅ နှစ်၊ ဦးမြအေး အသက် ၆၂နှစ်၊ ဦးလှမြင့်အောင် အသက် ၇၃ နှစ်၊ ဒေါ်မအောင်စော အသက် ၂၉ နှစ်နှင့် မလှသန်းစိုး အသက် ၂၇ နှစ်တို့ ဖြစ်ကြောင်း သိရသည်။

ကျေးရွာအနီးအနားတွင် တိုက်ပွဲများဖြစ်ပွားနေခြင်းမရှိဘဲ စစ်ကောင်စီတပ်၏ အကြောင်းမဲ့ပစ်ခတ်နေမှုကြောင့် ကျေးရွာအတွင်းသို့ လက် နက်ကြီး ကျရောက်ပေါက်ကွဲကာ ယခုကဲ့သို့ ထိခိုက်ဒဏ်ရာများ ရရှိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

“လက်နက်ကြီး ပစ်သံတွေ တရစပ် ကြားနေရပါတယ်။ ဘယ်နေရာက ပစ်တာလည်း ဆိုတာတော့ ကျွန်တော်တို့လည်းမသိဘူး။ ဒီနားမှာက တိုက်ပွဲလည်း မဖြစ်ပါဘူး။ မွန်းလွဲ ၁ နာရီလောက်မှာ ရွာထဲကို လက်နက်ကြီးကျတာပါ။ ကျွန်တော်တို့ရွာက အိမ်နှစ်အိမ်ကို ပေါ်ကိုကျတာပါ။ အိမ်တွေမှာ စုပြီးနေတာကနေ လက်နက်ကြီး သုံးလုံး ထိမှန်ပြီးတော့ ဒဏ်ရာရ သွားတာပါ။ လူကြီးငါးယောက်နဲ့ ကလေးနှစ်ယောက်ပါ ” ဟု ရွှေပြည်သစ်ကျေးရွာနေ ဒေသခံတစ်ဦး ကပြောသည်။

လက်ရှိတွင် ဒဏ်ရာရရှိသည့် လူနာများကို ကျောက်တော်မြို့ ဆေးရုံသို့ ပို့ဆောင်ထားကြောင်း ဒေသခံများထံက သိရသည်။

ကျောက်တော်မြို့နယ် အနီးအနားတွင် တိုက်ပွဲများဖြစ်ပွားခြင်းမရှိသော်လည်း စစ်ကောင်စီတပ်သည် လက်နက်ကြီးများဖြင့် နေ့စဉ်ရက်ဆက် ရမ်းသန်း ပစ်ခတ် နေခြင်းဖြစ်ကြောင်း ဒေသခံများထံက သိရသည်။

“ ဒီဘက်မှာက တိုက်ပွဲဖြစ်တာလည်းမရှိပါဘူး။ ဒါပေမဲ့ စစ်ကောင်စီတပ်တွေက နေ့ရော ညပါ လက်နက်ကြီးတွေနဲ့ ပစ်နေတာတွေရှိပါတယ်။ ဒါက ပြည်သူတွေကို ကြောက်လန့်အောင် လုပ်နေတာဖြစ်ပါတယ်။ သွားရေး၊ လာရေးတွေမှာလည်း တင်းကျပ်ထားတော့ ဒေသခံတွေလည်း ကြောက်နေကြပါတယ်” ဟု ဒေသခံ တစ်ဦးက ပြောသည်။

ရခိုင်ပြည်နယ်တွင် ကျောက်တောမြို့နယ်နှင့် ပုဏ္ဏားကျွန်းမြို့နယ်တို့တွင် စစ်ကောင်စီတပ်က ပစ်ခတ်သည့် လက်နက်ကြီးများ ကျရောက်ခြင်းကြောင်း နှစ်ရက်အတွင်း ဒေသခံ ၁၀ ဦးထက် မနည်းသေဆုံးခဲ့ပြီး ၁၅ ဦးခန့် ထိခိုက်ဒဏ်ရာ ရရှိခဲ့ ကြောင်းသိရသည်။

စစ်ကောင်စီတပ်သည် မင်းပြား၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်စသည့် မြို့နယ်များတွင် ရေကြောင်း၊ လေကြောင်းများမှ တစ်ဆင့် လက်နက်ကြီးများဖြင့် တရစပ် ပစ်ခတ် လျက်ရှိကြောင်း သိရသည်။ mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s