အာဏာသိမ်းကာလ ဖြစ်ရပ်ဆိုးများနှင့် စိတ်ကျန်းမာရေး

စစ်တပ် မတရား အာဏာသိမ်းမှု နောက်ပိုင်း မြန်မာနိုင်ငံ၌ Facebook သုံးသူ မည်သူမဆို စိတ်ကျန်းမာရေး ထိခိုက်စေနိုင်သော ပို့စ်များ၊ သ တင်းများကို ပိုမို ထိတွေ့ မြင်တွေ့ လာကြရသည်။  

အာဏာသိမ်း စစ်တပ်က ဆန္ဒပြကြွေးကြော်သူများကို အကြမ်းဖက် ပစ်ခတ်ခြင်း၊ ကားဖြင့် ရက်စက်စွာ တိုက်၍ ဖမ်းဆီးခြင်း၊ စစ်ကြောရေးတွင် လူမဆန်စွာ နှိပ်စက်ညှဥ်းပန်းခြင်း၊ ရွာလုံးကျွတ် မီးရှို့ ဖျက်ဆီးခြင်း၊ လူအစုလိုက် အပြုံလိုက် မီးရှို့သတ်ဖြတ်ခြင်း၊ စာသင်ကျောင်းများကို လက်နက်ကြီးဖြင့် ပစ်ခတ်၍ ကလေးငယ်များ သေကြေထိခိုက် ဒဏ်ရာရရှိခြင်း စသည့် စိတ်ကျန်းမာရေး အကြီးအကျယ် ထိခိုက်နိုင်စေသည့် ရေးသားတင်ဆက်မှုများ၊ သတင်းများကို ဖတ်ရှုနေကြရသည်။  

ထိုသို့သော မြင်ကွင်းများကို လူမှုကွန်ရက်ပေါ်တွင်သာ မဟုတ်ဘဲ လက်တွေ့ မြေပြင်တွင် ကိုယ်တိုင် ကြုံတွေ့ ဖြတ်သန်းနေရသူများ ဆိုလျှင်မှု ၎င်းတို့၏ စိတ်ဒဏ်ရာရမှုက ဆိုဖွယ်ရာပင် ရှိမည် မဟုတ်ပေ။  

ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ (WHO) ၏ အဆိုအရ COVID 19 ကပ်ရောဂါ ကာလ မတိုင်ခင်မှာပင် ကမ္ဘာတစ်ဝှမ်းရှိ လူ ရှစ်ယောက်တွင် တစ်ယောက်နှုန်းခန့်သည် စိတ်ပိုင်းဆိုင်ရာ ပြသနာ တစ်ခုခုနှင့် ရင်ဆိုင် နေကြရသည်။  

မြန်မာပြည်သူများ၏ စိတ်ကျန်းမာရေး အခြေအနေကို သီးခြား သုသေတန ပြုထားသည့် အချက် အလက်များ မရှိသော်လည်း တစ်ကမ္ဘာလုံး ခံရသည့် COVID-19 လှိုင်း သာမက စစ်တပ် အာဏာသိမ်းမှု၊ နောက်ဆက်တွဲ အထွေထွေအကြပ်အတည်းနှင့် တော်လှန်ရေး ကာလ ပြည်တွင်း စစ်မီးတို့ကိုပါ ခါးစည်း ရင်ဆိုင် ခံစား နေကြရသည့် မြန်မာပြည်သူတို့၏ စိတ်ကျန်းမာရေး မည်မျှ ထိခိုက် ချို့ယွင်းနေကြမည်ကို တွေးကြည့် ရုံဖြင့်ပင် မှန်းဆ၍ ရနိုင်သည်ဟု ဆိုရမည် ဖြစ်သည်။  

ပြီးခဲ့သည့် စက်တင်ဘာလ ၂၈ ရက်နေ့ကပင် ချင်းပြည်နယ် ဖလမ်း ပြည်သူ့ဆေးရုံအုပ်ကြီး ဖြစ်သူ အသက် ၄၁ နှစ်အရွယ် Dr.Tluang Cung Thang သည် နေအိမ်၌ပင် ကိုယ့်ကိုယ်ကိုယ် ကြိုးဆွဲချ သတ်သေခဲ့သည်။   ဩဂုတ်လမှ စက်တင်ဘာလ အထိ ပြည်တွင်းသတင်းများပါ အချက်အလက်များ ထဲမှ စုဆောင်း ထုတ်နှုတ် တွေ့ရှိထားချက်အရ ဆိုလျှင် ထိုဆေးရုံအုပ်ကြီးအမှု အပါအဝင် စက်တင်ဘာလအတွင်း ကိုယ့်ကိုယ်ကိုယ် သတ်သေသည့် အမှုပေါင်း ကိုးမှု ဖြစ်ပွားခဲ့သည်။   အလားတူ သြဂုတ်လ နောက်ဆုံးပတ် တစ်ပတ်အတွင်းမှာပင် ကိုယ့်ကိုယ်ကိုယ် သေကြောင်း ကြံစည်မှု ခုနှစ်မှု ဖြစ်ပွားခဲ့သည်။   

ထိုသို့ သတ်သေသူများတွင် စားဝတ်နေရေး အဆင်မပြေသူများ၊ မိသားစုတွင်းပြဿနာ ရှိသူများ၊ အရက် အလွန်အကျွံ သောက်စားသူများ၊ အာဏာသိမ်း စစ်ကောင်စီ လက်အောက်ရှိ ရဲများနှင့် စစ်သားများ ပါဝင်သည်။ ထို့အပြင်၊ စစ်ကောင်စီတပ်၏ နှိပ်စက်ညှဥ်းပန်းမှုများကို မခံနိုင်သဖြင့် သတ်သေမှုများလည်း ရှိနေသည်။   

အလုပ်နှင့် မိသားစုအပေါ် သက်ရောက်မှု

အာဏာသိမ်းပြီး နှစ်နှစ်ကြာ ကာလအတွင်း ရဲတပ်ဖွဲ့ဝင် ၂၀ ဦးထက် မနည်း မိမိကိုယ်ကိုယ် အဆုံး စီရင်မှု၊ ယခုနှစ် မတ်လ ၃၁ ရက်နေ့က စစ် ကိုင်းတိုင်း မင်းကင်းမြို့နယ်တွင် စစ်ကောင်စီတပ်၏ အဓမ္မ ပြုကျင့်ခံရသည့် အမျိုးသမီး နှစ်ဦး ကိုယ့်ကိုယ်ကိုယ် သတ်သေမှု၊ မိသားစု၀င်များကို စစ်တပ်က ဓားစာခံအဖြစ် ဖမ်းဆီးမှုကြောင့် ရှေ့နေအမျိုးသမီးတစ်ဦး သေကြောင်းကြံစည်မှုတို့က  အာဏာသိမ်း စစ်တပ်၏ ရက်စက်စွာ နှိမ်နှင်းအုပ်ချုပ်မှုကြောင့် ရရှိသည့် စိတ်ဒဏ်ရာများ၏ နောက်ဆက်တွဲ အကျိုး သက်ရောက်မှုများကို ဖော်ြပလျက် ရှိသည်။  

စစ်ကောင်စီတပ် အဓမ္မကျူးလွန်နေသည့် လုပ်ရပ်များ ဖြစ်သော ရွာလုံးကျွတ် မီးရှို့ခြင်း၊ လူအစုလိုက် အပြုံလိုက် မီးရှို့သတ်ဖြတ်ခြင်း၊ အ ရပ်သား ပြည်သူများကို လူသားဒိုင်းအဖြစ် အသုံးချခြင်း၊ အမျိုးသမီးများကို မုဒိန်းကျင့်ခြင်း၊ ကလေးသူငယ် စာသင်ကျောင်းများနှင့် ဘာသာရေး အဆောက်အအုံများကိုပါ မချန် လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်း၊ မီးရှို့ခြင်း စသည့် အကြမ်းဖက်မှုများက ပြည်သူတို့ကို စိတ်ဒဏ်ရာများ ရစေသည်။  

ကယားပြည်နယ်၊ ဖယ်ခုံမြို့ ဒေသခံ မစိုးစိုးက သူနေထိုင်ရာ ကျေးရွာသို့ စစ်ကောင်စီတပ် စစ်ကြောင်း ထိုးလာ၍ မိသားစုနှင့် တောထဲသို့ ထွက် ပြေး တိမ်းရှောင်နေရသူ ဖြစ်သည်။ 

“တောထဲမှာ ဘာမှ မရှိဘဲ နှစ်ပတ်လောက် ပုန်းနေခဲ့ရတယ်။   မိုးတွေရွာနေတော့ မိုးရွာထဲမှာပဲ နေစရာ၊ စားစရာ မရှိ ရေလည်းငတ်၊ ကျွတ်ကောင်တွေလည်း အကိုက်ခံပြီး နေခဲ့ရတယ်။   ဘဝမှာ တစ်ခါမှ ခုလို ဆိုးဆိုးရွာရွား မကြုံတွေ့ခဲ့ရဖူးဘူး။   အဲ့ဒီ အချိန်တုန်းက ကျန်းမာရေးလည်း ထိခိုက်ခဲ့ရသလို စိတ်ပိုင်း ဆိုင်ရာ အရလည်း ပြောမပြတတ် လောက်အောင် ထိခိုက် ခံစားခဲ့ရတယ်။   မမှတ်မိချင်ပေမယ့် တစ်သက်လုံး မှတ်မိနေတော့မယ့် မှတ်ညဏ်ဆိုးကြီးပေ့ါ” ဟု သူက ပြောသည်။  

“လေယာဉ်နဲ့ ဗုံးကြဲတာတွေ ကြုံလာနိုင်တဲ့အတွက် အထုပ်တွေလည်း အမြဲ ပြင်ထားရတယ်။   လေယာဉ်သံတွေ ကြားတာနဲ့ အထုပ်ဆွဲပြီး ပြေးဖို့ ပြင်ရတယ်။   လေယာဉ်သံ ကြားတိုင်း လန့်နေမိတယ်”  

ထို အဖြစ်အပျက်များ၏ စိတ်ဒဏ်ရာက မည်မျှ ပြင်းထန်သည်ဟု ဆိုလျှင် ထွက်ပြေးနေရသည်ဟူသော အိမ်မက် မက်နေဆဲ ဖြစ်သောကြောင့်   မကြာခဏ လန့်နိုးနေကာ ပြန်၍ အိပ်မရ တော့သည့် အခြေအနေကို ရင်ဆိုင် ကြုံတွေ့ နေရသည်ဟု မစိုးစိုးက ဆိုသည်။  

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ် ကျေးရွာ တရွာမှ ရန်ကုန်သို့ လာရောက် ရွှေ့ပြောင်း အလုပ် လုပ်ကိုင်နေသော ကိုအောင်ဇော်ကမူ စစ်ကောင် စီတပ် မီးရှို့မှုကြောင့် ပြာပုံ ဖြစ်သွားသော ဆွေမျိုး၊ အိမ်နီးချင်းများ၏ အိမ်များ၊ ငိုသံများ၊ အငွေ့ မသေသေးသော မီးခိုးများနှင့် ညှော်နံ့များက သူ့ကို စိတ်ဒဏ်ရာ ရစေခဲ့သည်ဟု ဆိုသည်။  

စစ်အာဏာသိမ်းမှုကို အပြင်းအထန် ဆန့်ကျင်သည့် ကိုအောင်ဇော်တို့ ဇာတိ တန့်ဆည်မြို့နယ်၌ အာဏာသိမ်းပြီး နောက်ပိုင်း တိုက်ပွဲပေါင်း တစ်ရာကျော်အထိ ဖြစ်ပွားခဲ့သည်ဟုလည်း ကုလသမဂ္ဂဆိုင်ရာ ကျွမ်းကျင်သူများ စုဖွဲ့ထားသည့် မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ (SAC-M) အဖွဲ့ ထုတ်ပြန်ချက်တွင် ပါရှိသည်။   

တိုက်ပွဲများနှင့် အတူ တန့်ဆည်မြို့နယ်အတွင်း စစ်ကောင်စီ လက်ချက်ဖြင့် တစ်နှစ်ခွဲနီးပါး အတွင်း ရွာပေါင်း ၆၄ ရွာမှ နေအိမ် ၂,၁၀၀ ကျော် မီးလောင် ပျက်စီးခဲ့သည်ဟု ဒေသအခြေစိုက် အချက်အလက် ကောက်ယူရေး အဖွဲ့များက ထုတ်ပြန်သည့် စာရင်းများတွင် ဖော်ပြထားသည်။  

ထိုကဲ့သို့ အဖြစ်အပျက်များ ၎င်းတို့ တစ်နေရာတည်း သာမက အခြား နေရာပေါင်း ရွာပေါင်း များစွာတွင်ပါ ဖြစ်ပွား နေသည်ကို သတင်းများ လူမှုကွန်ရက် စာမျက်နှာများမှ တစ်ဆင့် ကိုအောင်ဇော် နေ့စဉ် ကြားရ မြင်ရလာသည့်အခါ ၎င်း၏ စိတ်ကျန်းမာရေး ဆိုးရွားစွာ ထိခိုက်လာပြီး အလုပ်နှင့် မိသားစုကိုပါ သက်ရောက်မှုများ ရှိလာသည်ဟု ဆိုသည်။   

 “အိပ်ချိန် စားချိန် မမှန်တော့ဘူး။   မျှော်လင့်ချက် မဲ့တဲ့ ခံစားချက်တွေဖြစ်လာတဲ့အခါ အလုပ် လုပ်ရတာ စိတ်မပါတာတွေ၊ တစ်ယောက် တည်း သီးသန့်ပဲ နေဖြစ်လာတာတွေ၊ ဘယ်သူနဲ့မှ စကားမပြော ဖြစ်ဘဲ သီးသန့် ဖြစ်လာတာတွေရှိတယ်။   ဒါပေမယ့် ကိုယ့်ထက် အများကြီး ဆိုးတဲ့သူတွေရှိသေးတယ်ဆိုတဲ့ စိတ်နဲ့ တဖြည်းဖြည်း အားပြန် တင်းနေပါတယ် ” ဟု ၎င်းက ပြောသည်။ 

ကျန်းမာရေး အကူအညီ

မတည်ငြိမ်မှု ပဋိပက္ခ အမျိုးမျိုး ခံစားရသော အကြောင်းအရာ အခြေအနေများအ ပေါ် WHO ၏ ညှိနှိုင်း လေ့လာချက် (၁၂၉) ချက် အရ ပဋိပ က္ခ ခံစားနေရသော အခြေအနေရှိ လူများတွင် ငါးယောက်လျှင် တစ်ယောက်နှုန်း စိတ်ဝေဒနာရှိနေသည်ဟု ဆိုသည်။   

စိတ်ကျန်းမာရေး ဝေဒနာများမှာ စိတ်ဓာတ်ကျခြင်း၊ စိုးရိမ် ပူပန်ခြင်း၊ စိတ်ဒဏ်ရာရပြီး နောက်ပိုင်း စိတ်ဖိစီးမှု ရောဂါ၊ စိတ်ကြွရောဂါ၊ စိတ်ကစဉ့်ကလျား ရောဂါတို့ ဖြစ်သည်။   

ကိုယ်တိုင်ကိုယ်ကျ နှိပ်စက် ညှဥ်းပန်း သတ်ဖြတ်မှုကို ရင်မဆိုင်ရသော်လည်း သောကဖြစ်ပြီး စိတ်ပိုင်းဆိုင်ရာ ထိခိုက်သွားနိုင်သည်ဟု  စိတ်ကျန်းမာရေးဆိုင်ရာ ကျွမ်းကျင်သူ တစ်ဦးဖြစ်သည့် မပန်းနီက ပြောသည်။

“အာဏာသိမ်းမှု နောက်ပိုင်းမှာ ချစ်တဲ့သူတွေဆုံးရှုံးရတာ၊ ပြီးတော့ သူတို့ကျ ကောင်းကောင်း နေနေရတယ်။   ကောင်းကောင်း စားနေရတယ်။   နေစရာ၊စားစရာ၊ သွားစရာတွေရှိနေပေမယ့် သူတို့ ခင်တဲ့၊ ချစ်တဲ့သူတွေက သေဆုံးသွားတာ၊ အဖမ်းခံသွားရတာ၊ တောထဲ ရောက်သွားတာတွေဖြစ်သွားတဲ့ အတွက် သူတို့က ကိုယ့်ကိုယ်ကို အပြစ်မကင်းဘဲ Survivor guilt (အသက်ရှင် ကျန်ရစ်သူတို့၏ အပြစ်မကင်းစိတ်) တွေခံ စား နေကြရတာ တွေ့ရတယ်” ဟု သူက ဆိုသည်။

“စိတ်ဒဏ်ရာလို့ ပြောလိုက်လို့ ရှိရင် ကိုယ်ကိုယ်တိုင် မကြုံရတဲ့ အဖြစ်အပျက်တွေမှာတောင် စိတ်ဒဏ်ရာ ရနိုင်တဲ့ အနေအထား မျိုးတွေရှိတယ်”

သတင်း တင်ဆက်သူ တစ်ဦးဖြစ်သည့် မဖူးဖူးကမူ  အာဏာသိမ်း ကာလတွင် မြေပြင်သို့ သွားရောက်၍ ဆန္ဒပြသတင်းများကို သတင်း လိုက်ခဲ့သူ ဖြစ်သည်။   သူတို့ သတင်းတိုက်ကို စစ်ကောင်စီက ချိပ်ပိတ်ပြီး သတင်းသမားများကို လိုက်လံ ဖမ်းဆီးနေသည့် အချိန်တွင် ပုန်းရှောင်ကာ သတင်းများကို တင်ဆက်ခဲ့ရသည်။   ထို့နောက် နယ်စပ်ဖြတ်ပြီး  ထိုင်းနိုင်ငံသို့ တိမ်းရှောင် နေထိုင်ခဲ့ရသည်။   

ခံယူချက်ကြောင့် သတင်း တင်ဆက်ရန် နိုင်ငံမှ ထွက်လာခဲ့သော်လည်း ကျန်နေခဲ့သူများ အတွက် စိုးရိမ် ပူပန်မှုများ ရှိခြင်းကြောင့် မိသားစုနှင့်ပင် အဆက်အသွယ် ဖြတ်ကာ နေခဲ့ရသည်ဟု သူက ဆိုသည်။  

“အာဏာသိမ်းမှု တစ်လျှောက် လူတိုင်းက စိတ်ပင်ပန်း ရသလိုပဲ  ညီမတို့လို သတင်းသမားတွေ အနနေဲ့လည်း စိတ်ထိခိုက်စရာ သတင်းတွေကို နေ့တိုင်း မေးမြန်း တင်ဆက်နေရတော့ စိတ်ပင်ပန်းတယ်။   နောက် သတင်းရင်းမြစ်တွေက သူတို့ ဆုံးရှုံးမှုတွေ၊ အခက်အခဲတွေကို ပြောလာတဲ့ အခါမှာ ကိုယ်တိုင်က ထိထိရောက်ရောက် မကူညီနိုင် ခဲ့တာတွေက စိတ်အဆင် မပြေ  ဖြစ်စေတယ်။   ပြီးတော့ ဘာမှ စိတ်တိုင်းကျ ဖြစ်မနေတဲ့ ခံစားချက်ကြီးပေါ့။   အဲ့ဒါတွေက စုပေါင်းလာပြီး စိတ်ထိခိုက်မှု တွေ တိုးလာစေတယ်” ဟု မဖူးဖူးက ပြောသည်။   

စိတ်ထိခိုက်မှုက သူ့အလုပ်ကို  ထိခိုက်စေသည်အထိ  ဖြစ်လာသောကြောင့်  သက်ဆိုင်ရာ ကျွမ်းကျင်သူထံတွင် စိတ်ပိုင်းဆိုင်ရာ နှစ်သိမ့် ဆွေး နွေးမှု ခံယူ နေရသည်ဟုလည်း ၎င်းက ဆိုသည်။  

ပုံမှန်မဟုတ်သည့် အခြေအနေများကို ကျော်ဖြတ်ရသည့်အခါ ကြုံတွေ့ရသည့် စိတ်ဒဏ်ရာများကြောင့် ဝမ်းနည်းခြင်း၊ စိတ်ဓါတ် အတက်အ ကျ ဖြစ်ခြင်း၊ အိပ်မပျော်ခြင်း သို့မဟုတ် အလွန်အကျွံ အိပ်ပျော်ခြင်း၊ အစား စားချင်စိတ် မရှိခြင်း သို့မဟုတ် အလွန်အကျွံ စားခြင်း၊ အပြင်မထွက်ခြင်းနှင့် လူမှုရေး ကိစ္စများတွင် ပါဝင်မှု မရှိခြင်း၊ အရက်နှင့် စိတ်ကြွဆေးများ အလွန်အကျွံ သုံးစွဲခြင်းများ ဖြစ်လေ့ဖြစ်ထ ရှိသည်ဟု သိရသည်။ 

ထိုသို့ ဖြစ်လာလျှင်  စိတ်ပိုင်းဆိုင်ရာ နှစ်သိမ့်ဆွေးနွေး ပညာပေးသူများ၊ ဆရာဝန်များ၏ အကူအညီ ရယူသင့်သည်ဟု စိတ်ကျန်းမာရေးဆိုင်ရာ ကျွမ်းကျင်သူ တစ်ဦးဖြစ်သည့် မပန်းနီက ပြောသည်။  

“သာမန်လူတွေအနနေဲ့ စိတ်ဝေဒနာ လက္ခဏာတွေကို ကျွမ်းကျင် ပညာရှင်တွေလို မဆုံးဖြတ် နိုင်တာကြောင့် အွန်လိုင်းက နေ ဖတ်ပြီးတော့မှ ငါကတော့  စိတ်ကျနေပြီ။   Bipolar Disorder ( စိတ်အတက်အကျမြန် စိတ်ဝေဒနာ) ဖြစ်နေပြီ။   Panic Attack (ကြောက်စိတ်မွှန်ခြင်း စိတ် ဝေဒနာ) တွေရနေပြီ ဆိုပြီး ကိုယ့်ကိုယ်ကို ဆုံးဖြတ်တာမျိုးတွေမလုပ်ဖို့ အရေးကြီးပါတယ်” ဟု ၎င်းက ပြောသည်။  

“ဘာကြောင့်လဲ ဆိုတော့ ကိုယ့်မှာ ကြုံတွေ့ရတဲ့ လက္ခဏာတွေက အင်တာနက်ကနေ ဖတ်လိုက်ရတဲ့ အကြောင်းအရာ ​တွနေဲ့ တူနိုင်တယ်။   ဒါပေမယ့် အဲ့ဒီရဲ့နောက်မှာ ကိုယ့်မသိနိုင်တဲ့ ပြသနာတွေအများကြီး ရှိနိုင်တယ်။   ဒါကြောင့်မို့ စိတ်ကျန်းမာရေး ပညာရှင်တွေ၊ ဆရာဝန်တွေဆီ သွားတွေ့ ပြီးတော့မှ အကူအညီတွေယူဖို့ လိုအပ်ပြီး သူတို့က လေ့ကျင့်ခန်းတွေလုပ်ဖို့ ဒါမှမဟုတ် လိုအပ်ရင် ဆေးသောက်ဖို့ ပြောပါလိမ့်မယ်။   ဒါမှသာလျှင် ကိုယ့်ခံစားရတဲ့ နာကျင်မှုတွေနဲ့ စိတ်ဒဏ်ရာတွေက ပျောက်ပျက်နိုင်တယ် ” 

အာဏာသိမ်းပြီးစကာလတွင် ဌာနဆိုင်ရာ ဝန်ထမ်းများက စစ်တပ်ကို အာဏာ ဖီဆန်သည့် အနေဖြင့် အကြမ်းမဖက် အာဏာဖီဆန်ရေး လှုပ် ရှားမှု (CDM) တွင်  ပါဝင်လာရာ ကျန်းမာရေး နယ်ပယ်မှ ဝန်ထမ်းများက အစောဆုံးနှင့် အင်အား အများဆုံး ပါဝင်ကြခြင်း ဖြစ်သည်။    စစ်ကောင်စီက CDM ဝန်ထမ်းများကို လိုက်လံ ဖမ်းဆီး သတ်ဖြတ်ခြင်းများ၊ ထောင်ချခြင်းများကြောင့် ထွက်ပြေး တိမ်းရှောင် နေကြရသူ များစွာ ရှိသည်။   

ထိုသို့သော အခြေအနတွေင် မြန်မာနိုင်ငံသည် ကျန်းမာရေး ဝန်ထမ်းများအတွက် အန္တရာယ် အရှိဆုံး ထိပ်တန်းနိုင်ငံများထဲတွင် ပါဝင်လာသည်ဟု အမေရိကန် အခြေစိုက် လူ့အခွင့်အရေးဆိုင်ရာ သမားတော်များ အဖွဲ့ (PHR) က ဆိုသည်။   စစ်ကောင်စီတပ်ကြောင့်  ၂၀၂၂ ခုနှစ် ဇန်နဝါရီ လ ၁၀ ရက်နေ့အထိ တစ်နှစ်နီးပါး အတွင်း မြန်မာနိုင်ငံ၌ ကျန်းမာရေးဝန်ထမ်း ၂၈၆ ယောက် အဖမ်းခံရပြီး ၃၀ ကျော် အသက် ဆုံးရှုံးခဲ့ရကြောင်း PHR ၏ ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၂၆ ရက်နေ့ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။  

မြန်မာနိုင်ငံ၌ ထိရောက်သည့် စိတ်ကျန်းမာရေး ဆိုင်ရာ မူဝါဒ လုံးဝ မရှိသဖြင့် အခြေခံ ကျန်းမာရေး စောင့်ရှောက်မှုမှ တစ်ဆင့် တတ်ကျွမ်းသည့် ပညာရှင်များ အကူအညီ ရယူရန် အတားအဆီး ဖြစ်နေသည်ဟုလည်း မြန်မာပြည် နိုင်ငံရေး၊ စီးပွားရေးနှင့် ပတ်သက်၍ သုတေသန ပြုလုပ်နေသော လွတ်လပ်သည့် အဖွဲ့အစည်း တခု ဖြစ်သည့် Tea Circle သုတေသန အဖွဲ့အစည်းက ဖော်ပြထားသည်။   ပုဂ္ဂလိက ကဏ္ဍမှ တဆင့် စောင့်ရှောက်မှု အချို့ ပေးသည်ကို တွေ့ရသော်လည်း အကန့်အသတ် ရှိနေသည်ဟု ဆိုထားသည်။

အာဏာသိမ်း စစ်တပ်က CDM တွင် ပါဝင်သည့် ကျန်းမာရေး ဝန်ထမ်းများကို ပြင်ပ ဆေးခန်းများ၌ ဆေးကုသခွင့်ကိုပါ ပိတ်ပင်ထားရာ  မြန် မာ နိုင်ငံ၌ လူ့အသက် ကယ်တင်ရန် ဆေးကုသပေးဖို့ပင် မဖြစ်နိုင်တော့သည် အထိ အာဏာရှင်တို့က ဖိနှိပ်ထားကြသည်။ myanmar now

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s