စစ်ကောင်စီလက်ထက်တွင် နိုင်ငံခြားချေးငွေ အမေရိကန်ဒေါ်လာ ၁,၄၉၅ သန်းအား ပြန် လည်ပေးဆပ်ပြီးဟုဆို

စစ်ကောင်စီလက်ထက်တွင် ပြည်ပမှရယူထားသည့် နိုင်ငံခြားချေးငွေ အမေရိကန်ဒေါ်လာ ၁,၄၉၅ သန်းအား ပြန်လည်ပေးဆပ်ပြီးဟု အ ကြမ်းဖက်စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကဆိုသည်။

ယမန်နေ့ နိုဝင်ဘာလ ၁၁ရက် မွန်းလွဲပိုင်းက နေပြည်တော်၌ ပြုလုပ်ခဲ့သည့် အစည်းအဝေးတွင် ၎င်းကပြောကြားခဲ့ခြင်းဖြစ်သည်။

“မိမိတို့အစိုးရလက်ထက်မှာ နိုင်ငံခြားချေးငွေပြန်လည်ပေးဆပ်မှုနဲ့ပတ်သက်ရင် နိုင်ငံတော်ဝင်ငွေကနေ အမေရိကန်ဒေါ်လာ ၁,၄၉၅ သန်းကို ပြန်လည်ပေးဆပ်ပြီးဖြစ်ပါတယ်”ဟု ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။

ပြည်ပချေးငွေနှင့်ထောက်ပံ့ငွေများရယူခဲ့ခြင်းမရှိဘဲ ကုန်သွယ်မှုရငွေ၊ပြည်ပရင်းနှီးမြှုပ်နှံမှုရငွေ၊ အခွန်အခရငွေများဖြင့် ပေးဆပ်နိုင်ခဲ့ခြင်းဖြစ်ကာ နိုင်ငံခြားချေးငွေများကို နှစ်စဉ်ပုံမှန်ပေးဆပ်လျက်ရှိကြောင်းလည်းဆိုသည်။

ထို့အပြင် ပြည်တွင်းစီးပွားရေးဖွံ့ဖြိုးတိုးတက်စေရန် ပြည်တွင်းထုတ်လုပ်မှုနှင့်ပြည်ပပို့ကုန်တိုးမြှင့်တင်ပို့နိုင်ရန် ကြိုးစားဆောင်ရွက်သွားမည်ဟုလည်းပြောကြားခဲ့သည်။

“ကုန်သွယ်မှုနဲ့ပတ်သက်ပြီး နယ်စပ်ကုန်သွယ်ရေးနဲ့ပင်လယ်ရေကြောင်းပို့ဆောင်ရေးလုပ်ငန်းတွေရှိပါတယ်၊ ပင်လယ်ရေကြောင်းပို့ဆောင်ရေးဟာ မြန်မာနိုင်ငံ ကုန်သွယ်မှုအားလုံးရဲ့ ၇၅ ရာခိုင်နှုန်းခန့်ရှိသလို နယ်စပ်ကုန်သွယ်ရေးက ၂၅ ရာခိုင်နှုန်းခန့်ရှိပါတယ်”ဟုလည်း ထည့်သွင်းပြောကြားခဲ့သည်။ mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s