မြန်မာ့အရေးကို ကမ္ဘာ့က ပျက်ကွက်နေဟု ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ပြေ

မြန်မာ့အရေးတွင် ကမ္ဘက ပျက်ကွက်နေသည်ဟု ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရပ်စ်က စနေနေ့တွင် ပြောပြီး အရှေ့ တောင်အာရှနိုင်ငံများအသင်း အာဆီယံအနေဖြင့် လာမည့်နှစ်၌ ချမှတ်ထားသော ငြိမ်းချမ်းရေးအစီအစဉ်ကို အဖွဲ့ဝင် မြန်မာနိုင်ငံက လိုက်နာလာအောင် ဖိအားပေးနိုင်လိမ့်မည်ဟု မျှော်လင့်ကြောင်း ထုတ်ဖော်ပြောခဲ့သည်။ 

အာဆီယံခေါင်းဆောင်များသည် ဖနွမ်းပင်၌ ကျင်းပ၌ ထိပ်သီးညီလာခံတွင် အင်ဒိုနီးရှားအပေါ် အများအားဖြင့် တာဝန်ပေးအပ်သော အစီအ စဉ်တစ်ရပ်ကို သောကြာနေ့က သဘောတူခဲ့ကြသည်။ ၂၀၂၃ တွင် အာဆီယံ၏ အလှည့်ကျဥက္ကဋ္ဌ တာဝန်ကို ယူချိန်၌ အင်ဒိုနီးရှားနိုင်ငံအနေဖြင့် ငြိမ်းချမ်းရေးအတွက် ဘုံသဘောတူညီချက် ငါးရပ်ကို မြန်မာနိုင်ငံက အကောင်အထည်ဖော်ရေး မြင်သာထင်သာ ရှိသော လုပ်ငန်းစဉ်များနှင့် အချိန်ဇယားတို့ကို ဖော်ဆောင်ရမည် ဖြစ်သည်။ 

မြန်မာနိုင်ငံက အခြေအနေများအား ကိုင်တွယ်ဖြေရှင်းရန် ပိုမို၍ လုပ်ဆောင်ရန် လိုအပ်ကြောင်းကို အာဆီယံအတွင်း အင်ဒိုနီးရှားက တော် တော်များများ ပြောဆိုသည့် နိုင်ငံဖြစ်သည်။ “လုပ်ငန်းစဉ်အား အင်ဒိုနီးရှားအစိုးရသည် အပြုသဘောနည်းလမ်းဖြင့် ရှေ့ဆက်တိုး ဖော်ဆောင်နိုင်လိမ့်မည်”ဟု ယုံကြည်ကြောင်း ဂူတာရပ်စ်က သတင်းထောက်များအား ပြောသည်။ 

အာဆီယံသည် အဖွဲ့၏ ကြိုးပမ်းအားထုတ်မှုများအး ကူညီထောက်ပံ့ရန် ကုလသမဂ္ဂနှင့် အခြား ‘ပြင်ပမိတ်ဖက်များ’ကို တိုက်တွန်းခြင်းအပါ အဝင် သောကြာနေ့က မြန်မာ့အရေး ဆုံးဖြတ်ချက်ကို ကြေညာခဲ့သည်။ မြန်မာနိုင်ငံတွင် “လူ့အခွင့်အရေးများ သိသာထင်ရှားစွာ ချိုးဖောက်ခံနေရခြင်းများ” အဆုံးသတ်ရေးကို မြန်မာဆိုင်ရာ ကုလသမဂ္ဂ အထူးသံတမန် နိုလင်းဟေဇာက မြန်မာနိုင်ငံဆိုင်ရာ အာဆီယံ အထူးသံတမန်နှင့်အတူ ပူးပေါင်းဖော်ဆောင်နိုင်လိမ့်မည်ဟု မျှော်လင့်ကြောင်းလည်း ဂူတာရပ်စ်က ပြောသည်။ 

“မြန်မာနိုင်ငံနဲ့ ဆက်ဆံရေးမှာ အားလုံး အရေးပျက်ကွက်တယ်”ဟု ဂူတာရပ်စ်က ဆိုသည်။ “နိုင်ငံတကာ အသိုင်းအဝိုင်းတစ်ခုလုံး အရေးပျက် ကွက်တာ ဖြစ်တယ်၊ ကုလသမဂ္ဂကိုယ်တိုင်လည်း နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ အစိတ်အပိုင်းပဲ ဖြစ်တယ်”ဟု ၎င်းက ပြောခဲ့သည်။ 

အာဆီယံ၏ ငြိမ်းချမ်းရေးအစီအစဉ်တွင် ဆူပူအကြမ်းဖက်မှုများ ချက်ချင်းရပ်ရေး၊ အားလုံးသော အဖွဲ့အစည်းများကြား ဆွေးနွေးပွဲများ ဖြစ် ထွန်းရေး၊ အာဆီယံ အထူးသံတမန် ကြားဝင်ဖျန်ဖြေရေး၊ လူသားချင်းစာနာထောက်ထားရေး အကူအညီများ ပေးအပ်ရေးနှင့် အထူးသံတမန်က မြန်မာနိုင်ငံသို့ လာရောက်ပြီး အဖွဲ့တိုင်းနှင့် တွေ့ဆုံရေးတို့ ပါဝင်သည်။ 

အဆိုပါ အစီအစဉ်ကို မြန်မာစစ်အာဏာသိမ်းအုပ်စုက ကနဦးတွင် သဘောတူခဲ့သော်လည်း အကောင်အထည် ဖော်ရန် ကြိုးပမ်းမှု အ နည်းငယ်သာ ရှိသည်။  mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s