ချောင်းဦးတွင် ပြည်သူ့ကာကွယ်ရေးတပ်များနှင့် ပျူစောထီးအဖွဲ့ တိုက်ပွဲဖြစ်ပွါး

စစ်ကိုင်းတိုင်း ၊ ချောင်းဦးမြို့နယ်တွင် ယမန်နေ့ နိုဝင်ဘာလ ၁၂ရက် နံနက်ပိုင်းက ဒေသတွင်းလုံခြုံရေးအတွက် ကင်းလှည့်ဆောင်ရွက်နေသော ပြည်သူ့ကာကွယ်ရေးပြောက်ကျားတပ်ဖွဲ့များနှင့် ပျူစောထီးအဖွဲ့တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး ပျူစောထီးသုံးယောက်သေဆုံးသွားကြောင်း သိရသည်။

“PDF တွေကင်းလှည့်နေတုန်း ကံကြီးကုန်းစခန်းကနေ ပျူတွေကလည်းထွက်အလာ အဲဒီမှာတိုက်ပွဲဖြစ်ကြတာပါ ။ ပျူသုံးကောင်သေတယ်လို့ ကြားတာပဲ” ဟု ဒေသခံတစ်ဦးက ပြောသည်။

ယမန်နေ့ နံနက် ၁၁ နာရီခွဲအချိန်ခန့်က Chaung U Local Defence Force-CLDF၊ ချောင်းဦးမြို့နယ်ပလဖ၊ မုံရွာခရိုင်အမှတ်(၁၂)တပ်ရင်းနှင့် Chaung U Revolution Army-CRA တို့ ပူးပေါင်းပြီး ပြည်သူများ၏ လူမှုဘ၀လုံခြုံရေးအတွက် ကင်းလှည့်နေစဉ် ခိုးဆိုးလုယက်ရန် ထွက်လာသော ကံကြီးကုန်းကျေးရွာမှ ပျူစောထီးများနှင့် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း CLDF က သတင်းထုတ်ပြန်သည်။

“နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး ကံကြီးကုန်းကျေးရွာမှ ပျူစောထီး သုံးကောင်ကို ငရဲပြည်အရောက် ပို့ဆောင်ပေးနိုင်ခဲ့ပါကြောင်း” ဟု ထုတ်ပြန်ချက်တွင်ဖော်ပြထားပြီး ပြောက်ကျားတပ်ဖွဲ့မှ ရဲဘော်များ အထိအခိုက်မရှိခဲ့ကြောင်း CLDF ကဆိုသည်။

နို၀င်ဘာလ ၇ ရက်နေ့ကလည်း မုံရွာ-ချောင်းဦး လမ်းပိုင်းတွင် မိုင်းဆင်နေသော ပြည်သူ့ကာကွယ်ရေး ပြောက်ကျားတပ်ဖွဲ့၀င်များနှင့် တောပုကျေးရွာမှ ပျူစောထီးများ ထိတွေ့တိုက်ပွဲတစ်ကြိမ်ဖြစ်ပွားခဲ့ပြီး ပျူစောထီးများ သေဆုံးမှုရှိခဲ့ကြောင်း သိရသည်။ mizzima

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s