မောင်တောမြောက်ပိုင်း ရန်အောင်မြင်ကျေး ရွာဝန်းကျင်ကို တိုက်လေယာဥ် ၂ စီးဖြင့် ဗုံးကြဲ

ရခိုင်ပြည်နယ် မောင်တောမြောက်ပိုင်း၊ ရန်အောင်မြင်ကျေးရွာဝန်းကျင်က ရက္ခိုင်တပ်တော်  (အေအေ) တပ်ဖွဲဝင်တွေ ရှိနိုင်တဲ့နေရာတွေကို နိုဝင်ဘာ ၁၂ ရက် နေ့လယ် ၁ နာရီကျော်လောက် စစ်ကောင်စီက တိုက်လေယာဥ် ၂ စီးနဲ့ ဗုံးကြဲခဲ့တယ်လို့ မျက်မြင်ဒေသခံတွေက ပြောပါတယ်။

ကျေးရွာဒေသခံတဦးက “ဒီနေ့ နေလယ် ၁ နာရီကျော်မှာ တိုက်လေယာဥ် ၂ စီးနဲ့ ရွာအနီး ဝန်းကျင် ကို ဗုံးကြဲတာ။ နားစည်တွေ ကွဲမတက်ပါ။ ရွာထဲကိုတော့ မကျဘူး” လို့ ပြောပါတယ်။

နိုဝင်ဘာ ၁၀ ရက်က ရန်အောင်မြင်ကျေးရွာက နယ်ခြားစောင့်စခန်းကို အေအေက ဝင်ရောက် တိုက်ခိုက်ခဲ့ပေမဲ့ စခန်းမကျခဲ့ဘဲ အခုလို လေ ကြောင်းက တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။ ဂျက်တိုင်လေယာဥ် ၂ စီးဟာ ရန်အောင့်မြင်ကျေးရွာဝန်းကျင်က တောင်ကုန်းတောင်တန်းတွေနဲ့ ဝက်ကျိန်းကျေးရွာနား တောင်ကုန်းတောင်တန်းတွေကိုပါ ဗုံးကြဲခဲ့တယ်လို့ ဝက်ကျိန်းကျေးရွာ ဒေသခံတွေက ပြောပါတယ်။

“တော်တော်လေး မြန်ပါတယ်။ လေယာဥ်လာတဲ့အသံ ကြားလိုက်ရတယ်။ မြေပြင်မှာ ဗုံးတွေ ကျပေါက်နေပြီ။ အလွန်မှကြောက်စရာပါ။ ရွာသူ/သားတွေကတော ထွက်ပြေးဖို့ လုပ်နေပြီ” လို့ ဒေသခံတဦးက ပြောပါတယ်။

ရန်အောင်မြင်နယ်ခြားစောင့်စခန်းမှာ လက်နက်ကြီး အထိုင်စခန်းချဖို့ စစ်ကောင်စီက ကြိုးစားလာနေတာကြောင့် အဲဒီနယ်ခြားစောင့်စခန်းကို အေအေက ဝင်ရောက်တိုင်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်ကလည်း အေအေတပ်ဖွဲ့ဝင်တွေ ဝိုင်းထားနိုင်တဲ့နေရာတွေကို  လေ​ကြောင်း တိုက်ခိုက်လာတာလို့ စစ်ရေးလေ့လာသူတွေက ပြောပါတယ်။ DVB

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s