မြိုင်နှင့် ပခုက္ကူရှိ ကျေးရွာ ၂ ရွာကို အကြမ်း ဖက် စစ်တပ်က မီးရှို့ဖျက်ဆီး၊ ရွာလုံးကျွတ် တိမ်းရှောင်နေရ

မကွေးတိုင်း၊ မြိုင်မြို့နယ်ရှိ နှမ်းဆီကန်ရွာကို အကြမ်းဖက် စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့ပြီး နေအိမ် ၁၂ လုံးကျော် မီးလောင်း ပြာကျခဲ့ကြောင်း We Love Myaing အဖွဲ့ထံမှ သိရသည်။

နိုဝင်ဘာလ ၁၂ ရက်နေ့ မွန်းလွဲ ၃ နာရီ ၃၀ မိနစ်ခန့်တွင် အကြမ်းဖက် စစ်တပ်က မြိုင်မြို့နယ်ရှိ နှမ်းဆီကန်ရွာကို မီးရှို့ဖျက်ဆီးခဲ့ပြီး ဒေသခံ ပြည်သူများလည်း ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေရကာ ပြည်သူပိုင် နေအိမ် ၁၂ လုံးကျော် မီးလောင်ပြာကျခဲ့ကြောင်း သိရသည်။

” ပြည်သူတွေ ထိခိုက်မှုတော့ မရှိဘူး။ စစ်ခွေးတွေ မီးရှို့လို့ နေအိမ် ၁၂ ကျော် မီးလောင်ပြာကျတယ်။ ဒီနေ့ ညနေပိုင်း ၃ နာရီ ၃၀ မိနစ် ဝန်းကျင်လောက်မှာ နှမ်းဆီကန်ရွာကို လာပြီး မီးရှို့ပြီး စစ်ခွေးတွေနဲ့ ပျူစောထီးတွေ သရက်ကန်ရွာကို ပြန်သွားတယ်” ဟု We Love Myaing အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။

အလားတူ မကွေးတိုင်း ပခုက္ကူမြို့နယ် ကန်တော်ရွာကိုလည်း အကြမ်းဖက် စစ်တပ် ယနေ့ မွန်းလွဲ ၃ နာရီကျော်ခန့်တွင် မီးရှို့ဖျက်ဆီးခဲ့ကြောင်း နယ်မြေခံ သတင်းရင်းမြစ်များထံမှ သိရသည်။

ကန်တော်ရွာကို ပျူစောထီး ခေါင်းဆောင် ဆန်းသော် ဦးဆောင်သော အဖွဲ့နှင့် အကြမ်းဖက် စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့ပြီး ရွာလုံးကျွတ် ထွက် ပြေးတိမ်းရှောင်နေရကာ ပျက်စီးဆုံးရှုံးမှု အခြေအနေကို အတည် မပြုနိုင်သေးကြောင်း သိရသည်။

” ကန်တော်ရွာက မီးငြိမ်းသွားပြီဆိုတာပဲ သိရတယ်။ ပျက်စီးဆုံးရှုံးမှု အခြေအနေနဲ့ ပြည်သူတွေ ထိခိုက်မှု ရှိမရှိတော့ အတည်မပြုနိုင်သေးဘူး” ဟု ဒေသခံ ပြည်သူ တစ်ဦးကပြောဆိုသည်။khit thit

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s