အုတ်ဖိုမြို့နယ်မှာ ဆက်ကြေးကောက်ပြီးပြန် လာတဲ့ စစ်ကောင်စီတပ် မိုင်းဆွဲတိုက်ခိုက်ခံရ၍ ၃ ဦးသေဆုံး

ပဲခူးတိုင်းအနောက်ခြမ်း၊ သာယာဝတီခရိုင် အုတ်ဖိုမြို့နယ်၊ ကြို့ကိုးပင်ရွာ၌ ဆက်ကြေးကောက်ပြီး ပြန်လာသော စစ်ကောင်စီတပ်ဖွဲ့ဝင်များကို သာယာဝတီခရိုင် PDF တပ်ရင်း (၃၈၀၂)၊ တပ်ခွဲ (၅) မှ နိုဝင်ဘာ ၁၁ ရက် မွန်းလွဲ ၂ နာရီ မိနစ် ၃၀ အချိန်ခန့်က မိုင်းဆွဲတိုက်ခိုက်ခဲ့၍ စစ်ကောင်စီတပ်သား သုံးဦးသေဆုံးကြောင်း Bago Region PDF က သတင်းထုတ်ပြန်ထားသည်။

အုတ်ဖိုမြို့နယ် ကြို့ကိုးပင်ရွာ၌ ဆက်ကြေးကောက်ပြီး ပြန်လာသော စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ကြို့ကိုးပင်ရွာနှင့် ဝိုင်းရွာအကြားတွင် သာ ယာဝတီခရိုင် PDF တပ်ရင်း (၃၈၀၂)၊ တပ်ခွဲ (၅) မှ တပ်ဖွဲ့ဝင်များက အသင့်စောင့်ကြို၍ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား သုံးဦးနေရာတွင် ပွဲချင်းပြီး သေဆုံးကာ အများအပြားထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ ပြန်လည်ပစ်ခတ်မှုတွေရှိခဲ့သော်လည်း PDF တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိခဲ့ကြောင်း Bago Region PDF ကပြောသည်။

ထို့အပြင် နိုဝင်ဘာ ၄ရက်နေ့မှ နိုဝင်ဘာ ၇ ရက်နေ့အတွင်း ပဲခူးတိုင်းအရှေ့ခြမ်း တောင်ငူမြို့နယ်မှ ကျေးရွာတချို့တွင် စစ်ကောင်စီတပ်၏ ခလရ (၂၆) သံချပ်ကာတပ်ရင်းနှင့် တောင်ငူခရိုင် PDF တပ်ရင်း (၃၅၀၁)၊ တပ်ခွဲ (၁)၊ တပ်ခွဲ (၃) တို့အကြား ထိတွေ့တိုက်ပွဲများဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဘက်မှာ ခုနစ်ဦးသေဆုံးကာ အများအပြားဒဏ်ရာရရှိခဲ့ကြကြောင်းကိုလည်း Bago Region PDF က ထုတ်ပြန်ထားသည်။

ထိုစစ်ကောင်စီတပ်များက ထိတွေ့တိုက်ပွဲများဖြစ်ပွားနေသော ကျေးရွာများထဲမှ မြာကျေးရွာက လူနေအိမ်တချို့ကို မီးရှို့ဖျက်ဆီးခဲ့သေးကြောင်းလည်း ဆိုသည်။

အဆိုပါတိုက်ပွဲများအတွင်း စစ်ကောင်စီဘက်မှ MA3 ကျည်ဘောက်နှင့် 5.56 ကျည် ၂၇ တောင့်၊ ဓားနှင့် ဦးထုပ်တို့အပြင် မြာကျေးရွာကို မီးရှို့ဖျက်ဆီး၍ ယူဆောင်လာသော အရပ်သားပိုင်ပစ္စည်းများကိုလည်း ပြန်လည်သိမ်းဆည်းရမိခဲ့ကြောင်း ဆိုသည်။

ပဲခူးတိုင်း PDF တပ်ဖွဲ့ဝင်များနှင့်မြို့ပြပြောက်ကျားတပ်ဖွဲ့များသည် ၎င်းတို့၏စိုးမိုးနယ်မြေများအတွင်း စစ်ကောင်စီတပ်သားများ ကျူးကျော်ဝင်ရောက်လာပါက တိုက်ပွဲများထပ်မံဖြစ်ပွားလာနိုင်ကြောင်းလည်း Bago Regio PDF က ထုတ်ပြန်ထားသည်။ mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s